🌹11

4.3K 623 72
                                    

Zawgyi version,

မနက်ဖြန်ဆိုတာကိုတွေးမိတိုင်း ဂျီမင်းအိပ်စက်လို့မရ
သောကြောင့် ရင်တွေလည်းပူလာကာ နောက်ဆုံးမောင့်ဆီသို့
သွားရန်သာ။

နန်းဆောင်ထဲမှ ဂျီမင်းထွက်လာတော့ အထိန်းတော်ကြီးဟာ
ညဥ့်နက်နေသောကြောင့် အပြင်မထွက်ခိုင်းသော်လည်း
ဂျီမင်းဂရုမစိုက်စွာ ပြေးထွက်လာခဲ့၏။

မနက်ထဲက ဘာမှစားခွင့်မရသောမောင်ဟာ အခုလည်း
မျက်နှာတခုလုံးသွေးမရှိသည့်လူပမာ ဖြူဖျော့နေလေရဲ့။
ရင်ထဲကနာကျင်မှုသည် လည်ပင်းတစ်လျှောက်တင်းကြပ်
လာကာ မောင်ဟုတောင်မခေါ်နိုင်ပဲ ပြေးဖက်မိတော့
မောင်ဟာ သက်ပြင်းချသလိုအငွေ့အသက်လေးဖြင့်
ရယ်လေရဲ့။

*ဂျီမင်း ညဥ့်နက်နေပီလေ နန်းဆောင်ပြန်တော့*

*ငါ...ငါမနက်ဖြန်ရောက်မှါကြောက်နေတယ်မောင်....ငါဘယ်လိုလုပ်ရမလဲ ငါ့ကြောင့်မောင်သာတခုခုဖြစ်ရင် ရူးမှာ*

*အများကြီးမတွေးနဲ့ဂျီမင်း မောင်တို့ကျော်လွှားနိုင်မှာ*

*ငါနဲ့အတူထွက်ပြေးကြမလားဟင်*

*ဟင်*

ယောင်းအားလေးနက်သောလေသံဖြင့်ပြောလာသော
ဂျီမင်း၏စကားကြောင့် ခနတာတွေဝေမိ၏။ အခုချိန်
ထွက်ပြေးရင်ရော ယောင်းတို့ပျော်ရွှင်နိုင်ပါ့မလား။
အချိန်ခနလေးအတွင်း ထွက်ပြေးဖို့ယိမ်းယိုင်သွားသော
စိတ်တို့အား ယောင်းအတက်နိုင်ဆုံးပြန်ထိန်းလိုက်၏။

*စိတ်လိုက်မာန်ပါ မလုပ်ရဘူးလေဂျီမင်း*

*ငါအဲ့လိုမှမလုပ်ရင် မနက်ဖြန်မင်းအသတ်ခံရတော့မှာ သိရဲ့လား*

မျက်ရည်များပိုးပိုးပေါက်ပေါက်ကျလာကာ လည်ပင်းအကြော
များထောင်သည်အထိ ငိုကြွေးနေသော ထိုကောင်လေးအား
ယောင်းဘယ်လိုမှမကြည့်ရက်တော့။ ကံကြမ္မာအလှည့်အပြောင်းကြား ယိမ်းထိုးနေတဲ့ နှလုံးသားတွေကို မစာနာကြတော့ဘူးလား။

*မောင်တို့ထွက်ပြေးရင် ဂျီမင်းနောင်တမရဘူးဆိုတာ သေချာလား*

*အင်းသေချာတယ်*

ခေါင်းလေးငြိမ့်ကာ ယောင်းဦးဆောင်မှုအနောက်သို့
တသဝေမတိမ်း လိုက်ပါဖို့ခြေလှမ်းပြင်နေသော ဂျီမင်း၏
နဖူးပြင်လေးအားနမ်းရှိုက်ကာ ကျေးဇူးတင်မိ၏။

ခက်စိမ်း(Z/U)Donde viven las historias. Descúbrelo ahora