Zawgyi version,
*အဖေတို့ ဒီနေ့ညနေနာရာနယ်စပ်ကိုပြန်မယ် ဆွန်းယောင်း*
*ဟုတ်ကဲ့။ အဖေတစ်ယောက်ထဲလား*
*မဟုတ်ဘူး ဂျယ်ယောင်းသူငယ်ချင်းကလာခေါ်မှာ။ ခနနေရင်သူလာလိမ့်မယ်*
*ဟုတ်ကဲ့။ သတိဝီရိယနဲ့နေနော်အဖေ*
*အဖေ့ကိုစိတ်မပူပါနဲ့။သမီးသာ ဂရုစိုက် ကြင်ယာတော်ကိုစိတ်တိုအောင်သွားမလုပ်နဲ့။*
*အင်းပါ။ ပြီးရင်သမီးမြို့တော်အပြင်အပြင်အထိ သမီးလိုက်ပို့ပေးပါ့မယ်*
*အရှင့်ကိုအဖေသွားနှုတ်ဆက်ရဦးမယ်။ ခနနေမှ သမီးအဆောင်ကိုပြန်လာခဲ့မယ်*
*ကောင်းပါပီ*
ထို့နောက် သူမလည်းအဖေ့အားအရှင့်နန်းဆောင်သို့ပို့ပြီးအပြန်၌ နန်းတော်မြို့ရိုးထောင့်လေးသို့ ဝင်သွားသော ကြင်ယာတော်နှင့် တစ်ခါမှမဖြင်ဖူးသည့်လူတစ်ယောက်ကြောင့် ဆွန်းယောင်းလည်း အနောက်မှမသိမသာလိုက်ကြည့်မိ၏။
သို့သော်လည်း ကြင်ယာတော်နှင့်သူမဟာနည်းနည်းဝေးနေသောကြောင့် မည်သည့်အကြောင်းအရာများပြောနေကြလဲဆိုတာတော့ နားထောင်၍မရခဲ့။ မကြာပါ ထိုလူစိမ်းဟာ ကြင်ယာတော်ပေးသည့် အသပြာအထုတ်လေးအား ယူ၍အမြန်ထွက်သွားလေသည်။
သူမလည်းကြင်ယာတော်မြင်မှာစိုး၍ အမြန်ထိုနေရာမှထွက်လာလိုက်သည်။ စိတ်ထဲတွင်တော့ မသင်္ကာခဲ့။ ကြင်ယာတော်ဘာတွေများလုပ်နေပါလိမ့်။ ဖြစ်နိုင်ရင် ကြင်ယာတော်ရဲ့အားနည်းချက်ကြီးကြီးမားမားကို သူမဆုပ်ကိုင်ထားချင်တာ။ သို့ပေမဲ့လည်း ကြင်ယာတော်အနားမှာကာကွယ်ပေးထားတဲ့သူတွေက များလွန်းတော့ သူမဘယ်လိုမှရှေ့တိုးလို့မရပေ။
ထို့နောက် နန်းတွင်းရှိအလုပ်များအား ပြီးစီးအောင်လုပ်ပြီးသည်နှင့် အဆောင်တွင်စောင့်နေသောအဖေ့အား သွားခေါ်ကာမြို့တော်အပြင်အထိလိုက်ပို့ပေးခဲ့သည်။ အဖေကတော့ လက်ထဲ၌အကို့အရိုးပြာအိုးလေးအားကိုင်လျက်ပင် နာရာနန်းတော်ကြီးအား ငေးမောကြည့်လျက် သက်ပြင်းချလိုက်လေသည်။
YOU ARE READING
ခက်စိမ်း(Z/U)
Romanceခက်စိမ်းအပင် အောက်မှာဆုံတွေ့ခဲ့ကြတဲ့ ဂျီမင်းက မောင့်ကိုခပ်စိမ်းစိမ်းပါပဲ ခက်စိမ်းအပင် အောက်မှာဆုံတွေ့ခဲ့တဲ့ ဂျီမင်းက မောင့်ကိုခပ်စိမ်းစိမ်းပါပဲ