Chapter ( 29 ) - စစ်ထူရှန့်ယွီ၏ မင်္ဂလာဦးည

1.6K 86 0
                                    

Chapter ( 29 ) – စစ်ထူရှန့်ယွီ၏ မင်္ဂလာဦးည


စစ်ထူရှန့်ယွီသည် ရေသုံးသပ်ပြီးနောက် မိမိချစ်ရသည့် တစ်ယောက်တည်းသောသူထံသို့ ဦးတည်လာခဲ့သည်။ အစောင့်အားလုံးကို ကွင်းရှောင်ကာ အရှင့်သားအိပ်ဆောင်ကို အတားအဆီးမရှိ ဝင်ရောက်လာခဲ့သည်။ ဖွင့်ထားသောပြတင်းပေါက်မှတစ်ဆင့် တိတ်တဆိတ်ခုန်ဝင်ကာ တံခါးကို ပြန်ပိတ်ထားလိုက်သည်။ ကြီးကျယ်ခမ်းနားလှသည့် အဆောင်ထဲတွင် ပျားဖယောင်းတိုင်၏အလင်းက တစ်ခန်းလုံးကို အလင်းပေးနေသည့်တိုင် ရှင်ရဲထွဋ်ရပ်နေသည့် နံရံဘက်ကိုတော့ အလင်းသိပ်မရောက်ပေ။ ပြီးတော့ အရှင့်သားက ပြတင်းပေါက်ဘက်ကို ကျောခိုင်းထားပြီး စားပွဲပေါ်မှာ တစ်ယောက်တည်း အရက်သောက်နေသဖြင့် စစ်ထူရှန့်ယွီရောက်နေသည်ကို လုံးဝသတိမပြုမိအောင် စိတ်ပျံ့လွင့်လို့နေသည်။

ပျားဖယောင်းမီးတိုင်၏ အလင်းအောက်ဝယ် တင့်တယ်သော ယောကျ်ားတစ်ယောက်၏ ကျောပြင်၊ အဖော်မပါဘဲ တစ်ယောက်တည်းငေးငိုင်ရင်း အရက်သောက်နေသည့်မြင်ကွင်းက စစ်ထူရှန့်ယွီကို နာကျင်မှုတိုးလာစေသည်။ အိပ်ခါနီး ရေးချိုးပြီးစအရှင့်သားက ဆံပင်များကို ထုံးနှောင်ထားခြင်းမရှိဘဲ ကျောပြင်ပေါ်ဖြန့်ချထားသောကြောင့် ဖြောင့်ဆင်းသောဆံပင်များက ရေတံခွန်လိုဖြာကျနေပြီး အရှင့်သားကို ခါတိုင်းလို ရင့်ကျက်သည့်ပုံမတွေ့ရဘဲ လူငယ်လေးတစ်ယောက်ဟန်ပန်ကို အပြည့်အဝတွေ့နေရသည်။

ချင်းရှီဟွမ်သည် အရက်တစ်အိုးလုံး သောက်ပြီးသည့်တိုင် မူးပြီးအိပ်ပျော်မသွားနိုင်အောင် ရင်ဘတ်ထဲက နာကျင်လှသဖြင့် ခပ်အက်အက်ရယ်မောလိုက်ပြီး မျက်ရည်တို့ရစ်ဝိုင်းလာသည်။ မည်သူမှမရှိသောကြောင့် ချင်းရှီဟွမ် မျက်လုံးကို လက်ခုံနှင့် ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်ကာ မိမိနှုတ်မှ သူ့နာမည်ကို ထုတ်ပြီးမတမ်းတမိအောင် အောက်နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။

နာတယ်..၊ ဒီအနာက ဘာနဲ့မှမတူအောင် နာတယ်။

ရင်ကိုခွဲလို့ အသည်းကိုဆားနဲ့သိပ်သလို ခံရခက်သည့်ဝေဒနာ...။

မုန်းမာန်ဖွဲ့ချစ်ခြင်း  (မုန်းမာန်ဖွဲ့ချစ်ခြင်း )Donde viven las historias. Descúbrelo ahora