Zawgyi version,
လျင်မြန်သောခြေလှမ်းများဖြင့် မြေကြီးများတုန်ခါမတက်
ဖြစ်အောင် နာရာတိုင်းပြည် ညီလာခံသို့ လျှောက်လာသော
ကြင်ယာတော်လေး၏ လက်ဖဝါးနုနုလေးတွင်လည်း
ဖဲသားပုဝါအဖြူလေးဖြင့် စည်းထားသည်မှာ ပနံ့သင့်နေသလိုပင်။ထို့နောက် ညီလာခံနန်းဆောင်အရှေ့သို့ရောက်သော် ဂျီမင်း
အား အထဲပေးမဝင်သေးသော အထိန်းတော်ကြီးအား
တွန်းထုတ်ကာ ဝင်လာချိန် အမတ်များနှင့် စစ်သူကြီးတို့၏
မျက်လုံးတို့ဟာ ဂျီမင်းဆီတွင်သာ။နန်းဆောင်ထဲရောက်ရောက်ချင်း ဂျီမင်းတွန်းထုတ်လိုက်သော
အထိန်းတော်ကြီးက ပြာပြာသလဲပြေးလာကာ ဂျီမင်းအား
နန်းဆောင်အပြင်သို့ ထွက်ရန်တောင်းဆိုလေသည်။*ညီလာခံ နန်းဆောင်ထဲ ကြင်ယာတော် ဝင်လို့မရပါဘူး ပြန်ထွက်ပေးပါနော်*
ဆိုသည့် အထိန်းတော်ကြီးစကားအား ဂျီမင်းလျစ်လျူရှုကာ
ပုလ္လင်ထက်ထိုင်နေသော ဘုရင်၏မျက်လုံးအား စူးရှစွာ
ကြည့်လိုက်၏။အမတ်များနှင့်စစ်သူကြီး၏ အကြည့်တွေဟာလည်း
"ကြင်ယာတော်က မလွယ်ကြော"ဆိုသည့် အဓိပ္ပါယ်များစွာ
ပါနေသည်။*ဂျီမင်း ဘာပြောစရာရှိလို့လဲ*
ပုလ္လင်ထက်မှ ဂျီမင်းအား ခပ်ရေးရေးလေးပြုံးပြကာ
မေးလာသော ဘုရင်၏စကားအား ဂျီမင်းခပ်ရွဲ့ရွဲ့ပြုံးရင်း
ပြန်ဖြေမိသည်။*ထွက်သွားခိုင်းလိုက် သူတို့ကို*
အမတ်များနှင့်အထိန်းတော်ကြီးများအား ထွက်သွားခိုင်းသော
ဂျီမင်း၏အပြုအမူဟာ သိပ်ကိုရိုင်းစိုင်းသွားတာသိသော်လည်း
ဒါတွေကို ဂရုစိုက်ဖို့အထိ ဂျီမင်းအားနေခြင်းမဟုတ်။ထိုချိန် ဂျီမင်း၏စကားလေးအား ခေါင်းတငြိမ့်ငြိမ့်ဖြင့်
နားထောင်နေသော ဘုရင်ဟာ မကြာပါဘူး အကုန်လုံးကို
ထွက်သွားခိုင်းလေသည်။ဘုရင်ရဲ့အမိန့်ဆိုတော့လည်း အမတ်များဟာမပြောသာပဲ
ထွက်သွားပေးပါသော်လည်း ဂျီမင်းအားအမြင်မကြည်တာတော့ သေချာပေ၏။
YOU ARE READING
ခက်စိမ်း(Z/U)
Romanceခက်စိမ်းအပင် အောက်မှာဆုံတွေ့ခဲ့ကြတဲ့ ဂျီမင်းက မောင့်ကိုခပ်စိမ်းစိမ်းပါပဲ ခက်စိမ်းအပင် အောက်မှာဆုံတွေ့ခဲ့တဲ့ ဂျီမင်းက မောင့်ကိုခပ်စိမ်းစိမ်းပါပဲ