Chapter ( 45 ) – ပိုင်ဆိုင်လိုစိတ်များသော ချစ်သူ
ချင်းရှီဟွမ် သည် စစ်ထူရှန့်ယွီကို အားနာစိတ်ဖြင့် ဦးဆောင်လိုက်သည်။ ပထမရည်ရွယ်ထားတာက တစ်ခါလောက်ချစ်တင်းနှောရုံနှင့် စစ်ထူရှန့်ယွီ ၏ လပေါင်းများစွာဆာလောင်မှုကို နည်းနည်းတော့ အာသာပြေစေမည်ဟု ထင်ထားခဲ့သည်။ လက်တွေ့မှာတော့ မီးတောင်တစ်ခုကို ပေါက်ကွဲအောင် သွားဆွမိသလိုဖြစ်ကာ ချင်းရှီဟွမ် မှာ ကိုယ်ဖော်သောဆေးနှင့် ကိုယ်ပြန်မိကာ အောက်မှနေပြီး သူ့ကိုတောင်းပန်လို့လည်းမရ၊ ခြိမ်းခြောက်လို့လည်းမရဘဲ အော်ရလွန်းလို့ လည်ချောင်းများပင် နာကျင်လို့လာသည်။
"မင်း ကိုယ်တော့်ကို အသေသတ်မလို့လား စစ်ထူရှန့်ယွီ .."
သုံးကြိမ်းမြောက်ပြီးလို့ လေးကြိမ်မြောက်ကိုစတင်တော့ မင်းယောက်ျားဆိုသည့်မာန်လည်း မထားနိုင်တော့ပေ။ ချင်းရှီဟွမ် တကယ်ထိတ်လန့်ကာ သူ့မျက်လုံးကိုစိုက်ကြည့်ပြီး မေးလိုက်သည်။
ချွေးစတို့ကပ်ငြိပြီး မျက်နှာတစ်ခုလုံး နီရဲနေသည့်အရှင့်သား၏ပုံစံလေးနှင့် ထိတ်လန့် နေပုံက စစ်ထူရှန့်ယွီ ၏ ရင်ထဲကမိစ္တာကောင်ကြီးကို ပြန်နှိုးဆွလိုက်သလိုဖြစ်ကာ လည်ပင်းကိုနမ်းစုပ်ကာ လှိုက်မောစွာပြောလိုက်သည်။
"အရှင့်သားက ဘုန်းကံရှင် အိမ်ရှေ့စံတစ်ပါးပါ.. ဘယ်သူက အရှင့်သားကို သေအောင်သတ်နိုင်မှာတဲ့လဲ.."
ချင်းရှီဟွမ် ၏မေးများကို ခပ်ဖွဖွကိုက်ကာ ကျီစယ်ရင်း စစ်ထူရှန့်ယွီက အရှင့်သား ခါးလေးကိုပင့်မကာ လှံတံတစ်ဆုံး ထိုးထည့်လိုက်သဖြင့် ချင်းရှီဟွမ် ၏ကိုယ်လေး ကော့တက်သွားကာ လှပသည့်မျက်ဝန်းလေးက မျက်ရည်ကြည်တို့ရစ်ဝဲသွားတော့သည်။
"အား.. စစ်ထူရှန့်ယွီ .. မင်း.. အ.."
ချင်းရှီဟွမ် သည် ချစ်ခြင်း၏ပျားရည်အိုင်ထဲ ကျဆင်းသွားသည့် စစ်ထူရှန့်ယွီကို ဘယ်လိုမှပြန်ခေါ်လို့မရတော့ပေ။ ပြင်းပြသည့်လှုပ်ရှားမှုများကြားထဲ ချင်းရှီဟွမ် ဘယ်လိုမှတောင့်မခံနိုင်တော့ဘဲ အသိစိတ်ကင်းလွတ်ကာ ပျော့ကျသွားတော့သည်။ စစ်ထူရှန့်ယွီသည် အရှင့်သား၏နှုတ်ခမ်းလေးကို ကြင်နာစွာနမ်းရှိုက်ကာ စတုတ္ထအကျော့ကို ပြီးအောင်ခရီးနှင်လိုက်ပြီး ကြင်နာယုယစွာဖြင့် အရှင့်သားကို သန့်ရှင်းပေးကာ အိပ်ယာထက် ညင်သာစွာသိပ်လိုက်သည်။
YOU ARE READING
Historical FictionBoth zawgyi and Unicode font Historical fiction