Zawgyi version,
နွမ်းခြောက်နေသော သစ်ရွက်ဟောင်းများ တဖွဲဖွဲကျနေသည့် စိန်ခြယ်ပင်ကြီးအား ဆော့ဂျင်ငေးကြည့်ကာ ပေလိပ်လေးထက်တွင် စုတ်တံသေးသေးလေးဖြင့် သဘာဝတရား၏အလှများအား ပုံဖော်နေမိသည်။
လေတချက်ဝှေ့လိုက်တိုင်း လွင့်ပျယ်နေသည့် ဆံနွယ်များကြောင့် စိတ်ရှုတ်လာသဖြင့် လက်ကောက်ဝတ်တွင် ပတ်ထားသည့် ခေါင်းစည်းကွင်းလေးအား ပါးစပ်ဖြင့်ကိုက်ကာ ပြီးစလွယ် ထုံးချည်ထားလိုက်သည်။
ခံစားချက်ဟာ အောက်ဆုံးထိုးကျနေသောကြောင့် ဆွဲချက်များဟာလည်း ပေလိမ်လေးထက်တွင် မညီမညာဖြစ်နေ၏။ တွန့်ချိုးနေသည့် မျက်ခုံးသွယ်သွယ်လေးဟာလည်း ဆော့ဂျင်၏စိတ်အခြေအနေကို ဖော်ပြနေသယောင်။
အသက်ရှုသံခပ်ပြင်းပြင်းနှင့်အတူ ထိန်းချုပ်မရသော စိတ်ဝိညာဉ်တို့ကြောင့် ပေလိပ်လေးအား စုတ်တံဖြင့်အားမရစွာ ဆွဲစုတ်ပစ်ခဲ့သည်။ ထို့နောက် စုတ်တံလေးအား အဝေးသို့ပစ်ပေါက်ကာ လက်နှစ်ဖက်ထက် မျက်နှာအပ်၍ သက်ပြင်းမောအရှည်ကြီးချမိသည်။
အကိုနဲ့ဒီရက်ပိုင်း ဆော့ဂျင်အဆင်မပြေဘူး။ ကြင်ယာတော်လေး နယ်စပ်မှာကြန့်ကြာနေထဲက အကိုဟာအစားလည်းပုံမှန်မစားနိုင်သလို အိပ်ရေးလည်းကောင်းကောင်းမပြည့်ဝခဲ့။ ထို့အပြင် ဆော့ဂျင်နှင့်လည်း မျက်နှာချင်းဆိုင်ပြီး စကားပြောဆိုခြင်း မရှိတော့။
ထို့အပြင် ကြင်ယာတော်လေးပြန်ရောက်ပီးနောက်ပိုင်း မနက်ဆိုလည်း စစ်ရေးလေ့ကျင့်ကွင်းဆီသို့ အစောကြီးသွားသလို ညဆိုလည်း နောက်ကျမှပြန်လာသည်။ ဒါတင်မကသေး ဆော့ဂျင်နဲ့အတူ ထမင်းလက်ဆုံစားဖို့တောင် ခနလေးပြန်မလာခဲ့။
အချစ်မပါတဲ့အိမ်ထောင်ရေးဟာ လွယ်ကူချော့မွေ့နေခြင်းမရှိဘူးဆိုတာ သိပါသော်လည်း အကိုနဲ့အတူ ထမင်းလက်ဆုံစားချင်တာ ၊ တနေ့တာဖြစ်ပျက်သမျှ အကုန်မျှဝေခံစားချင်တာ ၊ ဒါလေးတွေကို ဆော့ဂျင်တောင့်တမိတာ လောဘများဖြစ်သွားသလား။
အမှန်တိုင်းပြောရရင် ကြင်ယာတော်လေးကိုမြင်တိုင်း စွဲလန်းနေသေးသည့် အကို့မျက်ဝန်းတွေဟာ ဆော့ဂျင်ကို ရူးမတက်နာကျင်စေတာ။ ချစ်နေရတဲ့သူမို့လို့ အရာအားလုံးချိုးနှိမ်ကာ နားလည်ပေးခဲ့ပါသော်လည်း ဒီတခါတော့ ဆော့ဂျင်ချုန်းပွဲချငိုပစ်ချင်သည်။
ŞİMDİ OKUDUĞUN
ခက်စိမ်း(Z/U)
Romantizmခက်စိမ်းအပင် အောက်မှာဆုံတွေ့ခဲ့ကြတဲ့ ဂျီမင်းက မောင့်ကိုခပ်စိမ်းစိမ်းပါပဲ ခက်စိမ်းအပင် အောက်မှာဆုံတွေ့ခဲ့တဲ့ ဂျီမင်းက မောင့်ကိုခပ်စိမ်းစိမ်းပါပဲ