Zawgyi version,
အပျိုတော်များစွာ အစုအဝေးပြုနေသည့် နန်းတော်အပျိုတော်အဆောင်တွင် ယူရာတစ်ယောက် အားလုံးအားအထက်စီးမှကြည့်ကာ တစ်ယောက်ချင်းစီကိုအကဲခတ်နေမိသည်။ အခုပြန်ပီး အပျိုတော်အဆောင်ကိုဦးစီးရတော့ အသေးစိတ်ကအစ ယူရာမှာပြန်သုံးသပ်ရပြန်သည်။
အပျိုတော်များဟာလည်း မျက်လွှာချကာခေါင်းငုံ့၍ ယူရာပြောလာမည့်စကားအားရင်တထိပ်ထိပ်ဖြင့် စောင့်နေသယောင်။ ထိုအထဲမှာမှ ချွန်းဆွန်းယောင်းဆိုသည်ကလေးမဟာလည်း အပါအဝင်ပင်။
*ကဲ အခုငါပြောမဲ့စကားကိုသေချာနားထောင်ကြ*
ယူရာဘက်မှ အသံပြု၍စကားနိဒါန်းစလိုက်တော့ အပျိုတော်များဟာ ခေါင်းငုံ့ထားရာမှ တစ်ယောက်နဲ့တစ်ယောက်လှမ်းကြည့်ကြလေသည်။
*ဒီနေ့ကစပြီး အပျိုတော်အဆောင်ကို ငါဦးစီးမယ်*
နောက်ဆက်တွဲ ယူရာ၏စကားကြောင့် အပျိုတော်များ၏ခေါင်းဟာ အားလုံးနီးပါးထောင်မတ်လာရ၏။ သူတို့ထင်နေသည်မှာ ချွန်းဆွန်းယောင်းက အရှင့်မိဖုရားဖြစ်လာပြီး သူတို့ကိုအုပ်ချုပ်မည်ဆိုတာပင်။ အခုတော့ အရှင့်၏အမတော် ကင်မ်ယူရာကဦးစီးမယ်ဆိုတော့ အံ့သြတာမထူးဆန်းလောက်ပါဘူး။
*အားလုံးကိုတစ်ခုမှာချင်တာက နန်းတော်အတွင်း ကြင်ယာတော်လေးနဲ့ပတ်သတ်ပြီး မဟုတ်မမှန်ဘာသတင်းမှမထွက်စေချင်ဘူး။ ပြီးတော့ အရှင့်ရဲ့ ကောင်းချီးပေးခြင်းတွေက မင်းတို့ကြင်ယာတော်အပေါ်ဘယ်လောက်ကောင်းကောင်ဆက်ဆံလဲဆိုတာကြည့်ပီး ဆုံးဖြတ်မှာ*
ယူရာ၏စကားအဆုံး အပျိုတော်များထဲတွင် ဟိုတနေ့ကကြင်ယာတော်လေး၏နန်းဆောင်ဘက်၌ အတင်းပြောခဲ့သူများကတော့ သူတို့ကိုသူတို့မလုံမလဲဖြစ်နေကြ၏။ ထိုချိန်....
*ချွဲယူမီ ၊ ဂိုမီယောင်း ၊ ဟန်ဆယ်ဗြော အဲ့သုံးယောက်ထွက်လာခဲ့*
နာမည်သုံးလုံးအား အသီးသီးခေါ်လိုက်ချိန် သိသိသာသာယိုယွင်းပျက်စီးသွားသော အပျိုတော်သုံးဦးကတော့တခြားမဟုတ်ခဲ့ အတင်းအဖျင်းပြောခဲ့သော အပျိုတော်များပင်။ ထို့နောက် တုန်တုန်လှုတ်လှုတ်ပင် ယူရာအရှေ့ရောက်လာလေသည်။
أنت تقرأ
ခက်စိမ်း(Z/U)
عاطفيةခက်စိမ်းအပင် အောက်မှာဆုံတွေ့ခဲ့ကြတဲ့ ဂျီမင်းက မောင့်ကိုခပ်စိမ်းစိမ်းပါပဲ ခက်စိမ်းအပင် အောက်မှာဆုံတွေ့ခဲ့တဲ့ ဂျီမင်းက မောင့်ကိုခပ်စိမ်းစိမ်းပါပဲ