Chapter (64) – ရှီအန်းပြည်တိုက်ပွဲအတွက် ပြင်ဆင်ခြင်းနှင့် ထိုက်ကျုံးနယ်စားကြီး၏ ချစ်ဇောဟုန် (Z+U)
ကျင်းရွှေမြို့တော်၏ ညီလာခံ နဂါး ပလ္လင် ထက်တွင် နတ်မင်းလေးအလား ချောမောခန့်ညားလှသည့် ရွှေနန်းရှင် ချင်းရှီဟွမ် မင်းကြီးက ထိုင်နေပြီး အမိန့်တော်ကို ချမှတ်နေသည်။ ဘေးတဆင့်နိမ့်သည့် ခုံထက်တွင် ထိုက်ကျုံးနယ်စားကြီးက ထိုင်နေသည်။
ကျန်မှုးကြီးမတ်ရာအားလုံးက အောက်ဘက်မှသာ ခစားနေရသည်။
" ရှီအန်းပြည်မြို့ကို ရေတပ်၊ ကြည်းတပ် စစ်ကြောင်နှစ်ခုနဲ့ ချီတက်မယ်။ ရေတပ်ကို စစ်သူကြီး လေးဦးက တပ်လေးတပ်ကို ဦးစီးပြီး ငါကိုယ်တော် နဲ့အတူ ရေကြောင်းက ချီတက်မယ်။ ထိုက်ကျုံးနယ်စားကြီးက ကြည်းတပ်ကို ဦးဆောင်ပြီး ချီတက်စေ။ ကြည်းတပ်သားအားလုံး ထိုက်ကျုံးနယ်စားကြီး၏ အမိန့်ကို ငါကိုယ်တော်ရဲ့အမိန့်ကဲ့သို့ တစ်သွေမတိမ်း နာခံစေ။ "
ညီလာခံတွင် မင်းကြီး၏ ကြည်လင်သာယာပြီး သြဇာအာဏာ ရှိသည့်အသံက လွှင့်ပျံလာသည်။
" အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး "
" သက်တော်ရှည်အမတ်ကြီး စစ်ထူချုံမင် က ကျင်းရွှေမြို့တော်ကို စောင့်ကြပ်စေ "
" အမိန့်တော်ကို နာခံလျက်ရှိကြောင်းပါ "
ရှန့်ကွမ်းဝူတိက အံကြိတ်ကာ လျှောက်တင်လိုက်ရသည်။ သမီးတော်၏ အပြောအဆိုကြောင့် ရှီအန်းပြည်စစ်ပွဲတွင် မိမိကို ပထုတ်လိုက်သည်ကို ကောင်းစွာ သိလိုက်ပေမယ့် ဘာမှ မတတ်နိုင်တော့ပေ။
ထိုက်ကျုံးနယ်စားကြီး၏ဘုန်းတန်ခိုးက မင်းကြီး နီးနီး တန်ခိုးထွားနေလေပြီ။ မိမိတို့ စစ်ထူရှန့်ယွီကို ဖြုတ်ချနိုင်ပါတော့မလားဟု တိတ်တခိုးတွေးလိုက်မိသည်။
ထိုတပတ်လုံး ကျင်းတမြို့လုံး စစ်ပြင်သံတညံညံဖြင့် အားလုံး အလုပ်ရှုပ်ကုန်ကြသည်။ စစ်ချီရာတွင်ပါဝင်သည့် စစ်သည်ရဲမတ်များ၏ မယားအိမ်သူများက မိမိတို့လင်သားအတွက် ပြင်ဆင်မှုကို လုပ်ကြ၊ အင်းအိုင်လက်ဖွဲ့များရှာယူကြဖြင့် အင်းအိုင်လက်ဖွဲ့ဆရာများလည်း အတော်ကို စီးပွားဖြစ်သွားကြသည်။ အိမ်တိုင်း၊မြို့တိုင်းက မကြာခင် ခွဲခွာရတော့မည့် ခင်ပွန်းလင်များကို ဘေးကင်းစွာ ပြန်လာနိုင်ဖို့ ဘုရားကျောင်းတွင် တောင်းဆုပန်ကြ အလွမ်းသယ်ကြဖြင့် အုတ်အုတ်ကျက်ကျက်ဖြစ်ကုန်ကြသည်။
စစ်သည်ရဲမတ်များကတော့ ရွှေနန်းရှင် ချင်းရှီဟွမ် မင်းကြီး နှင့် စစ်နတ်ဘုရား ထိုက်ကျုံးနယ်စားကြီး၏ နောက်တွင် လိုက်ပါပြီး စစ်ချီရလျှင် မအောင်မြင်သော စစ်ပွဲရယ်လို့မရှိသောကြောင့် အားလုံးစိတ်တက်ကြွနေသည်။ သူရဲကောင်းကို မြတ်နိုးသော ဘုရင်ငယ်က မိမိတို့သာ စစ်ပွဲတွင် အစွမ်းပြနိုင်လျှင် သေချာပေါက်ထိုက်တန်စွာ ဆုချီးမြှင့်ကာ မြှောက်စားမည်ကို သိသဖြင့် စစ်စိတ်စစ်သွေးတို့ဟုန်းဟုန်းတောက်ကာ စစ်သည်အသိုင်းဝိုင်းကြား ပြည်ဘုရင်ကို လက်ရဖမ်းဖို့အခွင့်ရေးရချင်ကြောင်း ပြောဆိုနေကြသည်။
" ဘာတွေ သဘောကျနေတာလဲ ညီတော်မင်းကြီးရဲ့ "
ထိုက်ကျုံးနယ်စားကြီးက အထောက်တော်တွေ တင်ပြသည့် စာလွှာတစ်ခုကို ဖတ်ကာ သဘောကျနေသည့် ချင်းရှီဟွမ် မင်းကြီး၏ ခါးကို အနောက်ဘက်မှ သိုင်းဖက်ကာ ပုခုံးပေါ်က ကျော်ကြည့်ပြီး မေးလိုက်သည်။
" စစ်သည်တော်တွေရဲ့ စိတ်တွေ အရမ်းတက်ကြွနေတာ ကြားသိရလို့ အားကျနေတာပါ.... နောင်တော်သိလား... အခုလို တက်ကြွပြီး ရဲစိတ်ရဲသွေး ရှိတဲ့ စစ်သည်တော်တွေကို ရထားတော့ ဘယ်စစ်ပွဲကိုမဆို ညီတော် အောင်မြင်မယ်လို့ ပိုပြီး ယုံကြည်လာမိတယ်"
" ဒါပေါ့... ညီတော် မင်းမြတ်က ဘုန်းကံရှင်ဖြစ်တဲ့အပြင် ကိုယ်တိုင်လည်း ရဲစွမ်းသတ္တိရှိတော့ နောက်တော်ပါတွေက ဒီလို ရဲစွမ်းသတ္တိရှိတာ မထူးဆန်းပါဘူး။ ကိုယ့်ကိုပဲကြည့်လေ။ ညီတော်မင်းမြတ်ကြောင့် ကိုယ်က ငရဲပြည်ကို စစ်ချီရမယ်ဆိုလည်း ဘယ်တုန်းကမှ နောက်မတွန့်ဖူးဘူး။ ဒါက ညီတော်ရဲ့ ဦးဆောင်မှုကြောင့်ပဲ... "
ချင်းရှီဟွမ် မင်းကြီးက သဘောကျစွာရယ်မောကာ ထိုက်ကျုံးနယ်စားကြီး၏ နူတ်ခမ်းကို နမ်းကာ ပြောလိုက်သည်။
" နောင်တော့်နူတ်က ပျားရည်လို အရမ်းချိုတာပဲ..... လူကို ဘယ်လို ပျော်အောင်လုပ်ရမယ်ဆိုတာ နောင်တော်အရမ်းသိတယ်။ စစ်ပွဲမှာ ကြီးပြင်းလာတဲ့ စစ်နတ်ဘုရားမှာ ဟုတ်ရဲ့လား။ နန်းတွင်းထဲက စာပေအနုပညာရှင်များလား... ကြည့်ပါရစေဦး "
" ဟား..ဟား..ဟား...ဒါက ညီတော့်ကိုချစ်လို့ ရင်ထဲကနေ အလိုလို တတ်လာတဲ့ ပညာတွေပါ.... ညီတော့်ကို ပိုင်ဆိုင်ခွင့်ရတဲ့အတွက် နောင်တော် သေပျော်ပြီ။ ညီတော်ဖြစ်စေချင်တာကို အရာအားလုံးဖြည့်ဆည်းပေးချင်တဲ့စိတ်ပဲရှိတော့တယ် "
ထိုက်ကျုံးနယ်စားကြီးက စိတ်ထဲရှိသည့်အတိုင်း ပြောလိုက်သည်။ ထိုစကားကို ကြားသော် ချင်းရှီဟွမ် မင်းကြီးက မျက်နှာပျက်သွားပြီး လေသံမာမာဖြင့် ပြောလိုက်သည်။
" တော်...တိတ်...နောင်ဆို သေပျော်ပြီဆိုတဲ့ စကားမပြောနဲ့။ နောင်တော်က ကိုယ်တော် နဲ့ ခုလောက်နေရတာနဲ့ ကျေနပ်ပြီပေါ့ ဟုတ်လား။ ကိုယ်တော်နဲ့ခွဲသွားချင်ပြီပေါ့"
" ဟောဗျာ... မခွဲချင်ပါဘူး ညီတော် အချစ်ဆုံးရယ်။ နောင်တော်က သဘော ပြောတာပါ။ အခုချိန် သေသွားမယ်ဆိုရင်လည်း နောင်တ မရဘူးဆိုတာ ပြောပြ.... "
ထိုက်ကျုံးနယ်စားကြီးက စစ်ပွဲတွင် ကြီးပြင်းလာသူပီပီ သေခြင်းတရားဆိုတာ အထူးဆန်းမဟုတ်သောကြောင့် ရယ်မောကာ ဆက်ပြောလိုက်သည်။ ထိုစကားကိုကြားတော့ ချင်းရှီဟွမ် မင်းကြီး စိတ်ဆိုးချင်လာသည်။
" တော်... သေစကား ထပ်ပြောရင် နောင်တော့်ကို အပြစ်ပေးမယ်။ ဘယ်တော့မှ ညီတော့်ရှေ့မှာ သေစကားမပြောရဘူး "
ထိုက်ကျုံးနယ်စားကြီးက ချင်းရှီဟွမ် မင်းကြီး ဘာကြောင့် စိတ်ဆိုးသည်ကို သဘောပေါက်သောကြောင့် သြရှရှရယ်မောကာ ကိုယ်လေးကို ပွတ်သပ်ချော့ကာ ပါးကို အထပ်ထပ်မွှေးကြူပြီး ချော့လိုက်သည်။
" ညီတော်..ကိုယ့်အချစ်ရယ်....ကောင်းပါပြီ။ ကိုယ်ဘယ်တော့မှ မပြောတော့ဘူး ဟုတ်ပြီလား။ စိတ်မကောင်းမဖြစ်ပါနဲ့။ ကိုယ်က အသက်ပြင်းပါတယ်။ စစ်ပွဲ ဘယ်လောက်ကြမ်းတမ်းပါစေ.. ကိုယ် ဘယ်တော့မှ ဘာမှမဖြစ်ခဲ့ဘူး။ ကိုယ်က စစ်ပွဲနက္ခတ်နဲ့မွေးလာသူပါ။ စစ်ပွဲက ကိုယ့်ကို သက်ရှည်ကျန်းမာ ချမ်းသာမှုကိုပဲ ပေးနိုင်မှာ ... "
ချင်းရှီဟွမ် မင်းကြီးသည် သူ့မျက်နှာကို လက်နှစ်ဖက်နှင့် ညှပ်ကာ မျက်လုံးချင်း ဆိုင်ကြည့်ရင်း ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။
" ကျွန်တော် .... နောင်တော်နဲ့ မခွဲနိုင်ဘူး။ သေရင်တောင် ကျွန်တော် အရင်သေရွာကို သွားမှာ... စမ်းချောင်းဝါရဲ့ တစ်ဖက်ကမ်းမှာ နောင်တော် မလာမချင်း စောင့်နေမှာ။ နောင်တော် အရင်ထွက်သွားတာကို ကျွန်တော် မကြည့်နိုင်ဘူး။ ဒါကြောင့် ခုကစပြီး တိုက်ပွဲတိုင်းမှာ နောင်တော့်အသက်ကို ဦးစားပေးပြီးဘေးကင်းအောင် လုပ်မယ်လို့ ကတိပေးရမယ် "
ချင်းရှီဟွမ်မင်းကြီးက ပြောရင်း ရင်ထဲ ဆို့နင့်လာပြီးအသံတွေ တုန်ယင်ချင်လာ သည်။ နောင်တော်က ချင်းရှီဟွမ်၏ အကြီးမားဆုံးသော အားနည်းချက်ကြီး ဖြစ်သည်။ အခြားမည်သည့်အရာကိုမဆို မျက်တောင်မခတ်တမ်း ရင် ဆိုင်နိုင်ပေမယ့် နောင်တော်သာ မရှိတော့ရင် .... ဆိုသည့် အတွေးပေါ်လာတိုင်း ချင်းရှီဟွမ် ရူးချင်ချင်ဖြစ်လာမိသည်။
စစ်ထူရှန့်ယွီက စနောက်လိုက်မိသည့် မိမိပါးစပ်ကို ပိတ်ရိုက်လိုက်ချင်သည်။ သူက ဝမ်းနည်းသွားသည့် ချစ်သူကို ရင်ခွင်ထဲ ပွေ့ဖက်ကာ ချော့မော့ရင်း ကတိ အထပ်ထပ် ပေးလိုက်သည်။
" စိတ်ချပါ..နောင်တော်က ညီတော်မင်းကြီးပိုင်ဆိုင်တဲ့လူပါ။ နောင်တော်ရဲ့ ကိုယ်ကို ဘေးတစ်စုံတစ်ရာ မခအောင် သေချာဂရုစိုက်ပါ့မယ်။ "
" နောင်တော်...နောင်တော်... ဘယ်လိုတောင် ချစ်တတ်အောင် လုပ်တတ် တာလဲဗျာ။ ညီတော်တော့ နောင်တော့်ကို မချစ်ပဲ မနေနိုင်တော့ပါဘူး "
ချင်းရှီဟွမ်သည့် နောင်တော်၏ စကားကြောင့် တင်းနေအောင်ပြန်ဖက်ရင်း မချင့်မရဲ ပြောလိုက်မိသည်။
" ဒါဆိုလည်း စိတ်တိုင်းကျ ချစ်ပါဗျား.... "
ချင်းရှီဟွမ် မင်းကြီးသည် ကြေးနီရောင်တောက်နေသော သူ့ကိုယ်ရင်ခွင်ထဲ တိုးဝင်ဖက်ထားပြီး လည်ပင်းကို အားမလိုအားမရဖြင့် ကိုက်လိုက်သည်။ ပြီးတော့ အထက်အောက်လှုပ်ရှားသွားသော လည်ဇလုတ်ကို ဖွဖွကိုက်ကာ လျှာနှင့်လျက်လိုက်သည်။
ခလုတ်ကို ထိလိုက်သလိုဖြစ်ကာ ထိုက်ကျုံးနယ်စားကြီး၏ အောက်ပိုင်းလှံတံကြီးက ထောင်းခနဲ ခေါင်းထောင်ထလာပြီး ချင်းရှီဟွမ် မင်းကြီးကို တင်းတင်းဖက်ကာ စားပွဲပေါ်ကို ပွေ့တင်လိုက်သည်။ အရှင့်ဝတ်လဲတော်ကို အမြန်ဆွဲချွတ်လိုက်ပြီး ဝါဝင်းသော ရွှေအဆင်းနှင့် လှပလွန်းသည့် ပုခုံးသားများကို ခပ်ကြမ်းကြမ်းနမ်းကာ ရင်ဘတ်က ပတ္တမြားနီနီလေးကို လျှာပြားကြီးနှင့် ရစ်ပတ်ကာ ဖိစုပ်လိုက်သည်။ ထိုက်ကျုံးနယ်စားကြီး၏လက်အစုံက အရှင့်အောက်ပိုင်း ဘောင်းဘီကို အမြန်ဖြေလျှော့ကာ ရွှေလှံတံလေးကို ဆွဲထုတ်ပြီး အထက်အောက် ပွတ်ဆွပေးလိုက်တော့ ချက်ချင်း မာန်ကြွလာခဲ့သည်။
" အမ်း... ကောင်းလိုက်တာ...အင်း... "
ချင်းရှီဟွမ် မင်းကြီးသည် ထိုက်ကျုံးနယ်စားကြီး၏ လည်ပင်းကို လက်နှင့် သိုင်းဖက်ကာ ပူနွေးကာ အားပြင်းသောလျှာကြီး၏ အစွမ်းကြောင့် ကိုယ်လေးကို ကော့ကာ ရင်ဘတ်က အသီးလေးကို ပိုစုပ်စေချင်နေမိသည်။
ထိုက်ကျုံးနယ်စားကြီးက ချင်းရှီဟွမ် မင်းကြီး၏ ရွှေချောင်းလေးကို လက်နှင့်ကစားရင်း ကျန်လက်တဖက်ကာ ပြည့်တင်းသော ရွှေရောင်တင်ပါးအစုံကို ညစ်ကာ ဆုပ်နယ်နေသည်။ တသက်လုံး ဓါးကိုင်ကာ တိုက်ပွဲဝင်ခဲ့သောကြောင့် ထိုက်ကျုံးနယ်စားကြီး၏လက်ဝါးကြီးများက အသားမာ တက်ကာ ကြမ်းတမ်း နေသည်။ ထိုလက်ကြမ်းကြီးများက နူးညံ့သော တင်ပါးဖောင်းဖောင်းကို ခပ်ကြမ်းကြမ်းဆုပ်နယ်နေတော့ တင်ပါးများက နီရဲကာ လက်ရာကြီး ထင်ဟပ်ကုန်ကာ အနည်းငယ်နာကျင်လာမိပေမယ့် ချင်းရှီဟွမ် မင်းကြီးက စိတ်ပိုကြွလာခဲ့သည်။
ချင်းရှီဟွမ် မင်းကြီးက သူ့အဝတ်တွေကို အားမလိုအားမရ ဆွဲချွတ်ကာ ခရမ်းနီရောင်တောက်ကာ အကြောပြိုင်းပြိုင်းနှင့် စံချိန်လွန် နဂါးကြီးကို လက်ထဲ ထည့်ကာ ခပ်ညစ်ညစ်လုပ်ပြီး ပြောလိုက်သည်။
" အိုး..ဒီနဂါးကြီးက အစာဝဝစားရလို့ထင်တယ် ပိုထွားလာတယ် "
" ညီတော်က လက်သပ်မွေးထားတဲ့ကောင်ပဲ။ ဒီလောက်တော့ ဖြစ်ရမှာပေါ့ .. အဲ့ဒီကောင်က ဆာလောင်နေပြီတဲ့.. ကျွေးပါတော့လို့ပြောနေပြီ "
" နေပါဦး... ဒီကောင်ကြီးနဲ့ ကျွန်တော် ကစားပါရစေဦး... အမြဲ တွင်းအောင်းမယ်ချည်းပဲ... ဘယ်လောက် ကြီးတယ်။ ဘယ်လောက်ကြံ့ခိုင်တယ်ဆိုတာ ကျွန်တော် စမ်းကြည့်ပါရစေဦး "
ချင်းရှီဟွမ် မင်းကြီးက သေစကားပြောခဲ့သည့် သူ့ကို အပြစ်ပေးချင်သောကြောင့် သူ့ နဂါးကြီးကို လက်နှစ်ဖက်နှင့် ဆုပ်ကိုင်ကာ သေချာငုံ့ကြည့်ကာ ခေါင်းကို လက်မနှင့် အသာယာ ပွတ်သပ်ကာ သူ့ကိုကျီစယ်လိုက်သည်။
" အ.. "
ထိုက်ကျုံးနယ်စားကြီးက ကျီစယ်နေသော ချစ်သူကို ကြည့်ကာ ပင့်သက်ရှိုက်ရင်း ညည်းသံထွက်လာမိသည်။ နူးညံ့သော လက်ထဲတွင် မိမိကောင်ကြီးက ပိုပိုကြီးထွားလာပြီး သံချောင်းတမျှ မာကျောလာခဲ့သည်။
" နောင်တော်က တကယ့်ကို သူရဲကောင်းပီသပါပေတယ်။ စစ်မြေပြင်မှာ အစွမ်းထက်ရုံတင်မကဘူး။ အိပ်ယာထက်မှာလည်း စွမ်းအားကြီးတယ်။ ပြီးတော့ တထန်၊ ကျင်းပြည် တဝှမ်းလုံး နောင်တော့်ရဲ့ယောကျာ်း ဂုဏ်ရည်ကို ဘယ်သူမှ ယှဉ်နိုင်မယ်မထင်ဘူး။ "
" ညီတော်တစ်ယောက်တည်းပဲ ပိုင်ဆိုင်ခွင့်ရတဲ့ အရာပဲလေ။ ညီတော်လို ဘုန်းရှင်ကံရှင်က ဘယ်လိုလုပ် အညံ့စား တွေကို ပိုင်ဆိုင်နိုင်မှာလဲ "
ချင်းရှီဟွမ် မင်းကြီးက သူ့နူတ်ခမ်းကို နမ်းရှိုက်ကာ လျှာဖြင့် အထဲကို ရစ်ပတ်ကစားရင်း ထိုမာကြောသော စံချိန်လွန် ယောကျာ်းဂုဏ်ရည် လှံတံကြီးကို စိတ်တိုင်းကျ ဖြစ်ညစ်ကစားနေသည်။
ထိုက်ကျုံးနယ်စားကြီးက စိတ်ထိန်းသည့်နေရာတွင် တကယ့်ကို သူရဲကောင်းပီသ ပါပေသည်။ အောက်ပိုင်းက အရှင့်လက်တော်ထဲမှာ စိတ်ကြိုက်ကစား ခံနေရသောကြောင့် ကျေနပ်ပီတိဖြစ်လွန်းလို့ ပေါက်ကွဲမတတ်ဖြစ်ပေမယ့် ဘာမှ မပြောပဲ နဖူးကြောကြီးများထောင်ထ လာသည်အထိ တောင့်ခံထားသည်။
ချင်းရှီဟွမ် မင်းကြီးလည်း သူ့ကို ကျီစယ်လိုသဖြင့် ညစ်လိုက်၊ ဖွဖွလေး အထက်အောက်ပွတ်သပ်ပေးလိုက်လုပ်ရုံသာမက အောက်ဘက်မှ သူ၏ ကြီးမားသော ဥကြီးများကိုလည်း လက်ဖြင့် လှိမ့်ကာ ကစားလိုက်သည်။
" အ... ညီတော်... အချစ်ဆုံး ကိုယ့်သခင်.... အ... "
ထိုက်ကျုံးနယ်စားကြီး၏ မျက်လုံးများက ချစ်ခြင်းကြောင့် မျက်သားများရဲလာခဲ့ပြီး မိမိရှေ့ စားပွဲပေါ်တွင် အပေါ်ပိုင်းဝတ်လဲတော် ဖရိုဖရဲဖြင့် ဆွဲဆောင်မှုပြင်းနေသည့် အလှကိုကြည့်လိုက်၊ အောက်ပိုင်း ဟင်းလင်းပွင့်ကာ စူပွပွဖြစ်နေသော ရွှေတွင်းလေးကို ကြည့်ကာ ပင့်သက်သာ ချလိုက်မိသည်။ အရှင့်ရွှေလှံတံလေးလည်း တဆတ်ဆတ်တုန်ကာ ခေါင်းထောင်လို့နေသည်။ ဒါ့အပြင် ထိပ်ဖျားမှ အရည်ကြည်တို့လည်း စိမ့်ထွက်လို့နေသည်။
ထိုက်ကျုံးနယ်စားကြီးတော့ အရှင့်တွင်းငယ်လေးထဲ ဝင်ချင်လွန်းလို့ ရူးမတတ်ဖြစ်လာခဲ့ပေမယ့် အရှင့်ခွင့်ပြုချက်မရှိပဲ မသွင်းချင်သောကြောင့် သေလုမျောပါး အောင့်ထားရသည်။
ချင်းရှီဟွမ် မင်းကြီးသည့် ချစ်ဇောဟုန်ကြွနေသော သူ့သွေးရောင်လွှမ်းသည့် မျက်နှာကို ကျေနပ်စွာကြည့်ကာ မြတ်နိုးစွာဖြင့် ခွင့်ပြုလိုက်သည်။
" ကောင်းပြီ... ဝင်တော့.. နောင်တော့် စိတ်တိုင်းကျ လုပ်စေ... "
" ကျေးဇူးပါ ကိုယ့်အချစ် ........ "
ထိုက်ကျုံးနယ်စားကြီးက မြတ်နိုးစွာပြောကာ အရှင့်ကို စားပွဲပေါ် ဆွဲလှဲလိုက်ကာ ခြေထောက်တွေကို ဆွဲမကာ ချဲကားလိုက်ပြီး ရွှေတွင်းဝတွင် မိမိ၏ နဂါးခေါင်းကို တေ့ကာ တခါတည်း တဆုံးထိုးသွင်းလိုက်တော့သည်။ ခါတိုင်းလိုဆိုလျှင် တရစ်ချင်းသွင်းပေမယ့် ခုတော့ အရှင်က စိတ်တိုင်းကျ နှိပ်စက် ကစားထားသောကြောင့် မထိန်းနိုင်တော့ပေ။
" အမ်း... အွန်း....ကြမ်းလိုက်တာ... "
"ညီတော်က မကြိုက်လို့လား "
" ဟင့်အင်း..ကြိုက်တယ်.... ကြမ်းချင်သလောက်ကြမ်း... ကျွန်တော် တယောက်တည်းပိုင်တဲ့ နဂါးကြီးကို အလိုလိုက်ရမှာပေါ့....အာ့...အမ်း "
ပြောလို့မှ မဆုံးခင် ထိုက်ကျုံးနယ်စားကြီးက ရှည်လျားတုတ်ခိုင်သော ယောကျာ်းဂုဏ်ရည်ကို ဆွဲထုတ်ကာ တဆုံးထိုးဆောင့်လိုက်သည်။ ချင်းရှီဟွမ် မင်းကြီးသည် အတွင်းပိုင်းက တနေရာကို လှံတံက တည့်တိုး တိုက်ခိုက်လိုက်သောကြောင့် တကိုယ်လုံး ကျဉ်တက်သွားပြီး ကိုယ်ကို ကော့လိုက်ပြီး တုန်ယင်စွာ ညည်းလိုက်မိသည်။
" အဲ့ဒီနေရာလား... "
ချင်းရှီဟွမ် မင်းကြီး၏အမူယာကြောင့် ထိုက်ကျုံးနယ်စားကြီး၏ မျက်လုံးတို့ တောက်ပလာပြီး ထိုနေရာကို ဆက်တိုက် တိုက်ခိုက်လိုက်တော့သည်။ ချင်းရှီဟွမ် မင်းကြီးသည် မိမိကိုယ်တွင်းက ထိုခလုတ်ကို ဆက်တိုက် ဆောင့်ထိုးခံ ရသောကြောင့် သူ့လက်ဖျံကို လက်နှင့် ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး အော်ညည်းသံကျယ်ကျယ်သာ ထွက်နိုင်တော့သည်။
" အာ့...အမ်း.... အဲ့...အဲ့နေရာ...အင်း... ကောင်းလိုက်တာ...အာ့.... ဟုတ်တယ်..နောင်တော်... ပြင်းပြင်းလေး.... အဲ့နေရာ... "
တကိုယ်လုံးကို လျှပ်စီးကြောင်း ဖြတ်သွားသလို ဖြစ်ကာ ဆံပင်မွှေးများ ထောင်ထသွားသလို ခံစားချက် အကြမ်းစားက ချင်းရှီဟွမ် မင်းကြီးကို ရူးမလို ခံစားလိုက်ရစေပြီး အထိန်းကွပ်မရှိတော့ပဲ အော်ဟစ်ကာ တောင်းဆို လိုက်တော့သည်။
ထိုက်ကျုံးနယ်စားကြီးက ကျေနပ်စွာဖြင့် ချင်းရှီဟွမ် မင်းကြီး၏ပုခုံးကို ဆုပ်ကိုင်ကာ အော်ညည်းနေသော နူတ်ခမ်းကို သိမ်းပိုက်ကာ အောက်ပိုင်းကို ဆက်တိုက် အရှိန်နှင့် ဆက်တိုက်ထိုးဆောင့်နေသည်။ တော်ရုံယောကျာ်းသာဆိုလျှင် ထိုသို့ အကြိမ်ပေါင်းများစွာ တူညီသော အားဖြင့် ထိုးသွင်းမှုအရှိန်ကို ထိန်းထားနိုင်မှာ မဟုတ်ပေမယ့် ထိုက်ကျုံးနယ်စားကြီး စစ်ထူရှန့်ယွီ ဆိုတာ ပြိုင်ဖက်မရှိ နံပါတ်တစ် စစ်နတ်ဘုရားဖြစ်သလို အိပ်ယာထက်တွင်လည်း အချစ်နတ်ဘုရာလည်းဖြစ်သည်။ ဒါကြောင့် အနေထားပေါင်းစုံဖြင့် ချင်းရှီဟွမ် မင်းကြီး ခံစားလို့အကောင်းဆုံး အမှတ်ကို ဦးတည်တိုက်ခိုက်လိုက်သည်။
" အမ်း...အား.... "
ချင်းရှီဟွမ် မင်းကြီးသည် အမွေးတိုင် တစ်တိုင်ထွန်းစာလောက်ရောက်တော့ ဘယ်လိုမှ မအောင့်နိုင်တော့ပဲ ထိုက်ကျုံးနယ်စားကြီး၏ ကြေးနီရောင် ကြွက်သွားအဖုဖုနှင့် ဝမ်းဗိုက်ကို ဖြူပြစ်ပြစ်အရည်များ ပက်ဖြန်းလိုက်သည်။
ဒါပေမယ့် စစ်ထူရှန့်ယွီ အတွက်တော့ အခုမှ သွေးပူရုံပဲ ရှိသေးသည်။ သူက ပျော့ကျသွားသော အရှင့်ကို မြတ်နိုးစွာနမ်းကာ ပွေ့ချီလိုက်ပြီး သူ့ကိုခွလျက် အနေထားဖြင့် အောက်မှ ပင့်ကိုင်ကာ မတ်တပ်ရပ်လျက် ချစ်တင်းနှောပြန်သည်။
ချင်းရှီဟွမ် မင်းကြီးက သူ့လည်ပင်းကို သိုင်းဖက်ထားပြီး ရှည်သွယ်သော ခြေအစုံက သူ့ခါးကို ယှက်နွယ်ကာ ဖက်ထားသည်။ သူတို့နှစ်ယောက်ရဲ့ အောက်ပိုင်းက တွယ်ဆက်နေပြီး လုံးဝန်းသော ရွှေရောင်တင်ပါးကို လက်ကြမ်းကြီးက ပင့်ကိုင်ကာ အောက်မှ နဂါးကြီးက အရှိန်ဖြင့် ထိုးဆောင့်နေသည်။
" အွန်း....... အရမ်းနက်တယ် ... အ "
ချင်းရှီဟွမ် မင်းကြီးက ထိုသို့သာ ပြောနိုင်ပြီး ထိုက်ကျုံးနယ်စားကြီး၏ ကြမ်းတမ်းရက်စက်သော ခပ်နက်နက်ထိုးသွင်းချက်ကြောင့် သူ့ပုခုံးပေါ်တွင်သာ မျက်နှာမှောက်ကာ အသက်ကို အလုအယက်ရှုနေမိသည်။ ပါးစပ်ကလည်း အဆက်မပြတ်ထုတ်ညည်းနေမိသည်။
ထိုက်ကျုံးနယ်စားကြီး၏မျက်နှာက သွေးနီရောင် သမ်းကာ ချင်းရှီဟွမ် မင်းကြီး၏ နားရွက်များကို လျာနှင့်လျက်ပြီး နူတ်ခမ်းလေးကို စုပ်ယူသိမ်းပိုက်နေသည်။
ချင်းရှီဟွမ် မင်းကြီးသည် ခွန်အားကြီးကာ ကြံ့ခိုင်သန်စွမ်းလွန်းသည့် ချစ်သူ၏ ချစ်ဇောဟုန်ကို သဘောကျစွာ ခံစားရင်း အသက်ကို အလုအယက်ရှုနေရသည်။ အခုလို မတ်တပ်ရပ်လျက်အနေထားဖြင့် လေထဲ ပွေ့တင်ခံရပြီး ချစ်တင်းနှော ခံနေရသည့် ပုံစံက ရင်သပ်ရှုမောဖွယ် ကောင်းလှသလို အထဲထိ နက်နက် ရောက်သဖြင့် ချင်းရှီဟွမ် မင်းကြီးခမျာ အဆုံးစွန်ထိ ပြင်းရှသော ခံစားချက်ကြောင့် မျက်ဝန်းများထဲ မျက်ရည်များဝေ့သီကာ ချစ်စိတ်ဖြင့် မွှန်ထူကာ ဝေဝေဝါးဝါးလေးဖြစ်နေ တော့သည်။
အတော်ကြာအောင် မတ်တပ်အနေထားဖြင့် ချစ်တင်းနှောပြီးနောက် အရှင့်ကို ပွေ့ကာ သလွန်ပေါ်တင်ကာ ခြေထောက်များကို ပုခုံးပေါ်ထမ်းတင်ကာ အားပြင်းပြင်းဖြင့် အရှိန်မြှင့်ကာ ဆက်တိုက် ပစ်ဆောင့်လိုက်တော့သည်။
အခန်းထဲ အသားချင်း ရိုက်ခတ်သံက ခပ်မြန်မြန် ပေါ်ထွက်လာတော့သည်။
" အာ့.... အရမ်းမြန်တယ်...အာ့.... "
ချင်းရှီဟွမ် မင်းကြီးက ပင့်သက်ရှိုက်ကာ ညည်းလိုက်မိပေမယ့် ထိုက်ကျုံးနယ်စားကြီးက စိတ်တိုင်းကျ ချစ်တင်းနှောသည့် အရှိန်ကို လျှော့ဖို့ မရည်ရွယ်ပေ။
အရှင်နှစ်ပါး ချစ်တင်းနှောမှုစတင်ကတည်းက အပါးတော်မြဲ မိန်းမစိုးများနှင့် လူပျိုတော်သားများက အတွင်းဆောင်တံခါးကို ပိတ်ကာ အဝေးကို ရှောင်နေကြပေမယ့် အရှင်၏ အရိပ်သက်တော်စောင့်များ ကတော့ ဝေးဝေးကို သွားလို့မရပေ။ ဘေးခန်းတွင်၊ ပြတင်းပေါက် အပြင်ဘက်တွင်၊ ခေါင်မိုးပေါ်တွင် လုံခြုံရေးကို စောင့်ကြပ်နေကြရ ပေမယ့် အရှင်၏ ဆွဲဆောင်မှုနှင့် ပြည့်နေသည့် ချစ်ဆိပ်တက်ကာ ညည်းနေသည့် အသံများက သူတို့ကို အာခေါင် ခြောက်စေရုံသာမက အောက်ပိုင်းက ညီငယ်များကိုလည်း ထောင်ထ လာစေသည်။ မြင်သာမြင် မကြင်ရသည့် သူတို့ဘဝက အရှင်နှင့် အရှင့်ချစ်သူ စစ်နတ်ဘုရားတို့ ချစ်တင်းနှောသည်ကိုသာ နားဆင်ရင်း ဒုက္ခရောက်နေ တော့သည်။
အရှင်၏အသားအရေက တိုင်းပြည်နှစ်ခုလုံးက မိန်းမလှလေးတွေ၏ အသားရေထက် ပိုလှကာ မျက်နှာက နတ်ပြည်က နတ်သက်ကြွေလာသည့် နတ်သားလေးလို ချောလွန်းလှသည်။ ဉာဏ်ထက်ကာ ရဲစွမ်းသတ္တိလည်း ကောင်းသေးသည်။ အဆင်းကော အချင်းပါ ပြည့်ဝသော ဘုရင်ငယ် နံဘေးတွင် စိတ်ရောကိုယ်ပါ ထိန်းချုပ်ကာ အမှုတော်ကို ကျေပွန်အောင် ထမ်းရွက်နေကြသည်။
တာဝန်ချိန်ပြီးလျှင် သူတို့အတွက် သီးသန့်ဖွင့်လှစ်ပေးထားသော ဆောင်ကြာမြိုင်ကို ပြေးကာ ဖြေလျှော့ရမည်ဟု ယခုအချိန် တာဝန်ကျနေသော အရိပ်သက်တော်စောင့်များ တွေးနေသည်။ တလက်စတည်း ထိုက်ကျုံး နယ်စားကြီး၏ အရာရာကို ကြိုတွေးကာ စီမံထားနိုင်ကြောင်း သတိပြုမိလာသည်။
အရိပ်သက်တော်စောင့်များက အနားတွင်ရှိကာ အရှင်နှစ်ပါး ချစ်တင်းနှော သည့်အသံများကို ကြားကာ ယခုလို စိတ်ကြွမည်ကို ကြိုတင်သိသည့်အလား သူတို့အတွက် စိတ်ချရသည့် သီးသန့် ဆောင်ကြာမြိုင်ကို ဖွင့်ပေးကာ အခမဲ့ စိတ်ကြိုက်ပျော်ပါး ခွင့်ပြုထား သည်။ ဒါပေမယ့် အရိပ်သက်တော်စောင့်များက အရှင့်လုံခြုံရေးကို နည်းနည်းလေးမှ လျစ်လျုရှုခွင့်မပြုပေ။ တာဝန်မကျေလျှင် သေသည် ထက် ဆိုးသည့် အပြစ်ဒဏ်က စောင့်နေသောကြောင့် အရိပ် သက်တော်စောင့် အားလုံး တာဝန်ချိန်ပြီးချိန်မှ ဆောင်ကြာမြိုင် သွားဖို့ စိတ်ကူးပြီး ပတ်ဝန်းကျင်ကို မျက်စိလျှင်လျှင်ဖြင့် စောင့်ကြပ်နေ သည်။
ထိုက်ကျုံးနယ်စားကြီးက အရှင့်ကို အကြိမ်ပေါင်းများစွာ ထိုးသွင်းပြီး များပြားလှသည့် မျိုးမြတ်ရည်များကို အရှင့်ကိုယ်ထဲ ထုတ်လွှတ်ကာ ပြီးသွားခဲ့သည်။ ထိုက်ကျုံးနယ်စားကြီးက ပြီးဆုံးသွားပေမယ့် အရှင့်ကိုယ်ထဲ ထည့်ထားသည့် နဂါးကြီးကို ဆွဲမထုတ်ပဲ စိမ်ထားကာ အရှင့်၏ မျက်ရည်စတို့ ရစ်တွဲနေသည့် မျက်လုံးထောင့်ကို နမ်းရှိုက်ကာ ချစ်ကြောင်း တဖွဖွပြောနေသည်။
" ချစ်တယ်..ညီတော့်ကို ချစ်တယ်... ကိုယ့် အသက်ထက် ပိုချစ်တယ်။ နောင်တော်က တလောကလုံးက အကောင်းဆုံးဆိုတဲ့အရာအားလုံးကို ယူပြီး ညီတော့်ခြေရင်းမှာ ချပေးမှာ... "
" နောင်တော်...နောင်တော့်ကောင်ကြီးကို လောလောဆယ် ထုတ်ဦးလေ... "
" မထုတ်သေးဘူး... နောင်တော် မဝသေးဘူး "
" ဟမ်... တကယ်လား "
" တကယ်ပေါ့.. စစ်ချီသွားရင် ကိုယ်တို့နှစ်ယောက် ဘယ်လောက်တောင် ခွဲနေရမယ် မသိသေးဘူး။ ဒါကြောင့် ဒီ စစ်မထွက်ခင်တော့ ကိုယ်တို့ တဝကြီး ချစ်ရအောင်.. "
" နောင်တော့် သဘော.... အ.... နောင်တော်က အခုလေးတင်ပြီးသွားတာ မဟုတ်လား။ ဘယ်လိုလုပ်ပြီး ပြန်မာလာရတာလဲဗျာ... "
" ကိုယ့်ကောင်က ညီတော့်ကိုယ်ထဲရောက်နေရင် ဘယ်တော့မှ မပျော့တော့ဘူး စိတ်ချ.... ကဲ.. အချိန်ရှိခိုက် လုံ့လစိုက်ကြစို့.... "
မကြာခင် အခန်းထဲတွင် သွေးဆူဖွယ်ကောင်းလှသည့် အသံများ ဆူညံစွာ ထွက်လာပြန်တော့သည်။ အပေါ်က အရိပ်သက်တော်စောင့်များတော့ သေချင်စိတ်ပေါက်လာတော့သည်။
" စစ်သေနာပတိချုပ်ကြီးရေ...ကျွန်တော်မျိုးတို့ကို အသေသတ်ချင်နေတာလား။ ကျွန်တော်တို့ ညီငယ်လေးတွေ ပေါက်ကွဲတော့မယ်ဗျ... တော်ပါတော့ဗျာ... မင်းကြီးက ခံနိုင်ရည်ရှိပေမယ့် ကျုပ်တို့က မခံနိုင်တော့ဘူး..... "
ထိုနေ့ကတော့ အရိပ်သက်တောင်စောင့်များ ငိုရသည့် နေ့ဖြစ်ရလေပြီ။
==============*===============
KAMU SEDANG MEMBACA
Fiksi SejarahBoth zawgyi and Unicode font Historical fiction