🌹37

5.8K 629 137
                                    

Unicode version,

*ဂျီမင်း...ဂျီမင်း ဒုက္ခရောက်နေပြီ*

*ဘာဖြစ်တာလဲနမ်ဂျွန်း....ဘာဖြစ်လို့လဲ*

ဂျီမင်းမှာချောင်နိုင်ငံမှ ထွက်ခွာရန်အဝတ်အစားများအားထည့်နေစဥ် တည်းခိုဆောင်သို့အလောတကြီးဝင်လာသော နမ်ဂျွန်းကြောင့် အနည်းငယ်ပြာယာခတ်သွားကာ ပူထူသွားရ၏။

*ငါတို့ ကုန်သွယ်ရေးလုပ်ဖို့ သဘောတူထားတဲ့ ယန်လူကြီးမင်းက အခုငါတို့ကမ်းလှမ်းချက်ကို ပယ်ဖျက်တယ်တဲ့*

*ဘာ!!! သူဘာစောက်ချိုးချိုးတာလဲ ကျွန်တော်တို့နဲ့ပဲလက်တွဲမယ်လို့ ကတိပေးခဲ့တာလေ*

*အေး အခုငါတို့သဘောတူထားတာကို ကြားက ကုန်သည်တစ်ယောက်က ဖြတ်လုသွားတာတဲ့*

*ဘာပြောတယ် မိုက်ရိုင်းလှချည်လား....အခုအဲ့လူဘယ်မှာလဲ ကျွန်တော်သွားရှင်းမယ်*

*ခ..ခနနေပါဦး ဟိုကအုပ်စုတောင့်ရင် ဘယ်လိုလုပ်မလဲ*

*ဘာဖြစ်လဲ နမ်ဂျွန်းတစ်ယောက်လုံးပါနေတာပဲကို...အဲ့လူဘယ်မှာလဲသာပြောစမ်းပါ*

*လျိုအင်ဆောင်ကြာမြိုင်မှာ*

*ကုန်အဖွဲ့ကို ယန်လူကြီးမင်းဆီပေးထားတဲ့ပစ္စည်းတွေအကုန်ပြန်ယူခိုင်းထား....နမ်ဂျွန်းနဲ့ကျွန်တော်က ဆောင်ကြာမြိုင်သွားမယ်*

တည်းခိုဆောင်အခန်းလေးထဲမှ ကမူးရှုးထိုးဖြင့် ထွက်သွားသော ကောင်ငယ်လေးကြောင့် နမ်ဂျွန်းမှာ အနောက်မှ အမှီလိုက်သွားရပြန်သည်။

"စိတ်ကလည်းကြီးလိုက်တာ ပတ်ခ်ဂျီမင်းရယ်"

အမှန်ဆို နမ်ဂျွန်းတို့မှာကုန်အဖွဲ့နှင့်အတူ ချောင်နိုင်ငံမှဒီနေ့ထွက်ခွာရန် အကုန်ပြင်ဆင်ပြီးနေခဲ့တာ။ အခုတော့ မပြန်ဖြစ်လောက်တော့ဘူးထင်ပါရဲ့။

ဆောင်ကြာမြိုင်ရောက်တော့ ဂျီမင်းမှာ ဒေါသတကြီးဖြင့် ဖြတ်ခုတ်သွားသော လူအားအပူတပြင်းရှာနေမိသည်။

ဆောင်ကြာမြိုင်ဆိုသည့်အတိုင်း ယမကာများနှင့်အတူ မိန်းမပျိုများဖြင့် သောက်စားမူးယစ်နေကြသူများကတစ်စု ၊ အလောင်းကစားဝိုင်းတွင် အုံ့အုံ့ကြွနေသူများကတစ်စုဖြင့် သိပ်ကိုအသက်ရှုကြပ်စရာပင်။

ခက်စိမ်း(Z/U)Where stories live. Discover now