Chapter (61) –🚫 တိုင်းပြည်အုပ်ချုပ်ရန် အာဏာလွှဲအပ်ခြင်း🚫
ချင်းရှီဟွမ် မင်းကြီးသည် ရေကြောင်းတိုက်ပွဲတွင် အပြတ်အသတ်နိုင်ပြီးနောက် ရှေ့ဆက်လုပ်မည့်အစီအစဉ်ကို စစ်ရေးအစည်းအဝေးခေါ်ကာ တိုင်ပင်ကြသည်။ တချို့စစ်သူကြီးများက စိတ်တက်ကြွကာ ရှီအန်းမြို့ကိုချီတက်တိုက်ခိုက်ချင် ပေမယ့် ထိုက်ကျုံးနယ်စားကြီးက ချင်းရှီဟွမ် မင်းကြီးကို ကျင်းနေပြည်တော်ကို သိမ်းပိုက်ရရှိထားပေမယ့် အုပ်ချုပ်ရေးခိုင်မာအောင် မစီစဉ်ရသေးသည့်အပြင် ကျုံးလုနယ်စားကလည်း သစ္စာမခံသေးသဖြင့် နောက်ကြောင်းမအေးရကြောင်း လျှောက်တင်လိုက်သည်။
ချင်းရှီဟွမ် မင်းကြီးက မင်း၃ပါး၏စစ်တပ်အင်အားက မိမိတို့ လက်ရှိခေါ်ဆောင်လာ သော အင်အားထက် သာလွန်သည်ကိုသိသဖြင့် မပိုင်သောတိုက်ပွဲကို မတိုက်ချင် သေးသောကြောင့် ကျင်းကိုပြန်ဖို့ အမိန့်တော်ချလိုက်သည်။
ဆက်လက်ချီတက်ကာ မိမိတို့စွမ်းရည်ကိုပြသချင်သော စစ်သူကြီးများက မကျေနပ်သော်လည်း မင်းမိန့်ကြောင့် နှုတ်ပိတ်ကာ တပ်ဆုတ်ပြန်ခဲ့ရသည်။ ထိုသူများကို ရှန့်ကွမ်းဝူတိက တိတ်တဆိတ်စုစည်းကာ စစ်ထူရှန့်ယွီကို ကြည့်မရသည့်အုပ်စုကို လျှို့ဝှက်ဖွဲ့စည်းမည်ဟု ကြံစည်ထား လိုက်သည်။
ကျင်းသို့အပြန် ချင်းရှီဟွမ် မင်းကြီးက ရေကြောင်းဖြင့်ပြန်ကာ ထိုက်ကျုံး နယ်စားကြီးက ရှန့်ကွမ်းဝူတိ နှင့် အတူ ကြည်းတပ်ကိုကွပ်ကဲကာ ဖြည်းညင်းစွာ ပြန်လာကြသည်။ ရှီအန်းမြို့မှ ရန်သူတပ်များက တထန်တပ်နောက်သို့ လုံးဝလိုက်မလာဝံ့ကြပေ။ ရှန့်ကွမ်းဝူတိက အပြန်ခရီးတွင် စစ်ကဲများကိုစည်းရုံးဖို့ ကြံထားပေမယ့် မထင်မှတ်ဘဲ ထိုက်ကျုံးနယ်စားကြီးက မင်းကြီး၏ ဖောင်တော် ပေါ်မှ လိုက်မသွားဘဲ ကြည်းတပ်ကိုကွပ်ကဲကာ အတူပြန်လာသဖြင့် မှန်းထား သလို လူသူစည်းရုံးခွင့် မရလိုက်ပေ။
ချင်းရှီဟွမ် မင်းကြီး၏တပ်များ ဆုတ်ခွာသွားတော့ ပိန်ကော်တပ်၊ ရှီအန်းတပ်နှင့် ကျင်းတပ်များလည်း ကျင်းကိုချီကာ တိုက်ခိုက်ပြီး ကျူးကော်လျန့်ကို နန်းတင်ပေးမည်ဟု ကတိပြုကြသည်။ ကျင်းဘက်က စစ်ရေးပြန်လည်ဖြည့်တင်းဖို့ ကျူးကော်လျန့်က မူလတပ်စွဲရာသို့ပြန်လာပြီး ဆင်များ၊ မြင်းများကို စုစည်းတော့ သည်။ ထိုတောတန်းတွင် ဆင်ကောင်းတစ်အုပ်ပေါ်သည်ဆိုသည့်သတင်းကြောင့် တိုက်ဆင် 7 စီး၊ ဗိုလ်ပါ 100 ဖြင့် ဆင်ကျော့ရန်ထွက်လာခဲ့သည်။ ထိုဆင်အုပ်က အကျော့မခံဘဲ တောနက်သို့တိုးဝင်ကာ ပြေးလေသဖြင့် ကျူးကော်လျန့်က ထိုဆင်အုပ်နောက်သို့ အားကုန်လိုက်ရင်း အနောက်မှ မိမိငယ်သားများနှင့်ကွဲကာ တစ်ဦးတည်း ဆင်တစ်ကောင်နှင့် တောနက်ထဲကျွံဝင်ခဲ့တော့သည်။ တောထဲမှာ မျက်စိလည်ကာ သွားလာရင်း ရေငတ်လှသဖြင့် ရေအိုင်တစ်ခုနားသို့ရောက်သော် ဆင်ပေါ်မှဆင်းကာ ရေသောက်ရင်း ခဏနားခဲ့သည်။
ကျူးကော်လျန့်သည် ရေသောက်ပြီး ဟိုဟိုသည်သည်ကြည့်နေစဉ် ခပ်လှမ်းလှမ်း ရေကန်ထဲတွင် ဖြူဖွေးသွယ်လျသော နတ်သမီးတစ်ပါးကို တွေ့လိုက်ရသည်။ နတ်သမီးဟု ကျူးကော်လျန့်က သတ်မှတ်လိုက်ခြင်းမှာ ဖြူဖွေးသော အသားအရေ၊ ရွှေရောင်ဆံပင်နှင့် မျက်ဝန်းပြာများကြောင့်ဖြစ်သည်။ ထိုနတ်သမီးက ရေကန်စပ်ကိုတက်လာစဉ် အဝတ်ဟူ၍ တစ်စလေးပင်မရှိဘဲ ဖြူဖွေးသွယ်လျသောကိုယ်လုံးနှင့် လျှို့ဝှက်အပ်သောအလှများကို လှစ်ဟလို့နေသည်။
ထိုနတ်သမီးက ကျူးကော်လျန့်ကို ကလူသလိုမြှူသလို ပြုံးချိုစွာ ကြည့်လေ သောအခါ ကျူးကော်လျန့်၏သွေးသားဆန္ဒတို့ တဝုန်းဝုန်းမြင့်တက်လို့ လာသည်။ ကျူးကော်လျန့်သည် ထိုနတ်သမီးနားကို တရွေ့ရွေ့ကပ်သွားပြီး ရင်ခွင်ထဲ ဆွဲသွင်းကာ ကန်စပ်ကမြက်ခင်းပေါ် လှဲချလိုက်တော့ နတ်သမီးက မငြင်းဘဲ ပျော့ပြောင်းသောလက်မောင်းလေးက အလိုက်သင့်ဖက်တွယ်လာခဲ့သည်။
ထိုနတ်သမီးလေး၏ကိုယ်ကာယက မထိရက်မကိုင်ရက် နူးညံ့လှသလို မွှေးကြိုင်သောရနံ့များက ကျူးကော်လျန့်၏အသိစိတ်ကို ပျောက်သွားအောင် ညှို့ငင်နိုင်လှသည်။ ကျူးကော်လျန့်သည် ကျင်းထီးနန်းကိုပြန်ရဖို့ တိုက်ခိုက်ရန်ကိုလည်းကောင်း၊ ကျင်းမိဖုရားနှင့် မောင်းမများကိုလည်းကောင်း မေ့လျော့ကာ အလှထူးသောနတ်သမီး၏ ရင်ခွင်ထဲ သက်ဆင်းကာ ကာမဂုဏ်ရေယာဉ်ကြောထဲ မျောချင်တိုင်းမျောလိုက်တော့သည်။
ထိုနတ်သမီး၏အသားအရေက နူးညံ့သကဲ့သို့ အရသာလည်းရှိလှသည်။ ကျူးကော်လျန့်က နတ်သမီး၏ရွှေရင်ဖြိုးဖြိုးတို့ကို အငမ်းမရနမ်းရှိုက်မဝ ဖြစ်လို့နေသည်။ နတ်သမီး၏ရွှေရင်အစုံက ချိုမြမြနှင့် မူးယစ်ရီဝေဖွယ် ကောင်းလှ သည်။ ကျူးကော်လျန့်မှာ အကြိမ်မရေတွက်နိုင်အောင် ချစ်တင်းနှော ရင်း အိပ်မောကျလို့သွားခဲ့သည်။
ကျုးကော်လျန့် သတိမေ့သွားတော့မှ ထိုနတ်သမီးကဲ့သို့ မိန်းမလှလေးက ထရပ်ကာ မြက်ခင်းတစ်နေရာတွင် သိုဝှက်ထားသည့်အဝတ်ကို ဝတ်ဆင်ပြီး တောထဲသို့ဝင်သွားတော့သည်။ အနည်းငယ်ဆက်သွားပြီးနောက် အဖွဲ့တစ်ဖွဲ့က အသင့်စောင့်ကြိုကာ ထိုနတ်သမီးကို ခေါ်ဆောင်ပြီး တောင်ဘက်ကို လျင်မြန်စွာဆုတ်ခွာသွားတော့သည်။
ကျူးကော်လျန့်နိုးလာသောအခါ ရင်ခွင်ထဲမှာ ချစ်ရည်လူးခဲ့သည့် နတ်သမီးလေး ပျောက်ဆုံးသွားခဲ့သဖြင့် အပူလုံးကြွကာ တကြော်ကြော်ဟစ်အော်ကာ ချစ်သူပျောက် လိုက်ရှာတော့သည်။
"အို.. နတ်မိမယ်လေးရေ.. မောင်မောင့်အချစ်.. နတ်မိမယ်လေးရေ.. ဘယ်များရောက်နေတာလဲ.. မောင်မောင့်ဆီ ပြန်လာပါတော့.. မောင်မောင့်အချစ် နတ်မိမယ်လေးရေ.."
ကျူးကော်လျန့်မှာ ပျောက်သွားသည့်နတ်သမီးကို တကြော်ကြော်ဟစ်အော်နေစဉ် ကျင်းတပ်များရောက်လာပြီး မင်းကြီးကို တပ်စွဲရာသို့ပြန်ခေါ်လာကြသည်။
မင်းကြီးအမိန့်ဖြင့် ထိုတောတန်းထဲမှာ နတ်သမီးကိုလိုက်ရှာပေမယ့် မတွေ့ရလေသောအခါ မင်းကြီးမှာ နတ်သမီးကို စွဲလမ်းစိတ်ဖြင့် မစားနိုင်မအိပ်နိုင်ဖြစ်ကာ ပိန်လှီလို့လာသည်။ မိဖုရား၊ မောင်းမများက မင်းကြီးကို ဖျော်ဖြေလို့လည်းမရ၊ သမားတော်များနှင့် ကုသသော်လည်း မင်းကြီးက အကုမခံဘဲ တဖြည်းဖြည်းနှင့် ကျူးကော်လျန့်က နတ်သမီးကိုတမ်းတကာ တကြော်ကြော်အော်ရင်း ထူးဆန်းစွာ ခန္ဓာရွေ့လျောကာ နတ်ရွာလား လေတော့သည်။
ကျင်းဘုရင်ဟောင်း ကျူးကော်လျန့် နတ်ရွာစံကြောင်းကို မိဖုရားတို့က ရှီအန်း နယ်စားမင်း နှင့် ပိန်ကော်ဘုရင်ထံ အကြောင်းကြားတော့ ပိန်ကော်ဘုရင်နှင့် ရှီအန်းနယ်စားမင်းက ကျူးကော်လျန့်၏ရုပ်အလောင်းကို ဘုရင်တစ်ပါး၏ ဂုဏ်နှင့်အညီ သဂြိုဟ်ပေးပြီးနောက် ကျင်းမိဖုရား၊ မောင်းမများ၊ သားတော် သမီးတော်များ၊ ဆင်ကောင်း၊ မြင်းကောင်းများ၊ စစ်သည်ဗိုလ်ပါများကို သိမ်းယူကာ ရှီအန်းသို့ ပြန်လာကြသည်။ ပိန်ကော်ဘုရင် ပိုင်ချီကျန်း က ကျင်းမင်းသမီး တစ်ပါးနှင့် သားတော်နှစ်ပါးကို သားသမီးမရှိသဖြင့် မွေးစားမည်ဟု ဆိုကာ ပိန်ကော်သို့ခေါ်ဆောင်သွားခဲ့သည်။ ရှီအန်းနယ်စားဝမ်ကျန့်လည်း ကျန်မိဖုရား၊ မောင်းမများကို သိမ်းယူပြီးနောက် ချင်းရှီဟွမ် မင်းကြီးလာတိုက်လျှင် စစ်ကူရစေရန် မိမိနှမတော် မင်းသမီးတစ်ပါးကို တထန်ပြည်၏ အနောက်တောင် အရပ်ရှိ လုပြည် ဘုရင်ထံပို့ကာ မဟာမိတ်ဖွဲ့ထားလိုက်သည်။ လုဘုရင်လည်း ထိုမင်းသမီးကို 'တော်ဝင်ကြင်ယာတော်' ဘွဲ့ပေးကာ မိဖုရားမြှောက်ထား လေသည်။
ကျူးကော်လျန့် နတ်ရွာစံသည့်အချိန်တွင် တောထဲမှ ကျူးကော်လျန့်တွေ့ခဲ့သည့် နတ်သမီးဆိုသည့် မိန်းမပျိုကား အနောက်တိုင်းသို့ ရွက်လွှင့်သွားသည့် သင်္ဘောပေါ်တွင် ရွှေငွေရတနာတစ်သေတ္တာနှင့် အေးချမ်းစွာလိုက်ပါသွားခဲ့လေပြီ။ ထိုမိန်းမပျိုက ပရိယာယ်မာယာဖြင့် စိတ်ကယောင်ခြောက်ခြားဖြစ်စေသည့် ဆေးများကို ရင်သားများ၊ လည်တိုင်များတွင်သုတ်လိမ်းထားကာ ထိုဆေးကို ကျူးကော်လျန့်က စားမိသဖြင့် အဆိပ်သင့်ကာ စိတ်ဖောက်ပြန်ပြီး သေဆုံးသွားရခြင်းဖြစ်သည်။
"ဝမ်ကျန့်က အပေါ်ယံမှာ ယောက်ဖကောင်းလိုလိုနဲ့ နောက်ကွယ်ကနေ ဓားနဲ့ထိုးပြီး လုပ်ကြံတတ်တာ ကြောက်စရာပေပဲ.. ဒါပေမယ့် အပေးအကမ်းရက်ရောတာတော့ သဘောကျမိပါရဲ့.."
ထိုမိန်းမပျိုလေးက သဘောကျစွာ ရယ်မောလိုက်တော့သည်။
ရှီအန်းနယ်စားမင်း ဝမ်ကျန့်သည် ယောက်ဖတော် နန်းကျဘုရင် ကျူးကော်လျန့်ကို လုပ်ကြံပြီး ရွှေငွေစစ်သည်များကိုသိမ်းပိုက်ကာ ရှေ့ဆက်မည့်ခရီးအတွက် အကြံအစည်များချနေစဉ် ဝမ်းရောဂါစွဲကပ်ကာ နတ်ရွာစံသွားလေသည်။ ဝမ်ကျန့်၏ ချန်ကျန့်က ရှီအန်းပြည်ကို ဆက်ခံခဲ့သည်။
•••••••••*•••••••••••
ကျင်းပြန်ရောက်တော့ ချင်းရှီဟွမ် မင်းကြီးသည် တိုင်းပြည်အုပ်ချုပ်ရေးကို စနစ်တကျ စီမံခန့်ခွဲတော့သည်။ ကျုးကော်လျန့် နတ်ရွာစံသွားတော့ ကျင်းမှုးမတ်နှင့် စစ်သူကြီးများက ချင်းရှီဟွမ် မင်းကြီးလက်အောက် ပြန်လည်ခိုလှုံကာ သူတို့ဇာတိရပ်ရွာသို့ ပြန်လာကြသည်။ ချင်းရှီဟွမ် မင်းကြီးက ထိုလူများကို ကောင်းစွာလက်ခံကာ လုပ်ရည်ကိုင်ရည်အလိုက် ချီးမြှင့်မြှောက်စားကာ ယခင်အိမ်ယာများ ပြန်လည်ပေးအပ်သည်။
ကျင်းတိုက်ပွဲတွင် ပါဝင်ဆင်နွှဲသူတိုင်းကို ဆုလာဘ်များစွာ ချီးမြှင့်သလို မြေယာများပေးသနားခဲ့သည်။ စစ်ပွဲမှာသေဆုံးသွားသော စစ်သည်တော်များ၏ မိသားစုများကို ရှာဖွေကာ ဆုလာဘ်ပေးသနားသကဲ့သို့ ထိုစစ်သည်တော်၏ သားသမီးများကိုလည်း စောင့်ရှောက်ပေးခဲ့သည်။ အခွန်အတုပ်ကိုလျှော့ကာ ကျင်းပြည်သူပြည်သားများကို ရင်ဝယ်သားကဲ့သို့ တရားမျှတစွာ အုပ်ချုပ် သောကြောင့် ကျင်းပြည်သူတွေက တဖြည်းဖြည်းနှင့် ဘုရင်သစ် ချင်းရှီဟွမ်ကို ကြည်ဖြူစွာ သစ္စာခံလာကြသည်။
တိုင်းပြည်အုပ်ချုပ်ရေးကို ချင်းရှီဟွမ် မင်းကြီးက ကြီးကြပ်သလို ကျင်းနှင့် တထန်လူမျိုး ရောနှောသည့် စစ်တပ်ကို ထိုက်ကျုံးနယ်စားကြီးက တစ်ပေါင်းတစ်စည်းတည်းပြုလုပ်ကာ ကျစ်လျစ်သောတပ်မဟာကြီးကို ဖွဲ့စည်းနိုင်ခဲ့သည်။ သူရဲကောင်းက သူရဲကောင်းကို လေးစားသလို တထန်ကျင်း စစ်သည်အားလုံးက ထိုက်ကျုံးနယ်စားကြီး၏ စစ်ရေးစွမ်းရည်ကိုလေးစားကာ တဖြည်းဖြည်းနှင့် လိုချင်သောပုံစံနှင့် စစ်သည်တော်များကို လေ့ကျင့်မွေးထုတ်လာနိုင်ခဲ့သည်။
တစ်နှစ်တိတိကြာမြင့်ပြီးမှ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး ငြိမ်သက်သွားတော့မှ ချင်းရှီဟွမ် မင်းကြီးက ကျူးကော်လျန့် စိုးစံခဲ့သည့် ကျင်းရွှေနန်းတော်ကို တိုးချဲ့ကာ နန်းသစ်တည်ဖို့ စိတ်ကူးပေါ်လာခဲ့သည်။ ဒါကြောင့် တထန် သက္ကရာဇ် 101 တွင် ကျင်းမြို့တော်ကို တောင်ဘက်သို့တိုးချဲ့ကာ မြို့ရိုးကို ရွှေကြာပန်းဘုရားကျောင်း တည်ရှိရာ ထိုက်ကျုံး တောင်ခြေအထိ တည်ဆောက်စေသည်။
ထိုတစ်နှစ်တာကာလလုံး ချင်းရှီဟွမ် မင်းကြီးဖြစ်ချင်သမျှ ဆန္ဒတိုင်းကို ထိုက်ကျုံးနယ်စားကြီးက ပြည့်အောင်ဖြည့်ပေးခဲ့သည်။ မင်းနှစ်ပါးက ကျင်းနန်းတော်သစ်ကို တည်ဆောက်ပြီး မိမိတို့လက်နက်နိုင်ငံတော်၏ဗဟိုကို ကျင်းမှာ အခြေတည်ဖို့ ဆုံးဖြတ်လိုက်ကြသည်။ လက်အောက်ခံမြို့စား၊ နယ်စားများဆက်သသည့် မိဖုရားအားလုံး တထန်နန်းတော် အနောက်ဆောင်သို့ ပို့လွှတ်စေကာ စစ်ထူဖေးယန်ကို အုပ်ချုပ်ထားစေခဲ့သည်။
နန်းတော်ကြီးပြီးသောအခါမှ တထန်မြို့တော်မှ မိဖုရား၊ မောင်းမများကို ကျင်းကို ပြောင်းရွှေ့ခေါ်ဆောင်လာခဲ့သည်။ မိဖုရားများ၊ မောင်းမများ အစုံအလင်ဖြင့် ချင်းရှီဟွမ် မင်းကြီးက နန်းသစ်တက်မင်္ဂလာကို ပြုလုပ်ခဲ့သော်လည်း ညီလာခံ ထိုင်ခုံနေရာများကား ကွာခြားလို့သွားလေပြီ။
ညီလာခံ၏ထိပ်ဆုံးတွင် မင်းကြီး၏ ထိုင်ခုံရှိပြီး ထိုနေရာထက် ယောင်ယောင်မျှနိမ့်သည့်ညာဘက်တွင် ထိုက်ကျုံးနယ်စားကြီး၏ထိုင်ခုံရှိသည်။ မင်းတရားကြီး၏ ဘယ်ဘက်တွင် တော်ဝင်ကြင်ယာတော် နှစ်ပါး နှင့် တော်ဝင်ကိုယ်လုပ်တော် ထိုင်စရာသလွန်ရှိပြီး ထိုက်ကျုံးနယ်စားကြီး၏ ညာဘက်အနိမ့်ပိုင်းတွင် ချင်းကျယ်ထျန်းအတွက် ထိုင်စရာသလွန်ရှိသည်။
ရှေးရိုးစွဲ အမတ်အိုကြီးများက ထိုသို့ မင်းကြီးဘေးတွင် ထိုက်ကျုံးနယ်စားကြီး၏ ထိုင်ခုံထားသည့်ကိစ္စကို မကျေမနပ်လျှောက်တင်ကြတော့ ချင်းရှီဟွမ် မင်းကြီးက ညီလာခံတွင် ထိုက်ကျုံးနယ်စားကြီး၏ကျေးဇူးကို ပြတ်သားစွာမိန့်ကာ တိုင်းပြည်အုပ်ချုပ်ခွင့်အာဏာကို မိမိကိုယ်စားအုပ်ချုပ်ဖို့ လွှဲအပ်လိုက်တော့သည်။
ညီလာခံတစ်ခုလုံး မကြုံစဖူးဖြစ်ရပ်ကြောင့် ငြိမ်ကျသွားပြီး ရှန့်ကွမ်းဝူတိ နှင့် အမတ်အိုတစ်စုက ခေါင်းငုံ့ကာ အံကိုကြိတ်လိုက်ကြသည်။
ကာယကံရှင် ထိုက်ကျုံးနယ်စားကြီး နှင့် ခမည်းတော် စစ်ထူချုံးမင်က မထင်မှတ်ထားသည့် အမိန့်တော်ကြောင့် ကြောင်အမ်းအမ်းဖြစ်သွားကြသည်။
"မသင့်တော်ကြောင်းပါ အရှင်မင်းကြီး.."
စစ်ထူချုံးမင်က မှူးမတ်တို့ကြား သဘောထားကွဲလွဲမည်ကို စိုးရိမ်သဖြင့် လျှောက်ထားလိုက်ပေမယ့် ချင်းရှီဟွမ် မင်းကြီးက လက်ကာပြလိုက်သည်။
"အကြီးတော် အမတ်ချုပ်ကြီး ပြောမယ့်စကားကို ကျန်း (ငါကိုယ်တော်) သိတယ်.. ဆက်မပြောနဲ့တော့.. ထိုက်ကျုံးနယ်စားကြီးက ကျန်း ဖြစ်စေချင်တဲ့ ဆန္ဒတိုင်းကို ကျန်းရဲ့ ကိုယ်ပွားလို အသက်ကိုပဓာနမထားဘဲ ဆောင်ရွက်ပေးခဲ့တယ်.. ထိုက်ကျုံးနယ်စားကြီးကြောင့် ဒီကျင်းထီးနန်းကို ရခဲ့သလို အင်အားကြီးတပ်မဟာကို ဖွဲ့စည်းနိုင်ခဲ့တယ်.. ထိုက်ကျုံးနယ်စားကြီးသာ မရှိရင် ကျန်း ဒီအခြေအနေကို ရောက်လာမှမဟုတ်ဘူး.. ပြီးတော့ ထိုက်ကျုံးနယ်စားကြီး စစ်ထူရှန့်ယွီ နဲ့ ကျန်း က ငယ်စဉ်ကတည်းက နို့စို့ဖက်၊ မောင်လှယ်နှမလှယ်၊ သမီးယောက်ဖဖြစ်တဲ့အတွက် ကျန်းရဲ့နောင်တော်လည်း ဖြစ်တယ်.. ဒါကြောင့် ကျန်း နဲ့တန်းတူ တိုင်းပြည်အုပ်ချုပ်ခွင့်အာဏာကို ပေးအပ်တာဖြစ်တယ်.. ဒီအမိန့်တော်ကို အတိုင်းတိုင်းအပြည်ပြည်သိအောင် ထုတ်ပြန်စေ.."
(ကျန်း - ငါကိုယ်တော် - ရှင်ဘုရင်များ မိမိကိုယ်ကိုယ် သုံးနှုန်းသည့် အသုံးနှုန်း)
"အမိန့်တော်အတိုင်းပါ ဘုရား.."
"ကျေးဇူးကြီးမားလှကြောင်းပါ အရှင်မင်းကြီး.."
ထိုက်ကျုံးနယ်စားကြီးက အဆုံးစွန်ထိ ချစ်ပြလိုက်သည့်အရှင့်ကို မြတ်နိုးစွာ ကြည့်ကာ ဦးညွတ်ပြီးပြောလိုက်တော့ ချင်းရှီဟွမ် မင်းကြီးက သူ့ကို ပြုံးကာ ပြောလိုက်သည်။
"အခုကစပြီး ညီတော်မင်းကြီးလို့ပဲ ခေါ်ပါ နောင်တော်.."
စစ်ထူရှန့်ယွီသည် လူပုံအလယ်တွင် မိမိကို ထိုသို့ပြောလိုက်သည်ကိုကြားသော် ဝမ်းသာပီတိအရှိန်ဖြင့် မျက်လုံးများရဲလာပြီး လှုပ်ရှားနေသည့်စိတ်ခံစားချက်ကို ထိန်းကာ ခပ်သြသြပြောလိုက်သည်။
"ကျေးဇူးကြီးလှပါတယ် ညီတော်မင်းကြီး.. အခုကစပြီး နောင်တော်က အရိုးကြေကြေ အရည်ခမ်းခမ်း ညီတော်နဲ့ နိုင်ငံတော်ကြီးကို ကာကွယ် စောင့်ရှောက်သွားဖို့ သစ္စာပြုပါတယ်.."
"နောင်တော့်ကို ယုံကြည်ပါတယ်.."
မိဖုရားသုံးဦးတွင် တော်ဝင်ကိုယ်လုပ်တော် စစ်ထူဖေးယန် တစ်ယောက်သာ ထိုမြင်ကွင်းကို ပီတိဖြာလျက်ကြည့်နေမိသည်။ နောက်ဆုံးတော့ အစ်ကိုတော်က မင်းကြီးနှင့် တရားဝင်ယှဉ်တွဲနေထိုင်ခွင့် ရခဲ့လေပြီ။
ချင်းကျယ်ထျန်းသည် မင်းပရိသတ်ရှေ့၊ မိမိရှေ့တွင် ချစ်ကြည်နူးပြနေသော အကြင်ယောက်ျားနှစ်ဦးကို သတ်ပစ်ချင်စိတ်တို့ ပေါ်လာပေမယ့် အားမတန်ကာ မာန်လျှော့လိုက်ရသည်။ လက်သီးကို တင်းတင်းဆုပ်ထားရသောကြောင့် လက်ဖဝါးထဲ လက်သည်းများစိုက်ဝင်ကာ သွေးတို့စိမ့်ထွက်လို့လာခဲ့သည်။ ဒါပေမယ့် ကံကောင်းထောက်မစွာဖြင့် ပတ္တမြားကဲ့သို့ ရဲရဲနီသောဝတ်စုံကြောင့် ထိုသွေးကို မည်သူမှသတိမထားမိခဲ့ကြပေ။
"ကျန်းရဲ့ ခမည်းတော်ကဲ့သို့ ငယ်စဉ်ကတည်းက ခုထိသင်ကြားပြသပေးသော အကြီးတော် စစ်ထူချုံးမင်က တထန်မြို့စားအဖြစ် အုပ်ချုပ်စေ၊ စစ်ထူချုံးမင်အား ကျင်းရွှေမြို့တော်ကို အချိန်မရွေး ဝင်ထွက်ပိုင်ခွင့်ကို ပေးအပ်စေ၊ စံနန်းတော်၃ဆောင်ဖြင့် ရွှေမြို့တော်စောင့်တပ်ကို အုပ်ချုပ်ခွင့်ပေးအပ်စေ.."
"ကျေးဇူးကြီးမားလှကြောင်းပါ အရှင်မင်းကြီး.."
ထိုနန်းသစ်တက်မင်္ဂလာသည် တပင်ရွှေထီးနှင့် ဘုရင့်နောင်တို့ တရားဝင်ယှဉ်တွဲကာ ဘိသိတ်ခံသည့် မင်္ဂလာအလားပင် ထင်မှတ်ရသည်။ တထန်နန်းမှ ပါလာသည့် မှူးမတ်များက ဒီအဓိပ္ပါယ်ကို ကောင်းစွာသိပေမယ့် ထိုက်ကျုံးနယ်စားကြီးက မိမိတို့ယှဉ်ပြိုင်နိုင်သည့်အတိုင်းအတာကို ကျော်သွားလေပြီဖြစ်သောကြောင့် မင်းကြီးကို ဒူးထောက်ခစားသလို စစ်ထူရှန့်ယွီကိုလည်း ဒူးထောက်ခစားရလေတော့သည်။
အဆောင်တော်ထဲတွင် ထိုက်ကျုံးနယ်စားကြီးက ချင်းရှီဟွမ် မင်းကြီးကိုပွေ့ချီကာ ခပ်ကြမ်းကြမ်းနမ်းနေတော့သည်။ ချင်းရှီဟွမ် မင်းကြီးလည်း ပြန်လည်တုံ့ပြန်နမ်းပြီး နှစ်ဦးသား သလွန်ထက်သို့လဲကျကာ ပြင်းထန်သောချစ်တင်းနှောမှုကို ပြုလုပ်လိုက်ကြသည်။
ဒီနေ့က သူတို့နှစ်ဦး တရားဝင် တိုင်းပြည်ပူးတွဲအုပ်ချုပ်သောနေ့..
ထိုက်ကျုံးနယ်စားကြီးနှင့် ချင်းရှီဟွမ် မင်းကြီးတို့ တူယှဉ်တွဲကာ ရာဇပလ္လင်ထက်တွင် ထိုင်သောနေ့..
ချစ်သူနှစ်ဦး တရားဝင်ပေါင်းဖက်သည့် မင်္ဂလာနေ့ ဖြစ်လေတော့သည်။
"ညီတော်.. ချစ်တယ်.. အရမ်းချစ်တယ်.."
ထိုက်ကျုံးနယ်စားကြီးက ယခုမှ ချစ်သောသူကို ညီတော်ဟု ပိုင်ပိုင်နိုင်နိုင် ခေါ်ဝံ့တော့သည်။
"တကယ်ချစ်ရင် သက်သေပြလေ.."
ချင်းရှီဟွမ် မင်းကြီးက သူ့နားရွက်များကို ငုံခဲကာ လှိုက်မောစွာပြောလိုက်သည်။
"ဒီလိုလား.."
ထိုက်ကျုံးနယ်စားကြီးက ချင်းရှီဟွမ် မင်းကြီး၏ ပျားရည်တွင်းလေးထဲ သံမဏိလှံတံဖြင့် တဆုံးထိုးထည့်ကာ ပြောလိုက်သည်။
"အမ်း.."
လှစ်ဟာနေသည့် ကိုယ်ထဲ ပြည့်ကျပ်သွားသည့် ခံစားချက်ကြောင့် ချင်းရှီဟွမ် ကျေနပ်စွာ ညည်းလိုက်မိသည်။
ထိုက်ကျုံးနယ်စားကြီးက ရမ္မက်သွေးတို့ကြွလျက် မျက်ဝန်းထဲမှာ အရည်လဲ့နေသော ချစ်သူ၏နှုတ်ခမ်းကို ငုံ့နမ်းကာ ချင်းရှီဟွမ် မင်းကြီး၏ ခြေထောက်နှစ်ဖက်ကို ရင်ဘတ်ပေါ်ကွေးတင်စေပြီး ဆက်တိုက်ထိုးစစ်ဆင်တော့သည်။ ချင်းရှီဟွမ် မင်းကြီးက ထိုက်ကျုံးနယ်စားကြီး၏ သံမဏိလိုမာကြောသည့် လက်ဖျံများကိုဆုပ်ကိုင်ကာ ချစ်ဇောဟုန်ဖြင့် နီရဲနေသောမျက်ဝန်းကို စိုက်ကြည့်ကာ ချစ်ခြင်းအရသာကို ခံစားလို့နေသည်။
"ချစ်တယ်.. ညီတော့်ကိုချစ်တယ်.."
"ညီတော်ကလွဲရင် နောင်တော် ဘယ်သူ့ကိုမှမချစ်ရဘူး.. ညီတော်အပြင် တခြားမိန်းမ၊ ယောက်ျားကိစ္စ ဘာမှမကြားချင်ဘူး.."
ထိုက်ကျုံးနယ်စားကြီးက သဝန်တိုစွာမှာနေသော ချစ်သူလေးကို သဘောကျစွာငုံ့နမ်းကာ ပြောလိုက်သည်။
"စိတ်ချ.. နောင်တော့်ဘဝမှာ ညီတော်က တစ်ဦးတည်းသော တစ်ယောက်တည်းသောသူပဲ.. တကယ်လို့ နောင်တော် ဒီကတိသစ္စာကို ချိုးဖောက်ခဲ့မိရင် ကိုယ့်တိုင်းပြည်မှာ မသေရဘဲ စစ်မြေပြင်မှာ သေရပါစေ.."
ထိုစကားကိုကြားတော့ ချင်းရှီဟွမ် မင်းကြီးက သူ့ပါးစပ်ကိုအမြန်ပိတ်ကာ ပြောလိုက်သည်။
"ကတိပေးရင်တော်ရောပေါ့.. ဘာကြောင့်ကျိန်ရတာလဲ.. တကယ်ဖြစ်ရင် ဘယ်လိုလုပ်မလဲ.."
ထိုက်ကျုံးနယ်စားကြီးက နှုတ်ခမ်းကိုပိတ်ထားသော ချင်းရှီဟွမ် မင်းကြီး၏လက်ချောင်းများကို လျှာနှင့်ရစ်ပတ်ကစားရင်း ခပ်ရှရှပြောလိုက်သည်။
"ဘယ်တော့မှ မဖြစ်စေရဘူး.. နောင်တော်က ညီတော့်ကို ဘယ်တော့မှ သစ္စာမဖောက်တဲ့သူမို့လေ.."
"ညီတော်ရဲ့အချစ်နဲ့ ညီတော်ပိုင်တဲ့ စည်းစိမ်တိုင်းကို နောင်တော့်ကို ပေးအပ်ထားပြီ.. ဒါကြောင့် ညီတော်က နောင်တော့်ဆီက ပြိုင်ဖက်ကင်းတဲ့ ချစ်ခြင်းကို တောင်းဆိုရတာပဲ.."
"စိတ်ချပါကွာ.. နောင်တော်က ညီတော်ကလွဲပြီး ဘယ်သူ့ကိုမှ စေ့စေ့မကြည့်ဘူး.. ဟုတ်ပြီလား.."
ထိုကတိစကားကြောင့် ချင်းရှီဟွမ် မင်းကြီး၏စိတ်နှလုံးက ပျော့ပြောင်းကာ အချစ်ပင်လယ်ထဲ တလိမ့်လိမ့်နှင့် မျောပါသွားတော့သည်။
အထက်ဘုံတစ်နေရာက နတ်မင်းကြီးက ထိုက်ကျုံးနယ်စားကြီး၏ကတိသစ္စာကို ရွှေပေလွှာထက်မှာ အက္ခရာတင်မှတ်သားလိုက်သည်ကို လူသားများဖြစ်သည့် ချင်းရှီဟွမ်မင်းကြီး နှင့် ထိုက်ကျုံးနယ်စားကြီးက မသိလိုက်တော့ပေ။
နတ်မင်းကြီးက ချင်းရှီဟွမ် မင်းကြီး၏အချစ်ကို သဘောကျသောကြောင့် မိန့်ဆိုလိုက်သည်။
"ဒီသူငယ်လေးက သူ့စိတ်နှလုံးကို တကယ်ပေးအပ်သူပဲ.. ဒါကြောင့် သူ့ကိုယ်ပေါ်ကကျိန်စာ
တို့ အလုံးစုံ ပျက်ပြယ်စေ.."
🚩👑🚩👑*🚩👑🚩👑
ESTÁS LEYENDO
Ficción históricaBoth zawgyi and Unicode font Historical fiction