🌹6

4.8K 671 177
                                    

Zawgyi version,

တိတ်ဆိတ်ငြိမ်သက်သော နာရာနန်းတွင်ကြီးဟာ အခုတော့
နန်းတွင်သူများ၏ခြေရာများလည်းထပ်နေသလို လူတိုင်း
အလိုလို အလုပ်ရှုတ်ကာ ဆူညံပွက်လောရိုက်နေကြ၏။

အကြောင်းရင်းကား သန်သက်ခါတွင်ကျရောက်မည့် နာရာအရှင်၏ မင်္ဂလာပွဲဖြစ်သောကြောင့်ပင်။ ရှင်ဘုရင်တစ်ပါးမင်္ဂလာရင်မြတ်ကျရောက်လာခဲ့လျှင် တိုင်းပြည်ရှိ ပြည်သူတွေသာမက နန်းတွင်စစ်သည်များနှင့် နန်းတွင်သူများအားလုံးပျော်ရွှင်ကြရသည်။

အဘယ်ကြောင့်ဆိုသော် မင်္ဂလာကိစ္စဖြစ်သောကြောင့် ပြည်သူတွေအားလုံးအား ရှင်ဘုရင်မှ ဆန် ၊ ဆီ ၊ ဆား အကုန်လုံးအလကားဝေပေးသောကြောင့်ပင်။ ထို့အပြင် စစ်သည်နှင့်နန်းတွင်းသူများကိုလည်း အသပြာများဝေမျှပေးသောကြောင့် အကုန်လုံးထပ်တူဝမ်းသာကြ၏။

နာရာအရှင်သခင်ဖြစ်သည့် ဘုရင်ဂျွန်ဟာလည်း မင်္ဂလာပွဲကို
အထူးအာရုံစိုက်ကာ ပြင်ဆင်နေသောကြောင့် အရှင့်ကြင်ယာတော်လေးသိပ်ကိုကံကောင်းတာပါပဲဟု အများက အားကျနေကြပေမဲ့လည်း ကြင်ယာတော်ကတော့ ထိုသို့မဟုတ်ခဲ့။

မင်္ဂလာဝတ်စုံအတွက် နန်းတွင်းအဝတ်ချုပ်သမများက ကိုယ်တိုင်းသွားယူကြပေမဲ့ အခုထိနန်းဆောင်ထဲလည်း ပေးမဝင်သလို အစားလည်းမစားပဲစားပွဲအားမှောက်ပစ်သည်မှာ မနေ့ထဲကပင်။

ထိုအကြောင်းအား အရှင်သာသိရင် နန်းတွင်သူများအား
ဆူပူမည်ကိုကြောက်ရွံသောကြောင့် အရှင့်ဆီသံတော်ဦးမတင်ခဲ့သောကြောင့် အခုထိအရှင်ဟာ ကြင်ယာတော်လေးကြောင်း မသိသေး။

မင်္ဂလာပွဲအတွက် ငါးပြည်ထောင်ရှိဘုရင်များနှင့် နယ်စားများအား ဖိတ်ကြားရသည့်အပြင် ကြင်ယာတော်၏တိုင်းပြည်ဖြစ်သည့် မင်နိုင်ငံကိုလည်း မမေ့အောင် အထူးစံမံရ၏။

တိုင်းရေးပြည်ရေးများသာမက မင်္ဂလာကိစ္စတွေပါစီမံနေရပါသော်လည်း ဂျောင်ကုအတွက် မောပန်းခြင်းမရှိခဲ့။ ဂျောင်ကု ရင်ခုန်တတ်စအရွယ်ဖြစ်သည့် လူငယ်အရွယ်လေးထဲက မျှော်လင့်တောင့်တခဲ့ရသည့် အချိန်လေးဟာ အခုတော့လက်တကမ်းအလိုမှာ။

ခက်စိမ်း(Z/U)Kde žijí příběhy. Začni objevovat