🌹33

4.7K 588 121
                                    

Unicode version,

*မောင်ရေ ဒီနေ့ မိုးနည်းနည်းအုံ့နေတယ်သိလား။*

*မောင်က မိုးအုံ့တာကိုကြိုက်တယ်မလား*

*အများကြီးမအိပ်တော့နဲ့လေ။ ကျောတွေမပူဘူးလား*

*ငါလေဆံထိုးလေးကို အမြဲခေါင်းမှာပန်ထားတယ်သိလား မောင်နိုးလာရင် ပျော်သွားအောင်*

တစ်ချက်လေးတောင်မလှုပ်ပဲ အိပ်ပျော်နေသော မောင့်အား နားညီးအောင် ဂျီမင်းတစ်ယောက်ထဲ မမောတန်းစကားတွေပြောကာ မောင့်လက်ချောင်းသွယ်သွယ်လေးအား ရေဝတ်ဖြင့် သန့်ရှင်းပေးနေမိသည်။

ဒီနေ့ကျမှ ရာသီဥတုကလည်း အေးစိမ့်စိမ်ဖြင့် လေစိမ်းတွေကလည်း တောင်ပြေးလိုက် မြောက်ပြေးလိုက်နဲ့ မောင့်နန်းဆောင် ပြတင်းတံခါးတွေဆို ဝုန်းခနဲ ဖွင့်လိုက် ပိတ်လိုက်ဖြစ်နေလေသည်။

ထို့ကြောင့် မောင်စိတ်အနှောက်အယှက်ဖြစ်မည်စိုးသောကြောင့် ပြတင်းတံခါးလေးအား ထပိတ်ရသေး၏။

*တံခါးပိတ်လိုက်တော့ လေမဝင်တော့ပေမဲ့ မောင်စိတ်မရှုတ်ရတော့ဘူးမလား*

*မောင်လက်သည်းလေးတွေရှည်လာပြီ မနက်ငါညှပ်ပေးမယ်နော်*

မကြာပါ မောင့်ရေတိုက်အဝတ်ပုံးလေးအား သယ်ရန် အင်္ကျီလက်အနားများအား တံတောင်ဆစ်အထိ လိတ်တင်ကာ အပြင်သို့ ယူလာလိုက်သည်။

ရေဝတ်ပုံးကြီးသယ်၍ အပြင်ထွက်လာတော့ နန်းတွင်းသူများဟာ မြင်သော်လည်း မမြင်ချင်ယောင်ဆောင်ကာ ဝိုင်းမသယ်ပေးသည့်အပြင် ခပ်မာမာပင် အရိုအသေတောင်မပေးခဲ့။

ဂျီမင်းလည်း သူတို့အား အထွေအထူးမပြောတော့ပဲ ရေဝတ်ပုံးတဖက်ဖြင့် လှေကားထစ်လေးမှဆင်းနေချိန် အနားသို့ အူလျားဖားလျားပြေးလာသော အထိန်းတော်ကြီးဟာ လက်ထဲမှ ရေဝတ်ပုံးအား အတင်းသယ်ပေးလေသည်။

*အမလေး!!! အရှင်သာသိရင် ကျွန်မတို့တော့ ခေါင်းကြိမ်းပါပြီ ကြင်ယာတော်လေးရယ်။*

*ရပါတယ် ဒီလောက်တော့ အပျော့လေးပါ အထိန်းတော်ကြီးရယ်*

*နေနိုင်လိုက်ကြတာ အံ့သြပါတယ်ဟယ်။ အရှင်နေကောင်းတုန်းကဆို ကြင်ယာတော်လေး ဆိုတာနဲ့ ဖင်တုန်အောင်ကြောက်နေတဲ့ ဟာတွေက အခုတော့ ဒုတိယချွန်းဆွန်းယောင်းလို အချိုးမျိုးချိုးနေကြတယ်*

ခက်စိမ်း(Z/U)Donde viven las historias. Descúbrelo ahora