🌹15

5K 650 107
                                    

Zawgyi version,

ကြိမ်းစက်နေသော မျက်လုံးတစ်စုံအား ဂျီမင်းကြိုးစားပြီး
ဖွင့်ကြည့်ကာ ဘေးဘက်ကိုကြည့်မိတော့ ထိုလူသားရှိမနေခဲ့။
ထို့နောက် မျက်နှာပြင်လေးအား လက်နှစ်ဖက်ဖြင့် ပွတ်သတ်ကာ မနက်ခင်းကြီး၌ သက်ပြင်းချမိ၏။

သူဘာတွေလုပ်နေမိတာလဲ။ မနေ့ညက ထိုလူသားရင်ခွင်၌
အပူအပင်ကင်းစွာ အိပ်ခဲ့မိသည့် ကိုယ့်ကိုကိုယ်အပြစ်တင်
မဆုံးခဲ့။ သူဒီလိုဖြစ်ချင်ခဲ့တာမဟုတ်ဘူး။ မသိစိတ်က နိုးကြွ
နေတဲ့ စိတ်တခုကိုအနိုင်မယူနိုင်ပဲ ထိုလူသားနှင့်အတူ ညတညကို ဖြတ်ကျော်ခဲ့ရသည်။

ထို့နောက် ကုတင်ထက်မှထကာ ရေချိုးဆောင်သို့ဝင်၍
ရှုတ်ထွေးနေသော စိတ်တို့အားနောက်တခါ အမှားမဖြစ်အောင် ဂျီမင်းသတိပေးနေမိ၏။ အချိန်တခုအထိကြာအောင်
ရေချိုးဆောင်၌ကုန်ဆုံးပြီးနောက် ဂျီမင်းလည်းအင်္ကျီများဝတ်ကာ ပြင်ဆင်ပီးနောက် အရင်လို ဆံပင်အားတစ်လွှာစည်းမနေတော့ပဲ အကုန်လုံးအားစုပီး အမြင့်စည်းကာ ထွက်လာခဲ့လိုက်သည်။

ဒီနန်းဆောင်ထဲ၌ မနေ့ညကထိုလူသား၏အငွေ့အသက်တွေ
ကျန်နေသေးသည်။ ထို့ကြောင့် ဂျီမင်းနန်းဆောင်အပြင်သို့ထွက်ပီး တခါမှလိုက်မကြည့်ဖူးသေးသည့် နာရာနန်းဆောင်အားလှည့်ပတ်ကြည့်ခဲ့၏။

ထိုချိန်သတိမပေးပါပဲ ခေါင်းထဲ၌ မောင့်အကြောင်းဟာ တန်းစီပြီး ဝင်လာလေသည်။ ဒီအချိန်ဆိုမောင်ဘာလုပ်နေမလဲ။ ညကရော မောင်အိပ်ပျော်ရဲ့လား။ ဂျီမင်းအတွက် မနက်ခင်းဟာ ခြောက်ကပ်နေသလောက် မောင့်ရဲ့မနက်ခင်းလေးက ပန်းချီဆရာလေးနဲ့အတူ သာယာနေမလား။

ဂျီမင်းမမြင်နိုင်သည့် နောက်ကွယ်မှာ မောင်ကလည်းတစ်ပါးသူလေးကို ရင်ခွင်ထဲထည့်ထားနေမလား။ သိပ်ကိုလှည့်ဖျားတတ်သည့် ကံကြမ္မာကြောင့် ဂျီမင်းတို့လူသားတွေဟာ ဘယ်လောက်ပင် အသက်နှင့်တမျှလူတစ်ယောက်ကို ချစ်ခဲ့ပါစေ ကံကြမ္မာက ပေါင်းစည်းခွင့်မပေးရင် အကုန်လွဲချော်မှာပေ။

နန်းတော်မြို့ရိုးတစ်လျှောက် ဂျီမင်းလမ်းလျှောက်လာစဉ်
ရှေ့တည့်တည့်၌ မောင်နှင့်ပန်းချီဆရာလေးကို တွေ့လိုက်ရသောကြောင့် အနောက်လှည့်ပြန်ရမလားလို့ တွေးမိပါသော်လည်း ခြေလှမ်းများသည်ထိုနေရာမှမရွေ့ခဲ့။

ခက်စိမ်း(Z/U)Dove le storie prendono vita. Scoprilo ora