letter📩

3.2K 306 73
                                    

Unicode version,

အားလုံးပဲ (6.1.2022) မှာစတင်အသက်သွင်းခဲ့တဲ့ (ခက်စိမ်း)လေးကတော့ (15.6.2022)မှာ အဆုံးသတ်သွားခဲ့ပြီပေါ့နော်။

အဆုံးအထိ ခက်စိမ်းလေးကို တမျှော်မျှော်နဲ့ စိတ်ရှည်လက်ရှည်စောင့်ပေးပြီး ချစ်ပေးကြလို့ ကျေးဇူးအများကြီးတင်ပါတယ်ရှင်....

ဟိုးအရင်ကိုယ်ဖန်တီးထားတဲ့ficတွေထဲက သိခဲ့တဲ့သံယောဇဥ်တွေကလည်း မနည်းခဲ့သလို အခုခက်စိမ်းလေးနဲ့မှ သိကျွမ်းခဲ့ရတဲ့ သံယောဇဥ်လေးတွေကလည်း တကယ့်ကိုအဖိုးတန်လေးတွေပါ.....

အဲ့ဒါကြောင့် အကုန်လုံးကို ကိုယ့်ဘက်က အများကြီးကျေးဇူးတင်ပါတယ်....ပြီးတော့လည်း စာလုံးပေါင်းအမှားတွေအတွက်လည်း ကိုယ့်ဘက်ကအများကြီးတောင်းပန်ပါတယ်...

ဒါကတော့ ခက်စိမ်းတခုထဲအတွက်မဟုတ်ပါဘူး ကိုယ်ရေးခဲ့တဲ့ficအကုန်လုံးအတွက်ပါ....အဲ့ဒါကြောင့် အခုကိုယ့်ဘက်က ficအားလုံးကိုနောက်တကျော့ပြန်စစ်ပီး စာလုံးပေါင်းအမှားတွေ ပြန်ပြင်ပေးသွားပါ့မယ်။

နောက်တခုပြောချင်တာကတော့ ခက်စိမ်းလေးမှာ ကိုယ်ရံတော်တပ်မှုးလေးနဲ့ပန်းချီဆရာလေးတို့က ရေစက်မပါလာခဲ့ဘူးပေါ့နော်....ပြောရရင်မညားခဲ့ကြဘူးပေါ့....

အကယ်၍ပေါ့ သံသရာတကွေ့မှာ သူတို့ပြန်ဆုံကြရင်တော့ ကိုယ်ရံတော်လေးက ပန်းချီဆရာလေးကို ချစ်သွားမှာပါ.....သံသရာတကွေ့မှာပေါ့နော်....

နောက်တခုက ခက်စိမ်းလေးကို စာအုပ်ထုတ်ဖို့ လာကမ်းလှမ်းတဲ့စာအုပ်တိုက်သုံးခုရှိနေပါတယ်....ဟိုးအရင် ကိုယ်ခက်စိမ်းလေး ရေးလို့မပြီးသေးထဲကပါ.....

ပြောရရင် စာအုပ်လေးအဖြစ်လည်း လာချင်လာမှာပါ....ဒါပေမဲ့ လိုပါသေးတယ်နော်....ကိုယ့်ဘက်က အချိန်ပေးနိုင်မှစာအုပ်ထုတ်မှာပါ....အခုကိုယ့်မှာ သင်တန်းတွေနဲ့အလုပ်နဲ့ တော်တော်တိုင်ပတ်နေလို့ပါ....

ပြီးတော့ ရေးလက်စ 5:7:5 လေးကိုလည်းမကြာခင်ပြန်upပေးပါ့မယ်....မျှော်နေပေးကြပါဦးနော်....

အားလုံးကိုချစ်ပါတယ်နော်.....အစစအရာရာဂရုစိုက်ကြပါ....ပျော်ရွှင်ပါစေ

Yolodi1995

........................................................................

Zawgyi version,












Yolodi1995

........................................................................

ခက်စိမ်း(Z/U)Where stories live. Discover now