🌹30

4.8K 548 141
                                    

Unicode version,

*ဒုန်း!!!*

ညီလာခံလုပ်နေချိန်အတွင်း တံခါးအား ဆွဲဖွင့်လိုက်သောအသံဟာ မည်သူ့ဆီကမှမဟုတ် ကြင်ယာတော်လေးထံကပင်။ တဟုန်းဟုန်းတောက်နေသော မျက်ဝန်းများနှင့်အတူ ဂျောင်ကုဆီသို့လျှောက်လာသော လူသားလေးဟာ ဘာတွေဖြစ်လာတာများလဲ။

*သက်ငယ်....ဘာကိစ္စရှိလို့လဲ*

*သတ်ပေး....*

*ဟမ်*

*မင်းရဲ့ဟာမကိုသတ်ပေး!!!*

*သက်ငယ် မောင်ခနနေရင်နန်းဆောင်လာခဲ့မယ်နော်။ အခုတော့ ပြန်လိုက်ဦး*

*ငါပြောတာကိုလျစ်လျူရှုတာလားမင်းက....မင်းဆွဲခေါ်လာတဲ့ ချွန်းဆွန်းယောင်းက ငါ့ဒိုဒိုလေးကိုသတ်လိုက်ပြီ*

*ဘယ်လို*

*အခုမှလာအံ့သြမနေနဲ့။ မင်းသူ့ကိုခေါ်လာခဲ့လို့...မင်းကြောင့် အခုလိုတွေဖြစ်ကုန်တာ*

ပါးပြင်ထက်မျက်ရည်ပိုးပိုးပေါက်ပေါက်ကျလာကာ ပုလ္လင်အပေါ်ရှိဂျောင်ကုအား ရန်သူသဖွယ် ပြောနေသည့်ကလေးငယ်ကြောင့် နှလုံးသားဟာလည်း အရှင်လတ်လတ်မြေမြုပ်ခံလိုက်ရသလိုပါပဲ။

ဘေးဘက်ရှိအမတ်များဟာလည်း ထိုကလေးငယ်အား မကျေနပ်သောအကြည့်များဖြင့်ကြည့်နေကြပြီမို့လို့ ဂျောင်ကုမှာထိုကလေးအား နန်းဆောင်သို့ပြန်ခိုင်းပါသော်လည်း အချည်းအနှီးသာ။ ထိုစဥ်...

*မင်းသူ့ကိုမသတ်ရင် ငါသတ်မှာ*

*သက်ငယ်*

ဂျီမင်း၏စကားကြောင့် အမတ်များဟာလည်း ရှုရှုရှားရှားဖြစ်သွားရလေသည်။ တချိူ့ဆို ကြင်ယာတော်ဟာ သိပ်ရိုင်းစိုင်းကြောင်းတီးတို့ပြောနေကြရဲ့။

*သက်ငယ် ပြန်တော့*

*ဟက်....ဒီမှာသေချာကြည့်စမ်း....မင်းဟာမက ငါ့ကလေးကို သူ့မနက်စာအနေနဲ့ သုံးဆောင်နေတာ သိရဲ့လား*

လက်ထဲမှပန်းကန်လေးအား ဂျောင်ကုမြင်သာအောင် လက်ညိုးဖြင့်ထိုးပြ၍ပြောနေသာ ထိုကလေး၏အပြုအမူတွေဟာ အမတ်တွေအတွက်ပြောစရာဖြစ်ကုန်လေသည်။ ဒီလိုတော့ သူများပါးစပ်ထဲ သက်ငယ်ကိုလက်လွတ်စပယ် အပြောမခံနိုင်ပေ။

ခက်စိမ်း(Z/U)Tahanan ng mga kuwento. Tumuklas ngayon