🌹14

4.7K 672 116
                                    

Zawgyi version,

*ကြင်ယာတော်လေးဆီ သွားကြည့်လိုက်ပါအကို*

စားပွဲခုံလေးတွင်ထိုင်ကာ ယောင်းအားဂျီမင်းဆီသွား
ခိုင်းသောကောင်လေးကို ခပ်ရေးရေးလေးပြုံးပြမိလိုက်၏။

*ကိုယ်တို့အခုစိတ်အလိုလိုက်လို့မရတော့ဘူးဆော့ဂျင်*

*ဒါပေမဲ့ ကြင်ယာတော်လေးကအခုဖျားနေတယ်ထင်တယ်*

*အင်း.....အရှင်ဂရုစိုက်ပေးမှာပါ*

အပေါ်ဝတ်ရုံလေးအားချွတ်ကာ ဆွေးဆွေးမြေ့မြေ့လေး
ပြောလာသော ဆော့ဂျင်အရှေ့မှအကိုကြောင့် စိတ်ထဲ
မကောင်းခဲ့။ အကိုသာဆောဂျင်နဲ့ဘာမှမဖြစ်ခဲ့ဘူးဆိုတာ
သိခဲ့ရင် အခုချက်ချင်းပင် ကြင်ယာတော်ဆီပြေးသွားမည့်ပုံပင်။

*ကျွန်တော်နဲ့လက်ထပ်ထားလို့ဆိုပီး အကို့ရဲ့အရာအားလုံးကိုမချုပ်ချယ်ချင်ဘူး အဲ့ဒါကြောင့် အကိုစိတ်ထဲရှိတဲ့အတိုင်းနေပါ*

ယောင်းအား မျက်လုံးချင်းစုံအောင်မကြည့်ပဲ ခေါင်းငုံ့ကာ
ပြောနေသော လူသားလေးအား လက်မောင်းလေးမှဆွဲမကာ
မတ်တပ်ရပ်စေလိုက်၏။

*ဆော့ဂျင်*

*ဟင်*

*ကိုယ်နဲ့မင်းက အခုဘဝတစ်ခုကိုအတူလျှောက်ရတော့မှာ။ အတိတ်မှာဖြစ်ခဲ့သမျှအကုန် ကိုယ်မေ့ပစ်ရမယ်။ အဲ့ဒါကြောင့် ကိုယ့်မျက်နှာရိပ်လိုက်မကြည့်ပါနဲ့ ဟုတ်ပီလား*

*ဟုတ်ကဲ့*

*ပြီးတော့ ကိုယ်ဒီစကားပြောဖို့အများကြီးစဉ်းစားခဲ့ရတယ်။ အခု ကိုယ်တို့လွင့်နေတဲ့စိတ်တွေကို အရင်တည်ငြိမ်အောင်လုပ်ပြီးမှ အိမ်ထောင်ရေးရာကိစ္စကိုလုပ်ကြရအောင်။ ကိုယ့်ကိုအချိန်ပေးမယ်မလား*

ဆော့ဂျင်၏ပုခုံးလေးနှစ်ဖက်အား လက်ဖြင့်ဖွဖွလေးဆုပ်ကိုင်ကာ နူးညံ့သောမျက်ဝန်တစ်စုံဖြင့် စိုက်ကြည့်၍ တောင်းဆိုနေသော အကို့အားခေါင်းငြိမ့်ပြတော့ ဆော့ဂျင်နဖူးပြင်လေးအား ထိတယ်ဆိုရုံမျှ နမ်းရှိုက်ပေးလေသည်။

အကိုဟာသိပ်ကိုစိုးမိုးလွန်းသည်။ အိမ်ထောင်ရေးရာကိစ္စကို နောက်ဆုံးအဆင့်မှာထားဖို့ အချိန်ပေးပါလို့တောင် မတောင်းဆိုပဲ အချိန်ပေးမယ်မလားတဲ့။ အကိုဘာလုပ်လုပ်ဆော့ဂျင်ဘက်က မငြင်းဘူးဆိုတာ သိနေသူအလား။

ခက်စိမ်း(Z/U)Donde viven las historias. Descúbrelo ahora