Zawgyi version,
စွဲလမ်းစိတ်နဲ့အတူ မနက်ကရွာသွန်းခဲ့သော
မိုးရေစက်တို့ကြောင့် နီဆွေးသော ပါးပြင်ထက်
၌ အဖျားသွေးလေးဟာ နေရာယူလာရ၏။
အချိန်အတော်တန်ကြာသည်အထိ ဂျီမင်းမုန်းလှသော
လူသား၏ ရင်ခွင်ထက် ငိုကြွေးသည်ဟာလည်း
သိပ်ကိုအရှက်မဲ့ဖို့ကောင်းလှသည်။လူတစ်ယောက်၏စိတ်ဟာ ဘယ်လောက်တောင်
ဆွဲငင်လည်းဆိုရင် စွဲလမ်းစိတ်ကြောင့် တစ်ကိုယ်လုံး
မီးခဲသဖွယ် ဖြစ်လာသော ဂျောင်ကုရင်ခွင်ထဲရှိ
ကိုယ်ငယ်လေးကြောင့် ထိတ်လန့်ကာ နဖူးဖျားလေးအား
စမ်းမိတော့ အဖျားတွေတက်လာလိုက်တာ။*သက်ငယ်*
*ငါချမ်းတယ်*
*အင်း အင်း....မောင်ကုတင်အပေါ်မှာ ခနလှဲနေနော်*
မျက်ခမ်းစက်လေးများနီရဲလာကာ နှုတ်ခမ်းသွေးများလည်း
သိပ်မရှိသောကြောင့် ဂျောင်ကုစိုးရိမ်စိတ်ဟာ အဆုံးမဲ့လာရ၏။ ထို့နောက် သက်ငယ်အား ဂျောင်ကု ကုတင်၌ လှဲစေကာ စောင်ခြုံပေးလိုက်၍ အပြင်ရှိအထိန်းတော်ကြီးအား
သမားတော်အမြန်သွားခေါ်ခိုင်းရသည်။*အဖျားတွေတက်လာတယ်ကွာ.....မောင်ဘာလုပ်ပေးရမလဲ*
*မောင့်ကို....မောင့်ကိုခေါ်ပေး*
အားမရှိသောအသံသေးသေးလေးဖြင့် ဂျောင်ကုမဟုတ်သော
ကင်မ်ထယ်ယောင်းအား ခေါ်ခိုင်းနေသော ကြင်ယာတော်လေးဟာ ဂျောင်ကုစိတ်ပူနေတာကို မမြင်ဘူးထင်ပါတယ်။"မောင်ဆိုတဲ့နာမ်စားလေးတော့တူပါတယ် ဒါပေမဲ့ ဒီလူမဟုတ်ခဲ့"
ထို့နောက် အဖျားအရှိန်နဲ့အတူ အိပ်ပျော်သွားသော
လူသားလေး၏ နီနီရဲရဲပါးပြင်ရှိသွေးကြောလေးများအား
ခိုးယူကာ နမ်းရှိုက်မိ၏။*မောင်သိပ်ကိုမြတ်နိုးရတဲ့အရာတွေက ခိုးယူဖို့သက်သက်ပဲ လားသက်ငယ်*
မကြာပါ သမားတော်ကြီးရောက်လာကာ လိုအပ်သော
ဆေးရည်နှင့်ဆေးများပေးသွားသဖြင့် ကြင်ယာတော်လေး နိုးလာရင် သောက်ရန် ဆေးကြိုဖို့ ဂျောင်ကုကိုယ်တိုင်
စားဖိုဆောင်ဝင်ကာ ကြိုပေးချင်မိသည်။
ČTEŠ
ခက်စိမ်း(Z/U)
Romanceခက်စိမ်းအပင် အောက်မှာဆုံတွေ့ခဲ့ကြတဲ့ ဂျီမင်းက မောင့်ကိုခပ်စိမ်းစိမ်းပါပဲ ခက်စိမ်းအပင် အောက်မှာဆုံတွေ့ခဲ့တဲ့ ဂျီမင်းက မောင့်ကိုခပ်စိမ်းစိမ်းပါပဲ