Unicode version,
"နာကျင်မှုတွေများလာတဲ့အခါ
မျက်ရည်အစား စကားတွေမဲ့လာခဲ့တယ်။
နှလုံးသားက ပရမ်းပတာ
တိုက်စားခံလိုက်ရတော့
အရူးတပိုင်းနဲ့ သေခြင်းတရားကို
ရင်ဆိုင်ချင်လိုက်တာမျိုး"ပြတင်းမှတဆင့် ကျဆင်းနေသော မိုးစက်လေးများအားကြည့်၍ ဆော့ဂျင်နာနာကျင်ကျင်ပြုံးမိလိုက်သည်။ အိပ်မက်ထဲမှာတောင် ပြေးစရာလမ်းမရှိတော့သည်အထိ ချောင်ပိတ်နာကျင်နေခဲ့လို့ အထိန်းတော်ကြီးက ပုခုံးလှုပ်နှိုး ကယ်တင်မှ လွတ်လာသည့် ကူကယ်ရာမဲ့ လူသား။
နှလုံးသားတစ်ခုလုံး အသက်ရှုရုံမှတစ်ပါး ဘာမှသုံးစားလို့မရတော့သည်အထိ ရက်စက်စက် နင်းခြေပြီး ထွက်သွားရက်သော တစ်ပါးသူအား ပြန်လာခဲ့ပါလို့ ပြန်ခေါ်ချင်ပေမဲ့ စကားလုံးတွေဟာ ထွက်မလာတော့။
နာကျင်မှုတွေကို စကားလုံးတွေကတဆင့် သယ်ဆောင်သွားခဲ့လေသလား မသိပေမဲ့ အချိန်တစ်ခုအထိ ဘယ်သူနဲ့မှလည်း စကားမပြောချင်တော့။
တစ်သက်မှာတစ်ခါ ပထမဆုံး ချစ်ရသူမို့လို့ ပထမဆုံး နဲ့ နောက်ဆုံးအတွက် တပွေ့တပိုက်ကြီး နာကျင်မှုတွေကို ထုတ်ပိုးသိမ်းဆည်းကာ လက်ဆောင်ပေးသွားခဲ့လေသည်။
တကယ်တော့သူဟာ ပန်းသုံးပွင့်ကြားမှ ခနတာဖြတ်သန်းတိုက်ခတ်သွားသည့် လေညှင်းတစ်ခုသာ။ လေညှင်းလေးက လေးထောင့်ဆန်ဆန်အပြုံးလေးကို ခုံမက်မိတော့ ကြွေလွင့်ရရောပေါ့။
သို့သော်လည်း ကြေလွင့်ခဲ့ရတဲ့ လေညှင်းလေးမှာ ပြောစရာစကားတွေအများကြီးရှိနေတာတော့ လေးထောင့်ဆန်ဆန် အပြုံးပန်းလေးဟာ မသိခဲ့။
"အကိုနဲ့အတူ အရက်သောက်ခဲ့တဲ့နေ့က အကို ကျွန်တော့်အပေါ်ကျူးလွန်းခဲ့တယ်"
ဟုတ်ပါတယ်....သူဟာ ဇာတ်လမ်းတစ်ခု၏ အပိုင်းအစတစ်ခုကို ဝှက်ထားမိသည်။ အကုန်လုံးအသိစိတ်ထဲမှာ အကိုနဲ့ကျွန်တော်ဟာ ထိုနေ့က ဘာမှမဖြစ်ခဲ့ဘူးဟု မှတ်ယူထားသမျှ အကုန်ပြောင်းပြန်သာ။
ကြင်ယာတော်လေးနာမည်သာခေါ်၍ သူ့နှင့်အတူ စည်းတစ်ခုကို ဖောက်ပြားခဲ့တာ။ ဒါကိုလည်း သူ့ဘက်ကသာယာနေမိတော့ အစထဲကအရှုံးပေါ့။
CZYTASZ
ခက်စိမ်း(Z/U)
Romansခက်စိမ်းအပင် အောက်မှာဆုံတွေ့ခဲ့ကြတဲ့ ဂျီမင်းက မောင့်ကိုခပ်စိမ်းစိမ်းပါပဲ ခက်စိမ်းအပင် အောက်မှာဆုံတွေ့ခဲ့တဲ့ ဂျီမင်းက မောင့်ကိုခပ်စိမ်းစိမ်းပါပဲ