မုန်းမာန်ဖွဲ့ချစ်ခြင်း _ Chapter (68) _ ကိုယ်စားအုပ်ချုပ်သူ ထားရှိခြင်း
စုမြို့စားဝူချီ နိုးလာချိန်တွင် နေမွန်းတည့်ချိန်ပင် ရောက်နေလေပြီ။ မျက်လုံးဖွင့်ကြည့်လိုက်သည်နှင့် ပထမဆုံး အသိဝင်လာတာက မနေ့ညက သူ့လူပျိုစင် အနောက်ပေါက်လေးကို ပေးလိုက်ရခြင်းဖြစ်သည်။ ရှက်စရာကောင်းလောက်အောင် သူ့ကို အပေါ်ကနေ နိုင်ထက်စီးနင်း ဓါးပြတိုက်ယူသွားသူက သူ့ကိုယ်လုပ်တော် အသစ်စက်စက် လူချောလေး ပင်ဖြစ်နေသည်။
ဝူချီ က ဒေါသဖြင့် ဝုန်းခနဲထထိုင်လိုက်စဉ် အနောက်ပေါက်က တံစို့ထိုးသလို နာကျင်လွန်းသည့် ဝေဒနာနှင့်အတူ အိပ်ယာပေါ်ကို ဘုန်းခနဲ ပြန်လဲကျသွားခဲ့ကာ မျက်ရည်ပင် ဝဲလာခဲ့သည်။
" အား.... "
ဝူချီ က လက်သီးကို တင်းတင်းဆုပ်ကိုင်ပြီး အာခေါင်ခြစ်အော်လိုက်မိသည်။ ယောကျာ်း၊မိန်းမ အလှမှန်သမျှကို အိပ်ဆောင်ထဲ သွင်းကာ ခြွေယူခဲ့သမျှ အခုတော့ မိမိက မုဆိုးကနေ သားကောင် ဘဝကိုရောက်ခဲ့လေပြီ။
" အရှင်နိုးပြီလား... ကျွန်တော် အရှင့်အတွက် ဆန်ပြုတ်သွားပြုတ်ခိုင်းနေပြီး ဆေးကြိုနေလို့ အရှင်နိုးလာတာကို မသိလိုက်ဘူး.. အရမ်းနာနေလား.. ဘာကြောင့် ထထိုင်လိုက်တာလဲ။ "
ကျီကွမ်း က အငွေ့တထောင်းထောင်းထနေသည့် ဆန်ပြုတ်နှင့် ဆေးရည်ပန်းကန်ကို ဗန်းလေးနှင့် သယ်ပြီး အိပ်ဆောင်ထဲကို ဝင်လာရင်းပြော လိုက်သည်။
" မင်း..မင်း.. ကျုပ် အနားကို မကပ်နဲ့... "
ကျီကွမ်း က ဗန်းကို စားပွဲပေါ်တင်ကာ သူ့နားကို ကပ်လာသဖြင့် ဝူချီ က အထိတ်ထိတ်အလန့်လန့်နှင့် ပြောလိုက်သဖြင့် ကျီကွမ်း က တိုးတိုးရယ်မောကာ ပြောလိုက်သည်။
" အရှင်က အမျိုးသားလေးတွေအများကြီးနဲ့ ပျော်ပါးဖူးတယ်ဆိုတော့ ဒီလောက်လေး နာတာကိုတော့ မမှုလောက်ဘူးလို့ ထင်ထားခဲ့တာ.. အရှင်က အရမ်းနုနယ်တာပဲ... "
" မင်းကြီးတော်ကြီးပဲ နုနယ်... ငါ မြို့စားမင်းက ရန်သူကို ရှေ့ဆုံးကနေ ဓါးဆွဲပြီးတိုက်ပွဲဝင်ခဲ့သူပါ... အခုက မတူဘူးကွ... "
BINABASA MO ANG
Historical FictionBoth zawgyi and Unicode font Historical fiction