Chapter (11) – စိတ်တူကိုယ်တူ
"သားတော်... မင်း အိမ်ရှေ့စံကိုယ်တော်လေး ဘေးမှ ခစားရတာ စိတ်ကျဉ်းကြပ်တယ်ဆိုရင် အဖေ အခြားနေရာ ရွှေ့ရအောင် မင်းတရားကြီးကို လျှောက်တင်ပေးမယ်..."
စစ်ထူဟိန့်က သားဖြစ်သူကို ကျေနပ်စွာကြည့်ကာ ပြောလိုက်ပေမယ့် စစ်ထူရှန့်ယွီက ချက်ချင်းငြင်းခဲ့သည်။
"သားတော် မပျင်းပါဘူး အဖေ၊ အိမ်ရှေ့စံကိုယ်တော်လေးက သားတော်ကို အသိအမြင် ကျယ်အောင် လုပ်ပေးနိုင်တဲ့ တစ်ဦးတည်းသော သူပါ။ သားတော် မင်းသားလေး ဘေးမှာ နေပြီး နိုင်ငံရေး အကြောင်းကို လေ့လာချင်ပါသေးတယ်"
"သားတော် နိုင်ငံရေးကို စစ်ရေးထက် စိတ်ဝင်စားလိမ့်မယ်လို့ အဖေ ထင်မထားမိဘူး။ သားတော်က သားရဲ့ ဘကြီးတော် အမတ်ကြီးရဲ့ အရည်ချင်းကို ဆက်ခံရတာ ထင်ပါရဲ့...."
"စစ်ရေးကို ဘယ်လောက်ကျွမ်းကျင်ပေမယ့် နိုင်ငံရေး ပရိယာယ်ကို မကျွမ်းကျင်ရင် နန်းတော်ထဲက တချို့သော အမတ်များရဲ့ သွေးထိုးမှုကြောင့်ရှေ့တန်းမှာ ကျဆုံးသွားရတဲ့ စစ်သူကြီးတွေရဲ့ သမိုင်းကြောင်းကို သားတော် ပြောင်းလဲပစ်ချင်လို့ပါ အဖေ"
"ကောင်းပြီ။ သားတော် ဒီလို စိတ်ကူးထားတယ်ဆိုရင်လည်း မင်းရဲ့ ဘကြီးတော်ဆီမှာ အဖေ သေချာအပ်ပေးပါ့မယ်"
စစ်သေနာပတိချုပ်ကြီးသည် မိမိ၏မွေးစားသားတော်ကို အိမ်ရှေ့မင်းသားနံဘေး ခိုင်းတာလုပ်ရသည့် ကိုယ်ရံတော် နေရာတွင် သိမ်ငယ်နေမည်စိုးသဖြင့် အခြားနေရာ ပို့ရန်ကြိုးစားသော်လည်း မထင်မှတ်ပဲ သားတော်၏ အငြင်းစကားနှင့် ပြောလာသည့် စကားများကြောင့် လက်ခံလိုက်ရသည်။ ထူးထူးထွေထွေ မတွေးဖြစ်ပဲ သူ့ ခမည်းတော်၏ သွေး စီးဆင်းနေသောကြောင့် နိုင်ငံရေးတွင် စိတ်ဝင်စားသည်ဟုသာ ထင်နေခဲ့သည်။ တကယ်တော့ မိမိသားတော်က မင်းသားလေးကို ချစ်ခင်နေသည်ကိုသာ သိလျှင် စစ်သေနာပတိချုပ်ကြီး စိတ်လှုပ်ရှားကာ ငုတ်တုတ်မေ့သွားလောက်သည်။
အိမ်ရှေ့မင်းသားစံအိမ်တွင် စစ်သေနာပတိကျမ်းကို လေ့လာရင်း ချင်းရှီဟွမ် က မိမိနံဘေးမှ ဆွဲအောင်အားပြင်းလှသည့် စစ်ထူရှန့်ယွီကို လှမ်းကြည့်ကာ စကားစလိုက်သည်။
ESTÁS LEYENDO
Ficción históricaBoth zawgyi and Unicode font Historical fiction