Unicode version,
ဟိုးလူကြီးတွေကပြောကြတယ် "နွေဦး လေရူး" တဲ့။ ဟုတ်လိုက်တာ...အခုများကြည့်ပါဦး နွေဦးရောက်လာတော့ လေတွေဟာ ဦးတည်ချက်မဲ့ တောင်ဘက်မှာတိုက်လိုက် မြောက်ဘက်ပြေးလိုက်နဲ့....
နဂိုထဲက သာမာန်နေရာတွေထက် လူပိုစည်ကားသည့် ချောင်နိုင်ငံ၏ မြို့တော်စျေးမို့လို့ လေရူးနှင့်အတူ တစ်ယောက်သောသူ၏ ဆံနွယ်လေးများဟာလည်း ဝေ့ဝဲကာ ကျော့ရှင်းလျက်.....
*လုပ်စမ်းပါဗျာ....ဒီ ပစ္စည်းမျိုးဆို နောက်ထပ်စျေးဆယ်ဆလောက်ကျုပ်တင်လို့ရတယ်နော် အခုကျုပ်က ငွေစတစ်ထောင်ပဲတောင်းတာ*
*ဟုတ်ပါတယ်....ဒါပေမဲ့လည်း ငွေစရှစ်ရာပဲထားလိုက်ပါ အချင်းချင်းတွေကို*
*တော်ပြီ....ကျုပ်က စျေးဆစ်တာမကြိုက်ဘူးလို့ပြောထားတယ်နော် ရတယ် မဝယ်နဲ့*
စကားအားခပ်ပြတ်ပြတ်ပြောကာ အနောက်တွင်လိုက်ပါလာကြသော ကုန်သည်အလုပ်သမားများအား သိုးသားရေဖြင့်လုပ်ထားသည့် လက်နက်ထည့်အိတ်များကိုသိမ်းခိုင်းကာ ထွက်သွားရန်လုပ်တော့ ဆိုင်ရှင်ဟာလည်း ဝေခွဲရခက်ကာ ခေါင်းအားတဗြင်းဗြင်းကုတ်လေသည်။
အမှန်ဆို ဒီပစ္စည်းတွေကရှားလွန်းတယ်....အဲ့ဒါကြောင့်လည်း ဝယ်ချင်ပေမဲ့ ငွေစတစ်ထောင်ကျတော့လည်း များလွန်းတယ်....ခက်ပါလေရော....
နောက်ဆုံး ဝယ်ရမလား မဝယ်ရမလား ဆိုသည့် စိတ်တို့ပြိုင်ဆိုင်ပြီးနောက်...
*ကဲကဲ ထားဗျာ ကျုပ်ဝယ်မယ်*
*အဟမ်း....အဲ့လိုလုပ်စမ်းပါဗျာ ကျုပ်လည်း အချင်းချင်းတွေမိတ်မပျက်ချင်ပါဘူး*
ဆိုင်ရှင်၏ သဘောတူညီချက်ကြောင့် အမျိုးသားငယ်လေးဟာ ကျေနပ်ဟန်အပြုံးတို့ဖြင့် ကုန်သည်အလုပ်သမားများအား ပစ္စည်းများကို ဆိုင်အတွင်းသို့ရွေ့ခိုင်းပြီးနောက် ငွေစတစ်ထောင်အား ကျေကျေနပ်နပ်ကြီး ယူပစ်လေသည်။
ပေးရသည့်ဆိုင်ရှင်ကတော့ ငွေစတစ်ထောင်ထည့်ထားသည့် အိတ်လေးအားချိတုံချတုံဖြင့် ပေးရသဖြင့် မျက်နှာထက်မအီမသာပင်။
YOU ARE READING
ခက်စိမ်း(Z/U)
Romanceခက်စိမ်းအပင် အောက်မှာဆုံတွေ့ခဲ့ကြတဲ့ ဂျီမင်းက မောင့်ကိုခပ်စိမ်းစိမ်းပါပဲ ခက်စိမ်းအပင် အောက်မှာဆုံတွေ့ခဲ့တဲ့ ဂျီမင်းက မောင့်ကိုခပ်စိမ်းစိမ်းပါပဲ