🌹2

5.9K 795 99
                                    

Zawgyi version,

*ဟူး တကယ်ပါပဲ အိမ်ရှေ့စံတစ်ယောက်ကိုတောင် အထိန်းတော်အုပ်စုက မရှာနိုင်ကြတာ မယုံနိုင်ဘူး*

*အရေးထဲမှာမှ ငါ့ကိုယ်ရံတော်လည်းဘယ်ရောက်နေလဲမသိဘူး ပြောတော့ အိမ်ရှေ့စံကို ကာကွယ်ပေးမှာပါဆိုပီး အလကားကောင်*

လေနွေးနွေးလေးတိုက်ခတ်နေသော ခက်စိမ်းအပင်
ကြီးအောက်တွင် ပွစိပွစိလာလုပ်နေသော
တစ်စုံတစ်ယောက်ကြောင့် ဂျောင်ကုအိပ်လို့
မရတော့သဖြင့် မျက်လုံးဖွင့်ကာ သစ်ပင်အောက်ကို
ငုံကြည့်လိုက်တော့ အသားဖြူဖြူနဲ့
ပါးဖောင်းဖောင်လေး ကောင်လေးတစ်ယောက်ပင်။

စကားတစ်ခွန်းပြောလိုက်တိုင်း အနည်းငယ်
စူထွက်လာသော ဘဲနှုတ်ခမ်းလေးကြောင့်
ဂျောင်ကုလည်း ထိုကောင်လေးလှုပ်ရှားသမျှကို
သစ်ပင်အပေါ်စီးကနေ ကြည့်နေမိသည်။

ထိုကောင်လေးနဖူးတွင် စည်းထားသော
အမှတ်အသားကိုကြည့်လိုက်တော့ မင်နိုင်ငံ၏
နန်းတွင်းမိသားစုသာ အသုံးပြုကြသည့်
အမှတ်အသားမို့လို့ ထိုကောင်လေးသည်
သာမာန်လူတော့မဟုတ်နိုင်ချေ။

ဘာတွေများမကျေမနပ်ဖြစ်နေလဲမသိပါဘူး
စကားတစ်ခွန်းပြောလိုက် နှာခေါင်းလုံးလုံးလေးကို
လက်ဖြင့်ပွတ်လိုက်နဲ့ အတော်လေးချစ်ဖို့ကောင်းလှသည်။

အမည်မသိသေးသော ထိုကောင်လေးကြောင့်
တနေ့ခင်းလုံး ဝမ်းနည်းနေခဲ့သော ဂျောင်ကု၏
စိတ်တွေဟာ အခုတော့ ကြည်လင်သွားခဲ့လေပြီ။

ခက်စိမ်းအပင်အောက်တွင် အားရပါးရထိုင်ကာ
တစ်ယောက်ထဲစကားတွေပြောနေသော ကောင်လေး
အနားသို့ ဂျောင်ကုခုန်ဆင်းလိုက်တော့ ထိုကောင်လေး
ဟာလန့်သွားတယ်ထင်ပါတယ်။ ကျောမှာစလွယ်
သိုင်းထားတဲ့ ဓားမြှောင်အရှည်လေးကိုထုတ်ကာ
ဂျောင်ကု လည်ပင်းတွင် ရွယ်ထားလေရဲ့။

*မင်း ဘယ်သူလဲ*

ဓားအား လုံးဝမချပေးပဲ ဂျောင်ကုကို
စစ်ဆေးနေသော အကောင်ပေါက်လေးကြောင့်
တချက်ရယ်လိုက်တော့ ဂျောင်ကုလည်ပင်းအနား
သို့ ဓားအားပိုတိုးကပ်လာသည်။

ခက်စိမ်း(Z/U)Where stories live. Discover now