Zawgyi version,
*ဟဲ့ ဒီနေ့ မင်တိုင်းပြည်က ကြင်ယာတော်ရဲ့ခမည်းတော်နဲ့ မယ်တော်ရောက်နေတယ်ဆို*
*ဟုတ်တယ်။ ဒါပေမဲ့ဟယ် ကြင်ယာတော်နဲ့ဆက်ဆံရေးအဆင်မပြေဘူးလို့ကြားတယ်*
*နင်ကလည်း ကြင်ယာတော်နဲ့သူ့မယ်တော်နဲ့က နဂိုထဲကအဆင်မပြေတာလေ*
*နင်ဘယ်လိုသိလဲ။*
*အမလေး....ကြင်ယာတော်အနားမှာ ခစားနေတဲ့နန်းတွင်းသူလေးက ငါ့သူငယ်ချင်း။ သူပြောပြတာ*
*ဟုတ်လား။ ကြင်ယာတော်စရိုက်ကလေ ဒီတသက်သူနဲ့တည့်တဲ့သူရှိပါ့ဦးမလားမသိဘူး။*
*အေးဟယ်*
နာရာပိုင်သည့်ချောင်းစပ်လေးတွင် အဝတ်များထိုင်လျှော်နေသော နန်းတွင်းသူနှစ်ယောက်၏ ကြိတ်ကြိတ်တိုးစကားသံကြောင့် ဆွန်းယောင်းအသာလေးနားစွင့်နေမိသည်။ နဂိုထဲက ကြင်ယာတော်ဟာ နာရာမှာအမြင်မကြည်သူတွေများတာ သိပေမဲ့လည်း အခုလိုသူ့မယ်တော်နဲ့ပါ မတည့်ကြောင်းကိုတော့ အခုမှသိမိ၏။
ထို့နောက် သူမလည်းနောက်ထပ်မသိသေးသောအကြောင်းအရာများအား သိလိုသိငြား ထိုနန်းတွင်းသူနှစ်ယောက်အနားထံသို့ မသိမသာတိုးကပ်မိသည်။
*ဟိုလေ...ကြင်ယာတော်က ဘာလို့သူမယ်တော်နဲ့မတည့်တာလဲဟင်*
ထိုနန်းတွင်းသူနှစ်ယောက်အား အတင်းဝင်ရောသော ဆွန်းယောင်းကြောင့် အနည်းငယ်ကြောင်စီသွားကြသော်လည်း မိန်းမသားသဘာဝအရ သူများအကြောင်းထိုင်ပြောဖို့ လူများလေ ပိုကြိုက်လေမို့လို့ ကြင်ယာတော်အကြောင်း အဝတ်လျှော်ရင်း အတင်းချမိသည်။
*ဒီလိုဆွန်းယောင်းရေ ကြင်ယာတော်က အရင်မိဖုရားကမွေးတဲ့သား။ အခုမယ်တော်က သူ့မိထွေး*
*အော်*
အောက်နှုတ်ခမ်းလေးကိုက်ကာ ချောင်းစပ်အနားရှိရေလေးအား ခပ်ယူနေချိန် ဘေးနားရှိနန်းတွင်းသူလေးထပြောလိုက်သော စကားကြောင့် ဆွန်းယောင်းရေခပ်လက်စပင် တန့်သွားရသည်။
*ဟဲ့...အခုလေ ကြင်ယာတော်နဲ့သူ့ကိုယ်ရံတော်တောင် အရင်လိုမဟုတ်တော့ဘူးနော်*
YOU ARE READING
ခက်စိမ်း(Z/U)
Romanceခက်စိမ်းအပင် အောက်မှာဆုံတွေ့ခဲ့ကြတဲ့ ဂျီမင်းက မောင့်ကိုခပ်စိမ်းစိမ်းပါပဲ ခက်စိမ်းအပင် အောက်မှာဆုံတွေ့ခဲ့တဲ့ ဂျီမင်းက မောင့်ကိုခပ်စိမ်းစိမ်းပါပဲ