🌹31

4.8K 570 175
                                    

Unicode version,

*အဲ့ဒါဘာကိုဆိုလိုတာလဲ*

ယောင်း၏စကားအသံကြောင့် ဆော့ဂျင်မှာ ခေါင်းတစ်ခုလုံးချာချာလည်မူးနောက်သွားကာ ဘယ်ကဘယ်လိုဖြေရှင်းရမလဲမသိတော့။ အကိုရဲ့မျက်ဝန်းတွေထက် နာကျည်းမှုအရိပ်အယောင်တွေကြောင့် ရင်ဘတ်တစ်ခုလုံးလည်း အောင့်တက်လာရသည်။

*အကို...ဘယ်..ဘယ်လိုဖြစ်ပြီး*

*ကိုယ် အခုကြားလိုက်တဲ့ စကားတွေက ဘာအဓိပ္ပါယ်တွေလည်း ဆော့ဂျင်*

*အကို*

*ပြောစမ်းပါ!!!! ငါအခုကြားလိုက်တာတွေက ဘာတွေလဲ*

ထိုချိန် ကွဲအက်နေသောအသံဖြင့် "မင်းကြားခဲ့သမျှအမှန်တွေချည်းပဲ ထယ်ယောင်း" ဆိုသည့် ဂျောင်ကု၏စကားကြောင့် ထယ်ယောင်းတစ်ယောက်ရူးမိုက်စွာ ဟားတိုက်ရယ်မိသည်။

*ဟား...ဟား....ဟား....ဒါဆို...ဒါဆို ငါနဲဆော့ဂျင်နဲ့က ဘာမှမဖြစ်ခဲ့ပဲ ဒီကငတုံးကောင်က အထပ်ထပ်အခါခါတောင်းပန်ပြီး အရူးတစ်ယောက်လိုနေခဲ့ရတာပေါ့*

*မဟုတ်ဘူး....အဲ့လိုမဟုတ်ပါဘူးအကိုရယ်။ အကို့အသက်ကိုကယ်ဖို့အတွက်ပါ။ အကို့ကိုကယ်ဖို့နည်းက အဲ့ဒါပဲရှိခဲ့လို့ပါ*

*ငါက ကယ်ပေးပါလို့ပြောခဲ့လို့လား!!! ငါပြောခဲ့လို့လား ကင်မ်ဆော့ဂျင်။*

*ဆော့ဂျင်ကို ဘာမှအပြစ်တင်စရာမလိုဘူးထယ်ယောင်း။ အကုန်လုံးကို ငါစီစဥ်ခဲ့တာမို့လို့*

*ဟက်.....ဟုတ်တာပေါ့။ ဂျီမင်းရဲ့အချစ်ကိုရဖို့ မင်းကနည်းလမ်းမျိုးစုံသုံးခဲ့တာ*

*ဟုတ်တယ်။ ငါ့အတွက် ဂျွန်ဂျီမင်းကမရှိမဖြစ်လိုအပ်လို့ အဲ့လိုမျိုးတွေလုပ်ခဲ့တာ။*

*မင်းအတွက် ဂျီမင်းကမရှိမဖြစ်ဆိုရင် ငါ့အတွက် ဂျီမင်းကအသက်ပဲ။ ငါသိပ်ချစ်ခဲ့သမျှ ၊ ငါပေးဆပ်ခဲ့သမျှ အကုန်ငါ့ဆီကမင်းလုယူသွားတာ။ ငါ့ရဲ့ဘဝကို လုပ်ချင်သလိုလုပ်ဖို့မင်းတို့အတွက်လွယ်နေလား*

ပါးပြင်ထက်မျက်ရည်များစွာဖြင့် စကားလုံးတစ်လုံးချင်းစီတိုင်း မနည်းအားယူ၍ပြောနေရသော ထယ်ယောင်းကြောင့် ဆော့ဂျင်အသဲပေါက်လုမတက်ပင်။ သူတို့တွေ အကို့ရဲ့ဘဝကို ခြယ်လှယ်ခဲ့သလိုဖြစ်နေကြပြီ။ နှလုံးသားရဲ့အရိုးခံစေတနာလေးက အကို့အတွက်တော့ အဆိပ်ဖြစ်စေခဲ့တာ။ ထိုချိန်...

ခက်စိမ်း(Z/U)Where stories live. Discover now