Chapter (60) – ချန်းပင်း တိုက်ပွဲ နှင့် သူရဲကောင်း ၂ ဦးကြားက အချစ် (3)🚫
" ကျွန်တော်မျိုးက အရှင့်နောင်တော် တဲ့လား.."
ထိုက်ကျုံးနယ်စားကြီးက တထန်မင်းကြီး ချင်းရှီဟွမ် ၏အပေါ်မှ ဖိမိုးကာ လှိုက်လှဲစွာမေးလိုက်သည်။ ချင်းရှီဟွမ် က သူ့ပါးပြင်ကို ချစ်မြတ်နိုးစွာပွတ်သပ်ကာ မေးလိုက်သည်။
"ဘာလဲ.. မကြိုက်ဘူးလား.."
"ဟင့်အင်း.. နောင်တော်ဆိုတာထက် ချစ်သူဖြစ်ချင်တယ်.. အရှင့်အရိပ်ဖြစ်ချင်တယ်.."
ချင်းရှီဟွမ် က သဘောကျစွာရယ်မောကာ လက်တစ်ဖက်က သူ့တင်ပါးကိုဖျစ်ညှစ်ပြီး ပြောလိုက်သည်။
"အခု အရိပ်တင်မကဘူး၊ ငါကိုယ်တော်ရဲ့ ကိုယ်ပွား၊ ငါကိုယ်တော်သွားလေရာ ပါမယ်၊ ငါကိုယ်တော်နဲ့ ထီးနန်းပုလ္လင်မှာ တွဲဖက်အုပ်ချုပ်မယ့် ကြင်ယာတော်အဖြစ် သတ်မှတ်လို့ လက်စွပ်ကို ကိုယ်တော်တိုင် ဝတ်ဆင်ပေးလိုက်တာမဟုတ်လား.."
ထိုစကားကိုကြားရတော့ ထိုက်ကျုံးနယ်စားကြီး တစ်ဖြစ်လဲ ရှန်ဝမ်က မျက်လုံးပြူးဝိုင်းကာ မယုံနိုင်စွာငုံ့ကြည့်လိုက်မိသည်။
"အရှင်.. ဒါပေမယ့်.. နောင်တော်ဆိုတော့.."
"မင်းက ကိုယ်တော်ထက် အချိန်စောမွေးတယ်မဟုတ်လား.. နောင်တော်မခေါ်လို့ ညီတော်ခေါ်ရမှာလား.. ကိုယ်တော်တို့က ယောက်ျားသားတွေဆိုတော့ 'မောင်တော်' ဆိုတာထက် 'နောင်တော်' ဆိုတဲ့အခေါ်က ပိုမသင့်တော်ပေဘူးလား.."
ထိုစကားအဆုံး ထိုက်ကျုံးနယ်စားကြီး ပျော်ရွှင်စွာရယ်မောကာ အရှင်၏ ပျားရည်ထက်ချိုသည့် နှုတ်ခမ်းကို နမ်းရှိုက်ကာ ပြောလိုက်သည်။
"ဟုတ်တယ်.. နောင်တော်.... အရှင့်ဆီက နောင်တော် ဆိုတဲ့စကားကိုကြားတိုင်း ကျွန်တော်မျိုး သေလုအောင်ပျော်သွားမှာပဲ.. ချစ်တယ်.. အရှင့်ကိုချစ်တယ်.."
ချင်းရှီဟွမ် က ယခုမှ အဓိပ္ပါယ်ကို သေချာသဘောပေါက်ပြီး ထပ်တလဲလဲနမ်းရှုံ့ကာ ပျော်ရွှင်စွာပြောနေသည့် ချစ်သူကို ဖက်ကာ ရယ်မောရင်း ပြန်နမ်းလိုက်သည်။
"ကိုယ်တော်လည်း နောင်တော့်ကိုချစ်တယ်.."
"အရှင်.. အရှင်ရယ်.. ချစ်လိုက်တာဗျာ.."
ထိုက်ကျုံးနယ်စားကြီးက ချင်းရှီဟွမ် ၏နှုတ်ခမ်းကို မြတ်နိုးခြင်းဖြင့် ဖိနမ်းကာ ဖွဖွကိုက်ရင်း မချင့်မရဲ ဆက်ပြောလိုက်သည်။
"အရှင့်ကို ချစ်ချင်တယ်.. အရမ်း.. အရမ်းကို ချစ်ချင်တယ်.."
"အင်း.."
ချင်းရှီဟွမ် ဆီက ခွင့်ပြုချက်ရတော့ ထိုက်ကျုံးနယ်စားကြီး က အရှင့်ကိုယ်ပေါ်က ပိန်ကော်တ်များကို အဆောတလျှင်ဆွဲချွတ်ကာ လည်တိုင်များကိုဖွဖွနမ်းပြီး ရင်ဘတ်ကို မြတ်နိုးခြင်းဖြင့် နမ်းစုပ်လိုက်သည်။ ချင်းရှီဟွမ် ကလည်း စစ်ထူရှန့်ယွီ၏ပိန်ကော်တ်ကို ကူချွတ်ကာ ခါးဝတ်လွှာကို ဖြေလျှော့လိုက်သည်။ ပြီးတော့ မိမိပေါင်ကို လာထောက်ထားသည့် သံမဏိလှံတံကို ဆုပ်ကိုင်လိုက်ပြီး ဖျစ်ညှစ်လိုက်ကာ မေးလိုက်သည်။
"ဘာကြောင့် ကိုယ့်အသက်အန္တရာယ်ကို မငဲ့ဘဲ မုန်ဖူ တို့အုပ်စုကို ထိပ်တိုက်ရင်ဆိုင်ရတာလဲ .. ဘာကြောင့် ကိုယ်တော့်ကို စိတ်ပူလို့သေအောင်လုပ်ရတာလဲ.."
ထိုက်ကျုံးနယ်စားကြီး စစ်ထူရှန့်ယွီ ခမျာ အောက်ပိုင်းအညှာကို ညှစ်ထားသည့် အရှင်၏လက်အတွေ့ကြောင့် ထိုလှံတံက မတ်ခနဲမတ်ခနဲဖြစ်ကာ အစွယ်တငေါငေါ ဖြစ်လို့လာသည်။
ချစ်သူလေးက သူ့သေဘေးနှင့်နီးကပ်သွားလို့ ဒေါသထွက်သည်ကိုသိတော့ ထိုက်ကျုံးနယ်စားကြီးက နားရွက်ဖျားလေးကိုနမ်းကာ ပျော်ရွှင်စွာလျှောက်လိုက်သည်။
"အရှင်က နောက်ကွယ်က စောင့်ရှောက်ပေးနေတာသိလို့..၊ အရှင့်ကို ယုံကြည်လို့.."
"ဒါဖြင့် စစ်ထွက်ဖို့အသွား ဘာကြောင့်နှုတ်မဆက်သွားဘဲ တိတ်တိတ် ထွက်သွားရတာလဲ.."
"အရှင် အိပ်ရေးမဝမှာစိုးလို့.."
ထိုက်ကျုံးနယ်စားကြီး စစ်ထူရှန့်ယွီက အရှင့်မျက်လုံးများ၊ မျက်ခွံများကို နမ်းကာ မြတ်နိုးစွာပြောလိုက်သည်။ ဒီကိစ္စကို အရှင် သေချာပေါက် စိတ်ဆိုးပြီးမေးမည်ကို သိလို့ ထိုက်ကျုံးနယ်စားကြီး စိတ်ရှည်စွာဖြေကြားလိုက်သည်။
"ကျုပ်အိပ်ရေးမဝတာက မင်းကို နောက်ဆုံးမျက်နှာမမြင်ရဘဲ ခွဲလိုက်ရမှာထက် အရေးကြီးလို့လား.. ဟမ်.. မင်း အရမ်းရက်စက်တယ်.. ဒီတိုက်ပွဲမှာ မင်း တစ်ခုခုဖြစ်သွားရင်.. ငါ.. ငါ.."
"ဟင့်အင်း.. ကျွန်တော်မျိုး ဘာမှမဖြစ်စေရဘူး.. ကျွန်တော်မျိုး ရှေ့တက်ပေမယ့် တကယ်တော့ နောက်မှာ လက်ရွေးစင်စစ်သည်တော်တွေကို အပင်ထက်တွေမှာ ကြိုတင်နေရာချပြီးသား.. အခုက ငွေမြားတပ်က သံမဏိမြားတပ်ထက် နည်းနည်းစောသွားလို့ပါ.."
"မင်း ငါ့ခံစားချက်ကို ထည့်မစဉ်းစားဘူးလား စစ်ထူရှန့်ယွီ .. မင်းသာသေသွားရင် ငါလည်း ဘဝကို ဘယ်လိုမှ ဆက်လျှောက်နိုင်မှာ မဟုတ်တော့ဘူး.."
ချင်းရှီဟွမ် က ပြောရင်း သူ၏တဇွတ်ထိုးလုပ်ရပ်ကို စိတ်ဆိုးကာ သူ့လှံတံကို ဖျစ်ညှစ်ပစ်လိုက်သဖြင့် စစ်ထူရျန့်ယွီ၏မျက်နှာက ရဲတက်ကာ နဖူးက သွေးကြောများထောင်ထလာပေမယ့် တစ်စက်မှမညည်းဘဲ ဖွဖွနမ်းကာ ဆက်တိုက်ချော့ရင်း ကတိပေးနေသည်။
"တောင်းပန်ပါတယ်.. ရှေ့တိုက်ပွဲတိုင်းမှာ သေချာသတိထားပါ့မယ်.. အရှင့်ကို ခုလိုစိတ်ပူအောင် မလုပ်တော့ပါဘူး.."
ချင်းရှီဟွမ် က သူ့နဖူးက ချွေးစို့လာသည်အထိ နေရခက်ပေမယ့် မိမိဒေါသကို ပြေအောင် ဖောက်ခွဲခွင့်ပေးနေသည်ကိုကြည့်ပြီး စိတ်ပြေသွားခဲ့သည်။
"နောင်.. ငါ့ကို ဒီလိုစိတ်ပူအောင် ဘယ်တော့မှ ထပ်မလုပ်ရဘူး.. ဒါ နောက်ဆုံးပဲ.."
"အမိန့်အတိုင်းပါ.."
ချင်းရှီဟွမ် က ထိုအခါမှ သူ့လက်နက်ကြီးကို ညှစ်ထားရာက လွှတ်ပေးလိုက်ပြီး ဖွဖွပွတ်ကာ မေးလိုက်သည်။
"နာသွားလား.."
"နည်းနည်းပါ.. အရှင့်ကိုယ်ထဲ ဝင်ခွင့်ရရင် ချက်ချင်းသက်သာသွားမှာ.."
ထိုက်ကျုံးနယ်စားကြီး က ပြောပြီး အရှင့်ခြေထောက်နှစ်ဖက်ကို ကောက်မကာ သံမဏိလှံတံကို ဂန္ဓမာပန်းပိန်ကော်တွင် တေ့လိုက်သည်။
ချင်းရှီဟွမ် က သူ၏ ဇောဟုန်ပြင်းထန်သည့် အပြုအမူကြောင့် ပြုံးသွားပြီး အောက်ပိုင်းကိုဖြေလျှော့ကာ သံမဏိလှံတံကို ဝင်ခွင့်ပြုလိုက်သည်။ ဒီလှံတံကြီးနှင့် ကျင့်သားရနေပြီဆိုပေမယ့် ၃ရက်တာလောက် ဝေးနေသဖြင့် ပြည့်ကျပ်စွာ တိုးဝင်လာခဲ့သည့် အတွေ့ကြောင့် ချင်းရှီဟွမ် ပင့်သက်ရှိုက်လိုက်မိသည်။ နေသားတကျဝင်သွားပြီးတော့မှ ချင်းရှီဟွမ် က စစ်ထူရှန့်ယွီ၏လည်ပင်းကို သိုင်းဖက်ကာ ရင်အုပ်ကြီးကို ကိုက်ချလိုက်ပြီး ပြောလိုက်သည်။
"ကြမ်းကြမ်းလေး.."
ထိုစကားကြောင့် စစ်ထူရှန့်ယွီ၏မျက်လုံးတို့ တောက်ပလာပြီး တိုက်တိုင်းနိုင်သည့် စစ်သူရဲကောင်းတို့၏အားကို အပြည့်ပိန်ကော်ထုတ်ကာ မင်းကြီး၏အမိန့်တော်ကို ရွပ်ရွပ်ချွံချွံ ထမ်းဆောင်နေတော့သည်။ ကြီးသော၊ တုတ်သော၊ ရှည်သောလှံတံက အတွင်းသားနံရံများကို ခပ်ကြမ်းကြမ်းပွတ်တိုက်ကာ အတွင်းဘက်ထိုတစ်နေရာကို ထိုးဆောင့်မိတော့ ချင်းရှီဟွမ် မအောင့်နိုင်ဘဲ ကောင်းလွန်းသည့်ခံစားချက်ကြောင့် ကော့တက်ကာ လည်ချောင်းထဲက ညည်းသံတို့ထွက်လာခဲ့သည်။
"ဒီနေရာလား.."
ထိုက်ကျုံးနယ်စားကြီး သဘောကျစွာရေရွတ်ကာ အရှင့်ခါးကိုဆုပ်ကိုင်ပြီး ထိုနေရာကို ဆက်တိုက်ထိုးနှက် တိုက်ခိုက်တော့သည်။ အသားချင်းရိုက်ခတ်သံ ခပ်ပြင်းပြင်းနှင့် သလွန်ပေါ်က အားကောင်းမောင်းသန် သူရဲကောင်းနှစ်ဦးကြားက တိုက်ပွဲက စစ်မြေပြင်ထက်ကတိုက်ပွဲထက် ပြင်းထန်ကာ စိတ်လှုပ်ရှားစရာကောင်းလှသည်။
ချင်းရှီဟွမ် သည် ကြမ်းရှသည့်ခံစားချက်ကြောင့် ခေါင်းကိုမော့လှန်ကာ ကျေနပ်စွာညည်းမိစဉ် ချွေးစက်တို့က လည်ပင်းနားက စီးကျကာ ရင်ဘတ်ပေါ်ကို ကျသွားသည်။ ရွှေရောင်ဝင်းသည့် အရှင့်ကိုယ်လုံးထက်မှာ ချွေးတို့က အလွှာပါးတစ်လွှာ လွှမ်းခြုံထားပြီး ရမ္မက်တို့၏အခိုးအငွေ့က အလျှံတငြီးငြီး တောက်လောင်လို့နေသည်။ ကြေးနီရောင်ကြွက်သားများဖြင့် စစ်နတ်ဘုရားတစ်ပါးနှယ် တင့်တယ်လှသော စစ်ထူရှန့်ယွီ၏ကြွက်သားအားလုံး တင်းလို့နေပြီး အရှင့်ကိုယ်ဘေးမှ သန်မာသည့်လက်မောင်းများဖြင့် ထောက်ကာ ခါးကိုကော့ပြီး ရွှေတွင်းထဲကို တဆုံးထိ ဝင်လိုက်ထွက်လိုက် လုပ်နေတော့သည်။ ထိုသို့ထိုးဆောင့်တိုင်း အရှင်က ကောင်းလွန်းလို့ အော်ညည်းလေ သူက ပိုပြီး ထိုးသွင်းလေဖြစ်တော့သည်။
ချစ်သူအတွက် အသက်စွန့်တိုက်ပွဲကို အောင်နိုင်ပြီးနောက် ဆုလာဘ်ကို ထိုက်တန်စွာရယူနေသော သူရဲကောင်းကြီးတစ်ယောက် အချစ်ရေယာဉ်ကြောမှာ အားသွန်ခွန်စိုက်ကူးခတ်နေစဉ် အခြားလှေတော်ပေါ်မှ ရှန့်ကွမ်းဝူတိ က တောက်တခေါက်ခေါက် ဖြစ်နေသည်။
"ခွေးသား.. ခြေတစ်လှမ်းဦးသွားပြီ.. မဖြစ်ဘူး.. အရှင် တထန်ရွှေနန်းတော်ကိုရောက်ရင် တော်ဝင်ကိုယ်လုပ်တော်ကျောက်ကို ရင်သွေးတော်ပေးသနားဖို့ အကျပ်ကိုင်လျှောက်ထားမှ ဖြစ်တော့မယ်.. ကြာရင် ဒီကောင့်ကို ငါက မင်းကြီးလို့ ခေါ်ရတော့မယ်.."
ရှန့်ကွမ်းဝူတိ က သေရည်တစ်ခွက်ကို တရှိန်ထိုးမော့သောက်လိုက်ပေမယ့် ပူလောင်သောရင်အစုံက ငြိမ်းမသွားခဲ့ပေ။
ချင်းရှီဟွမ် က ပထမတချီပြီးသွားပေမယ့် ထိုက်ကျုံးနယ်စားကြီး အရှိန်ရဆဲဖြစ်သဖြင့် သဘောကျစွာရယ်ကာ သူ့ကိုတွန်းလှဲလိုက်ပြီး အပေါ်မှခွစီးကာ ပြောလိုက်သည်။
"အင်မတန်ရဲရင့်တဲ့ ငါ့ချစ်သူနောင်တော်ကို ဆုချီးမြှင့်ရတာပေါ့.. အောက်ကနေ အေးအေးဆေးဆေး လှဲနေ.. ဒီနေ့ ငါကိုယ်တော် လှုပ်ရှားပေးမယ်.."
ချင်းရှီဟွမ် က သူ့ကိုယ်ကိုခွကာ ဒူးထောက်ထားပြီး ကြီးမားသောလှံတံကြီးပေါ် ထိုင်ချကာ လှုပ်ရှားပေးလိုက်သည်။ စစ်ထူရျန့်ယွီ၏ သန်မာတောင့်တင်းသော ရင်ဘတ်ကြီးပေါ် လက်ထောက်ကာ ခါးကိုကော့ပြီး ချင်းရှီဟွမ် က ခပ်သွက်သွက် ထိုင်ထလုပ်သလို ခပ်ဖြည်းဖြည်းနှင့် ထိမိစွာထိုင်ချကာ တင်ပါးကိုဝိုက်ကာ အတွင်းသားနံရံအားလုံးကို လှံတံထိပ်ဖျားဖြင့် ထိမိစွာပွတ်တိုက်မိအောင် လုပ်လိုက်သည်။ နှေးတစ်ခါ၊ မြန်တစ်လှည့်ဖြင့် စိတ်ကြိုက်ကစားရင်း ကျီစယ်နေသည့် အရှင်၏မျက်ဝန်းလက်လက်များကိုကြည့်ကာ စစ်ထူရှန့်ယွီ၏ညီတော်မောင်က ပေါက်ကွဲထွက်မလို ခံစားလာရသည်။ အရှင်၏ဆံပင်များက နောက်ကျောမှာဝဲကျကာ ရွှေရောင်ခန္ဓာကိုယ်လေးက လင်းလက်တောက်ပလို့နေသည်။ အရှင့်ပါးပြင်နှင့် နှုတ်ခမ်းတော်က သွေးရောင်ရဲတောက်ကာ ရမ္မက်ကြွချင်စဖွယ် တပ်မက်ဖွယ်ကောင်းလွန်းလှသည်။
ထိုက်ကျုံးနယ်စားကြီး စစ်ထူရှန့်ယွီက မအောင့်နိုင်တော့ဘဲ အရှင့်ခါးကိုဆုပ်ကိုင်ကာ အောက်မှ ခပ်ကြမ်းကြမ်း ပင့်ထိုးလိုက်တော့သည်။ နတ်ဘီလူးလို သန်မာလွန်းသော ထိုက်ကျုံးနယ်စားကြီး အထက်မှာနေနေ၊ အောက်မှာနေနေ ဘာမှမထူးပေ။ ပြင်းထန်သောထိုးသွင်းချက်ကြောင့် ချင်းရှီဟွမ် ၏ ရွှေရောင်ရာဇလှံတံလေးက တဖန်ခေါင်းမော့လာသဖြင့် ချင်းရှီဟွမ် က လက်တစ်ဖက်နှင့် ထိုရာဇတံလေးကို ဆုပ်ကိုင်ကာ လှုပ်ရှားရင်း မျက်လုံးအစုံကိုမှိတ်ကာ ခေါင်းကိုမော့လိုက်မိသည်။ ချင်းရှီဟွမ် က စစ်ထူရှန့်ယွီ ဆိုသည့် မြင်းရိုင်းပေါ်မှာ သိမ့်သိမ့်တုန်လှုပ်ရှားနေပြီး ဒုတိယအကြိမ် အထွတ်အထိပ်ကို စစ်ထူရှန့်ယွီနှင့်အတူ ထုတ်လွှတ်လိုက်မိတော့သည်။
ထိုနေ့က အရှင်နှင့် ထိုက်ကျုံးနယ်စားကြီးတို့ ချစ်သူနှစ်ဦးသည် ဖောင်တော်ထက်မှာ တစ်ညနေလုံး ချစ်တိုင်းပြည်ကိုထူထောင်ပြီးနောက် နေဝင်တော့မှ ရပ်နားလိုက်တော့သည်။
"အပါးတော်မြဲကြီး.. ချိုးရေတော် စီစဉ်တော့.."
စစ်ထူရှန့်ယွီ၏အသံကိုကြားမှ အပါးတော်မြဲကြီးက အခြွေအရံများကို ချိုးရေတော်ပြင်ခိုင်းရတော့သည်။ ကြိုတင်သယ်ဆောင်လာသည့် နှစ်ယောက်ဝင်ချိုးလို့ရသည့် စည်ကြီးထဲ နံ့သာပန်းနှင့် ဆေးဖက်ဝင်သစ်မြစ်၊ သစ်ဥတို့ ထည့်ပြီးနောက် ထိုက်ကျုံးနယ်စားကြီး က အရှင့်ကို ကတ္တီပါဝတ်ရုံဖြင့် လွှမ်းခြုံကာ သယ်လာပြီး ရေစည်ထဲထည့်ပေးလိုက်သည်။ ပြီးတော့မှ သူကိုယ်တိုင် ပိန်ကော်တ်အကုန်ချွတ်ကာ ရေစည်ထဲဝင်လိုက်သည်။
ချင်းရှီဟွမ် က တနေ့ခင်းလုံး သောင်းကျန်းထားသည့်တိုင် မာန်တကြွကြွဖြစ်နေဆဲ သံမဏိလှံတံကြီးကိုကြည့်ကာ ပြုံးစေ့စေ့နှင့်မေးလိုက်သည်။
"မင်းကောင်ကြီးက ခေါင်းထောင်နေတုန်းပါလား.. ဟမ်.."
ထိုက်ကျုံးနယ်စားကြီး စစ်ထူရှန့်ယွီက ရေထဲဝင်ကာ အရှင့်ကို ရင်ခွင်ထဲဆွဲယူကာ ညင်သာစွာရေသုံးသပ်ပေးရင်း ပြောလိုက်သည်။
"အရှင့်ကိုတွေ့ရုံမပြောနဲ့.. အရှင့်အကြောင်း စဉ်းစားရုံနဲ့ ကျွန်တော့်ကောင်က ခေါင်းထောင်နေကျကို အရှင် မသိဘူးလား.."
"လွန်တာပေါ့ စစ်သူကြီးရာ.. ကိုယ်တော်နဲ့ တစ်ပတ်လောက်မတွေ့ရရင် မင်းကောင် ပေါက်ကွဲမှာ မကြောက်ဘူးလား.. ဒါမှမဟုတ် ကိုယ့်ဘာသာ ဖြေလျှော့လိုက်တာလား.."
"အရှင့်ကိုယ်ထဲမဝင်ရဘဲ ဖြေလျှော့ရုံနဲ့ ဒီကောင်က မကျေနပ်ဘူးဗျ.. ဒါကြောင့် ကျွန်တော်က အရှင်ဘယ်သွားသွား မခွဲဖို့ ဆုံးဖြတ်ထားတာ.. အရှင်ကရော.. ကျွန်တော်မရှိချိန် ဘယ်လိုဖြေလျှော့လဲ.."
"မင်းကိုတွေ့ရင် လုပ်မယ့်အကြောင်းကို စဉ်းစားပြီး အောင့်ထားတယ်.. ကိုယ်တော့်ရဲ့ကောင်က သစ္စာရှိတယ်.. မင်းနဲ့မတွေ့မချင်း လုံးဝခေါင်းမထောင်ဘူး.."
"ဒါကြောင့် အရှင့်ကို ကျွန်တော်မျိုးက စိတ်ဝိညာဉ်တစ်ခုလုံးပုံပြီး အူလှိုက်သည်းလှိုက် ချစ်မိတာပေါ့ဗျာ.."
ထိုက်ကျုံးနယ်စားကြီးက ချစ်သူ၏ကိုယ်ကို တဘတ်နှင့် ဆေးကြောပွတ်သပ်ပေးရုံသာမက အနောက်ပေါက်ထဲက မျိုးမြတ်ရည်အားလုံးကိုလည်း သန့်ရှင်းပေးသည်။ ချင်းရှီဟွမ် က ချစ်သူ၏လက်တစ်စုံ၏ ဆေးကြောပေးမှုကိုခံရင်း သူ့ရင်ခွင်ထဲမှာ အိပ်ပျော်သွားတော့သည်။
"အရမ်းချစ်ရတဲ့ ချစ်သူလေး.."
ထိုက်ကျုံးနယ်စားကြီးက တီးတိုးရေရွတ်ကာ နဖူးပြင်ကိုနမ်းပြီးနောက် ပွေ့ချီကာ အိပ်ဆောင်ထဲပြန်ဝင်လာခဲ့သည်။ အိပ်ဆောင်က သန့်ရှင်းပြီး အသစ်ပြင်ထားပြီးဖြစ်လို့ အရှင့်ကို သလွန်ထက်အသာချကာ စောင်ခြုံပေးပြီး ထသွားမည်အပြု ချင်းရှီဟွမ် က အိပ်ချင်မူးတူးနှင့် လှမ်းဆွဲကာ ပြောလိုက်သည်။
"မသွားနဲ့.. ဘေးမှာအိပ်.."
ထိုက်ကျုံးနယ်စားကြီးက သဘောကျစွာပြုံးကာ အရှင့်ဘေးတွင်လှဲကာ နားလိုက်တော့သည်။
တစ်ညနေလုံး စစ်ထူရှန့်ယွီပြန်မထွက်လာတော့ အပါးတော်မြဲက သဘောပေါက်စွာဖြင့် ထိုတစ်ည တပ်အားလုံး အနားယူဖို့ ကြေငြာလိုက်သည်။
•••••••••••*••••••••••
ကျင်းပြည်နန်းကို စွန့်ခွာပြေးကာ 'ဟုန်ကျန်းအရပ်' တွင် စခန်းချနေသော ကျူးကော်လျန့် သည် ချန်းပင်း တိုက်ပွဲတွင် မိမိတပ်တော်တစ်ဝက်ကို ထိုက်ကျုံးနယ်စားကြီး အင်အားအနည်းငယ်မျှဖြင့် အနိုင်ယူကာ ဆင်ထက်မှာ မုန်ဖူကို သတ်ဖြတ်လိုက်သည့်အပြင် မိမိ၏ စစ်သေနာပတိချုပ်လည်း ထွက်ပြေးသွားကြောင်း ကြားသိရတော့ ထိုနေရာမှာ ဆက်မနေဝံ့တော့ဘဲ မိဖုရားငယ်၊ သားသမီးများဖြင့် ရှီအန်း နယ်စားမင်း ဝမ်ကျန့် ထံသို့ အမြန်ချီလာတော့သည်။
ဝမ်ကျန့်က ခင်မင်စွာကြိုဆိုကာ ချင်းရှီဟွမ် ကိုတိုက်ဖို့ ကူညီမည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။ ဒါပေမယ့် မင်းနှစ်ပါးပေါင်းသော်လည်း ငယ်ရွယ်ကာ ခက်ထန်ရဲရင့်သည့် ချင်းရှီဟွမ် ကို ရင်မဆိုင်ဝံ့သောကြောင့် မိမိတို့နှင့်မဟာမိတ်ပြုထားသည့် 'မြောက်ပိုင်း ပိန်ကော်' ဘုရင် ပိုင်ချီကျန်းကို ပင့်ဖိတ်လိုက်သည်။ ပိုင်ရှီကျန်း သည် ကာလတိုအတွင်း အင်အားကြီးလာရုံမက ကျင်းပြည်တလွှားကိုပင် အောင်နိုင်လာသော ချင်းရှီဟွမ် ၏ လက်ရုံးရည်၊ နှလုံးရည်ကို ထိတ်လန့်ကာ ရန်စွယ်ကိုချိုးဖို့ကြံပြီး 'ပိန်ကော်' ၏လက်အောက်ခံ ဒေသမှ လူမျိုးစုခေါင်းဆောင်များ နှင့် မြို့စားများကို အမိန့်တော်ဆင့်ကာ ရှီအန်းမြို့သို့ ကြိုတင်စေလွှတ်ကာ မိမိကိုယ်တိုင်လည်း စစ်အင်အားကြီးစွာဖြင့် ရှီအန်းမြို့သို့ ချီတက်လာခဲ့သည်။ ထို့ကြောင့် ရှီအန်းတွင် 'ပိန်ကော်' တပ်၊ ကျင်းပြည်တပ်၊ ရှီအန်းတပ်များပေါင်းကာ ချင်းရှီဟွမ် ၏တပ်များ ရောက်လာလျှင် စိစိညက်ညက် ကြေအောင် ချေမှုန်းမည်ဟုတွေးကာ ကြည်းကြောင်း၊ ရေကြောင်း အခိုင်အမာဖြင့် စောင့်ကြိုလို့နေသည်။
ချန်းပင်း ချောင်းဘေးတွင် ချင်းရှီဟွမ် က စစ်ရေးအစည်းအဝေးပြုလုပ်ကာ ရှီအန်းရှိ ရန်သူ သုံးဦး၏တပ်ကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ဆွေးနွေးကြသည်။
"ရွှေနန်းရှင်ဘုရား.. ကျင်းပြည်ဘုရင်က ရှီအန်းနယ်စား၊ ပိန်ကော်ဘုရင်၏တပ်များနှင့် ပူးပေါင်းပြီး အရှင့်တပ်များကို တိုက်ခိုက်ဖို့ အားယူနေပါပြီဘုရား.. ဒီအချိန် ကျင်းပြည်ကို ပြန်ဆုတ်မယ့်အစား သူတို့ကို ချီတက်တိုက်ခိုက်သင့်ပါတယ်.. အခု သူတို့စုစည်းထားတဲ့ တပ်တွေက အင်အားကုန်ပြီဖြစ်လို့ တစ်ချက်တည်းနဲ့ ငှက်၃ကောင် ပစ်လိုက်သလို အရှင့်အင်အားစွမ်းကို ပြသပြီး သူတို့ကြောက်သွားအောင် လုပ်ရမယ့်အချိန်ကောင်းပါ.. စစ်သည်အင်အား နည်း၊များသည်က ပဓာနမကျပါဘူး.. စစ်ရေးဗျူဟာ ကျွမ်းကျင်မှုကသာ အဓိကကျပါတယ်.."
ချန်းပင်း တိုက်ပွဲတွင် စစ်ထူရှန့်ယွီ၏ရလဒ်ကို မျက်မြင်တွေ့ထားသည့် စစ်သူကြီးများကလည်း ယုံကြည်မှုအပြည့်ဖြင့် နောက်ကထောက်ခံကြသဖြင့် ချင်းရှီဟွမ် လည်း စစ်ချီဖို့အမိန့်ချလိုက်သည်။ တထန်တပ်များက အထက်ကို ဆက်လက်ချီတက်လာပြီး ' ဟေးစဲ့ကျွန်း' တွင် စခန်းချကာ ၃ရက်တိတိစောင့်ပေမယ့် မင်း၃ပါးတပ်က လုံးဝရှေ့ထွက်ကာ တိုက်ခိုက်ခြင်းမရှိဘဲ အခိုင်အမာတပ်စွဲနေကြသဖြင့် ချင်းရှီဟွမ် က စစ်ထူရှန့်ယွီကို တိုင်ပင်လိုက်သည်။ မင်း ၃ပါးပေါင်းတာတောင် ရှေ့မတက်ရဲသည့် လူကြောက်များကို စိတ်မရှည်ကာ ကိုယ်တိုင် ရှေ့ဆုံးမှဓားဆွဲကာ ထွက်တိုက်ချင်နေလေပြီ။
"ယခုအခါ မင်းသုံးပါးတပ်က ကြီးမားသောစစ်အင်အားဖြင့် ပတ်ပတ်လည်က စောင့်ကြိုနေသောကြောင့် ကျွန်တော်မျိုးတို့ ထိုလွင်ပြင်ကို ဆင်းတိုက်လျှင် တပ်၃ခု၏ ပူးညှပ်တိုက်ခြင်းခံရလို့ စစ်ရေးခက်နိုင်ပါတယ်ဘုရား.. ဒါကြောင့် ကျွန်တော်မျိုးတို့ဘက်က 'လေးညှို့ဖြန်းထိုးစစ်' ဖြင့် တိုက်ခိုက်မှ သင့်လျော်ပါလိမ့်မယ်.."
ချင်းရှီဟွမ် က စစ်ရေးဗျူဟာ ကျွမ်းလွန်းလှသည့် ချစ်သူကို အထင်ကြီးချီးမွမ်းဟန် ကြည့်ကာ တက်ကြွစွာပြောလိုက်သည်။
"ကောင်းပြီ.. ငါကိုယ်တိုင် စစ်ရေးငင်ခြင်း ပြုတော်မူမယ်.. ထိုက်ကျုံးနယ်စားကြီး တိုက်လှေကို ဦးစီးစေ.."
ထိုက်ကျုံးနယ်စားကြီး စစ်သွေးစစ်ရည်ပြည့်ကာ တက်ကြွလွန်းသောအရှင့်ကို တားမရသည်ကိုသိသဖြင့် စစ်ရေးငင်ရာတွင် လိုက်ပါဖို့ ပေါ်တူဂီတပ်မှူး ဒီယိုဂိုဆွာရတ်နှင့် လက်ရွေးစင်တပ်ကို ထည့်လွှတ်လိုက်သည်။
ချင်းရှီဟွမ် ၏ ဘုရင့်လှေပေါ်တွင် မင်းအဆောင်အယောင် အပြည့်ဆင်ယင်ကာ ဗုံ၊ နှဲ၊ စောင်း တူရိယာမျိုးစုံတင်လျက် ညမှောင်မှောင်တွင် မြစ်ကိုဆန်တက်ပြီး ရှီအန်းမြို့ခြေရင်းတိုင် တက်လာကြသည်။ ထို့နောက် ချင်းရှီဟွမ် ဘုရင်မင်းမြတ် က ဆီမီးတိုင်ကို ထိန်နေအောင်ထွန်းညှိစေပြီး ဗုံမောင်း၊ စောင်းညှင်းတို့ကို ကျယ်လောင်စွာတီးခတ်စေလျက် မြစ်ကြောင်းမှ စုန်ဆင်းစေသည်။ ဒီယိုဂိုဆွာရတ်က မင်းတရား၏ဘေးတွင် အနီးကပ်စောင့်ကြပ်ကာ စိန်ပြောင်းအမြှောက်များကို အသင့်ပြင်ထားစေသည်။
ဝိုးတဝါးလရောင်အောက်တွင် ယန်ဇီမြစ်လယ်မှ မီးထိန်ထိန်နှင့် ချင်းရှီဟွမ် ၏လှေတော်တစ်စီးသာ တပ်တော်မပါဘဲ အောက်ကိုစုန်ပြေးသည်ကို တွေ့တော့ မင်း၃ပါးရေတပ်များက မိမိတို့ကို ပမာမခန့် လာရောက်ကျီစား၊ သွေးတိုးစမ်းသည်ဆိုပြီး ဒေါသတကြီးနှင့် နောက်မှပြုံလိုက်ကြသည်။ ယခင်ကလည်း ချင်းရှီဟွမ် က လူသူအနည်းငယ်ဖြင့် ရွှေကြာပန်းဘုရားကျောင်းတွင် ကုသိုလ်တော် မင်္ဂလာ လာရောက် ပြုလုပ်သည့် ရဲရင့်သောအပြုအမူကို သတိရကာ ယခုသည်လည်း ချင်းရှီဟွမ် က ယတြာတစ်ခုလာလုပ်သည်ဟု ယူဆကာ နောက်ကပြုံလိုက်လာကြသည်။
ချင်းရှီဟွမ် က ကြောက်ရွံ့ခြင်းကင်းစွာဖြင့် လှေတော်ကို မနှေးမမြန်စုန်စေပြီး နောက်ကရေတပ်ကို အောင်မြင်စွာစစ်ရေးမြှူလျက် ခေါ်ချလာသည်။ ဒီယိုဂိုဆွာရတ်သည် ရဲစွမ်းသတ္တိရှိသည့် ဘုရင်ငယ်ကို ချီးကျူးစွာကြည့်မိသည်။ ပင်လယ်ဓားပြအဖြစ် နိုင်ငံပေါင်းများစွာ ရွက်လွှင့်ခဲ့ပြီး ဘုရင်ခံ၊ ဘုရင်စော်ဘွားမျိုးစုံ တွေ့ခဲ့ပေမယ့် ယခု တထန်ဘုရင်လောက် ငယ်ရွယ်ကာ သွေးအေးသော၊ ရဲစွမ်းသတ္တိရှိလှသော ဘုရင်မျိုးကို မတွေ့ဖူးပေ။ လှေဦးထိပ်မှာရပ်ကာ အနောက်မှပါလာသည့် ရန်သူ့ရေတပ်ကို မထီမဲ့မြင်ပြုံးကြည့်နေပုံက ဘယ်လောက်တောင် ဆွဲဆောင်အားကြီးလိုက်သလဲဆိုတာ ဒီယိုဂိုဆွာရတ် ဖွင့်မပြောတတ်အောင်ပင်။
မိမိမြတ်နိုးသော ဘုရင်ငယ်ပင် ဒီဘုရင်လောက် ရဲစွမ်းသတ္တိမရှိသည်ကိုတော့ ဝန်ခံမိသည်။ ဒါကြောင့် မိမိချစ်ရသူက ဒီဘုရင်ငယ်ကို လေးစားမြတ်နိုးတာဖြစ်ရမည်။
ဒီယိုဂိုဆွာရတ်သည် ချင်းရှီဟွမ် ကို တိတ်တဆိတ်ငေးကာ ရွှေသားရုပ်သွင်လို လှပရုံသာမက သတ္တိရှိလှသည့် ဘုရင်ငယ်ကို သဘောကျစွာ ပြုံးပြီးကြည့်နေမိသည်။
ချင်းရှီဟွမ် စစ်ရေးငင်သည့်နောက် 'အန္တရာယ်ကိုမမြင်ဘဲ အစာကိုငမ်းသည့်သားရဲနှယ်' တဟုန်ထိုးလိုက်လာသည့် ရေတပ်မှာ ပိန်ကော်ဘုရင် ပိုင်ရှီကျန်း ၏ တပ်ဖြစ်ကြသည်။ ထိုတပ်က ချင်းရှီဟွမ် ၏ ဘုရင့်ဖောင်တော်လှော်ကားနောက် တဟုန်ထိုးလိုက်လာရင်း 'ဟေးစဲ့ကျွန်း' အလွန်တွင် စစ်ထူရှန့်ယွီ၏လှေတပ်ကြီးနှင့် ထိပ်တိုက်တိုးကာ ပိတ်ဆို့ထားခြင်း ခံလိုက်ရတော့သည်။
"တိုက်.."
"တိုက်.."
"တိုက်.."
စစ်ထူရှန့်ယွီ၏ ကျယ်လောင်ကာ သြဇာပြည့်ဝသောအသံ၏အဆုံး ကြီးမားသော လှေတပ်တော်ကြီးတိုင်းဆီက အမိန့်သံများ ဆက်တိုက်ထွက်ပေါ်လာတော့သည်။ ထိုအခါမှ ပိန်ကော်တပ်က မိမိတို့ထောင်ချောက်မိသည်ကိုသိကာ အသည်းအသန် ဖောက်ထွက်ဖို့လုပ်ပေမယ့် စစ်ဦးဘီလူးလို အညှာအတာကင်းလှသည့် စစ်ထူရှန့်ယွီ၏ ရက်စက်သောတိုက်ခိုက်မှုအောက်ဝယ်မှ တပ်မှုးခြောက်ဦးကို လက်ရဖမ်းမိသည့်အပြင် တိုက်လှေ 200၊ စစ်သုံ့ပန်း 5000 ကျော်ကို ရရှိလိုက်သည်။ ကမ်းကိုတက်ပြေးသည့် တပ်သားများကို အသင့်စောင့်နေသည့် ကြည်းတပ်က ထိုးခုတ်သတ်ဖြတ်ပစ်လိုက်ကာ ထိုဒေသတဝိုက် သွေးချင်းချင်းရဲသွားတော့သည်။ တထန်ပြည်၏ အောင်ပွဲကား ကြီးမားလှပေသည်။ ထိုအခါမှစပြီး စစ်ထူရှန့်ယွီကို ရန်သူဘက်မှ 'နတ်ဘီလူးစစ်သူရဲကောင်း' ဆိုသည့်အမည် ခေါ်တွင်ခဲ့ကြသည်။
VOCÊ ESTÁ LENDO
Ficção HistóricaBoth zawgyi and Unicode font Historical fiction