Chapter (7) - တွေ့ဆုံခြင်း

1.7K 177 2
                                    

အပိုင်း (၇) - တွေ့ဆုံခြင်း

ချင်းရှီဟွမ်မင်းသားလေးသည် ဆုံးဖြတ်ထားသည့်အတိုင်း ကလေးအရွယ်နှင့်မမျှ စစ်ထူရှန့်ယွီကို ကာကွယ်ပေးနေသဖြင့် တထန်မင်းကြီးက တစ်နေ့တစ်ခြား လုပ်ကြံရခက်လာခဲ့သည်။

မင်ကျွိနတ်မင်းကြီး၏ကျိန်စာကလည်း တဖြည်းဖြည်းသက်ရောက်လာပြီဖြစ်သောကြောင့် မိဖုရားကြီး၏ ကိုယ်ခန္ဓာက တဖြည်းဖြည်း အားနည်းလာပြီး အိပ်ယာထဲလဲသွားတော့သည်။ မင်းကြီးသည် မိဖုရားကြီးတွင် ဖြစ်သည့်ရောဂါကို ပျောက်အောင်ကုရန် သမားတော်များကို အမိန့်ပေးသော်လည်း မိဖုရားကြီး၏ရောဂါ တစ်နေ့တစ်ခြား ဆိုးဝါးလာသဖြင့် မိမိမျက်ရှုလည်ဆွဲမိဖုရားကို ပျောက်ကင်းအောင်မကုနိုင်သည့် သမားတု၊ သမားယောင်များကို ခေါင်းဖြတ်ကွပ်မျက်ရန် အမိန့်ပေးသဖြင့် နန်းတော်တစ်ခုလုံး ပွက်ပွက်ညံသွားတော့သည်။

"မယ်မယ် အပြင်မှာ သမားတော်ကြီးတွေကို ခေါင်းဖြတ်သတ်ဖို့ ဆွဲခေါ်သွားကြပြီ.. သူတို့မှာ ဘာအပြစ်ရှိလို့လဲ မယ်မယ်ဘုရား.."

ချင်းရှီဟွမ် မင်းသားလေးနှင့် စစ်ထူရှန့်တို့ ကစားနေစဉ် နန်းတွင်း ထဲ အုတ်အုတ်ကျက်ကျက် ဖြစ်နေသဖြင့် မယ်တော် မိဖုရားကြီး ၏ အဆောင်ထဲ ပြေးဝင်လာပြီး အလန့်တကြား မေးလိုက်ကြသည်။ ချင်းရှီဟွမ် ကြီးပြင်းလာသည့် သက်တမ်းတလျှောက် ခမည်းတော်ကို အေးဆေးတည်ငြိမ်ကာ အကြင်နာတရားဖြင့်ပြည့်ဝသော မင်းတစ်ပါးအဖြစ်သာ မြင်ခဲ့သမျှ ယခု နန်းတော်ထဲ ပွက်ပွက်ညံသွားစေမည့် နန်းတွင်းသမားတော်အဖွဲ့အားလုံးကို သေဒဏ်ချသဖြင့် ကလေးပီပီ ထိတ်လန့်ကာ မယ်တော့်အဆောင်ကိုပြေးကာ လာမေးလိုက်ခြင်းဖြစ်သည်။

မိဖုရားကြီးသည် မိမိကြောင့် အပြစ်မဲ့သည့် သမားတော်များ ကွပ်မျက်ခံရမည့်အရေးကိုသိကာ အပါးတော်မြဲကို အမြန်စေလွှတ်ကာ မင်းတရားကြီးကို အခေါ်လွှတ်စေသည်။ မင်းတရားကြီး မလာခင် သားတော်လေး ချင်းရှီဟွမ် နှင့် စစ်ထူရှန့်ယွီကို တစ်ချက်စိုက်ကြည့်ကာ အနားခေါ်ပြီး ကလေးနှစ်ဦးစလုံးကိုဖက်ကာ ပြောလိုက်သည်။

မုန်းမာန်ဖွဲ့ချစ်ခြင်း  (မုန်းမာန်ဖွဲ့ချစ်ခြင်း )Donde viven las historias. Descúbrelo ahora