Chapter ( 37 ) – မုန်တိုင်းအလယ်
ချင်းရှီဟွမ် သည် စစ်ထူရှန့်ယွီ နှင့် ထမင်းလက်ဆုံစားရင်း ရင်ထဲ နွေးထွေးမှုတို့ စီးဆင်းနေသလို ခံစားလိုက်ရသည်။ သူ့ညီမတော်ကိုကြည့်သည့် မျက်ဝန်းများက တင်းမာနေသဖြင့် ချင်းရှီဟွမ် ရယ်ချင်သွားသည်။ စကတည်းက မိမိတို့နှစ်ဦးက တိုင်းပြည်တာဝန်၊ မိသားစုတာဝန်ကို ထမ်းဆောင်စရာရှိသည်။ နှလုံးသားချင်း ပေးအပ်ပြီး ချစ်ခြင်းကိုသာ ပေးအပ်နိုင်သည်ဆိုတာ သူ့ကို ကြိုတင်ပြောထားပြီး သူကိုယ်တိုင် လက်ခံထားပေမယ့် တကယ့်လက်တွေ့ကျတော့ သူက သည်းမခံနိုင်တော့ပေ။
ဒါလည်း ဖြစ်နိုင်ပါသည်။ အစ်မတော် ချင်းကျယ်ထျန်း နှင့် လက်ထပ်ထား သည့်တိုင် သူက အိပ်ဆောင်မဝင်ဘဲ မိမိအပေါ် သူ၏သစ္စာတရားကို သက်သေပြ ထားပေမယ့် မိမိကတော့ ကြင်ယာတော်နှစ်ပါးနှင့် လက်ဆက်ကာ အိပ်ဆောင်ဝင် ခဲ့သည်ဆိုတော့... ဒီလောက်ထိန်းချုပ်နိုင်တာပင် အင်မတန်တော်လှပြီဟု ဆိုနိုင်လေပြီ။
ချင်းရှီဟွမ် သည် သူ၏ စူးနင့်သည့်အကြည့်အောက်တွင် ရာဇအိန္ဒြကို မနည်း ထိန်းကာ ပုံမှန်အတိုင်း နေ့လည်စာကို ပြီးအောင်စားပြီးနောက် စစ်ထူဖေးယန် ကို ပြန်လွှတ်လိုက်သည်။ ညနေစာကို မစောင့်ဘဲ စားထားနှင့်ရန် မှာကြား လိုက်ပြီးနောက် သူ့ကိုစိုက်ကြည့်ကာ လိုရင်းပြောလိုက်သည်။
"မင်းရဲ့အစီအစဉ်ကို ကိုယ်တော့်ကို အသေးစိတ်ပြောပြတော့.."
စစ်ထူရှန့်ယွီသည် အရှင့်သား၏မျက်နှာကို မမှိတ်မသုန်ကြည့်နေရင်း မိမိ ရေးသားပြုစုခဲ့သည့် စာလွှာကို ဖြန့်ပြကာ ရှင်းပြလိုက်သည်။
စစ်ထူရှန့်ယွီ ၏မျက်ဝန်းထဲတွင် မည်မျှလွမ်းဆွတ်နာကျင်ရိပ် စွန်းထင်းနေပါစေ၊ စစ်သည်တော်များကို လေ့ကျင့်ပေးမည့်အကြောင်း စတင်ရှင်းပြသည်နှင့် မျက်ဝန်းများက တောက်ပကာ ငြိမ်သက်သွားတော့သည်။ စစ်ထူရှန့်ယွီ ၏စိတ်အာရုံတို့က ဒီအစီအစဉ်ထဲတွင် ပျော်ဝင်ပြီး အသေးစိတ်ကျကျ ရှင်းလင်းစွာ ပြောပြနေတော့သည်။
ဒီတစ်ခါတော့ ချင်းရှီဟွမ် ငေးရမည့်အလှည့်ပင်။ စစ်ရေးကိစ္စကို ကျွမ်းကျင် ပျော်ဝင်နေသည့် စစ်သူကြီးတစ်ဦး၏ တည်ကြည်ထက်မြက်သောပုံရိပ်က ချင်းရှီဟွမ် ၏ကိုယ်ထဲကသွေးများကို ဆူပွက်လာစေသည်။ တစ်စုံတစ်ခုကို အာရုံစူးစိုက်နေသည့် ယောက်ျားတစ်ယောက်က ဘယ်လောက်ဆွဲမက်ဖွယ် ဖြစ်သည်ကို ကိုယ်တွေ့ကြုံလိုက်ရတော့သည်။ သူ့ရှင်းပြချက်ကိုနားထောင်ရင်း ချင်းရှီဟွမ် ၏သွေးသားက သူ့ကို လိုချင်လာတော့သည်။ မိမိ၏ကိုယ်ထဲကို သူ့ပိုင်ဆိုင်သည့်အရာကို စုပ်ယူချင်လာသည်။ချင်းရှီဟွမ် အသက်ကို ပြင်းပြင်း ရှူရင်း တစ်ကိုယ်လုံး တရွရွတက်လာသည့်ခံစားချက်ကို လျစ်လျူရှုကာ သူ ပြောပြသည့်အကြောင်းအရာထဲ အာရုံစိုက်ရန်ကြိုးစားပေမယ့် ဒီလိုအရာက ပြေလျော့မသွားဘဲ အတိုးသာရှိလာသဖြင့် ချင်းရှီဟွမ် လက်သီးကိုသာ ဆုပ်လိုက်တော့သည်။
VOCÊ ESTÁ LENDO
Ficção HistóricaBoth zawgyi and Unicode font Historical fiction