Zawgyi Version,
အကျဉ်းချုတ်သာပြုလုပ်လိုက်သော ပန်းချီဆရာလေးနှင့် ကိုယ်ရံတော်လေး၏မင်္ဂလာပွဲ၌ ဂျီမင်းကိုယ်တိုင်ကောင်းချီးပေးနေရသည်မှာ အရှင်လတ်လတ်မီးမြိုက်ခံနေရသလိုပင်။
ဂျီမင်းး၏မျက်ဝန်းအား ဘာမှမဖြစ်သလို ရဲတင်းစွာကြည့်ရင်နိုင်သော မောင့်ကိုရင်ဘတ်တွေကွဲထွက်တဲ့အထိရိုက်ပစ်ချင်သည်။ ကျိန်းစပ်လာသော မျက်လုံးများကြောင့် ပါးပြင်ထက်မျက်ရည်များ မကျဆင်းလာဖို့ကို ကြိုးစားရသည်မှာ ပင်ပန်းစရာပင်။
မောင်တောင် ဘာမှမဖြစ်သလိုနေနိုင်သေးတာပဲ။ ဂျီမင်းဘက်က မျက်ရည်ကျရင်လူရယ်စရာဖြစ်နေမှာပေါ့။ ထို့နောက် အခမ်းအနားပြီးပြီးချင်း ဂျီမင်းထိုနေရာမှအမြန်ထွက်လာခဲ့လိုက်သည်။ မနေချင်ဘူး။ ဂျီမင်းမဟုတ်တဲ့ တခြားတစ်ယောက်နဲ့ ဆင်တူမင်္ဂလာဝတ်စုံဝတ်ထားတာကို ဂျီမင်းမမြင်ချင်ဘူး။
အောင့်တက်လာသောနှလုံးသားဟာ ဂျီမင်းအားအပြည့်အဝအသက်ရှုခွင့်မပေးသောကြောင့် ရင်ဘတ်လေးအားလက်ဖြင့်ဖိထားမိ၏။ ရုတ်တရက်နားလည်လိုက်သည်က ဂျီမင်းမင်္ဂလာဆောင်တုန်းက မောင့်ခံစားချက်ကိုပင်။
ဂျီမင်းသာ နာရာဘုရင်အမိန့်ကိုလွန်ဆန်ပြီး မောင်နဲ့အတူ အဝေးဆုံးထွက်ပြေးခဲ့ရင် အခုလိုခံစားနေရမှာမဟုတ်ဘူး။ ဂျီမင်းတောင် မရူးရုံတမယ်သေမတက်ခံစားနေရတာ မောင်သာဆိုရင်ဘယ်လောက်အထိ ခံစားနေရမလဲ။
ထို့နောက် နန်းဆောင်သို့ဦးတည်နေသည့် ခြေလှမ်းများဟာ မောင့်ဆီသို့ဦးတည်မိလိုက်သည်။ မောင့်ကိုယုံတယ်။ ဂျီမင်းအပေါ် လွယ်လွယ်နဲ့သစ္စာဖောက်မဲ့လူမဟုတ်ဘူး။ နောက်ဆုံးအကြိမ်မောင့်ဆီကကြားချင်မိသည်မှာ "ဂျီမင်းကိုသစ္စာမဖောက်ခဲ့ဘူး" ဆိုသည့်စကားပင်။ ကျန်တာဘာမှမလိုချင်ပါဘူး ထိုစကားလေးကြားချင်ရုံပါ။
မောင်ရှိရာနန်းဆောင်သို့ဂျီမင်းလာသည့်လမ်းတွင်ပင် သက်ဆိုင်သူနှင့်အတူ ဂျီမင်း၏မျက်နှာချင်းဆိုင်မှ လျှောက်လာသောမောင်။ မောင့်ကိုမြင်သည်နှင့် မြန်ဆန်လာသောခြေလှမ်းများဖြင့် မောင့်အရှေ့သို့ရောက်သွားခဲ့၏။
YOU ARE READING
ခက်စိမ်း(Z/U)
Romanceခက်စိမ်းအပင် အောက်မှာဆုံတွေ့ခဲ့ကြတဲ့ ဂျီမင်းက မောင့်ကိုခပ်စိမ်းစိမ်းပါပဲ ခက်စိမ်းအပင် အောက်မှာဆုံတွေ့ခဲ့တဲ့ ဂျီမင်းက မောင့်ကိုခပ်စိမ်းစိမ်းပါပဲ