🌹27

4.4K 614 202
                                    

Zawgyi version,

အုံ့မှိုင်းနေသော မိုးသားမဲမဲအောက်ရှိ နာရာတိုင်းပြည်ထက်ဝယ် လေပြင်းအေးအေးတို့ဟာလည်း တိုက်ခတ်လျက်ရှိသောကြောင့် နေလို့ထိုင်လို့အလွန်ကောင်းလှသည်။ ဘယ်အချိန်ရွာချမလဲ မခန့်မှန်းတတ်သည့်မိုးသားတို့ဟာလည်း ကောင်းကင်ထက် ရွေ့လျားနေကြသည်မှာ ပန်းချီကားတစ်ချပ်သဖွယ်။

နာရာနန်းမြို့ရိုးတံတိုင်းအပေါ်၌ ဂျီမင်းမတ်တပ်ရပ်ကာ တစ်တိုင်းပြည်လုံးအား ချုံ၍ကြည့်နေမိ၏။ ရာသီဥတုဟာလည်း ခပ်အေးအေးလေးမို့လို့ စိတ်တွေဟာလည်းအတော်လေးကြည်လင်နေ၏။ မြို့ရိုးတံတိုင်းအပေါ်မှာမို့လို့ လေထုဟာလည်းသာမာန်ထက်ပို၍ တိုက်ခတ်လှသဖြင့် ဆံနွယ်များဟာလည်း လွင့်ပျယ်နေခဲ့သည်။

အဝါအရင့်ရောင်နန်းတွင်းဝတ်စုံလေးဖြင့် မြို့ရိုးတံတိုင်းပေါ်တွင် မတ်တပ်ရပ်နေသော ကြင်ယာတော်လေးဟာ အဝေးမှကြည့်လျှင်တောင် သိပ်ကိုလှပကျော့ရှင်းနေသည်။ လေဆန်နှင့်အတူ မျောလွင့်နေသောဆံနွယ်များဟာလည်း မြင်သူတကာပင်တစ်ကျော့ပြန်ငေးရလောက်သည်အထိ ကဗျာဆန်လွန်းလှသည်။

သို့သော်လည်း တံတိုင်းအပေါ်တွင်ရှိသော ကြင်ယာတော်လေးဟာ မျက်လုံးစုံမှိတ်ကာ အေးချမ်းနေသလောက် အောက်ဘက်တွင်ရှိသော အထိန်းတော်ကြီးကတော့ ခေါင်းမီးတောက်နေခဲ့သည်။ ရာသီဥတုလေးကနေလို့ကောင်းလို့ လမ်းလျှောက်ထွက်နေရာက မြို့ရိုးတံတိုင်းအပေါ်သို့တက်သွားသော ကြင်ယာတော်လေးသာ တစ်ခုခုဖြစ်ကြည့် အရှင့်ရဲ့ဓားချက်က သူမဆီရောက်လာတော့မှာ။

*ကြင်ယာတော်လေးရယ် ဆင်းလာပါတော့။ အန္တာရယ်များတယ်*

*ခနလေးပါ*

*ဆင်းလာပါတော့ ကြင်ယာတော်လေးရယ် ကျွန်မတောင်းပန်ပါတယ်*

အထိန်းတော်ကြီးမှာ ငိုတော့မည့်အတိုင်းမျက်နှာဟာ မိုးပြိုမတက်ဖြစ်လာရသည်ကို ကြင်ယာတော်လေးမသိခဲ့။ ရူးချင်တယ်။ တကယ်ကိုရူးချင်နေတာပါ။ အရှင့်ရဲ့အသည်းအသက်လေးကို ခစားရတာ တခြားသူတွေအမြင်မှာ သိပ်ကိုအားကျစရာကောင်းနေပေမဲ့ တကယ့်လက်​တွေ့မှာ ကိုယ့်သေတွင်းကိုယ်အဆင်သင့်တူးထားရသလိုပင်။

ခက်စိမ်း(Z/U)Where stories live. Discover now