🌹16

4.9K 657 102
                                    

Zawgyi version,

တိတ်ဆိတ်သော လက်ဖက်ရည်စားပွဲဝိုင်းထက်ဝယ် ဂျောင်ကုနှင့် ယူရာထိုင်နေသည်မှာ အတန်ငယ်ကြာနေပြီဖြစ်သော်လည်း ဗိုက်လုံးလုံးလေးနှင့် အမျိုးသမီးဘက်မှ မည်သည့်စကားမှ မဆိုလာသေးသဖြင့် ဂျောင်ကုလည်း စိတ်ရှည်စွာ စောင့်နေပေးတော့ အနည်းငယ်ပြုံးပြကာ အစချီလေသည်။

*ဂျောင်ကု*

*ဗျာ*

*နာရာနယ်စပ်က ချွန်းယောင်းမြို့လေးကို မွန်ဂိုလွိုဂ်တွေ သိမ်းသွားပြီ*

*ဘယ်လို*

*အဲ့ဒါ မင်းရဲ့ယောက်ဖလည်း ခုခံရင်းနဲ့အသက်ဆုံးသွားခဲ့ပြီ*

*ဟာဗျာ....ဒီကိစ္စကို အခုမှလာပြောရလား....နယ်စပ်က နာရာစစ်သည်တွေကရော ဒီသတင်းကို ဘာလို့လာမပြောကြတာလဲ*

*အစ်မ မပြောခိုင်းသေးတာပါ.....အခုအစ်မလည်း နာရာကို သူတို့မသိခင် အရောက်လာခဲ့ရတာ...ပီးတော့ နယ်စပ်မှာ သူတို့တပ်တွေ ဆွဲထားကြပြီ*

*တောက်ခ်....မဖြစ်ဘူး ကျွန်တော်တို့ ပြန်တိုက်ရမယ်*

*အရမ်းစွတ်မလုပ်နဲ့ငယ်လေး....သူတို့်မှာ နာရာစစ်သည်တွေကိုတောင် ချေမှုန်းနိုင်တဲ့ လက်နက်ရှိတယ်*

*ဘယ်လို*

*ဟုတ်တယ်....သူတို့မှာ အစ်မတို့တခါမှ မမြင်ဖူးတဲ့ လက်နက်ရှိတယ်....အဲ့လက်နက်က သိပ်ကိုမြန်တယ်....ဓားတွေလှံတွေထက် ပိုပြီးကြောက်ဖို့ကောင်းတယ်*

*ကျွန်တော်ဒါတွေ မသိလိုက်ဘူး*

*အင်း....အခုသူတို့ဘက်ကို ထင်ရာစိုင်းပီး ဝင်လုံးလို့မရဘူး.....အစ်မတို့ဘက်က သေချာစစ်ရေးဗျူဟာဆွဲရမှာ*

*ကျွန်တော် စီစဉ်လိုက်ပါ့မယ်....ဒါနဲ့ အစ်မရော အဆင်ပြေရဲ့လား*

*ဘာကိုလဲကွယ်*

*ယောက်ဖဆုံးသွားတယ်ဆို*

ဂျောင်ကု၏စကားလေးအား အမျိုးသမီးလေးဟာ ညင်သာစွာပြုံးလျက် ပြန်ဖြေလေသည်။

*လူဆိုတာ မွေးလာထဲက ရေးဆွဲထားပြီးသား ကံကြမ္မာကပါလာတာ။ အဲ့ကံကြမ္မာကို အစ်မတို့လွန်ဆန်လို့မရဘူး။ အခု အမျိုးသားသေဆုံးသွားတာကို အစ်မထိုင်ငိုပီးအချိန်ကုန်မဲ့အစား သူ့သွေးကြွေးအတွက် မွန်ဂိုလွိုဂ်တွေကို ပြန်ချေမှုန်းရမယ် ငါ့မောင်*

ခက်စိမ်း(Z/U)Dove le storie prendono vita. Scoprilo ora