🌹17

5.1K 654 237
                                    

Zawgyi version,

"နေဝင်းနီနီ လေပြေတစ်ဝှေ့
ဇင်ယော်တွေ အိပ်တန်းတက်ဖို့
တောင်ပံခတ်ချိန် ရင်ခုန်သည်းတချို့ဟာလည်း
သိပ်ကို ပရမ်းပတာ နိုင်လွန်းလှခဲ့။"

ညနေဆည်းဆာ နေဝင်ချိန်၌ ခက်စိမ်းအပင်မှ ဂျီမင်းတို့ ပြန်လာချိန် မသိမသာ ထိယှက်လုနီးနီးဖြစ်နေသော လက်ဖမိုး နှစ်စုံကြောင့် ကာယကံရှင်တွေအဖို့တော့ အရမ်းကြီး ကဗျာဆန်မနေခဲ့။ သို့သော်လည်း ရင်ခုန်သံတွေဟာ ပရမ်းပတာဆန်နေတာတော့ ဝန်ခံရပေမည်။

ခက်စိမ်းအပင်ဟာ ဘာတွေများညို့ယူတတ်တဲ့ ဓာတ်စွမ်းအင်တွေရှိလဲတော့မသိ။ အသွားလမ်းရော အပြန်လမ်း၌ပါ လေထုဟာ တိတ်ဆိတ်နေခဲ့သည်။ တစ်ယောက်သောသူကလည်း ဂုတ်ပိုးလေးကိုလက်နဲ့ပွတ်လိုက် တောင်ကြည့်လိုက် မြောက်ကြည့်လိုက်နဲ့ အခြေအနေကိုထိန်းနေသလို ဂျီမင်းဘက်ကလည်း မျက်လွှာချကာ နှုတ်ခမ်းကိုက်ထားရုံမှတစ်ပါး။

ထိုနှုတ်ခမ်းနဲ့ တစ်ယောက်သူကို စိမ်းညို့ရောင်ခက်စိမ်းအပင်အောက်မှာ နမ်းရှိုက်ခဲ့ပြီးပြီ။ ထိုနှုတ်ခမ်းနဲ့ပဲ တစ်ယောက်သောသူရဲ့ အနမ်းတွေကို ခံယူခဲ့ပြီးပြီ။ ဂျီမင်းစိတ်တွေ မူမမှန်စွာ ဖောက်ပြားနေမှန်းသိသော်လည်း အချိန်ယူကာ ပြတ်သားဖို့ကိုလည်းဝန်လေးနေမိ၏။

မာနတစ်ခွဲသားနဲ့ နာရာကိုရောက်လာပြီး ထင်ရာစိုင်းခဲ့သမျှ အခုလိုမျိုး လွယ်လွယ်နဲ့အရှုံးပေးလိုက်လို့မှမရတာ။ ခြေလှမ်းပေါင်း များစွာလျှောက်လာပြီးသည့်အဆုံး နောက်ဆုံးတော့ နန်းတော်သို့ပြန်ရောက်ခဲ့လေသည်။

*မောင် သက်ငယ်နန်းဆောင်ကိုလိုက်ပို့ပေးမယ်နော်*

*အင်း*

နှုတ်ခမ်းလေးတင်းတင်းစေ့လျက် "အင်း" ဆိုသည့်ထောက်ခံစကားလေးအား ကြားရုံမျှသာပြောကာ ခေါင်းညိမ့်ပြတော့ တစ်ယောက်သောသူဟာ နန်းဆောင်သို့လိုက်ပို့ပေးလေသည်။

နန်းဆောင်ရောက်ဖို့ နီးလာသည်နှင့်အမျှ အချိန်တွေကို နောက်ပြန်ဆုတ်ချင်လာသော ဂျီမင်း၏ထွေပြားသော စိတ်အစဉ်ဟာ သိပ်ကိုမလိမ္မာတာပေ။ အမှန်အတိုင်းဆိုရရင် ထိုလူသားနှင့် အချိန်တခုအထိကြာအောင်တော့ နေချင်မိသေး။

ခက်စိမ်း(Z/U)Where stories live. Discover now