Zawgyi version,
အုံ့မှိုင်းနေသော မိုးသားကောင်းကင်ကြီးဟာ
ဒီနေ့အတွက် သိပ်ကိုနေလို့ထိုင်လို့ကောင်းလှသည်။
မကြာမီအချိန်လေးအတွင်းမှာပဲ ဂျောင်ကုသိပ်ကိုချစ်ရပါသော
လူသားလေးဟာ မင်တိုင်းပြည်မှ နာရာဆီသို့
ရောက်ရှိလာတော့ပေမည်။ဂျောင်ကုစိတ်တွေ ဘယ်လောက်အထိ မတည်မငြိမ်
ဖြစ်နေသလဲဆိုရင် မနေ့ညထဲက ကောင်းကောင်း
ဆက်တော်မခေါ်နိုင်တာ။ အခုလည်း ချစ်ရသူမျက်နှာလေးကို
မော်ဖူးရတော့မည့် အရှိန်ဖြင့် ညီလာခံအစည်းအဝေး
တောင် မလုပ်နိုင်ခဲ့လို အမတ်တွေကို ပြန်လွှတ်လိုက်ရသည်။ဂျောင်ကုနှလုံးသားလေးဟာ စစ်ပွဲအတွင်းမှာ
တွေ့ခဲ့ရသလို မာထန်နေမလား။ ဒါမှမဟုတ် ဂျောင်ကုကို
ကြောက်များကြောက်နေမလား။ သူ့ကိုသိမ်းပိုက်လိုက်လို့
ဂျောင်ကုအပေါ် အညိုးများကြီးနေမလား။အစရှိသည့်အတွေးပေါင်းစုံဖြင့် နေမထိထိုင်မသာ
ဖြစ်နေရတာ ဂျောင်ကုအတွက် မွေးလာထဲက ပထမဆုံး
ခံစားမိတတ်ခြင်းပေ။ငယ်ငယ်တုန်းက ခက်စိမ်းအပင်အောက်မှာ
ဆုံတွေ့ခဲ့ရတာကိုသာ နှလုံးသားငယ်လေးသိရင်
ပျော်သွားမလား။ ငယ်ငယ်တုန်းကလိုပဲ စကားပြောရင်
နှုတ်ခမ်းလေးစူပီး ချစ်စရာကောင်းနေဦးမလား။အို....အတွေးပေါင်းစုံဖြင့် ဂျောင်ကု နှလုံးသားငယ်လေး
လာမည့်အချိန်ကို မစောင့်စားနိုင်စွာ နန်းတော် အုတ်ရိုးတွင်
မျှော်ကြည့်နေမိသည်။ထို့နောက် နှလုံးသားငယ်လေးမျက်လုံးထဲတွင်ကြည့်ကောင်း
နေစေရန် နန်းတွင်းဝတ်စုံထက် သာမာန်ဝတ်စုံဖြင့် အသက်ပို
ငယ်သွားအောင် ဝတ်စားထား၏။
ဂျောင်ကုမှာ ထိုင်မရထမရဖြစ်နေသည်ကို
အထိန်းတော်ကြီးနဲ့ ကိုယ်ရံတော်နမ်ဂျွန်းက
ခပ်ကြိတ်ကြိတ်လေးရယ်လေရဲ့။ထူးဆန်းလွန်းပါပေတယ်။ ဂျောင်ကုသိပ်ကို
မြတ်မြတ်နိုးနိုးချစ်မိသွားသည့်လူသားလေးက
ယောကျာ်းလေးတစ်ယောက်ဆိုတာ။ နာရာတိုင်းပြည်ရဲ့
ဘုရင်မို့လို့ အခုလို ယောကျာ်းလေးတစ်ယောက်ကို
တော်ကောက်ခြင်းသည် ဘယ်လိုမှမသင့်တော်ပေမဲ့လည်း
စည်းမျဉ်း စည်းကမ်းတွေ မိရိုးဖလာ အစဉ်အလာ
တွေကို ဂျောင်ကုဂရုမစိုက်ထားသည်မှာ နှလုံးသားငယ်လေး
ကို တွေ့လိုက်သည့် အသက်၁၅နှစ်အရွယ်ထဲက။
KAMU SEDANG MEMBACA
ခက်စိမ်း(Z/U)
Romansaခက်စိမ်းအပင် အောက်မှာဆုံတွေ့ခဲ့ကြတဲ့ ဂျီမင်းက မောင့်ကိုခပ်စိမ်းစိမ်းပါပဲ ခက်စိမ်းအပင် အောက်မှာဆုံတွေ့ခဲ့တဲ့ ဂျီမင်းက မောင့်ကိုခပ်စိမ်းစိမ်းပါပဲ