🌹22

4.9K 630 168
                                    

Zawgyi version,

*မနက်ဖြန် ငါတို့လက်နက်အကြမ်းထည်ကို အရှင့်ဆီတင်ပြရမယ် အဲ့ဒါကြောင့်သေချာလုပ်ပေးထားရမယ်*

*ဟုတ်ကဲ့*

*ဒါဆို စိတ်ချမယ်နော်*

*ကောင်းပါပီ*

လက်နက်ထုတ်လုပ်ရုံတွင် ယောင်းလည်းလက်အောက်ငယ်သားများအား မှာစရာရှိတာမှာ၍ နန်းဆောင်သို့စောစောပြန်လာခဲ့သည်။ ဒီနေ့တော့ စောစောပြန်မှရမည်။ နန်းဆောင်တွင်ကြိတ်ငိုနေမည့် ကောင်ငယ်လေးအား ချော့ရဦးမည်မဟုတ်လား။

ဂျီမင်းလာပြောပြသော သတင်းစကားကြောင့် ယောင်းဒီတနေ့လုံးလည်း အလုပ်တွင်စိတ်မပါကာ နန်းဆောင်သို့အမြန်ပြန်ချင်လှသည်။ ယောင်းကြောင့် တစ်နေရာတွင်ကြိတ်ငိုနေမည့် ကောင်ငယ်လေးကိုတွေးမိတိုင်း ရင်ထဲတဆစ်ဆစ်နဲ့ပင်။

မကြာပါ နန်းဆောင်သို့ရောက်တော့ ညနေစာစားနေပြီဖြစ်သော ကောင်ငယ်လေးကြောင့် ယောင်းလည်း မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်တော့ အနည်းငယ်အံ့သြသွားသယောင်။

*အကိုပြန်လာတာအစောကြီးပဲ*

*အင်း*

*အကိုက ညတိုင်းနောက်ကျမှပြန်လာလို့ ကျွန်တော်ထမင်းပန်းကန်တခုပဲချခိုင်းထားတာ ခနလေးနော် အပြင်ကအထိန်းတော်ကြီးကိုသွားယူခိုင်းလိုက်မယ်*

ထမင်းစားဝိုင်းလေးမှထကာ အပြင်သို့ထွက်ရန်လုပ်နေသော ကောင်လေး၏ လက်ကောက်ဝတ်လေးအား ဖမ်းဆွဲကာ ယောင်းလည်းမတ်တပ်ရပ်လိုက်တော့ ချက်ချင်းပင်ခေါင်းငုံ့သွားလေသည်။

ငိုထားတာကိုမသိသာအောင် ဟန်ဆောင်နေပါသော်လည်း အခုချိန်အထိ စိုစွတ်နေသေးသော မျက်တောင်ဆင်းဆင်းလေးများဟာ သက်သေတစ်ခုဖြစ်နေရော။

ဒီကောင်လေးဟာ ယောင်းမသိအောင်အမြဲကြိတ်ငိုနေတယ်ဆိုတာ သိပါသော်လည်း ယောင်းဘက်က မသိချင်ယောင်ဆောင်မိသည်။ ဘာလို့ဆို ထိုကောင်လေး၏မျက်ရည်တွေကို ယောင်းမကြည့်ရက်လို့ ၊ ထိုကောင်လေးကို ဘယ်လိုစကားတွေနဲ့နှစ်သိမ့်ပေးရမလဲ မသိခဲ့လို့ ။

ခက်စိမ်း(Z/U)Opowieści tętniące życiem. Odkryj je teraz