Chapter ( 21 ) - တဖက်သတ်အချစ်

1.3K 91 4
                                    

Chapter ( 21 ) – တဖက်သတ်အချစ်




ချီတိုင်းပြည်၏ ဘုရင်အသစ်စက်စက်လေး ချီထျန်းစူးသည် နန်းသိမ်းပွဲပြီးတော့ အရှင့်သားနှင့်တွေ့ဆုံရန် အထူးဧည့်ဆောင်ကိုကူးလာခဲ့စဉ် သန်မာထွားကျိုင်းပြီး ခက်ထန်တင်းမာသည့် အရှင့်သား၏ သက်တော်စောင့်များ၏ တားဆီးခြင်းကို ခံလိုက်ရသည်။

"အရှင့်သားနဲ့စစ်သူကြီး အရေးကြီးကိစ္စ တိုင်ပင်နေလို့ ဘယ်သူ့ကိုမှဝင်ခွင့်မပြုဖို့ မှာထားလို့ပါ အရှင်မင်းကြီး.."

ချီထျန်းစူးသည် မိမိနန်းတော်ထဲတွင် မိမိကိုတားဆီးနေသည့် သက်တော်စောင့်ကို ထူးမခြားဟန်ကြည့်ကာ သည်းခံပြီး  ဆက်မေးလိုက်သည်။ အရှင့်သားကို အပျော်တွေဝေမျှနိုင်ဖို့ ဒီလောက်လေးကို စိတ်ထဲတွင် ထည့်မတွက်တော့ပေ။

"အရှင့်သားကို ဘယ်အချိန်တွေ့ခွင့်ရှိမလဲ တပ်မှူးကြီး.."

"ဒါကို ကျွန်တော်မျိုးတို့လည်း မသိပါဘူး.. အရှင့်သားတို့ ဆွေးနွေးပွဲပြီးရင် အကြောင်းကြားခိုင်းလိုက်ပါ့မယ်.."

ချီထျန်းစူးသည် ကျောက်တိုင်ကြီးထက် ခိုင်ခံမာကျောသည့် ထိုသက်တော်စောင့်တွေကို ကျော်လွှားကာ အရှင့်သားကို တွေ့ရန် မဖြစ်နိုင်သည်ကို သိသောကြောင့် သေလုမတတ် အရှင့်သားရဲ့မျက်နှာတော်ကို တွေ့ချင်သည့် စိတ်ကို မြိုသိပ်ရုံကလွဲပြီး ဘာမှ မတတ်နိုင်တော့ပေ။ ချီထျန်းစူးသည် ထိုသက်တော်စောင့်များကို ကျေးဇူးတင်စကားပြောကာ မိမိကိုယ်ရံတော်များနှင့်အတူ ထွက်လာခဲ့သည်။

အရှင့်သားက မိမိ၏တိုင်းပြည်ကို ကယ်တင်ပေးသည့်အပြင် မိမိကို ဘုရင်တစ်ပါးဖြစ်အောင် ဆွဲတင်ပေးသည့် လူတစ်ယောက်ဖြစ်လို့ ယခုလို တွေ့ခွင့်မရသည်ကို စိတ်ထဲ ဘယ်လိုမှမနေသော်လည်း ပါလာသည့်အပါးတော်မြဲ အတွင်းဝန်ကြီးက မကျေမနပ်ဖြင့် လျှောက်တင်သည်။

"အရှင်မင်းကြီး.. အရှင့်နန်းတော်မှာ တိုင်းတစ်ပါးဧည့်သည်ကို အရှင်မင်းကြီးက တွေ့ခွင့်မရှိတာ မဖြစ်သင့်ပါဘူး.."

"တော်.. ဒီစကား ဒီမှာတင်ရပ်တော့.. အရှင့်သားက ငါကိုယ်တော်ရဲ့ကျေးဇူးရှင်.. ငါ့အသက်နဲ့ဒီထီးနန်းကို အရှင့်သားက ပေးအပ်ပေးထားတာ.. အရှင့်သား မကြည်ဖြူရင် ဒီအရာတွေအားလုံးကို ငါကိုယ်တော် မပိုင်ဆိုင်နိုင်ဘူး.. ဒါကြောင့် ငါကိုယ်တော်ရဲ့ရှေ့မှာကော ကွယ်ရာမှာပါ အရှင့်သားကို ဝေဖန်စကား လုံးဝမပြောနဲ့.."

"မှန်လှပါ.."

အပါးတော်မြဲက မကျေမနပ်ဖြင့် နှုတ်ဆိတ်သွားတော့သည်။ ဒီအကြောင်းကို အကွယ်တစ်နေရာမှ စောင့်နားထောင်နေသည့် ရဲမတ်က မှတ်တမ်းတင်လိုက်သည်ကို ချီထျန်းစူးတို့ အဖွဲ့ မသိလိုက်ပေ။

ချီထျန်းစူးသည် ဘိုးဘွားကဗျည်းတိုင်ထားသည့် အဆောင်ထဲမှ ခမည်းတော်နှင့် မယ်တော်တို့၏ ကဗျည်းကျောက်စာတိုင်ရှေ့တွင်   ဒူးထောက်ရှိခိုးကန်တော့ကာ တိုင်တည်စကားကို ဆိုနေမိသည်။

"ခမည်းတော် မယ်တော်ဘုရား.. သားတော် အခုချီတိုင်းပြည်ရဲ့ ထီးနန်းကို ဆက်ခံရရှိပါပြီ.. ခမည်းတော် မယ်တော်တို့ စောင့်ရှောက်မှုကြောင့် သားတော် နတ်ဒေဝါတစ်ပါးလို အစွမ်းထက်တဲ့ ကျေးဇူးရှင်ကို တွေ့ခဲ့ပါတယ်.. ကျေးဇူးရှင်ရဲ့စောင်မမှုကြောင့် သားတော် ရသင့်ရထိုက်တဲ့ ထီးနန်းကို ရခဲ့ပါပြီ။ အခုကစပြီး ချီတိုင်းသူပြည်သားတွေ အေးချမ်းသာယာမှု ရစေဖို့ သားတော် အစွမ်းကုန်ဆောင်ရွက်သွားပါ့မယ်လို့  ကတိပေးပါတယ်.. ဘုရင်ကောင်းတစ်ပါး၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်စေမယ့်နည်းလမ်းတွေကို သားတော်ရဲ့ကျေးဇူးရှင်ကလည်း အမြဲဆုံးမပါတယ် ခမည်းတော်.."

ချီထျန်းစူးသည် ခမည်းတော်ကိုတိုင်တည်ရင်း အရှင့်သားအကြောင်းကိုတွေးမိကာ နှုတ်ခမ်းက ပြုံးသွားသည်။

"သားတော်.... အရှင့်သားလိုလူတော်တစ်ယောက် ဖြစ်ချင်တယ်.. အရှင့်သားကို ကျေးဇူးပြန်ဆပ်နိုင်တဲ့သူ.. အရှင့်သားကို အထောက်အကူပြုနိုင်တဲ့သူ.. အရှင့်သားရဲ့ ချီးကျူးမှုကိုခံရတဲ့သူ ဖြစ်ချင်ပါတယ် ခမည်းတော်။ သားတော်ကို ကောင်းကင်ဘုံကနေ စောင့်ရှောက်ပေးတော်မူပါ."

ချီထျန်းစူးသည် ထိုစကားကို ဖွင့်ပြောပြီးနောက် မိမိစိတ်တို့ ပိုမိုခိုင်မာလာတော့သည်။ အရှင့်သားက မိမိဘဝ၏ မီးရှူးတန်ဆောင်တိုင်၊ လမ်းပြကြယ်တစ်စင်း ဖြစ်သည့်အပြင် မိမိ၏ တစ်ဦးတည်းသော............လည်း ဖြစ်သည်။

••••••••••••••••••••••••••••••

 ပထမအဆင့်မင်းသမီး ချင်းကျယ်ထျန်းသည် ပန်းဥယျာဉ်ထဲမှ အလှဆုံးပန်းတစ်ပွင့်ကို ခူးဆွတ်ကာ ခေါင်းတွင်ပန်ဆင်ပြီး လျှောက်လှမ်းလာစဉ် လေအဝှေ့တွင် ခေါင်းမှပန်းက လေနှင့်လွင့်သွားပြီး သစ်ပင်တစ်ပင်တွင် သွားတင်နေတော့သည်။ ထိုအပင်တွင်လည်း လှပသည့် ပန်းတစ်ပွင့်ရှိနေပြီး မိမိ၏ပန်းပွင့်က ထိုပန်းနားကို သွားရောက်တွယ်ငြိခြင်းဖြစ်သည်။ ခင်ခင်ကြီးက ထိုပန်းကို လှမ်းယူသော်လည်း လက်လှမ်းလေ အပင်ကမြင့်သွားလေ ဖြစ်သဖြင့် ဒေါသထွက်နေစဉ် အိပ်မက်မှ ဖြတ်ခနဲနိုးလာခဲ့သည်။

"အိပ်မက်က နိမိတ်မကောင်းဘူး.. မောင်တော်က တခြားမိန်းကလေးတစ်ယောက်ကို တွယ်ငြိသွားပြီလား.."

ချင်းကျယ်ထျန်းက နိမိတ်ဖတ်ဆရာကြီးကိုပင့်ကာ မိမိအိပ်မက်ကို အဓိပ္ပါယ်ဖော်ခိုင်းလိုက်သည်။

"အရှင့်သမီးတော် နှစ်သက်မြတ်နိုးရသောသူက တစ်ပါးသောသူကို ချစ်ခင်တွယ်တာနေတဲ့ အဓိပ္ပါယ်ပါ.. ထိုတစ်ယောက်သောသူအတွက် အရှင့်သမီးကို စွန့်ခွာသွားမယ့်နိမိတ်ပါ အရှင်မင်းသမီး..."

ထိုစကားကိုကြားသော် ချင်းကျယ်ထျန်း၏ဒေါသစိတ်တို့ ထောင်းထောင်းထကာ ဘယ်လိုလုပ်ရမှန်းမသိဖြစ်ပြီး မယ်တော့်ထံကို ထွက်လာတော့သည်။ မိဖုရားကြီးက ထိုအကြောင်းကို နားထောင်ပြီးနောက် သမီးတော်၏လက်ကို တယုတယဆုပ်နယ်ကာ ပြောလိုက်သည်။

"စစ်ထူရှန့်ယွီ က ဘယ်သူ့ကိုတွယ်ငြိပါစေ.. သမီးတော်နဲ့လက်ထပ်ပြီးရင် ကျန်တဲ့ မိန်းမအားလုံးက ကိုယ်လုပ်တော် အမြှောင်မယားတွေဖြစ်သွားပြီ.. ဒီတစ်ခါ စစ်ထူရှန့်ယွီ တို့ ချီတိုင်းပြည်ကနေ ပြန်လာရင် သမီးတော်တို့မင်္ဂလာကို အမြန်ဆုံးကျင်းပပေးဖို့ မင်းတရားကြီးကို မယ်မယ် လျှောက်တင်ပေးမယ်.."

"မယ်မယ်.. သမီးတော် စိုးရိမ်တာက.."

"မပြောနဲ့.. နံရံတိုင်းမှာ နားတွေရှိတယ်.. သမီးတော်စိုးရိမ်တာကို မယ်မယ်သိတယ်.. ဒါကြောင့် လက်ထပ်ပွဲကို အမြန်စီစဉ်လိုက်တာပဲ.. လက်ထပ်ပြီးရင် သမီးတော်တစ်ခါတည်း ကိုယ်ဝန်ရသွားအောင် လုပ်ရမယ်.. ယောကျ်ားဆိုတာ အထူးအဆန်းကို လက်တည့်စမ်းချင်စမ်းမယ်.. သူတို့မျိုးဆက်သွေးနဲ့ သူတို့ဘဝတိုးတက်ဖို့ ကြုံလာရင်တော့ ဘယ်သူ့လက်ကို ဆုပ်ကိုင်ရမယ်ဆိုတာသိတဲ့ အပါးနပ်ဆုံးလူတွေပဲ.. သမီးသာ မယ်မယ်ပြောတဲ့အတိုင်းနေ.. စစ်ထူရှန့်ယွီ ဒီကိစ္စနဲ့ အစဖော်ပြီး ရန်မလုပ်နဲ့.."

"သမီးတော်က သူ့ကို ကြောက်နေရမှာလား မယ်မယ်ဘုရား.."

ချင်းကျယ်ထျန်းက မကျေမချမ်းဖြင့် နှုတ်ခမ်းကိုက်ကာ မေးလိုက်သည်။ မိဖုရားခေါင်ကြီးသည် မိန်းမလှတို့၏မာနဖြင့် ဒေါသတောက်လောင်နေသောသမီးတော်ကို တရားဝင်ကြင်ယာတော် မိဖုရားတို့ ထားအပ်သည့် ခံယူချက်ကို စတင်ပို့ချတော့သည်။

"ကြောက်တာမဟုတ်ဘူး သမီးတော်.. ပညာရှိတာ..  အစွမ်းစရှိတဲ့ ယောက်ျားဆိုတာ အတ္တကြီးတယ်.. သူတို့အတ္တကိုကြီးထွားအောင် သမီးက ဘေးကနေ ရေလောင်းပေးနေရမယ်.. သမီးနဲ့တွေ့လို့ သူတို့အတ္တကို အချိုးခံ ရတယ်ဆိုရင် သူတို့စိတ်က တစ်ပါးသောသူဆီကို ရောက်သွားမယ်.. သူတို့က ကြီးမြတ်တယ်လို့ အထင်ခံနေရရင် သမီးတော်ရဲ့စိတ်နဲ့ သူတို့ အသက်ရှင်သွားလိမ့်မယ်.. ယောက်ျားတစ်ယောက်ရဲ့ အထာကိုသိရင် ထိန်းကျောင်း ကိုင်တွယ်ရတာ အလွယ်ကူဆုံးပဲ.."

"သမီးတော်လို တပင်တိုင်မင်းသမီးက အမတ်ကြီးသားကို ရိုကျိုးရမှာလား မယ်မယ်ဘုရား.."

"ဒီစကားနဲ့ဒီအတွေးကို အခုကစပြီး သမီးတော်ရဲ့စိတ်ထဲက ထုတ်စမ်း.."

မိဖုရားကြီးက ချင်းကျယ်ထျန်းကို ပြင်းပြင်းထန်ထန် ဆူပူတော့သည်။

"သမီးတော်က မင်းမှုထမ်းရဲ့မယား ဖြစ်ချင်သလား.. တိုင်းပြည်ရဲ့မိခင် ဖြစ်ချင်သလား.. ဖြေစမ်း.."

"တိုင်းပြည်မိခင် ဖြစ်ချင်ပါတယ် မယ်မယ်.."

ချင်းကျယ်ထျန်းက အငေါက်ခံရသောကြောင့် လိမ်လိမ်မာမာ ဖြေလိုက်သည်။

"တိုင်းပြည်မိခင်ဖြစ်ဖို့ သမီးတော်ရဲ့ကြင်ယာတော်က မင်းကြီးတစ်ပါး ဖြစ်နေဖို့လိုတယ်.. ကိုယ့်ခင်ပွန်းကို မင်းကြီးတစ်ပါးလို ကိုယ်က မသတ်မှတ်နိုင်ဘူးဆိုရင် ဘယ်သူက ဒီလိုသတ်မှတ်တော့မလဲ.. သမီးကသာ ကိုယ့်ခင်ပွန်းကို ကျွန်ယုံတော်ရဲ့သား၊ အထိန်းတော်ရဲ့သား၊ အမှုထမ်းရဲ့သားရယ်လို့ အထင်သေးနေရင် ဘယ်တော့မှ ယောက်ျားတစ်ယောက်ရဲ့ စိတ်နေစိတ်ထားနဲ့ ယုံကြည်မှုကို ဘုရင်တစ်ပါးလိုဖြစ်အောင် မပျိုးထောင်နိုင်ဘူးဆိုတာ မြဲမြဲမှတ်ထား.. ကိုယ့်ခင်ပွန်းရဲ့စိတ်ကို တစ်အိပ်ယာတည်းအိပ်နေတဲ့ မယားဖြစ်သူကပဲ ပြောင်းလဲအောင်လုပ်နိုင်တယ်.. အမြင့်ကိုဆွဲတင်မလား.. အောက်ကိုထိုးချမလား.. သမီးကြိုက်တာရွေးပေတော့.."

ချင်းကျယ်ထျန်းသည် ပါးနပ်သောမိန်းကလေးပီပီ မယ်မယ်ပြောသည်ကို ချက်ချင်း သဘောပေါက်သွားပြီး ကျေးဇူးတင်သွားမိသည်။

"ဟုတ်တယ်.. မောင်မောင့်ကို ဘုရင်လောင်းတစ်ပါး၊ မင်းလောင်းတစ်ပါးလိုမြင်ပြီး ငါကိုယ်တိုင် သူဘုရင်ဖြစ်အောင် ဆွဲတင်ပေးမယ်.. ဘုရင်ဆိုတာ ယောက်ျား၊ မိန်းမ ကိုယ်လုပ်တော်နဲ့ သာယာမှုရှာနိုင်တာပဲ.. ဒါပေမယ့် ငါကသာ မောင်မောင်နဲ့အတူ တိုင်းပြည်ကိုဦးဆောင်မယ့် တစ်ဦးတည်းသော မိဖုရားခေါင်ကြီးဖြစ်ရမယ်.."

ခင်ခင်ကြီးက မယ်မယ့်ကိုဦးချကာ မိမိအဆောင်ကို စိတ်အေးချမ်းစွာ ပြန်သွားတော့သည်။

••••••••••••••••••••••••••••••

ချင်းရှီဟွမ်သည် စစ်ထူရှန့်ယွီ ၏အပြုအစုကြောင့် အကြိမ်ကြိမ် အထွတ်အထိပ်ကိုရောက်ပြီး မောဟိုက်နေတော့သည်။ မိမိဘက်ကလည်း စစ်ထူရှန့်ယွီ ၏မိစ္ဆာကောင်ကြီးကို လက်နှင့်ပွတ်သပ်ကာ နှစ်သိမ့်ပေးနေရသည်။

"မင်းဟာက ပုံမှန်ကောဟုတ်ရဲ့လားကွာ.. ဒီလောက်ကြီးတာ..ချစ်တင်းနှောရင် ငါကိုယ်တော် သေသွားမှာပေါ့."

ချင်းရှီဟွမ်က မိမိလက်ထဲက တစ်ဆတ်ဆတ် တုန်ယင်နေသည့် နဂါးကြီးကို ကြည့်ကာ တံတွေးမြိုချပြီး မနေနိုင်ပဲ ပြောလိုက်သည်။ တကိုယ်လုံးက အပူရှိန်တွေ ရှိန်းဖိန်းထွက်နေသလို အနောက်ဘက် တစ်နေရာက ယားယံသလို ခံစားနေရသည်။

"မသေစေရပါဘူး.. အရှင့်သားကို သေအောင် ကျွန်တော် ဘယ်လုပ်ပါ့မလဲ.. အရှင့်သားကို အကောင်းဆုံးပြုစုပြီး လေ့ကျင့်ပေးမှာပါ.."

စစ်ထူရှန့်ယွီက အရှင့်သား၏နူတ်ခမ်းလေးကို အသာနမ်းကာ နှစ်သိမ့်လိုက်ပေမယ့် ချင်းရှီဟွမ်က တစ်ခါတည်း အပြတ်ပြောလိုက်သည်။

"တော်တော့.. ဆက်မပြောနဲ့.. ငါကိုယ်တော်က သာယာမှုကိုပဲလိုချင်တယ်.. နာကျင်တာဆိုရင် မင်း ကိုယ်တော့်ကို လက်ဖျားနဲ့တောင် ထပ်ထိရမယ်မထင်နဲ့.."

"စိတ်ချပါ.. ကျွန်တော် နည်းလမ်းတွေကို သေချာလေ့လာထားပြီးပါပြီ.. အရှင့်ကို ဘယ်တော့မှ မနာကျင်စေရ... အွတ်.. အရှင့်သား.. ဘာကြောင့် ကျွန်တော့်ကို ရိုက်တာလဲ.."

စစ်ထူရှန့်ယွီက ချင်းရှီဟွမ်ကို ရှင်းပြရင်းတန်းလန်း အရှင့်သားက ထကာ မိမိအရှိုက်ကို လက်သီးနှင့်ထိုးလိုက်သဖြင့် လက်နှင့်ဖိကာ အံ့အားသင့်စွာ မေးလိုက်သည်။

ချင်းရှီဟွမ်က စစ်ထူရှန့်ယွီ ကို မကျေမနပ်နှင့် ခပ်စူးစူးကြည့်ကာ တင်းမာစွာမေးလိုက်သည်။

"မင်း.. လေ့လာထားတယ် ဟုတ်လား.. ဘယ်ဆောင်ကြာမြိုင်က ဘယ်ကောင်လေးနဲ့လဲ.."

ရုတ်တရက် အရှင့်သား၏စကားကြောင့် စစ်ထူရှန့်ယွီ ကြောင်သွားပြီးမှ အရှင့်သား သဝန်တိုနေသည်ကို သဘောပေါက်ကာ ဝမ်းသာစွာဖြင့် အရှင့်သား၏ကိုယ်ပေါ်ခုန်အုပ်ကာ အိပ်ယာပေါ်ဆွဲလှဲပြီး အထပ်ထပ်နမ်းရှုပ်ကာ ရယ်မောလိုက်တော့သည်။

"အရှင့်သား.. အရှင့်သား.. ကျွန်တော့်ကို သဝန်တိုတာလား.. ဟုတ်လား.. "

"ဖယ်စမ်း.. မင်းကို ဘယ်သူက သဝန်တိုမှာလဲ.."

ချင်းရှီဟွမ်က သတိလက်လွှတ်ပြောလိုက်မိပြီးမှ စစ်ထူရှန့်ယွီက မေးလာသဖြင့် ရှက်ရှက်နှင့် ငြင်းလိုက်သည်။
"တိုပါတယ်.. အရှင့်သား ကျွန်တော့်ကို သဝန်တိုတာ ကျွန်တော့်ကို ချစ်လို့ပေါ့.. ဟုတ်တယ်မလား.."

စစ်ထူရှန့်ယွီ ၏စကားကြောင့် ချင်းရှီဟွမ်မျက်နှာနီသွားပြီး  သူ့ကို အံကြိတ်ကြည့်ကာ သူ့ကိုယ်ပေါ် တောက်တဲ့လိုတွယ်နေသည့် စစ်ထူရှန့်ယွီ ကို ခါချကာ ငြင်းလိုက်သည်။

"မချစ်ဘူး.. မင်းကို ငါ ကိုယ်တော်က ဘာကြောင့်ချစ်ရမှာလဲ.."

စစ်ထူရှန့်ယွီက အရှင့်သား ရှက်သွားတာသိသဖြင့် ပျော်တပြုံးပြုံးနှင့် ပြောလိုက်သည်။

"ဘာဖြစ်ဖြစ် ကျွန်တော် ပျော်တယ်.. အရှင့်သား သဝန်တိုတာကို ခံရလို့ အရမ်းပျော်တယ်.."

"မင်း... မင်း.. ဘယ်ကလေ့လာတယ်ဆိုတာ အရင်ပြောစမ်း..."

ချင်းရှီဟွမ်က  ရှက်သည်ကို နောက်ပို့ကာ သိလိုသည်ကို တိုက်ရိုက်မေးလိုက်သည်။ စိတ်ထဲတွင်လည်း ဆောင်ကြာမြိုင်များ သွားလို့ကတော့ ဒင်းရဲ့ အချောင်းကို ဖြတ်ပစ်ရမလားဟု တွေးထားနှင့်သည်။

စစ်ထူရှန့်ယွီ က ချင်းရှီဟွမ် အရှင့်သား၏ခါးကို သိုင်းဖက်ကာ ပုခုံးသားကိုဖွဖွကိုက်ရင်း ပြောလိုက်သည်။

"တားမြစ်ထားတဲ့ လျှို့ဝှက်စာအုပ်တွေကနေ လေ့လာထားတာ.."

"အာ.. အဲ့ဒီလိုစာအုပ် ရှိလို့လား.."

"ရှိတာပေါ့.. ပုံတွေနဲ့တောင် ရှင်းရှင်းလင်းလင်း ပြထားသေးတယ်.. အရှင့်သားကြည့်ချင်ရင် ပြမယ်.. ကျွန်တော် ကိုယ်နဲ့မကွာ ယူလာတယ်.."

ချင်းရှီဟွမ်က စစ်ထူရှန့်ယွီ၏မျက်ဝန်းထဲစိုက်ကြည့်ကာ စူးစမ်းနေသည်။ ထိုအခါမှသူ အမှန်ပြောသည်ကိုသိပြီး စိတ်သက်သာရာရကာ သက်ပြင်းရှိုက်ပြီး မေးလိုက်သည်။

"ဒီလိုရှက်စရာစာအုပ်ကို ဘာကြောင့် သွားလေရာယူသွားရတာလဲ.."

"ရှက်စရာမဟုတ်ပါဘူး အရှင့်သား။ ကျွန်တော်က သိသင့်သိထိုက်တာကို အပတ်တကုတ် ကြိုးစားလေ့လာတာပါ.. ချီပြည်ကို သိမ်းပြီးတာနဲ့ အရှင့်သားဆီက ဆုလာဘ်တောင်းမှာဖြစ်လို့ အရှင့်သား နာကျင်မှုမရှိဘဲ သာယာမှုရအောင် သေချာလုပ်ပေးချင်လို့ ဒီစာအုပ်ထဲကနေ အမြဲလေ့လာနေခဲ့တာပါ.."

"တကယ်ပါပဲ.. လက်အောက်ငယ်သားတွေများတွေ့ရင် ရှက်စရာကောင်းတာ.."

ချင်းရှီဟွမ်က ထိုသို့သောအရာမျိုးဆိုလျှင် ဘယ်တော့မှ မမေ့တတ်ပဲ စိတ်အားထက်သန်ပြီး ဝီရိယရှိလွန်းသည့် စစ်သေနာပတိချုပ်ကြီး ချစ်သူကို  တဗျစ်တောက်တောက်ပြောကာ သူ့ရင်ခွင်ကရုန်းထွက်ပြီး ပြောလိုက်သည်။

"ထ.. ဗိုက်ဆာပြီ.. ညစာစားကြစို့.."

ချင်းရှီဟွမ်က အဝတ်ကိုပြန်ဝတ်ကာ အပြင်ကသက်တော်စောင့်ကို  အမိန့်ပေးလိုက်သည်။

"စားတော်ပွဲပြင်ခိုင်းလိုက်.. ချီထျန်းစူးကိုပါ ခေါ်လိုက်.."

"ဘာ့ကြောင့် အဲ့ဒီကောင်လေးကိုခေါ်မှာလဲ။ အရှင်သားနဲ့ ကျွန်တော်ပဲ အေးဆေး စားကြမှာ မဟုတ်ဘူးလား.."

စစ်ထူရှန့်ယွီက သက်တော်စောင့်ထွက်သွားသည်နှင့် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"သူ့ကို သေချာ လက်သပ်မွေးထားဖို့ ရင်းနှီးမှုတည်ဆောက်ဖို့ လိုတယ်.. ထတော့.. အဝတ်အစားဝတ်.. ခဏနေရင် အပျိုတော်တွေ ဝင်လာတော့မယ်.."

စစ်ထူရှန့်ယွီ တိုင်းပြည်ရေးကိစ္စဖြစ်သောကြောင့် ချက်ချင်း အမိန့်နာခံစွာဖြင့် အဝတ်အစားလဲပြီး အိပ်ခန်းကို ရှင်းလင်းလိုက်သည်။

ချီထျန်းစူးသည် ယခုညတော့ အရှင့်သားရဲ့မျက်နှာကို တွေ့ခွင့်မရတော့ဟု စိတ်ဒုန်းဒုန်းချကာ နေနေစဉ် သက်တော်စောင့်ထံမှ အခေါ်လွှတ်ကြောင်း ကြားသိရသော် ဝမ်းသာစွာ ထလာခဲ့သည်။ အရှင့်သားကိုတွေ့လိုက်သည်နှင့် ချက်ချင်း အရိုအသေပေးကာ လက်ကိုမြတ်နိုးစွာ နမ်းလိုက်သည်။

"ကျွန်တော်မျိုး... အရှင့်သားနဲ့အတူ စားသောက်ခွင့်ရလို့ ကျေးဇူးတင်ပါတယ်.."

"ထပါ.. မင်းကိုယ်ကို ဒီလောက်မနှိမ်ချနဲ့.. မင်းက အခု သာမာန်မင်းသားမဟုတ်တော့ဘူး.. မကြာခင် ဘိသိတ်ခံတော့မယ့် ဘုရင်ဖြစ်နေပြီ.. ရာဇအိန္ဒြေကိုထိန်းဦး.."

ချင်းရှီဟွမ်က မိမိလက်ကိုနမ်းနေသည့် ချီတိုင်းပြည်မှ မင်းသားလေးကို မျက်ထောင့်နီနှင့်ကြည့်နေသော စစ်သူကြီး စစ်ထူရှန့်ယွီ ကြောင့် ဆွဲထူကာ ဆုံးမလိုက်သည်။

"အရှင့်သားရှေ့မှာ ကျွန်တော်က ကျေးကျွန်တစ်ယောက်ပါ.. ကျွန်တော့်အသက်နဲ့ ခန္ဓာကို အရှင့်သားဆီ အပ်နှင်းထားပြီးပါပြီ.."

ထိုပရောပရီ စကားကို ကြားတော့ စစ်ထူရှန့်ယွီ က နှာခေါင်းရှုံ့ကာ မျက်နှာလွှဲလိုက်သော်လည်း ဒီကောင်လေးကို စုတ်ပြတ်သွားအောင် စိတ်ထဲမှ ထိုးကြိတ်နေလိုက်သည်။

"ပျော့ပျော့လေးနဲ့ နံတဲ့ ကြောင်ချေးလိုကောင်.. အရှင့်သားကို ဆွဲဆောင်ချင်နေသေးတယ်.."

စိတ်ထဲမှရှုံ့ချကာ လူသတ်ချင်စိတ်ဖြင့် စိုက်ကြည့်နေစဉ် ချီထျန်းစူး တစ်ယောက် ရုတ်တရက် နောက်ကျောမလုံသလို   ခံစားမိလိုက်သည်။

ချင်းရှီဟွမ်က စစ်ထူရှန့်ယွီကို မျက်မှောင်ကြုတ်ကြည့်လိုက်သဖြင့် စစ်ထူရှန့်ယွီ မျက်နှာကိုပြင်ကာ အရှင့်သားရှေ့က ကောင်လေး၏ပုခုံးကို ခပ်ဖွဖွပုတ်ကာ ပြောလိုက်သည်။

"အရှင့်သား.. မင်းသားလေးက ဘုရင်အဖြစ် ဘိသိတ်ခံရတော့မှာဆိုတော့ တစ်ခါတည်း မိဖုရားတစ်ပါး တင်မြှောက်ပေးသွားသင့်တယ်လို့ ထင်ပါတယ်.."

ချီထျန်းစူးက ထိုစကားကိုကြားသော် ထိတ်လန့်သွားသော်လည်း ချင်းရှီဟွမ်က ခေါင်းညိတ်ပြီးပြောလိုက်သည်။

"ကိုယ်တော့်ရဲ့ကြင်ယာတော်က ဝေတိုင်းပြည်က မင်းသမီးတစ်ပါးပါ။ သူရဲ့ညီမတော်က မင်းနဲ့ဆိုရွယ်တူပဲ.. ပြီးတော့ မိန်းမကောင်းတို့ကြန်အင်နဲ့လည်း ပြည့်စုံတယ်.. ကိုယ်တော်နဲ့မင်း မယားညီအစ်ကိုတော်ရရင် ပိုကောင်းမယ်လို့ထင်တယ်.."

ထိုစကားကိုကြားသော် ချီထျန်းစူးက မဆိုင်းမတွပင် ချက်ချင်း ခေါင်းညိတ်လိုက်တော့သည်။ အရှင့်သား၏ကျေးကျွန်သာမက အရှင့်သားနှင့် မယားညီအစ်ကိုတော်ခွင့်ရခြင်းက ချီထျန်းစူး အတွက် ဂုဏ်ယူစရာဖြစ်ရပ်တစ်ခုဖြစ်သည်။

"အရှင့်သားရဲ့ အမိန့်တော်အတိုင်းပါ.."

"ကောင်းတယ်.. ကောင်းတယ်.. အခုကစပြီး အရှင့်သားလို့မခေါ်နဲ့.. နောင်တော်လို့ခေါ်တော့.."

"မှန်လှပါ နောင်တော်ဘုရား.."

ချီထျန်းစူးသည် ပြုံးနေသော အရှင့်သား၏မျက်နှာကိုကြည့်ကာ ထိုအပြုံးအတွက် ဘာမဆိုပေးဆပ်ဝံ့သည့်ဟု စိတ်ထဲမှ တိတ်တိတ်လေးပြောနေမိသည်။

စစ်ထူရှန့်ယွီက မြွေမြွေချင်း ခြေမြင်ကာ အရှင့်သားကို တွယ်ငြိချင်လာသည့် ချီတိုင်းပြည်၏ ဘုရင်ငယ်လေးို လက်ဦးမှုယူကာ ရှင်းပစ်ပြီးနောက် စိတ်ကျေနပ်သွားတော့သည်။ ဒီကောင်လေး အရှင့်သားကိုချစ်နေသည်ကို မိမိ ဂရုမစိုက်သော်လည်း အရှင့်သားက ဒီချာတိတ်ကို သံယောဇဉ်တွယ်သွားမှာကို မိမိ ဘယ်လိုမှ လက်မခံနိုင်သောကြောင့် ဒီလို အကွက်ရွှေ့လိုက်ခြင်းဖြစ်သည်။ အခုမှ စစ်ထူရှန့်ယွီ တစ်ယောက် ညစာကို စိတ်ချမ်းသာစွာ စားနိုင်တော့သည်။

 =========================

မုန်းမာန်ဖွဲ့ချစ်ခြင်း  (မုန်းမာန်ဖွဲ့ချစ်ခြင်း )Onde histórias criam vida. Descubra agora