🌹9

4.6K 622 100
                                    

Zawgyi version,

နာရာနန်းတော်၏ စားဖိုဆောင်တွင် သိပ်ကိုအလုပ်ရှုတ်
နေကြသော နန်းတွင်းသူများအကြား လျှင်မြန်သော
ခြေလှမ်းများနှင့် ပုန်းသျှိုးကွယ်သျှိးထွက်လာသော
တစ်စုံတစ်ယောက်ဟာ နန်းတော်စာကြည့်တိုက်
အဟောင်းဘက်သို့ရောက်သော် ခြေလှမ်းများဟာ
ရပ်တန့်သွားရ၏။

*သေချာပိပိရိရိလုပ်ခဲ့လား*

*စိတ်ချပါ အကုန်အဆင်ပြေပါတယ်*

*ကောင်းပီ...ရော့ မင်းလိုချင်တဲ့အသပြာ*

*ကျေးဇူးတင်ပါတယ်*

ထိုလူစိမ်းဟာ ပြည့်ဖောင်းနေသော အသပြာအိတ်လေး
အား ယူ၍နန်းတွင်းမှ လေလိုပင်အမြန်ထွက်သွားလေရဲ့။
ထိုလူစိမ်း၏နောက်ကျောအားကြည့်၍ နှုတ်ခမ်းလေးကွေး
ညွှတ်သွားသော ကြင်ယာတော်လေးအား အထိန်းတော်ကြီးမှ
လာခေါ်သောကြောင့် သိပ်ကိုကြီးကျယ်မြင့်မြတ်လှသော
နာရာဘုရင်၏ မွေးနေ့ပွဲသို့ သွားရတော့ပေမည်။

*ဒီနေ့ဟာ အဆုံးသတ်ပဲ။ ဒီနေ့ပီးရင် မောင်ရောငါရော လွတ်လပ်ပီမောင်*

သိပ်ကိုအရှိန်အဝါတောက်ပနေသော မွေးနေ့ပွဲအခမ်းအနား
လေး၌ ကြိုပီးရောက်နှေင့်နေသော နာရာအရှင်၏ဘေးက
ကိုယ်ရံတော်လေးဟာ ကြင်ယာတော်ကိုတွေ့တော့
မျက်လွှာချကာ မျက်နှာလွှဲထားမြဲ။

*မနက်ဖြန်ဆို မောင်ငါ့ကို မျက်လွှာချစရာမလိုတော့ဘူးမောင်*

အတွေးထဲ၌ သိပ်ကိုပိရိသေသပ်နေသောကြောင့်
ဂျီမင်းဒီနေ့ အရမ်းတက်ကြွကာ ကြည်လင်နေမိသည်။
အနက်ရောင်ပိုးသားဝတ်စုံလေးအား ခါးစည်းကြိုးအနီရောင်
ဖြင့်တင်းကြပ်စွာ စည်းထားသော နာရာဘုရင်၏ဝတ်စုံဟာ
တခြားတိုင်းပြည်တွေထက် အများကြီးကွာခြားသည်။

မင်တိုင်းပြည်၏ ဘုရင်ဝတ်ရုံဆိုရင် အနီရောင်နဂါးပိုးသား
ဖြင့်ချုပ်လုပ်ထားပီး ခါးစည်းမပါ။ မြင်သာအောင်ပြောရရင် မီးပုံးပျံအနီကြီးလိုပင်။ သို့သောနာရာဘုရင်ကတော့ ခန္ဓာကိုယ်
အချိုးအစားပေါ်လွင်ချင်လို့ပဲ အခုလိုဝတ်စားတာလားတော့မသိပေမဲ့ ကိုယ်ရံတော်များ၏ဝတ်စုံနှင့်အတူတူလိုပင်။ နဂါးပါတာနဲ့မပါတာပဲ ကွာသည်။

ခက်စိမ်း(Z/U)Where stories live. Discover now