🌹1

19.4K 1K 105
                                    

Zawgyi version,

*မင်းကိုယ်မင်း ဒီတစ်ခေါက်စစ်ရှုံးတာ သိပ်ကိုဂုဏ်ယူစရာ ကောင်းနေသလား ပတ်ခ်ဂျီမင်း*

ပုလ္လင်ထက်တွင် မိန့်မိန့်ကြီးထိုင်ကာ အမတ်တွေကြား
တွင် မင်တိုင်းပြည်၏ အိမ်ရှေ့စံမင်းသားအား
အားနှင့်မာန်နှင့် ကြိမ်မောင်းနေသော ဘုရင်ဟာ
သိပ်ကို ခက်ထန်နေခဲ့တာ။

ညီလာခံခန်းမ၏ အလယ်ခေါင်တွင် ဒူးတစ်ချောင်း
ထောက်ကာ အိမ်ရှေ့စံ၏ လက်စွဲတော်ဓားမြောင်ရှည်အား
ကျောထက်တွင် စလွယ်သိုင်းကာ ဖခမည်းတော်
ပြောသမျှကို ခေါင်းငုံအံကြိတ်ကာ ငြိမ်ခံနေရသည့်
ဒီနေ့ကို သေတဲ့အချိန်အထိမမေ့ဘူး။

အသက်ကြီးပြီး အချိန်မစီးသေးသည့် အမတ်တွေဟာလည်း
မိန်းမကြီးတွေအလား အိမ်ရှေ့စံကိုတောင်
အားမနာနိုင်စွာ တီးတိုးအပုတ်ချနေရဲ့။

ဘာတဲ့ *အိမ်ရှေ့စံက ဘဝင်လေဟပ်နေတာ
အခုလို စစ်ရှုံးတာ အိမ်ရှေ့မှာပဲ တာဝန်ရှိတယ်*တဲ့။

စစ်တိုက်တာ အိမ်ရှေ့စံတစ်ယောက်ထဲ
ထွက်တိုက်လို့ရခဲ့ရင် လည်စင်းပြီး အသတ်ခံလိုက်မယ်။
စစ်ရှုံးတော့မှ အိမ်ရှေ့စံတာဝန်ယူတဲ့။
သိပ်ကို ခံပြင်းစရာကောင်းလှသည်။

*နာရာတိုင်းပြည်က ဘယ်လိုတောင်းဆိုချက်
တွေလုပ်လာမလဲ မသိလို့ အိမ်ရှေ့စံတာဝန်ယူ
ဖြေရှင်းပါ*

မျက်ထောင့်နီဖြင့် အိမ်ရှေ့စံအား မျက်နှာလွှဲခဲပစ်
လုပ်ခဲ့သော ခမည်းတော်၏ မျက်လုံးအား တည့်တည့်ကြည့်ကာ *ကောင်းပါပြီ* လို့ပြန်ဖြေခဲ့ပေမဲ့ အိမ်ရှေ့စံ၏
မျက်ဝန်းတွေကတော့ *တစ်နေ့ပြန်ပေးဆပ်ရမယ်*
ဟု ကြိမ်းဝါးနေသယောင်။

ထို့နောက် ညီလာခံပိတ်သိမ်းကာ ခမည်းတော်
နန်းတော်ပြန်သွားတော့မှ အိမ်ရှေ့စံလည်း
ထိုနေရာမှ ထွက်လာခဲ့လိုက်သည်။

ခြေတလှမ်း လှမ်းလိုက်တိုင်း လှောင်ပြုံးဖြင့်
ခနဲ့နေကြသော အမတ်တွေကြား လက်ကိုတင်းကြပ်စွာ
ဆုပ်ထားရင်း မနည်းသည်းခံမြိုသိပ်ထားရ၏။

မြေပြိုမပျက်ခြေလှမ်းတို့ဖြင့် ဒုန်းဆိုင်းလျှောက်လာသော
အိမ်ရှေ့စံ၏ ခြေလှမ်းတို့ဟာ မင်တိုင်းပြည်ကိုတောင်
တုန်လှုပ်စေသည်။

ခက်စိမ်း(Z/U)Wo Geschichten leben. Entdecke jetzt