Zawgyi version,
*နာရာတိုင်းပြည်ရဲ့ ဘုရင့်ကြင်ယာတော်အဖြစ် အိမ်ရှေ့စံသွားရမယ်*
ဆိုသော ခမည်းတော်၏နှုတ်မှထွက်လာရက်သော
စကားလုံးတို့ကို ဂျီမင်းယုံတောင်မယုံနိုင်ခဲ့။
မင်တိုင်းပြည် မပျက်သုဉ်းဖို့ သားဖြစ်သူကို
စတေးရဲတဲ့ ခမည်းတော်ဟာ အစွယ်တွေဝှက်ထားတဲ့
တောကြောင်ပမာ။နဂိုထဲက အိမ်ရှေ့စံအား အမြင်မကြည်ကြသော
အမတ်တွေ အကြံပေးတွေအကုန်လုံးကလည်း
သဝဏ်လွှာအား အတင်းလက်ခံခိုင်းကြသည်။မင်တိုင်းပြည်တွင် အိမ်ရှေ့စံရှိနေသ၍
အမတ်တွေကလည်း မဟုတ်တာမလုပ်ရဲကြပေမဲ့
အခုလိုမျိုး သဝဏ်လွှာပို့လိုက်တော့ အမတ်တွေဂွင်ထဲ
အိမ်ရှေ့စံရောက်သွားခဲ့ပြီ။*ကျွန်တော် မသွားနိုင်ဘူး ခမည်းတော်*
*မင်းစခဲ့တဲ့ ကိစ္စမင်းတာဝန်ယူရမယ် အိမ်ရှေ့စံ*
*ဒါဆို ကျွန်တော်ပိုင်တဲ့ နယ်စပ်ခုနစ်ခုကို နာရာဘုရင်ဆီ ပေးလိုက်ပါ့မယ် ဒီသဝဏ်လွှာကိုတော့ လုံးဝသဘောမတူပါဘူး*
*နာရာဘုရင်က သူလိုချင်တာ နယ်မြေတွေမဟုတ်ဘူး အိမ်ရှေ့စံ။ မနက်ဖြန်ကျရင် နာရာတိုင်းပြည်က သံတမာန်က အိမ်ရှေ့စံကို လာခေါ်မှာ အသင့်ပြင်ထား*
*ခမည်းတော်!!!!*
*ဒီနေ့ ညီလာခံ ဒီမှာရပ်မယ်*
ဂျီမင်းအား မည်သည့်စကားမှ ခွန်းတုံ့မပြန်
နိုင်အောင် ညီလာခံပိတ်သိမ်းပီး ထွက်သွားသော
ခမည်းတော်၏ နောက်ကျောအား ဂျီမင်း ခံပြင်းစွာ
စိုက်ကြည့်နေမိ၏။အမတ်တွေကလည်း ဂျီမင်းအခုလို မခံမရပ်နိုင်
ဖြစ်တာကို ကျေနပ်ကာ အပြုံးတို့ဟာလည်း
ဖုံးကွယ်နိုင်ခဲ့။ဒေါသများထွက်လာကာ သိပ်ကိုခံပြင်းစရာ
ကောင်းလှသောကြောင့် စစ်ရေးလေ့ကျင့်နေသည့်
မောင်ဆီသို့ သွားရန်ခြေလှမ်းများဦးတည်လိုက်၏။မောင်လည်း ဒီသတင်းကို ကြားလောက်ရောပေါ့။
အဲ့ဒါကြောင့် ဂျီမင်းဆီ လာမတွေ့သေးတာ။
မောင်ရဲ့ စိတ်အတိုင်းသာဆိုရင် ဂျီမင်းကို
လက်လွှတ်ပေးမဲ့ပုံပင်။
ESTÁS LEYENDO
ခက်စိမ်း(Z/U)
Romanceခက်စိမ်းအပင် အောက်မှာဆုံတွေ့ခဲ့ကြတဲ့ ဂျီမင်းက မောင့်ကိုခပ်စိမ်းစိမ်းပါပဲ ခက်စိမ်းအပင် အောက်မှာဆုံတွေ့ခဲ့တဲ့ ဂျီမင်းက မောင့်ကိုခပ်စိမ်းစိမ်းပါပဲ