🌹32

4.5K 573 127
                                    

Unicode version,

ရှက်ရွံ့မှု ၊ ခံပြင်းမှု ၊ သိမ်ငယ်မှု များကြောင့် ရောပြွန်းလာသော ဒေါသမီးဟာ ထယ်ယောင်းအား အဆုံးစွန်အထိ နာကျင်စေသည်။ မျက်လုံးများနီရဲသည်အထိ ငိုကြွေးကာ နာကျင်မှုများအားလျော့ပါးစေချင်ပေမဲ့ ပို၍နာကျင်မြဲသာ။

ငယ်စဥ်ဘဝထဲက သူများအရိပ်အခြေကြည့်ပြီး ကြီးပြင်းလာခဲ့ရုံမက အခုအချိန်အထိ သူ့ဘဝအား လှန်ချင်သလိုလှန် မှောက်ချင်သလိုမှောက် လုပ်နေကြသောသူတို့အား အသည်းခိုက်မတက် မုန်းတီးမိတာ။

ဘာလို့သူ့ကိုမှ လုပ်ရက်ကြတာလဲ။ သေမတက် အားနာပြီး အပြစ်သားတစ်ယောက်လိုရှင်သန်ခဲ့ရတာ။ ချစ်ရသူအပေါ် သစ္စာဖောက်မိပြီဆိုသည့် ပြစ်ချက်တစ်ခုနဲ့တင် လှိုက်ရူးပြီး မျက်နှာမပြဝံ့ခဲ့တာ။

သူ့အတွက်ဘာများရခဲ့သလဲ။ အကုန်လုံးဆုံးရှုံးမှုများသာ။ ချစ်ရသူကိုလည်း ဆုံးရှုံးခဲ့ရသလို သူပိုင်ဆိုင်ခဲ့သည့် သူ့ကိုယ်ပိုင်ဘဝကိုလည်း ဆုံးရှုံးခဲ့ရသည်။ မမျှတလိုက်တာ။

ယောကျာ်းတစ်ယောက်က မျက်ရည်တွေနဲ့ မလိုက်ဖတ်ပေမဲ့ ထယ်ယောင်းအတွက်တော့ မျက်ရည်တွေဟာ စိတ်ထွက်ပေါက်တစ်ခုဖြစ်ခဲ့ရသည်။

နန်းတော်မြောက်ဘက်ရှိ လူသွားလူလာနည်းသော လမ်းကြားလေးထက်ဝယ် တဖြေးဖြေးကျယ်လောင်လာသော ရှိုက်သံတစ်ခု၌ အဆုံးမဲ့ကြေကွဲမှုတွေပါနေခဲ့သည်။

ထိုမျက်ရည်စများဟာ ထယ်ယောင်းသာမက ဆော့ဂျင်အတွက်လည်း တကယ့်ကိုအဆိပ်ပမာ။ ခေါင်းငိုက်စိုက်ကျကာ အသံများပျောက်သည်အထိ ငိုနေသော အကို့အနားသို့ ဆော့ဂျင်သွားဖို့ မရဲခဲ့။

ခြေတစ်လှမ်း လှမ်းတိုင်းဆော့ဂျင်နှလုံးသားကို သံဖိနပ်ဖြင့်ခပ်ပြင်းပြင်းကန်လိုက်သလိုပင်။ ဘယ်လောက်တောင်မုန်းနေလိမ့်မလဲသူ့ကို။ ဘယ်လောက်တောင် ခံပြင်းနေလိမ့်မလဲ။

သို့သော်လည်း မျက်နှာပြောင်တိုက်စွာ အကို့အနားသို့ ရောက်လာခဲ့မိသည်။ မုန်းချင်လည်း မုန်းပါစေလေ။ သူကိုယ်တိုင်ကိုက အကို့နာကျင်မှုတွေကို လဲယူလို့ရရင် ယူပစ်ချင်တာ။

ခက်စိမ်း(Z/U)Where stories live. Discover now