Chapter (1) - ချစ်သူ့ကျိန်စာ

6.2K 383 36
                                    

Chapter (1) - ချစ်သူ့ကျိန်စာ

သိပ်သိပ်ချစ်ရတဲ့ လူတစ်ယောက်ကို မုန်းတီးစိတ်နဲ့ သေသွားမယ်ဆိုရင် စိတ်စွဲလမ်းပြီး သရဲဘဝက ကျွတ်နိုင်ပါ့မလား.....

တစ်သက်လုံး ချစ်ခဲ့ရတာ....

ငါကိုယ်တော်နဲ့အတူ ရင်ဘောင်တန်းလို့ တိုင်းပြည်ကို အင်အားကြီးအောင်တိုးချဲ့ခဲ့တဲ့ စစ်သူရဲကောင်းတစ်ဦး....

စိတ်ဓါတ်ခိုင်မာပြတ်သားသလောက် စစ်ရေးဗျူဟာတွေမှာ ထူးချွန်ထက်မြက်လွန်းတဲ့ သူရဲကောင်းတစ်ဦး.......

စစ်ပွဲမှာ အတူတူ ရန်သူတွေကို တိုက်ထုတ်ခဲ့တယ်။ အတူဆင်းရဲခံပြီး အတူအောင်ပွဲခံခဲ့တဲ့...ငါကိုယ်တော် ချစ်ရတဲ့ အမျိုးသားတစ်ဦး......

ချစ်မြတ်နိုးပြီး မြိုချထားမတတ် စူးစူးရဲရဲစိုက်ကြည့်တတ်တဲ့ ငါကိုယ်တော်ရဲ့ တစ်ဦးတည်းသော ချစ်သူ.....

တထန်ပြည်ရဲ့ မဟာစစ်သေနာပတိချုပ် စစ်ထူရှန့်ယွီ

သေတပန် သက်တဆုံး အတူယှဉ်တွဲရှိပါမယ်ဆိုတဲ့ မဟာစစ်သူကြီး.....

တချိန်မှာ ငါကိုယ်တော် အယုံကြည်ရဆုံး စစ်သေနာပတိချုပ်ကြီးက နောက်ကျောကို ဓါးနဲ့ထိုးပြီး လုပ်ကြံခဲ့တယ်.......

ငါကိုယ်တော်ရဲ့ အချစ်ကို ယုံမှားသံသယဝင်ပြီး ငါ ကိုယ်တော်ကို လုပ်ကြံခဲ့တယ်......

မင်းသာ လိုချင်တယ်လို့ ပြောလိုက်ရင် ငါကိုယ်တော်က ဒီအင်ပါယာကို မင်းလက်ထဲ ပေးအပ်လိုက်မှာပါ....ဒါပေမယ့်...မင်းက ငါကိုယ်တော်ကိုလုပ်ကြံရက်တယ်တဲ့လား...စစ်ထူရှန့်ယွီ..နောင်တော်...

ငါကိုယ်တော် မင်းကို မုန်းတယ်......

ငါကိုယ်တော် အရမ်းချစ်သလောက် မုန်းရတဲ့ စစ်သေနာပတိချုပ်ကြီး.......

ငါကိုယ်တော်ကို ချစ်တတ်အောင် သင်ပေးပြီး အသည်းနှလုံးကို တစ်စစီဖြစ်အောင် လုပ်တဲ့သူ..... တထန်ပြည်ရဲ့ ကျော်ကြားလှတဲ့ စစ်သေနာပတိချုပ် စစ်ထူရှန့်ယွီ..... မင်းလိုချင်တဲ့ တိုင်းပြည်နဲ့ ကြိုက်တာ လုပ်ပေတော့....

ငါကိုယ်တော် မင်းကို ဘဝဆက်တိုင်း မတွေ့ချင်တော့ဘူး....

ရွှေနန်စည်းစိမ်နဲ့ မိန်းမလှကြားမှာ ပျော်ပျော်ကြီးနေပေတော့....

မုန်းမာန်ဖွဲ့ချစ်ခြင်း  (မုန်းမာန်ဖွဲ့ချစ်ခြင်း )Where stories live. Discover now