Zawgyi version,
ကြောင်မက်ဖွယ်ရာ လေထုထက်ဝယ် နာရာအရှင်၏ စူးရှလှသော မျက်ဝန်းတစ်စုံဟာလည်း သိပ်ကိုထိပ်လန့်ဖွယ်ရာအတိပင်။ စစ်သည်ရဲမက်များနှင့်အတူ အပြစ်စီရင်ရာခုံရုံးထက် လက်နှစ်ဖက်အား ကျောအနောက်တွင်ကြိုးဖြင့်ချည်ထား၍ ဒူးထောက်နေသော လူသားဟာလည်း အသက်ရှုသံများဟာပုံမှန်မရှိတော့။
ထိုအချိန် အထိတ်တလန့်ဖြင့်အူယားဖားယားပြေးလာသော မွန်ဂိုခေါင်းဆောင်နှင့် သမီးဖြစ်သူတို့ကြောင့် ဂျောင်ကုနှုတ်ခမ်းလေးဟာ လေးကိုင်းသဖွယ်ကွေးညွှတ်သွားရသည်။ ဆံပင်များပြေကျကာ ဝတ်စုံအဖြူကြီးဖြင့် အရူးသဖွယ်ဖြစ်နေသော သားဖြစ်သူ၏သနားစရာမြင်ကွင်းကြောင့် ဖခင်ခမျာ အသည်းနှလုံးပေါက်ထွက်မတက်။
*အရှင်...အရှင် ကျွန်တော်မျိုးတောင်းပန်ပါတယ် အပြစ်ကိုကျွန်တော်မျိုးခံယူပါ့မယ်။ ဂျယ်ယောင်း..ဂျယ်ယောင်းကို လွှတ်ပေးတော်မူပါ*
*ဟက်....အပြစ်လုပ်ထားတဲ့သူပဲအပြစ်ခံရမယ်လေ။ မဆိုင်သူတွေဘေးဖယ်နေပါ*
*အရှင်ရယ်...ကျွန်တော်မျိုးကိုသနားတော်မူပါ*
မြေကြီးကိုခေါင်းနစ်ဝင်မတက် ဒူးထောက်ကာတောင်းပန်နေသော ဖခင်ဖြစ်သူကြောင့် သမီးဖြစ်သူဆွန်းယောင်း၏မျက်နှာဟာလည်း မအီမသာပင်။ နဂိုထဲက အရှင်ဟာသူမကိုဆို ရှိတယ်လို့တောင်မထင်တာ။ အခုလုပ်ရပ်ကြောင့် သူမအကြီးအကျယ်စိတ်ပျက်မိ၏။
ထိုချိန် အရှင်ဟာမတ်တပ်ရပ်ကာ အပြစ်သားခုံတွင်ထိုင်နေသော ချွန်းဂျယ်ယောင်းအရှေ့သို့သွားလေသည်။ အခုချိန် အရှင့်၏ခြေလှမ်းတစ်လှမ်းဟာ သိပ်ကိုကြောက်မက်ဖွယ်ကောင်းနေသောကြောင့် ချွန်းဂျယ်ယောင်းတစ်ယောက် ကြောက်ဒူးများတုန်လာကာ အသိစိတ်တောင်လွတ်မတက်ဖြစ်လာရ၏။
*ပြောခဲ့တယ်မလား ကြင်ယာတော်ကိုထိခိုက်အောင်လုပ်တဲ့တနေ့ အရှင်မထားဘူးဆိုတာ*
ဂျောင်ကုအား အကြည့်ချင်းမဆုံရဲလောက်အောင် သိမ်နုပ်နေသောလူသား၏မေးစေ့အားလက်ဖြင့်အကြမ်းပတမ်း ဆွဲမော့ကာမေးလိုက်တော့ သွေးရူးတန်းရူးဖြစ်ကာ အဆက်မပြတ်တောင်းပန်စကားဆိုလေသည်။
YOU ARE READING
ခက်စိမ်း(Z/U)
Romanceခက်စိမ်းအပင် အောက်မှာဆုံတွေ့ခဲ့ကြတဲ့ ဂျီမင်းက မောင့်ကိုခပ်စိမ်းစိမ်းပါပဲ ခက်စိမ်းအပင် အောက်မှာဆုံတွေ့ခဲ့တဲ့ ဂျီမင်းက မောင့်ကိုခပ်စိမ်းစိမ်းပါပဲ