Chapter (66) -🔞 မြောက်ပိုင်း ပိန်ကော်ပြည် ဘုရင်သစ် ထကြွလာခြင်း 🔞
တထန်မင်းဆက် 24 နှစ်မြောက် သို့ရောက်သော် တထန်ပြည်၏ တန်ခိုးသြဇာ အထွဋ်အထိပ်သို့ ရောက်ခဲ့သည်။ အိမ်နီးချင်း ချီတိုင်းပြည်၊ ဝေ့တိုင်းပြည်၊ တောင်ပိုင်းကျင်းပြည်ကို အောင်မြင်သည့်အပြင် လက်အောက်ခံမြို့ရွာများကို စုစည်းနိုင်ခဲ့ပြီး မူလတထန်ပြည်၏နယ်ပယ်က ပိုမိုကျယ်ပြန့်လာခဲ့သည်။ တထန်ရွှေမြို့တော်ကို ဗဟိုပြုသည့် အင်ပါယာနယ်နိမိတ်က ပိုမိုကျယ်ပြောလာသည့်အပြင် အတိုင်းတိုင်းအပြည်ပြည်မှ ကုန်သည်များ ကူးလူးသွားလာ ကုန်စည်ဖလှယ်သဖြင့် ကြက်ပျံမက စည်ကားလို့လာခဲ့သည်။
တထန်ပြည်ကြီးကို အတူတကွ လက်တွဲထူထောင်ခဲ့သည့် ချင်းရှီဟွမ် ဘုရင်ငယ်လေးနှင့် ယောက်ဖတော် စစ်ထူရှန့်ယွီတို့၏ အမည်သည်လည်း မကြားဖူးသူ မရှိလေအောင် ကျော်ကြားလို့လာခဲ့သည်။
ထိုအချိန်တွင် မြောက်ပိုင်း ပိန်ကော်ပြည်ဘုရင်ဟောင်းကို တူတော်သူက ပိုင်ချီကျန်းက လုပ်ကြံပြီးမြောက်ပိုင်း ပိန်ကော်ပြည် ကို သိမ်းယူခဲ့ကာ မင်းပြောင်းမင်းလဲဖြစ်ခဲ့သည်။ ပိုင်ချီကျန်း သည် ခက်ထန်ကြမ်းတမ်းကာ ရက်စက်သော မင်းတစ်ပါးဖြစ်ပြီး မြောက်ပိုင်း ပိန်ကော်ပြည် ကို သိမ်းယူကာစက မင်းကျင့်တရားနှင့် အညီတိုင်းပြည်ကို အုပ်ချုပ်ပေမယ့် နောက်ပိုင်းတွင် မှုးမတ်ကြီးများ၏ အကြံပြုချက်ကို မနာယူပဲ တရားလက်လွှတ်ပြုကျင့်လာ ခဲ့သည်။ သူနှင့် စိတ်သဘောထားမတိုက်ဆိုင်သူများကို သတ်ဖြတ်ခြင်း၊ ပြည်တွင်းက ချမ်းသာကြွယ်ဝသည့် သူဌေးတို့ထံမှစည်းစိမ်ကို အတင်းသိမ်းယူခြင်း၊ လက်အောက်ငယ်သားတို့ကို ညှင်းဆဲသတ်ဖြတ်ခြင်းတို့ကို လုပ်လာသဖြင့် ပိုင်ချီကျန်း အသက်ရှည်ခြင်းက ပိန်ကော်ပြည် ပျက်စီးတော့မည်ဟု ဆင်ခြင်ကာ အမတ်ချုပ်ကြီးက ပိုင်ချီကျန်း ကို ပရိယာယ်ဖြင့် မီးပုံပွဲတော်ကို နန်းမြို့တော် အပြင်ဘက် တော်ဝင်ဥယျာဉ်ကြီးတွင် ကျင်းပရန် သွေးဆောင် လျှောက်တင်ခဲ့ သည်။ ပိုင်ချီကျန်း ပျော်မြူးကာ သေရည်သောက်စား မူးယစ်နေစဉ် ဓါးဖြင့် ပိုင်းကာ လုပ်ကြံခဲ့သည်။
ပိုင်ချီကျန်း ကွယ်လွန်ပြီးနောက် မှုးမတ်များက အမတ်ချုပ်ကြီးကို မင်းကြီးအဖြစ် တင်မြှောက်ပေမယ့် ငြင်းပယ်ကာ ရဟန်းဘောင်ကို ဝင်သွားခဲ့သည်။ မြောက်ပိုင်း ပိန်ကော်ပြည် ဘုရင်နေရာ အတွက် မင်းသားတစ်ပါးဖြစ်သည့် ပိုင်တင်းအန်းကို တင်မြှောက်ရန် အကြံပြုခဲ့ပြီး မြို့တော်မှ ထွက်သွားတော့ သည်။ ထို့ကြောင့် မြောက်ပိုင်းမင်းသား ပိုင်တင်းအန်းက ပိန်ကော်ပြည် ထီးနန်းကို ဆက်ခံသိမ်းပိုက်ကာ ပိန်ကော်ပြည် ဘုရင်သစ် ဖြစ်လာခဲ့သည်။
ပိုင်တင်းအန်း က မြောက်ပိုင်း ပိန်ကော်ပြည် ဘုရင်အဖြစ်ကို ရောက်လာပြီးနောက် တောင်ပိုင်း တထန်မှ လူငယ်ဘုရင်နှင့် စစ်သူကြီးက တိုင်းပြည်ကို ချဲ့ထွင်သည်ကို မျက်ဝါးထင်ထင်မြင်ခဲ့လို့ အားကျတော်မူပြီး သူ၏ ညီနောင် နယ်စား 6 ဦးကို မြောက်ပိုင်း ပိန်ကော်ပြည် ကို ဆင့်ခေါ်ကာ ပိန်ကော်ပြည်ကို ချဲ့ထွင်ရန် တိုင်ပင်တော့သည်။
" ပိုင်ချီကျန်း လက်ထက်က ငါတို့ ချီအန်းပြည်နယ်ကို တိုက်ပေးဖို့ ဆင့်ခေါ်ခဲ့တုန်းက ငါတို့ဆီမှာ တိုက်လှေအငယ်တွေပဲ ရှိပြီး ကျင်းပြည်ဘုရင်သစ် ချင်းရှီဟွမ် တို့ဘက်က တိုက်လှေ အများကြီးရှိလို့ ချီအန်းပြည်နယ်ကို လက်လွှတ်လိုက်ရတယ်။ အခု ငါတို့ တိုက်လှေကြီးတွေကို ပိန်ကော်ပြည် မှာတည်ဆောက်ပြီးချီအန်းပြည်နယ်ကို တိုက်ခိုက်သိမ်းယူရင် အလွယ်တကူ ရနိုင်လိမ့်မယ်။ ပြီးရင် ငါတို့ စစ်သည် လက်နက်ဖြည့်တင်းပြီး တထန်ပြည်ကို ချီတက်သိမ်းပိုက်မယ်။ တထန်ပြည်ကိုရရင် ရေတပ်၊ ကြည်းတပ်အပြည့်နဲ့ ကျင်းပြည်ကို ချီတက်လုပ်ကြံမယ်။ ဒါဆိုရင် ချင်းရှီဟွမ် က ငါတို့လက်က လွှတ်နိုင်ပါ့မလား "
ပိုင်တင်းအန်း နှင့် နယ်စား ခြောက်ဦးက သေချာတိုင်ပင် အစီစဉ်ရေးဆွဲပီး တိုက်လှေကြီးတွေကို တည်ဆောက်ကာ လူသူစုဆောင်းတော့သည်။
တထန်မင်းဆက် 24 နှစ်မြောက် ခုနှစ်လပိုင်း 12 ရက်နေ့တွင် မြောက်ပိုင်း ပိန်ကော်ပြည် ဘုရင် ပိုင်တင်းအန်း နှင့်အပေါင်းအပါ နယ်စား 6 ဦးတို့သည့် စစ်သည် ဗိုလ်ပါ အလုံးအရင်းဖြင့် ချီအန်းပြည်နယ်ကို ချီတက်လုပ်ကြံတော့သည်။ ချီအန်းပြည်နယ်ဘုရင်ခံ အမတ်ကြီး ရှန့်ကွမ်းဝူတိ က မြောက်ပိုင်း ပိန်ကော်ပြည် တပ်များ ချီတက်သည်ကို ကြားသည်နှင့် ချင်းရှီဟွမ် ထံ ခြေမြန်တော်လွှတ်လိုက် သည်။
ချင်းရှီဟွမ် က ထိုသတင်းကြောင့် ချီအန်းပြည် နှင့် နီးသည့် လက်အောက်ခံ မြို့တွေက စစ်သည်နှင့် လက်နက်၊ရိက္ခာတို့ကို ချီအန်းပြည်နယ်သို့ပို့စေပြီး မြို့ရိုးပေါ်တွင် လက်နက်စိန်ပြောင်း၊အမြောက်တပ်ကာ အလုံးအရင်းဖြင့် အခိုင်အမာ ခံစစ်ပြုထားစေသည်။
ထို့ကြောင့် မြောက်ပိုင်း ပိန်ကော်ပြည် တပ်များ ချီတက်လာတော့ မြို့ရိုးပေါ်က ပစ်ခတ်သည့် လက်နက်ကြီးများကြောင့် ခပ်လှမ်းလှမ်းကသာ ချီအန်းပြည် မြို့တော်ကို ဝန်းရံထားရုံသာ တတ်နိုင်ခဲ့သည်။
ချင်းရှီဟွမ် သည် တိုးတက်လာသည့် နိုင်ငံတော်ကို တည်ငြိမ်အောင် လုပ်နေသည့် ကိစ္စဖြင့် အလုပ်များနေစဉ် မြောက်ပိုင်း ပိန်ကော်ပြည် ဘုရင်သစ်က တစ်စခန်းထ လာသဖြင့် စစ်ရေးညီလာခံကို ခေါ်ယူရပြန်သည်။ ဒီလိုပုံစံဖြင့် စစ်ဖြစ်နေပါက နိုင်ငံတော် စီးပွားရေးတိုးတက်အောင်၊ တိုင်းသူပြည်သားတွေအတွက် အေးချမ်းတည်ငြိမ်အောင် ဘယ်တော့မှများ လုပ်ပေးနိုင်တော့မလဲဟု ညည်းညူမိတော့သည်။
"အခု မြောက်ပိုင်း ပိန်ကော်ပြည် တပ်တွေ ဝိုင်းနေတဲ့ ချီအန်းပြည်နယ်ကို ဘယ်လို စစ်ရေးဗျူဟာနဲ့ လုပ်ကြံသင့်သလဲ စစ်သူကြီးတို့ မောင်မင်းတို့ အမြင်ကို တင်ပြကြပါဦး "
ကျိုးလုနယ်စား လန်ချင်း က စစ်ပွဲအခြေနေ စုံစမ်းရသမျှကို တင်လျှောက်ခဲ့သည်။
" အရင်တစ်ခါ ပိုင်တင်းအန်း က နယ်စား ဘဝနဲ့ ချီအန်းပြည်နယ်ကို လာရောက်ကူညီစဉ်က သူတို့က စစ်သည်နဲ့ တိုက်လှေ အနည်းငယ်သာပါလာခဲ့ပြီး ကျွန်တော်မျိုးတို့ဘက်မှာ စစ်သည် လက်နက်တို့ အရေးသာလို့ သူတို့ကို အလွယ်တကူ အနိုင်တိုက်နိုင်ခဲ့ပါတယ် အရှင်မင်းကြီး၊ အခုတော့ ပိုင်တင်းအန်း က အရင်က ရှုံးခဲ့တဲ့ ချီအန်းပြည်နယ်ကို အနိုင်တိုက်ချင်တဲ့အတွက် နယ်စား 6 ဦးကို စည်းရုံးပြီး တစ်ပြိုင်တည်း စစ်သည် အပြည့်စုံအပြင် ရေတပ်ကို အင်အားဖြည့်ပြီး ရောက်လာကြောင်းပါ.... သူတို့ကို ရေကြောင်းနဲ့တိုက်မယ်ဆိုရင် ကြည်းတပ်အား နည်းပြီး ကြည်းတပ်ကို အားဖြည့်ရင် ရေတပ်အားနည်း နိုင်ကြောင်းပါ "
စစ်ထူရှန့်ယွီ က ထိုစကားကို ချင်းရှီဟွမ်ထံ ဆက်ပြီးလျှောက်တင်ခဲ့သည်။
" အခု မြောက်ပိုင်း ပိန်ကော်ပြည် က ကြည်းတပ်၊ ရေတပ် အင်အားဖြည့်လာ တဲ့အတွက် ကျွန်တော်မျိုးတို့လည်း ကြည်းရေ စစ်မျက်နှာပြင် နှစ်ခုကို တပြိုင်တည်း ဖွင့်သင့်ကြောင်းပါ အရှင်။ အရှင်မင်းကြီးက ရေတပ်ကို ဦးဆောင်တော်မူပြီး ကျွန်တော်မျိုးက ကြည်းတပ်ကို ဦးဆောင်ပြီး တပြိုင်တည်း တိုက်ရင် မြောက်ပိုင်း ပိန်ကော်ပြည် တပ်တွေ ခံနိုင်မှာ မဟုတ်ကြောင်းပါ.... "
စစ်သူကြီးများစွာကလည်း စစ်ထူရှန့်ယွီ ၏ အဆိုကို ထောက်ခံကြသည်။
" မှန်လှပါ။ အိမ်ရှေ့စံ ကိုယ်တော်ကြီးတင်လျှောက်တဲ့ စစ်ရေးဗျူဟာက သင့်မြတ်လှကြောင်းပါ။ တကယ်လို့ မြောက်ပိုင်း ပိန်ကော်ပြည် တပ်တွေ ချီအန်းပြည်နယ်က ဆုတ်ခွာရင် သူတို့ပစ်မှတ်က တထန်ပြည် မြို့တော် ဖြစ်နိုင်လို့ တထန်ပြည်ကို တပ်တော်ဖြည့်ပြီး ကာကွယ်ထားရင် သူတို့ လှမ်းမယ့် ခြေလှမ်းကို အကုန် ပိတ်ဆို့ပြီးသား ဖြစ်နိုင်ကြောင်းပါ "
ချင်းရှီဟွမ် က မှုးမတ်၊ စစ်သူကြီးများ တင်လျှောက်သည့် စစ်ရေးဗျူဟာကို ခြုံငုံသုံးသပ်ပြီး နောက် မည်သူမှ စစ်ထူရှန့်ယွီ တင်ပြသည့် စစ်ရေးထက် ကောင်းမွန်ခြင်းမရှိသဖြင့် စစ်ထူရှန့်ယွီကို ရှီအန်းပြည်နယ် တိုက်ပွဲအတွက် အထူးအာဏာကုန်လွဲအပ်ကာ စီစဉ်စေသည်။
ချီအန်းပြည်နယ်ကို ချီတက်ရာတွင် ချင်းရှီဟွမ် ဦးဆောင်သည့် တပ်မကြီး အပါအဝင် တပ်ပေါင်း 12 တပ်ဖြင့် ချီတက်ခဲ့သည်။ တိုက်လှေ 800၊ ရိက္ခာလှေ 500၊ တို့အပြင် တိုက်လှေပေါ်တွင် ပေါ်တူဂီလူမျိုး အမြောက်တပ်သားများကို ဝတ်စုံပြည့်ဆင်ယင်စေပြီး စိန်ပြောင်း အမြောက်တို့ကို ပစ်ခတ်ဖို့ တာဝန်ပေးထားသည်။ ရေ တပ်တွင် တပ်သား 90000 ဖြင့် ချီအန်းပြည်နယ် ကို အင်အားအပြည့်ဖြင့် ချီတက်လာခဲ့သည်။
စစ်ထူရှန့်ယွီ ဦးဆောင်သည့် ကြည်းတပ်တွင် မြင်း 2000၊ တပ်သား 120000 ဖြင့် ချီအန်းပြည်နယ်ကို အလုံးအရင်းဖြင့် ချီလာသည်။
မြောက်ပိုင်း ပိန်ကော်ပြည် ဘုရင် ပိုင်တင်းအန်းက ချင်းရှီဟွမ် ယခုလို ကြည်းတပ်၊ ရေတပ် အင်အားအပြည့်ဖြင့် ချီလာသည်ကို ကြားတော့ ချီအန်းပြည်နယ်မှာ နှစ်ဖက်ညှပ် တိုက်ခံရမည်စိုးလို့ တပ်ကို ဆုတ်ခွာပြီး မြောက်ဘက် ဆယ်မိုင်ကျော်အရပ်မှာ တပ်တော် အခိုင်အလုံချကာ စစ်ကြောင်း နှစ်ခုကို ခုခံတော့သည်။
မြောက်ပိုင်း ပိန်ကော်ပြည် ဘုရင်နှင့်တိုက်သည့်ပွဲကို စစ်ထူရှန့်ယွီကို စိတ်တိုင်းကျ လုပ်ဖို့ ချင်းရှီဟွမ် က အာဏာကုန်လွှဲအပ်လိုက်သည်။
ချင်းရှီဟွမ် က တပ်သား 4000 ကို အမြောက်၊ စိန်ပြောင်းများတင်စေပြီး အထက်အညာကို အနောက်ဘက် လမ်းကြောင်းမှ ချီတက်စေသည်။ ပိုင်တင်းအန်း က ထိုတပ်ကို အင်အားနည်းသည်ဟု ဆိုပြီး ဝင်တိုက်စဉ် ရေတပ်မှတိုက်လှေတွေ နှင့် လိုက်ပါလာသည့် တပ်များထံမှ သေနတ်ဖြင့် လှမ်းပစ်သဖြင့် နယ်စား တွေရဲ့ လှေတပ်တစ်တပ်က လှေတွေ လက်နက်ထိမှန်ကာ ကွဲထွက်ကုန်ပြီး တပ်ပျက်ကုန်သည်။
ထိုနယ်စား တပ်ပျက်လျှင် ချင်းရှီဟွမ် ၏တပ်များက ရှေ့မှ မြို့ကို ဆန်တက်ကာ အခိုင်အမာ စခန်းချပြီး မြစ်အထက်မှ နယ်စားတွေရဲ့ ရိက္ခာထောက်ပံ့သည့် လှေကို တားဆီးပစ်ခတ်ကာ အထောက်အပံ့ကို ဖြတ်ပစ်လိုက်သည်။ နယ်စား တပ်များလည်း ရိက္ခာပြတ်လပ်သည့် ဒဏ်ကို မခံနိုင်သည့်အဆုံး ပတ်ဝန်းကျင်ကို ရိက္ခာရှာထွက်စဉ် စစ်ထူရှန့်ယွီ ဦးစီးသည့် ကျင်းပြည်ကြည်းတပ်တွေရဲ့ မျိုးဖြုတ်သတ်ဖြတ်ခြင်းကို ခံရတော့သည်။ ဘယ်လိုပင် ပြန်လည် ခုခံ တိုက်ခိုက် ပေမယ့် နယ်မြေတောတန်းကို ကျွမ်းကျင်ပြီး လျင်မြန်ပြင်းထန်သည့် တိုက်စစ်ကြောင့် နယ်စား တပ်များ တစ်တပ်ပြီတစ်တပ် အမှည့်ခြွေခံ နေရပါများတော့ ပိုင်တင်းအန်း က တပ်အားလုံးကို စုစည်းကာ ပြန်ဆုတ်တော့သည်။
စစ်ထူရှန့်ယွီ ရန်လာစတုန်းက လာစပြီးခုမှ နောက်ဆုတ်ပြေးသည်ကို လက်မခံပဲ နောက်မှ ထပ်ချပ်မခွာ လိုက်ပြီး ထိုးစစ်ဆင်တော့သည်။ စစ်ထူရှန့်ယွီကိုယ်တိုင် အထူးတိုက်ဆင်ကို ချွန်းဖွင့်ကာ စစ်သည် 3000၊ အရံတိုက်ဆင် 30 ဖြင့် နောက်မှ တရကြမ်းလိုက်တော့သည်။ နယ်စား တပ်များက နတ်စစ်သည်ကဲ့သို့ ထပ်ချပ်မကွာလိုက်လာသည့် စစ်ထူရှန့်ယွီ ကြောင့် ကြောက်သွေးမွှန်ကာ တပ်က 4 ပိုင်းကွဲကာ ဆင်မြင်းသုံ့ပန်းများစွာကို စစ်ထူရှန့်ယွီ ရလိုက်သည်။
နယ်စား များ၏ရေတပ်လည်း ကြည်းတပ် အရေးမလှသည်ကို ကြားတော့ တပ်ဆုတ်ပြေးရာချင်းရှီဟွမ် က ရေတပ်ဖြင့် ထပ်ချပ်မခွာ လိုက်ကာ အမြောက်ဖြင့်ပစ်သည်။ နယ်စား များ၏ ရေတပ်က ချုံကင်းမြို့ ကို ဝင်ကာ တစ်ထောက်နားရင်း သူတို့ကို အညံ့ခံသည့် ချုံကင်းမြို့စားနှင့် သားမယားများကို ခေါ်ကာ မြောက်ပိုင်း ပိန်ကော်ပြည် သို့ တပ်ဆုတ်ပြေးတော့သည်။
ပိုင်တင်းအန်း သည့် မြစ်အထက်ကို ဆန်တက်ကာ ဆက်ပြေးလာစဉ် ရီချန်းမြို့စားလည်း အညံ့ခံကာ မြောက်ပိုင်း ပိန်ကော်ပြည် ကို လိုက်ပါသွားခဲ့သည်။ မြောက်ပိုင်း ပိန်ကော်ပြည် တပ်များက ချုံကင်း နှင့် ရီချန်းမြို့မှ မူလတပ်များဖြင့် မြို့ရိုးကို အခိုင်အမာပြုကာ ခံစစ်ပြုကျန်ရစ်ပြီး မြောက်ပိုင်း ပိန်ကော်ပြည် ဘုရင်ပိုင်တင်းအန်း ပြေးလို့လွတ်စေရန် ခံတိုက်ပေးထားသည်။
ချင်းရှီဟွမ် သည် ချုံကင်းမြို့ ကို 3 ရက်ဖြင့် ဝန်းရံသိမ်းပိုက်ပြီးနောက် ယန်ဇီမြစ် အထက်ပိုင်းရှိ ရီချန်းမြို့အပါဝင် မြို့ငါးမြို့တို့ကို အကုန် တိုက်ခိုက်သိမ်းပိုက်ခဲ့ သည်။ ထိုဒေသများတွင် မိမိ လက်အောက်စစ်ကဲ၊စစ်မှုးများကို မြို့စား၊များ ခန်အပ်လျက် တပ်တော်တစ်ချို့ကို ထားရစ်ကာ ယန်ဇီမြစ် ၏ အရှေ့နှင့်အနောက်တွင် ကင်းတို၊ ကင်းရှည်ထားခဲ့သည်။
စစ်ထူရှန့်ယွီသည်လည်း မြို့များစွာကို တိုက်ခိုက်သိမ်းယူပြီး ကျင်းပြည် လက်အောက်ခံထဲ သွပ်သွင်းခဲ့သည်။ မြောက်ပိုင်း ပိန်ကော်ပြည် ဘုရင်သစ် ပိုင်တင်းအန်း ရဲ့ စစ်ချီတိုက်ခိုက်မှုကို လိုက်လံချေမှုန်းရင်း တစ်လက်စတည်း အရင်က မရခဲ့သည့် ယန်ဇီမြစ် အထက်ပိုင်း ဒေသရှိမြို့ရွှာများမှ မြို့စားများကို သိမ်းသွင်းကာ လက်အောက်ခံ ပြုခဲ့ကြသည်။
မြောက်ပိုင်း ပိန်ကော်ပြည် ဘုရင် ပိုင်တင်းအန်း နှင့် စော်ဘွှား 6 ဦး၏တပ်များပင် မခုခံနိုင်သည့် စစ်ဘုရင်နှစ်ပါး၏တပ်တော်ကို ယန်ဇီမြစ် အထက်ပိုင်းမှ မြို့စားများက အဘယ်မှ တောင့်ခံနိုင်ပါ့မလဲ။ သူတို့မြို့ကို ချီလာပြီဆို ကတည်းက မြို့တံခါးဖွင့်ကာ အဆင့်သင့် ကြိုဆိုပြီး အညံ့ခံကြတာ များသည်။ မိမိကိုယ်ကို မာန်တက်ကာ ဦးမညွတ်ချင်သည့် မြို့စားများကိုတော့ စစ်ထူရှန့်ယွီ စိစိညက်ညက်ကြေအောင် ချေမှုန်းပစ်ကာ စစ်သုန့်ပန်း အဖြစ် ကျင်းပြည်ကို ဖမ်းဆီးပို့ ဆောင်ပစ်လိုက်သည်။
ပြန်လည်ခုခံသည့် မြို့ရွာများကတော့ မသက်သာ လှပေ။ စစ်စရိတ်အဖြစ် ထိုမြို့ထဲမှ သူဌေးသူကြွယ် တွေက ရွှေငွေတွေကို နင့်နေအောင် ပေးရတော့သည်။
စစ်ထူရှန့်ယွီ နှင့် ချင်းရှီဟွမ် တို့ မင်းနှစ်ပါးက ယန်ဇီမြစ် အထက်တကြောတွင် တိုက်ခိုက်ကာ နယ်ပယ်ချဲ့ထွင်ရင်း ညအချိန်မှာ ချစ်ကြည်နူးဖို့လည်း မမေ့ကြပေ။
စစ်ထူရှန့်ယွီ တိုက်ခိုက်ရေးကို တာဝန်ယူပြီး ချင်းရှီဟွမ် က အနိုင်ရလိုက်သည့် မြို့ရွာတွေရဲ့ အုပ်ချုပ်ရေး၊ တရားဥပဒေပိုင်းနှင့် ပြည်သူများကို စိတ်အေးအောင် နှစ်သိမ့်ဖို့ တာဝန်ယူသည်။ ချင်းရှီဟွမ်ဘုရင်ပျိုလေး၏ နတ်သားတမျှ ချောမောလှပသည့် မျက်နှာ၊ ပရိယာယ် ကြွယ်ဝသည့် အပြောအဆိုတို့ကို ကြားရပြီးနောက် အညံံ့ခံလာသူအပေါင်းတို့က စိတ်ရောကိုယ်ပါ ချင်းရှီဟွမ် ကို နှစ်သက်ကြည်ညိုလာကြပြီး သစ္စာရေကို လိုလားစွာ သောက်ကြတာ များသည်။
ချင်းရှီဟွမ် ၏ တဖက်သားအပေါ်လွှမ်းမိုးနိုင်စွမ်းကို စစ်ထူရှန့်ယွီပင် အံ့သြလေးစားရသည်။ တစ်ခါက လက်အောက်ခံ မြို့စားတွေကို စုစည်းပြီး ညစာစားပွဲ လုပ်ပေးနေစဉ် စစ်ထူရှန့်ယွီ ဒေါသတကြီးဖြင့် ခုံကို ထုပစ်လိုက်မိသည်အထိ သည်းမခံနိုင်ဖြစ် ခဲ့ရသည်။
"ဒုန်း"
"အတင့်ရဲလှချည်လား...... ဒီမျက်လုံးတွေက ထိုးဖောက်ခံချင်နေပြီထင်တယ်"
ချင်းရှီဟွမ် က ရုတ်တရက် စားပွဲခုံကျိုးအောင် လက်သီးဒဏ်ပြင်းလှသည့် ချစ်ခင်ပွန်းကို နားမလည်သလို တချက်ကြည့်လိုက်သည်။ စစ်ထူရှန့်ယွီ သူ့ကို မကြည့်ပဲ အသက် 30 အရွယ် ယွဲ့ယန် မြို့စားကို လူသတ်ချင်သည့် မျက်ဝန်းများ ဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်တော့ သဘောပေါက်သွားသည်။
ဒီယွဲ့ယန် မြို့စား ဝူချီ က ညစာစားပွဲ စကတည်းက မိမိ မျက်နှာကို တပ်မက်စွာ ကြည့်နေသည်ကို သတိထားမိပေမယ့် အကြည့်တစ်ခုဖြင့် ကျန်ကိစ္စများကို မနှောင့်နှေးစေချင်သောကြောင့် မသိဟန်ပြုကာ လျစ်လျူရှုထားခဲ့သည်။ ဘာပဲပြောပြော ဝူချီ က ချောချောလှလှမှန်သမျှ ယောက်ျား၊မိန်းမမရွေး လိုက်စားသည် ဆိုပေမယ့် ကျန်သည့် အုပ်ချုပ်ရေးပိုင်းကို တာဝန်ကျေသည်။ သူများသားမယားကိုလည်း အတင်းအကျပ် ရယူသည်ဟုလည်း မကြားဖူးပေ။ သူ့ဖာသာ ကြည်ဖြူလာသူကိုပဲ စားသုံးတယ်လို့ ကြားဖူးလို့ မိမိကို တပ်မက်စွာ လျှို့ဝှက် ကြည့်နေ သည်ကို မသိယောင်ပြုထားခဲ့သည်။ အနောက်ဆုံးမှာ ပုန်းလျှိုးကွယ်လျိုးနဲ့ ကြည့်နေသည်ဖြစ်လို့ သူ မမြင်လောက်ပါဘူးလို့ ထင်ထားခဲ့ပေမယ့် မျက်စိလျှင်သည့် စစ်ဘုရင်ကြီးက မြင်ဖြစ်အောင်မြင်ကာ ဒေါသပေါက်ကွဲချေပြီ။
"အဟမ်း...နောင်တော်... ဘာကိုများ ဒေါသထွက်နေတာပါလဲ"
စစ်ထူရှန့်ယွီက မိမိ ပြောလိုက်သည့်တိုင် မသိယောင်ပြုကာ ချစ်သော နှလုံးသည်းပွတ်လေးကို ဆက်လက် ခိုးကြည့်နေဆဲဖြစ်သော တဏှာရူးကြောင့် ထိုင်ရာမှ လွှားခနဲထကာ ညစာစားပွဲ နောက်ဆုံးနားက လူတွေကို ကွယ်ပြီးနေသည့် ဝူချီ ကို ဂုတ်မှကိုင်ကာ ရှေ့ မြေကွက်လပ်ကို တွန်းပို့လိုက်သည်။
"အား...အိမ်ရှေ့စံကိုယ်တော်ကြိး... အထင်လွဲတာပါ.. ကျွန်တော်မျိုးကို ကယ်တော်မူပါ အရှင်မင်းကြီး...မတရား ခံရတာပါ"
ဝူချီ က လုံလှပြီထင်ပေမယ့် ကြမ်းတမ်းလှသည့် စစ်ဘုရင်ကြီး၏ လက်ချက်ဖြင့် လူပုံအလယ်က မြေကွက်လပ်ကို ပစ်ချခံလိုက်ရသောကြောင့် ကြောက်လန့်တကြား အော်ဟစ်ကာ တောင်းပန်လိုက်ရတော့သည်။
ချင်းရှီဟွမ် က တခြားအရာကို သည်းခံနိုင်ပေမယ့် မိမိနှင့်ပတ်သတ်လာရင် အထိမခံသည့် နောင်တော်ရဲ့လုပ်ရပ်ကြောင့် သက်ပြင်းဖွဖွချလိုက်ရတော့သည်။
"နောင်တော်.... ဘာများဖြစ်လို့ပါလဲ"
"ညီတော် မင်းမြတ်ကို လျှောက်တင်ပါတယ်။ ဒီ ငမိုက်သားက ညီတော်ရဲ့ လှပတဲ့ ရုပ်ဆင်းသွင်ပြင်ကို တပ်မက်တဲ့ မျက်လုံးတွေနဲ့ တဏှာငမ်းငမ်း ပြစ်မှားနေလို့ ကျွန်တော်မျိုး ဆွဲထုတ်ခဲ့ရကြောင်းပါ... "
ဝူချီ က လူပုံအလယ်တွင် ခုလို မိမိ၏ အပြစ်ကို မရှက်မကြောက် လျှောက်တင်မည် မထင်ထားသောကြောင့် ချွေးသီးချွေးပေါက် ကျလာပြီး ချင်းရှီဟွမ် ၏ ခြေအစုံကို ပြေးဖက်ကာ တောင်းပန်ရတော့သည်။
ဒါပေမယ့် ချင်းရှီဟွမ် ၏ ခြေထောက်ကို မထိရသေးခင် စစ်ထူရှန့်ယွီ ၏ ကန်ချက်ကို မိကာ ဘေးက တိုင်လုံးကို သွားဆောင့်မိပြီး နာကျင်စွာအော်ဟစ် ငိုယိုနေတော့သည်။
"အား...အရှင်.အရှင်.. ကျွန်တော်မျိုး အထင်လွဲ ခံရတာပါ... ကျွန်တော်မျိုးက အရှင့်ရဲ့ ဘုန်းကံနဲ့ အရည်အချင်းကို လေးစားအားကျ တော်မူလွန်းလို့ မျက်လုံးထဲ စွဲနေအောင် မှတ်သားနေတာပါဘုရား။ စစ်ထူရှန့်ယွီကိုယ်တော်ကြီး ပြောသလို မတော်မတရား စိတ်ထား မထားဝံ့ကြောင်းပါ ... မတရားခံရ တာပါဘုရား. ကျွန်တော်မျိုးအသက်ကို.....ကယ်တော်မူပါ"
ကျန် မြို့စားများက ဝူချီ ရဲ့ အကြောင်းကို သိသူပီပီ စစ်ထူရှန့်ယွီ ကိုယ်တော်ကြီး အမှန်ပြောသည်ကို သိလိုက်သည်။ ဒါပေမယ့် အားလုံးက ဒူးထောက်ကာ မင်းကြီးကို ဝူချီကိုယ်စား တောင်းပန်ပေးလိုက်ကြသည်။
"အရှင်မင်းကြီး သည်းခံခွင့်လွှတ်ပေးတော်မူပါဘုရား"
"အရှင်မင်းကြီး သနားဂရုဏာသက်တော်မူပါဘုရား"
"အရှင်မင်းကြီး ဝူချီ ကို ရည်ရွယ်ချက် ကောင်းမွန်ပေမယ့် မြင့်မြတ်တဲ့ အရှင့်ရဲ့ မျက်နှာတော်ကို စိုက်ကြည့်မိတဲ့အတွက် ထိုက်သင့်တဲ့ အပြစ်ဒဏ်ချတော်မူပြီး အသက်က ချမ်းသာပေးတော်မူပါဘုရား"
ချင်းရှီဟွမ် က ဒူးထောက်တောင်းပန်နေသည့် နယ်စား မြို့စားများကို တချက်ကြည့်ကာ စစ်ထူရှန့်ယွီကို စိုက်ကြည့်ပြီး ပြောလိုက်သည်။
"ကောင်းပြီ။ မြို့စားကြီးတို့ရဲ့ ပန်ကြားချက်ကြောင့် ယွဲ့ယန် မြို့စားကို ငါကိုယ်တော် အသက်ချမ်းသာပေးတော် မူမယ်။ ဒါပေမယ့် နောင်တော်က စိတ်အနှောက်ယှက် ဖြစ်သွားရတဲ့အတွက် နောင်တော် ကျေနပ်တဲ့အထိ အပြစ်ဒဏ်ကို ပေးစေ"
"ကျေးဇူးကြီးမားလှကြောင်းပါ ဘုရား"
"ကျေး...ကျေးဇူး ..ကြီးမားလှကြောင်းပါ.. အရှင်မင်းကြီး။ ကျွန်တော်မျိုး စစ်ထူရှန့်ယွီ ကိုယ်တော်ကြီး ပေးတဲ့အပြစ်ကို ခံယူလိုက်ပါ့မယ် ဘုရား"
"ကောင်းပြီ။ အခု ညစာစားပွဲကို ဆက်ကြမယ်... အဆို၊ အက၊ အတီးတွေ ဆက်လက်ပြီး ဖြော်ဖြေစေ.."
ဂီတသံနှင့် သီချင်းသံတို့က ပြန်လည်ထွက်ပေါ်လာပြီး ကျန်မြို့စားများလည်း စိတ်သက်သာရာရသွားကာ ညစာစားပွဲကို ဆက်လက်ဆင်နွဲကြတော့သည်။
ချင်းရှီဟွမ် က စစ်ထူရှန့်ယွီကို တချက်ကြည့်ကာ ပြုံးပြလိုက်သည်။ စစ်ထူရှန့်ယွီလည်း သူ့ကို နှစ်သိမ့်ချော့မော့ဟန် အပြုံးကြောင့် စိတ်ထဲက ဒေါသတို့ လွင့်ပျယ်သွားခဲ့သည်။
ထိုနေ့ညတွင် ညစာစားပွဲပြီးနောက် ဝူချီ ကလွဲပြီး ကျန်မြို့စားအားလုံး ယာယီ စံနန်းတော်က ထွက်သွားကြသည်။
"ယွဲ့ယန် မြို့စားကို ငါကိုယ်တော်ရဲ့ တဲနန်းကို ခေါ်သွားကြ စမ်း။ သူ့ကို အပြင်ထွက်ခွင့်မပေးပဲ အထဲမှာ ထားလိုက်ကြ"
"မှန်လှပါ"
ယွဲ့ယန် မြို့စားက တုန်ယင်စွာဖြင့် လိုက်ပါသွားခဲ့သည်။ အနည်းဆုံး သူ့အသက်လေး ချမ်းသာရာရသွားမည် ဖြစ်လို့ စိတ်တော့ နည်းနည်းအေး သွားခဲ့သည်။
ဘယ်သူမှ မရှိတော့မှ စစ်ထူရှန့်ယွီ ချင်းရှီဟွမ် ဆီကို တလှမ်းချင်း လျှောက်လာပြီး လက်ထဲက သေရည်ကို လှမ်းယူကာ မော့သောက်ပြီး ချင်းရှီဟွမ် ၏ နူတ်ခမ်းကို နမ်းကာ သေရည်တစ်ခွက်ကို အတူမျှဝေလိုက်သည်။ မွှေးပျံ့သည့် စပယ်ပန်းသေရည်က နှစ်ဦးသားရဲ့ အနမ်းကြားမှာ တချို့စိမ့်ထွက်လာခဲ့သည်။
မင်းတရားကြီးနှင့် အိမ်ရှေ့စံ စစ်ဘုရင်ကြီးတို့၏ပြင်းပြသော အနမ်းတို့က ပိုပြင်းထန်လာခဲ့ပြီး လျှာအချင်းချင်းယှက်လိမ်သွားကြသလို တစ်ယောက် အသွေးအသားကို တစ်ယောက်စုပ်ယူချင်သလို အားပြင်းလာကြသည်။
"အမ်း.."
ချင်းရှီဟွမ် က စစ်ထူရှန့်ယွီ ၏ လည်ပင်းကို သိုင်းဖက်ကာ အနမ်းကို စီးမျှောနေစဉ် ဝတ်လဲတော် ပုဆိုးကြားတိုးဝင်လာသည့် သန်မာပြီး အသားမာတက် နေသည့် လက်တစ်စုံရဲ့ အကိုင်အတွယ်ကြောင့် ညည်းသံ ထွက်လာခဲ့သည်။
" ညီတော်.... ကိုယ့် အရှင်သခင်..."
စစ်ထူရှန့်ယွီ သြရှစွာရေရွတ်လိုက်ပြီး ဖူးယောင်နီရဲ နေအောင် အနမ်းခံ ထားရသည့် နူတ်ခမ်းကို လက်မဖြင့် အသာယာပွတ်သပ်ကာ လျှာနှင့် လျက်လိုက် သည်။
"အမ်း... မင်း... ဒီမှာပဲ လုပ်တော့မလို့လား..."
ချင်းရှီဟွမ် က သူ့ နဂါးဝတ်ရုံတော်ကို လုံးဝချွတ်ချကာ အောက်ပိုင်း အသားချောင်းကို ဆုပ်ကိုင်ကစားရင်း လှုပ်ရှားနေသည့် စစ်ထူရှန့်ယွီ ကြောင့် မေးလိုက်သည်။
အခုက စားသောက်ပွဲကျင်းပသည့် ဧည့်ခန်း ဆောင်ဖြစ်ပြီး ဘာကိုမှ မသိမ်းဆည်းရသေးပေ။ အပြင်ဘက်က အခြွေရံတွေက အထဲက ပန်းကန်ခွက်ယောက်နှင့် အစားအသောက်ပန်းကန်များကို ရှင်းချင်ပေမယ့် အရှင်နှစ်ပါး ပူးကပ်နေသည်ကို တွေ့လို့ အလိုက်တသိ အထဲကို မဝင်လာရဲကြပေ။
စစ်ထူရှန့်ယွီ ချင်းရှီဟွမ် ၏ အသားချောင်း အဝလေးကို လက်မနှင့် အသာဖိပွတ်လိုက်စဉ် ချင်းရှီဟွမ် က တကိုယ်လုံးတုန်ယင်သွားပြီး ညစ်ကျယ်ကျယ် နှိပ်စက်ချင်သည့် နောင်တော်ရဲ့ လက်ကို ဖမ်းဆုပ်ကာ ခပ်ကြိတ်ကြိတ်ပြောလိုက်သည်။
" ဘယ်လိုဖြစ်နေတာလဲ... အပြင်မှာ အခြွေရံတွေနဲ့..ကိုယ်တော့်ကို အသံထွက်စေချင် နေတာလား "
စစ်ထူရှန့်ယွီ ချင်းရှီဟွမ် ၏ မျက်နှာက နီမြန်းကာ သိသိသာသာ အသက်ရှုမြန်လာသည်ကို မြင်တော့ ကျေနပ်စွာပြုံးကာ နားရွက်ဖျားက အသားဖုလေးကို လျှာနှင့် လျက်ရင်း တီးတိုးပြောလိုက်သည်။
" ဒီတညလုံး ကိုယ့်ကို လုပ်ခွင့်ပေးမယ်ဆိုရင် ဒီမှာ မလုပ်ပဲ အိပ်ခန်းထဲ ခေါ်သွားပေးမယ် "
"အာ့... နောင်တော်.. နစ်နာ..နေဦးမယ် "
ချင်းရှီဟွမ် က တံတွေးမြိုချကာ အသံတုန်တုန်ဖြင့်ပြောလိုက်သည်။ မိမိအသားချောင်းကို အသားမာတက်နေသည့် လက်ကြမ်းကြမ်းကြီးက နှိပ်စက် ကလူပြုနေလို့ ချင်းရှီဟွမ် ပျော့ကျလာချင်သည်။ သူ့အကိုင်အတွယ်ကြောင့် မိမိ အနောက်ကလည်း လစ်ဟာလာသလို ခံစားလိုက်ရသည်။
" ဘယ်လိုလဲ ... သဘောတူသလား .. သဘောမတူဘူးလား "
"အမ်း.... သ..သဘောတူတယ် "
" လိမ်မာလိုက်တဲ့ ကိုယ့်သခင်လေး.... ဒီည ကိုယ်က ဒီအရှင်သခင်လေးကို တညလုံး အသုံးတော်ခံပါ့မယ် "
စစ်ထူရှန့်ယွီ အရှက်ကင်းမဲ့စွာ ပြောင်းပြန်ပြောရင်း ချင်းရှီဟွမ် ၏ အောက်ပိုင်းကို အဝတ်ဖြင့်လွှမ်းပေးကာ ပွေ့ချီပြီး အတွင်းဆောင်ဘက်ကို တက်ကြွစွာ လျှောက်လာခဲ့သည်။
" အပါးတော်မြဲကြီး..အခြေရံတွေကို ဝင်လာခိုင်းလို့ရပြီ "
" မှန်လှပါဘုရား "
မလှမ်းမကမ်းမှ ခေါင်းငုံ့ကာ နားပင်းချင် ယောင်ဆောင်နေသည့် အပါးတော်မြဲကြီးက စစ်ထူရှန့်ယွီ ၏ အမိန့်ကို ခပ်မြန်မြန် တုန့်ပြန်လိုက် သည်။
"အင်း...အရှင်မင်းကြီးတော့ တညလုံး နှိပ်စက်ခံရတော့မယ်ဆိုတော့ မနက်ဖြန် မနက်ပိုင်းက အလုပ်အားလုံးကို ရှင်းလင်းထားရမယ်။ မင်းကြီးက နေ့လည်မှ နိုးထတော်မူတော့မယ် "
အတွေ့အကြုံရင့်သန်နေပြီဖြစ်သော အပါးတော်မြဲကြီးက ကနေ့ အခြေနေကို ကြည့်ပြီး စီမံစရာရှိသည်ကို ကြိုတင်စီမံထားရတော့သည်။
အခြွေရံများက ခပ်သုတ်သုတ်ဝင်လာပြီး စားတော်ပွဲကိုရှင်းလင်းပြီးနောက် အရှင့်ယာယီစံနန်းမှ အမြန်ထွက်သွားကြတော့သည်။
အပါးတော်မြဲကြီးလည်း အရှင်နှစ်ပါး အိပ်ဆောင်ဝင် နေသဖြင့် ပတ်ဝန်းကျင် လုံခြုံရေးကို နှစ်ဆက တင်းကျပ်စွာ ချလိုက်သည်။
"နေဦး..နောင်တော်... အမ်း....အာ့ "
" ဘာဉာဏ်များဦးမလို့လဲ.. မရဘူး... နောင်တော်ကို ညီတော် ကတိပေးထားတယ် မဟုတ်လား "
စစ်ထူရှန့်ယွီ ကိုယ်ပေါ်က အဝတ်တွေကို အမြန်ဆွဲချွတ်ကာ ချင်းရှီဟွမ် ရဲ့ကိုယ်ပေါ် အုပ်မိုးကာ ပြောလိုက်သည်။
ကြေးနီရောင် ပြောင်လက်နေသည့် ကြွက်သားအဖုဖုနှင့် အနှီ စစ်သူရဲကောင်းကြီးသည် ရုပ်ရည်က ခန့်ညားလွန်းလှသလို သူ့မျက်လုံးထဲက ဆာလောင်နေသည့် မျက်ဝန်းတွေက ကျားရဲတစ်ကောင်လို စူးရှလွန်းလှသည်။ ချင်းရှီဟွမ် က တတွေးမျိုချကာ သူ့ကို အာရုံလွဲရန်ကြိုးစားလိုက်သည်။
" ဝူချီ ကို နောင်တော် အပြစ်ပေးဦးမယ်ဆို.... အဲ့ဒါ အရင်သွားလုပ်...အွန်း "
စစ်ထူရှန့်ယွီ မာနေသည့် အရှင့် အသားချောင်းကို လက်ဖြင့် ဆုပ်ကိုင်ကာ ညစ်ကျယ်ကျယ်ပြော လိုက်သည်။
" ကြည့်ပါဦး...ညီတော့် ရွှေလံှတံက ဒီလောက် ဆာလောင်နိုးကြားနေတာ နောင်တော်က မပြုစုပဲ ထွက်သွားရင် နာကျင်နေမှာပေါ့...ပြီးတော့.. အနောက်က အပေါက်လေးကရော... လိုချင်နေပြီ မဟုတ်လား "
စစ်ထူရှန့်ယွီ ပြောရင်း အရှင်၏ ခြေအစုံကို ပင့်မကာ အနောက်ဘက် အပေါက်လေးကို ငုံ့ကြည့်ရင်း ပြုံးကာ ပြောလိုက်သည်။
တကယ်လည်း ချင်းရှီဟွမ် ရဲ့ အသားချောင်းက နောင်တော်ရဲ့ လက်ချက်ကြောင့် တဆတ်ဆတ်တုန်ယင်ကာ မာလို့နေပြီး အနောက်ဘက် အပေါက်လေးကလည်း စူပွပွဖြစ်လို့နေပြီ။ သူ့ရဲ့ ကြောက်စရာကောင်းအောင် သန်မာလွန်းလှတဲ့ ကိုယ်လုံး၊ လူတစ်ယောက်ကို ရမ္မက်ကြွသေလောက်သည့် အကြည့်၊ ပြီးတော့ အသားချောင်းကို ဖိပွတ်ကာ လှုံ့ဆော့်ပေးမှုကြောင့် ချင်းရှီဟွမ် က သူ့ရဲ့ ထူထဲရှည်လျားသည့် အသားချောင်းကြီးကို လိုချင်လို့နေပြီ။ ဒါပေမယ့် ဒီလို ညစ်ညစ်ပတ်ပတ် အကြောင်းရာကို သူ့ပါးစပ်က ဖွင့်ပြောတာကို ကြားလိုက်ရတော့ နားရွက်တွေ ထူပူသွားသလို လိင်စိတ်ကလည်းပိုကြွလာခဲ့သည်။
"အာ့..ဘာတွေ လာပြောနေတာလဲ... ဘယ်သူက မင်းဟာကို လိုချင်နေလို့လဲ.. "
စစ်ထူရှန့်ယွီ ရှက်သွေးဖြာကာ ဇွတ်ငြင်းနေသည့် အရှင့်ကို ညှို့မြူစွာပြုံးကာ သူ့ရဲ့ နီညိုရောင်အဆင်းဖြင့် ထိပ်က မှိုပွင့်လို ပွင့်ကားနေသည့် အသားချောင်းကြီးကို ထုတ်ကာ အရှင့်ရဲ့ ပန်းရောင်သမ်းနေသည့် အနောက်ဘက် အဝနားကို ဖိပွတ်ကာ မေးလိုက်သည်။
" တကယ် နောင်တော့်ရဲ့ အသားချောင်းကို မစားချင်ဘူးလား.. ကြည့်ပါဦး... ညီတော့် အဝလေးက ပူနွေးပြီး နောင်တော်ရဲ့ ထိပ်ဖူးကို မြိုချချင်နေပြီ "
ချင်းရှီဟွမ် သည် ပူနွေးမာကြောသလို တပြိုင်နက်တည်း နူးညံ့ပြီး သန်မာသည့် အသားချောင်း ထိပ်ဖူး၏ အထိအတွေ့ကြောင့် ကိုယ်လေးကို ကော့လိုက်မိပြီး တကိုယ်လုံး အပူရှိန်တွေ တိုးလာခဲ့သည်။
"အာ့... မင်း... ညစ်ပတ်တယ် "
" နောင်တော်က ဘာညစ်ပတ်လို့လဲ... ညီတော် မလိုချင်ဘူးဆိုရင် နောင်တော် ဝူချီ ကိုပဲ အပြစ်ပေးဖို့ သွားပါတော့မယ် "
စစ်ထူရှန့်ယွီ တမင်သက်သက် ထိပ်ဖူးကြီးဖြင့် အဝလေးကို ဖိပွတ်ကာ မိမိအသားချောင်းက ထွက်လာသည့် အရည်ကြည်ဖြင့် အပေါက်ဝလေးကို ချောမွေ့စေရင်း မေးလိုက်သည်။
ချင်းရှီဟွမ် က ကိုယ်အတွင်းထဲက ဟာတာတာနှင့် ယားယံလာခဲ့ပြီး သူ့ အသားချောင်းကြီးနှင့် ပြည့်အင့်သွားအောင် ထည့်လာစေချင်ပေမယ့် နောင်တော်က လူယုတ်မာပြုံးပြုံးကာ မထည့်သောကြောင့် ချင်းရှီဟွမ် က မနေနိုင်တော့ပဲ သူ့ကို အသနားခံသည့် အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်တော့သည်။
" အာ့ ...နောင်တော်... ထည့်..ထည့်ပါတော့.. မရတော့ဘူး.. အရမ်းလိုချင်လှပြီ "
" ဟုတ်ပါပြီ... ညီတော် မင်းကြီးက နောင်တော့်ဆီက ဘာကိုလိုချင်တာလဲ အတိအကျပြောမှပေါ့...."
စစ်ထူရှန့်ယွီ သူ့အသားချောင်းကို တမင် အဝလေးကို ဖိပွတ် ချော်ထိုးရင်း ဆွပေးနေသည်။
ချင်းရှီဟွမ် က တကိုယ်လုံး ရဲတွက်လာသလို ရင်အုပ်ကြီးက အသက်ရှုမြန်လာပြီး မျက်လုံးတွေက မျက်ရည်ကြည်တို့ဖြင့် ဝေ့လာခဲ့သည်။
"လိုချင်တယ်..နောင်တော်ရဲ့ အသားချောင်းကြီးကို လိုချင်တယ်..ထည့်ပါတော့... "
" ကောင်းပြီ။ ညီတော် မင်းကြီးက တောင်းဆို တော့လည်း နောင်တော်က ညီတော့် ဆန္ဒကို ဖြည့်ပေးရမှာပေါ့.... "
စစ်ထူရှန့်ယွီ ကျေနပ်စွာရယ်မောကာ သူ့ရဲ့ပေါက်ကွဲမတတ် မာတင်းနေသည့် အကြောပြိုင်းပြိုင်းနှင့် နီညိုရောင် အသားချောင်း တုတ်တုတ်ကြီးကို ချင်းရှီဟွမ် ၏ ပန်းရောင်သမ်းကာ နူးညံ့လှသည့် အနောက်ဘက် တွင်းပေါက်လေးထဲကို ထိုးခွဲကာ တခါတည်း တဆုံးသွင်းလိုက်သည်။
" အာ့...အမ်း...... "
နှစ်ယောက်သား ကျေနပ်မှုဖြင့် ပြိုင်တူ ညည်းလိုက်မိတော့သည်။ ချင်းရှီဟွမ် ၏ နူးညံ့ကာ ပူပြင်းလွန်းသည့် အပေါက်ကျဉ်းလေးတလျှောက် သူ့ ထိပ်ဖူးကြီးက ထိုးခွဲကာ တဆုံးတိုးဝင်လိုက်ရသည့် ခံစားချက်ကို ဆယ်ပြည်ထောင်ကို တိုက်လို့ နိုင်သည့် ခံစားချက်ထက် ပိုကောင်းလွန်းလှသည်။
ချင်းရှီဟွမ် သည် နောင်တော်၏ ထူထဲကာ ရှည်လျားသည့် အသားချောင်းကို တဆုံးစားသုံးလိုက်ရလို့ နူတ်ခမ်းတဆတ်ဆတ် တုန်ကာ မျက်လုံးထောင့်မှ မျက်ရည်စီးကျလာသည်အထိ ပြင်းထန်သည့် ခံစားချက်ကို ရလိုက်သည်။ ဒါကြောင့် တကိုယ်လုံး ပူလောင်လာပြီး ရင်ဘတ်က ချယ်ရီပန်းလို အနီစက်လေးက ထောင်လာခဲ့သည်။
"အာ့...အမ်း....... နောင်..နောင်တော်... "
စစ်ထူရှန့်ယွီ ချင်းရှီဟွမ် ရဲ့ ထိမိလွန်းသည့် ခံစားနေရသည့် မျက်နှာကြောင့် အရမ်းကို ကျေနပ်ကာ ထောင်ထလာသည့် ရင်ဘတ်က အနီစက်လေးကို ပါးစပ်ဖြင့် ကုန်းစုပ်ကာ ကျန်တဖက်ကို လက်ဖြင့် ညစ်ချေပေးရင်း အောက်ပိုင်းက အသားချောင်းကို အသွင်းအထုတ်လုပ်တော့သည်။
" အင့်.... အာ့..ဟား.... "
အထိမခံသည့် ရင်ဘတ်က အဖုကို နောင်တော်က ဆာလောင်နေသည့် ကလေးပမာ လျှာကို သုံးပြီး ပြင်းပြစွာ စုပ်ယူလိုက်စဉ် နောက်ပိုင်းက ရှည်လျားမာကြောသော အသားချောင်းက ကိုယ်ထဲက တစ်နေရာကို အရှိန်ဖြင့် ဆောင့်လိုက်သဖြင့် ချင်းရှီဟွမ် ကိုယ်လေး တဆတ်ဆတ်တုန်သွားတော့သည်။
ရင်ဘတ်က အနီစက်ကို စုပ်နေသည့် အသံ၊ နောင်တော့်ရဲ့ ပေါင်နှင့် မိမိတင်ပါးကို အရှိန်နှင့် ရိုက်ခတ်နေသည့်အသံတို့ဖြင့် အိပ်ဆောင်က ဆူညံလို့နေသည်။
"အာ့...အင့်...အာ့...ဖြည်းဖြည်း... အာ.့..နောင်တော်...အာ့.. အရမ်းနက်တယ်.. လျှော့....လျှော့ဦး.... "
တခြားနေရာတွင်သာ စကားနားထောင်မည့် စစ်ထူရှန့်ယွီ အိပ်ယာထက်သို့ ရောက်သည့်အခါ ချင်းရှီဟွမ် ကို မျက်ရည်ကျကာ အကြိမ်ကြိမ် ငိုညည်းရ သည်အထိ နှိပ်စက်ကလူပြုတော့သည်။ အိပ်ဆောင်အပြင်တွင် ချင်းရှီဟွမ် က သက်ဦးဆံပိုင် ဘုရင်တပါးဖြစ်ပေမယ့် အိပ်ဆောင်ထဲကိုရောက်ရင် စစ်ထူရှန့်ယွီ အရှင်သခင် ဖြစ်တော့သည်။
" အာ့..ဟား... အဲ့..နား... အင့်... အာ့ "
ခံစားချက်ကောင်းစေသည့် နေရာကို ဆောင့်ထိုးမိတော့ ချင်းရှီဟွမ် က နူတ်မှ အော်ပြောလိုက်မိတော့သည်။
" ကောင်းပြီ .. ကိုယ့်ညီတော်ရဲ့ အမိန့်အတိုင်းပါပဲ.... "
စစ်ထူရှန့်ယွီ ကျေနပ်စွာ ရယ်မောကာ ချင်းရှီဟွမ် ကို သာယာမှုပေးစေသည့် နေရာကို တရစပ် ဆောင့်ထိုးပေး တော့သည်။
အိပ်ခန်းဆောင်ထဲတွင် အရှင်နှစ်ပါး၏ ပြင်းပြသည့် ချစ်ဇောဟုန်ကြောင့် ထွက်ပေါ်လာသည့် အသံများကို နားဆင်ရင်း အပြင်ဘက်မှ ကုန်းကုန်းနှင့် သက်တော်စောင့်များခမျာ ခုထိကျင့်သားမရနိုင်စွာ မျက်နှာတွေ ပူကာ ရှက်သွေးဖြာနေကြတော့သည်။
" အင်း..ငါတောင် ကုန်းကုန်း ဖြစ်နေလို့ သာပေါ့..မဟုတ်ရင် ငါလည်း မာတာ ကြာရော ပေါ့...."
ဒါပေမယ့် ကုန်းကုန်းလောက် ကံမကောင်းသည့် အသားချောင်းကိုယ်စီပါသော ကိုယ်ရံတော်များခမျာ တင်းမာပြီး မတ်လာသော မိမိတို့၏ ပစ္စည်းများကြောင့် နာကျင်မှုကို ခံစားနေရတော့သည်။
" ငါတို့ အလှည့်မှ အရှင်နှစ်ပါးက ချစ်တင်းနှောရသလား..ကံဆိုးလိုက်တာကွာ.. ငါ့တို့ဘဝမှ မာလာတာတောင် ဖြေလျှော့ခွင့်မရတဲ့ဘဝ..."
ကိုယ်ရံတော်သက်တော်စောင့်များခမျာ မျက်ရည်မကျပဲ ငိုကြွေးနေမိတော့သည်။
*********-*****
VOCÊ ESTÁ LENDO
Ficção HistóricaBoth zawgyi and Unicode font Historical fiction