Chapter ( 15 ) - ဉာဏ်ကောင်းတဲ့ စစ်သူကြီး

1.5K 117 1
                                    


Chapter ( 15 ) – ဉာဏ်ကောင်းတဲ့ စစ်သူကြီး 



ချင်းကျယ်ထျန်းသည် ရထားလုံး၏ပြတင်းပေါက်ကိုဖွင့်ကာ အပြင်ဘက်ကို လှမ်းကြည့်လိုက်သော်လည်း မိမိ၏ခင်ပွန်းလောင်းကို မတွေ့ရသောအခါ စိတ်ထဲ အလိုမကျဖြစ်သွားသည်။ ထိုစဉ် ကိုယ်ရံတော်တစ်ဦးက ရထားလုံးနားကိုကပ်လာပြီး ရိုသေစွာမေးလိုက်သည်။

"ဘာအလိုရှိပါသလဲ အရှင့်သမီးတော်.."

"စစ်သူကြီးဘယ်မှာလဲ.. သူ့ကို ခေါ်ပေးပါ.."

ကိုယ်ရံတော်က ရထားလုံးရှေ့မှ ဦးဆောင်သွားနေသည့် စစ်ထူရှန့်ယွီ ၏ နံဘေးကို အသော့နှင်ကာ မင်းသမီးအခေါ်လွှတ်ကြောင်း ပြောလိုက်သည်။ စစ်ထူရှန့်ယွီ ၏မျက်နှာသည် အလိုမကျမှုကြောင့် တစ်ချက်ပျက်သွားစဉ် ချင်းရှီဟွမ်က ပြုံးကာ တိုက်တွန်းလိုက်သည်။

"သွားလိုက်ပါ.. အစ်မတော်က မင်းကို စကားပြောချင်နေပုံရတယ်.."

စစ်ထူရှန့်ယွီ ည် မိမိကို အထင်လွဲသွားမည်စိုးသဖြင့် အရှင့်သား၏မျက်ဝန်းထဲကို စိုးရိမ်တကြီး မော့ကြည့်လိုက်စဉ် အရှင့်သားမျက်ဝန်းထဲမှ ရယ်ရွှင်ရိပ်ကြောင့် စိတ်သက်သာရာရသွားသည်။

"အရှင့်သား.. တောင်းပန်ပါတယ်.. ကျွန်တော် ခဏသွားလိုက်ပါဦးမယ်.."

စစ်ထူရှန့်ယွီ ည် မသွားချင်သော်လည်း မိမိနှင့်စေ့စပ်ထားသည့် မင်းသမီး၏အမိန့်ကို မငြင်းဆန်ဝံ့သဖြင့် အရိုအသေပေးကာ မြင်းရထားဆီကို လှည့်ထွက်လာခဲ့ရသည်။ လူက လာခဲ့ရသော်လည်း စိတ်အစဉ်က အရှင့်သားဘေးတွင်သာ ကျန်ရစ်ခဲ့ သည်။

"ကျွန်တော်မျိုးရောက်ပါပြီ.. အရှင့်သမီးတော်.."

"စစ်သူကြီး.. ကျွန်မတို့နားမှာပဲနေပါ.. ဒီခရီးလမ်းအကြောင်း မေးချင်တာလေးရှိလို့.."

ချင်းကျယ်ထန်းက စစ်ထူရှန့်ယွီ ၏မျက်နှာကို ရွှမ်းရွှမ်းစားစား ပြုံးချိုစွာကြည့်ကာ ပြောလိုက်သည်။ စစ်ထူရှန့်ယွီက မငြင်းနိုင်သဖြင့် ရေတံခွန်မရောက်မချင်း မြင်းရထားဘေးမှသာ တောက်လျှောက်လိုက်လာရတော့သည်။ တစ်လမ်းလုံး မင်းသမီးက ကလေးလေးပမာ သိလိုသည်ကို စစ်ထူရှန့်ယွီအား တစာစာမေးနေပြီး စစ်ထူရှန့်ယွီက စိတ်ရှည်စွာဖြေကြားပေးနေစဉ် မင်းသမီး၏ မြတ်နိုးမှုကိုရထားသည့်   အတော်ဆုံး လူငယ်စစ်သူကြီးကို စစ်သည်တော်များက အားကျစွာ ငေးကြည့်နေကြသည်။

သို့သော် စစ်ထူရှန့်ယွီ ၏ရင်ထဲမှ အော်ဟစ်ချင်စိတ်ကို မနည်းအောင့်အည်းထားရသည်ကိုတော့ မည်သူမှ မရိပ်မိကြပေ။

စစ်ထူဖေးယန်သည် မင်းသမီး၏ဘေးတွင် ငြိမ်သက်စွာထိုင်ရင်း မင်းသမီးနှင့် အစ်ကိုဝမ်းကွဲကို တိတ်တဆိတ်ကြည့်နေစဉ် ထူးခြားချက်ကို ခံစားလာရသည်။ ဝမ်းကွဲအစ်ကိုက မင်းသမီးကို ပြုံးရွှင်စွာ၊ ယဉ်ကျေးစွာဆက်ဆံနေသော်လည်း မင်းသမီးအပေါ် နည်းနည်းမှ စိတ်ဝင်စားမှုမရှိသည်ကို သိလိုက်ရသည်။

မိမိ ငယ်စဉ်က ဆုံးပါးသွားသောအစ်ကိုနှင့် ရုပ်ချင်းဆင်တူလှသည့် ဝမ်းကွဲအစ်ကိုကို စစ်ထူဖေးယန်က မြင်မြင်ချင်း သံယောဇဉ်တွယ်မိသည်။ တကယ်တမ်းပြောရလျှင် မိမိအစ်ကိုရင်း အသက်ရှင်နေသေးလျှင်ပင် ဒီဝမ်းကွဲအစ်ကိုကို မိမိ ပိုခင်မိမည်လား မသိတော့။ ယခု ဝမ်းကွဲအစ်ကိုက နေပြည်တော်ရောက်တာ ခြောက်လသာရှိသေးပေမယ့် မိမိကို ဂရုတစိုက်ရှိကာ ဘယ်သွားသွား မိမိအတွက် လက်ဆောင်လေးတွေ ယူလာပေးတတ်သဖြင့် အစ်ကိုဝမ်းကွဲကို ဖေးယန်က    တွယ်တာမိခြင်းဖြစ်သည်။

မင်းသမီးနှင့် စကားပြောနေစဉ် မိမိနှင့် ပြောဆိုဆက်ဆံတုန်းကထက် ပြုံးချိုနေသော်လည်း မိမိအပေါ်ထားသည့်စေတနာနှင့် ခင်တွယ်မှုမျိုးကို အစ်ကိုတော်ထံမှ မခံစားရသဖြင့် ဖေးယန် အံ့သြနေခြင်းဖြစ်သည်။ ဒါကို မင်းသမီးက မသိလေရော့သလား။ အစ်ကိုတော်ကို ချစ်စဖွယ်လေသံနှင့်ပင် မေးမြန်းကာ စကားပြောနေလေသည်။

ရှင်ဘုန်းစိုး ကောက်ချက်ချကာ တိတ်တိတ်ကလေးနေရင်း မိမိကို လုံး၀ လှည့်မကြည့်သည့် အိမ်ရှေ့စံမင်းသား အကြောင်းတွေးကာ သက်ပြင်းချလိုက်သည်။ ခမည်းတော်၏ဆုံးမစကားကြောင့် ရည်မှန်းချက်ကြီးပြီး ထက်မြက်လှသည့် မင်းယောက်ျား၏နှလုံးသားကို ဖေးယန် ပိုင်ဆိုင်ဖို့ ဆုပင်မတောင်းတော့ပါ။ အရှင့်သား၏ဘေးတွင် တစ်စုံတစ်ခု ဖြည့်ဆည်းခွင့်ရလျှင် ကျေနပ်ပြီဟုတွေးကာ စိတ်ကို ပိုင်းဖြတ်ထားသဖြင့် ဖေးယန်တစ်ယောက် အေးဆေးစွာ နေနိုင်ခြင်းဖြစ်သည်။

••••••••••••*••••••••••••••••••

ရေတံခွန်သို့ရောက်သော် ချင်းကျယ်ထျန်းသည် မြင်းရထားပေါ်မှတစ်ဆင့် စစ်ထူရှန့်ယွီ ၏လက်ကိုကိုင်ပြီး ဆင်းလာခဲ့သည်။ ပတ်ဝန်းကျင်တစ်ခုလုံး ရေမှုန်ရေမွှားတို့ လွင့်ပျံ့ကာ သက်တန့်တို့ဖြာကျနေသည့် ရေတံခွန်ကြီးက နတ်ဘုံနတ်နန်းလို မြင်ရသူကို ရင်သပ်ရှုမောဖြစ်စေသည်။ နံဘေးရှိ နွယ်ပင်များမှ မွှေးပျံ့သောပန်းများ ပွင့်နေပြီး သစ်ပင်ကြီးများပေါ်တွင် သစ်ခွတို့ သဘာဝအတိုင်း အပြိုင်းအရိုင်း ပွင့်နေလေသည်။

"သာယာလှလိုက်တာ.."

ချင်းကျယ်ထျန်းက ပတ်ဝန်းကျင်ကို သဘောတကျကြည့်ရင်း သစ်ခွခိုင်ကိုတွေ့သော် လိုချင်ဟန်ဖြင့် မော့ကြည့်နေသဖြင့် စစ်ထူရှန့်ယွီက စစ်သည်တော်တစ်ဦးထံမှ လေးနှင့်မြားကိုယူကာ သစ်ခွခိုင်များကို ဆက်တိုက် လှမ်းပစ်လိုက်သည်။ မြားတံများက သစ်ခွရိုးတံကို တိတိကျကျပိုင်းဖြတ်ကာ သစ်ပင်မြင့်ကြီးပေါ်မှ အောက်သို့ ပျံဝဲကျလာခဲ့သည်။ စစ်ထူရှန့်ယွီက သစ်ခွပန်းခိုင်များကို မြေပေါ်မကျအောင်စီးဖမ်းကာ ချင်းကျယ်ထျန်းကို ရိုသေစွာ ကမ်းပေးလိုက်သည်။

"တန်ဖိုးမရှိတဲ့ပန်းလေးတွေကို လက်ခံပေးတော်မူပါ အရှင်မင်းသမီး.."

ချင်းကျယ်ထန်းက ထိုအပြုမူလေးကြောင့် ရင်ထဲ လှပ်ခနဲဖြစ်သွာပြီး မျက်နှာပြင်က ပန်းရောင်သန်းသွားတော့သည်။ ထို့နောက် ကျေနပ်စွာဖြင့် သစ်ခွပန်းခိုင်ကို လှမ်းယူကာ မွှေးကြူရင်း မောင်တော်အိမ်ရှေ့စံဘက်ကို လှမ်းကြည့်လိုက်သည်။ သို့သော် အိမ်ရှေ့စံက မိမိတို့ကိုကြည့်နေဘဲ ရေစပ်တွင် အဝတ်များကိုချွတ်ပြီး နံဘေးမှစစ်သည်တော်တစ်ဦးထံ ကမ်းပေးနေသည်။

တောက်ပသောနေရောင်က အိမ်ရှေ့စံ၏ကိုယ်ပေါ် ဖြာကျနေသဖြင့် ရွှေရောင်အသားအရေက ပိုမိုထင်ရှားကာ လူတိုင်းအကြည့်မလွှဲချင်အောင် ဆွဲဆောင်နေသည်။ မိန်းမသားများမဆိုနှင့် လျှို့ဝှက်ကိုယ်ရံတော်စစ်သည်တော်များပင် မင်းသားလေး၏ကိုယ်ကို အံ့သြငေးမောကာ ကြည့်နေမိသည်။

စစ်ထူရှန့်ယွီ သည် အရှင့်သား၏ကိုယ်ကို အားလုံးဝိုင်းကြည့်နေသည်ကိုတွေ့သော် ရင်ထဲ လူသတ်ချင်စိတ်တို့ တဖြည်းဖြည်း ထကြွလာတော့သည်။ သို့သော် မိမိရှေ့က မင်မင်းသမီးထံကို အာရုံလွှဲကာ ရေစပ်ကို ခေါ်ဆောင်လာ တော့သည်။

ရေစပ်ရောက်တော့ အရှင့်သားက  ရေထဲကို  ဆင်းသွားလေပြီ။ စစ်ထူရှန့်ယွီက ယခုထိ အရှင့်သားကိုလိုက်ကြည့်နေသည့် စစ်သည်တော်ကို စူးစိုက်ကြည့်ကာ အရှင့်သားအဝတ်ကို လှမ်းယူရင်း အမိန့်ပေးလိုက်သည်။

"မင်းသမီးနဲ့ ကြင်ယာတော်လောင်းအတွက် ရွက်ဖျင်တဲ ချက်ချင်းဆောက်ကြစမ်း.."

"မှန်လှပါ စစ်သူကြီး.."

စစ်သည်တော်လေးက စစ်သူကြီး၏လူသတ်လိုရိပ်ကြောင့် ကြောက်ကြောက်နှင့် ပြေးထွက်သွားတော့သည်။ စစ်ထူရှန့်ယွီ သည် ကျန်စစ်သည်တော်များကို တာဝန်ခွဲပေးအပြီးတွင် တခဏအတွင်း မင်းသမီးအဝတ်လဲရန် ရွက်ဖျင်တဲ ပြီးသွားတော့သည်။

"အရှင့်သမီးတော်.. ရေကစားမယ်ဆိုရင် အဝတ်လဲလို့ရပါပြီ.."

ချင်းကျယ်ထျန်းနှင့် စစ်ထူဖေးယန်တို့က  အပျိုတော်တစ်သိုက်နှင့် ရွက်ဖျင်တဲထဲ ဝင်သွားတော့မှ စစ်ထူရှန့်ယွီက အရှင့်သားအဝတ်ကို တယုတယပွေ့ကာ ရေစပ်ကို ဆင်းလာခဲ့သည်။

"အရှင့်သား.. ရေလည်က ရေစီးသန်ပါတယ်.. သတိထားတော်မူပါ.."

"ရတယ် ရှန့်ယွီ.. အစ်မတော်နဲ့ စစ်ထူဖေးယန်တို့ကိုသာ ဂရုစိုက်ပေးလိုက်ပါ.."

စစ်ထူရှန့်ယွီ သည် အိမ်ရှေ့စံအရှင့်သား၏ ဝင်းဝါသောအသားအရေကို ငေးကြည့်ကာ တံတွေးမြိုချလိုက်မိတော့သည်။

စစ်ထူရှန့်ယွီက ရဲမက်များကို မင်းသမီးတို့ရေကစားရန် ပိုက်ကာခိုင်းပြီး နံဘေးမှခူးထားသောပန်းများဖြင့် ရေထဲ ကြဲချစေလိုက်သည်။

မင်းသမီးနှင့် ကြင်ယာတော်အလောင်းလျာတို့  ရေကစားရန် ထွက်လာတော့ အကာအရံနှင့် ပန်းပွင့်များမျောနေသော ရေကစားရန်နေရာကိုတွေ့သော် ကြည်နူးသွားကြသည်။

စစ်ထူရှန့်ယွီက ချင်းကျယ်ထျန်း ကို မကြည့်ဝံ့ဘဲ အကြည့်လွှဲကာ ရိုသေစွာလျှောက်တင်လိုက်သည်။

"ဒီပိုက်ထဲမှာ ရေကစားတော်မူပါ အရှင့်သမီးတော်.. နံဘေးကနေ စစ်သည်တော်တွေ သေချာစောင့်ကြပ်နေပါတယ်.."

" စစ်ထူရှန့်ယွီက ဘယ်သွားမလို့လဲ.."

ချင်းကျယ်ထျန်းက မသွားစေချင်ဟန်ဖြင့် ကြည့်ကာ လှမ်းမေးလိုက်သည်။

"ကျွန်တော်မျိုး အိမ်ရှေ့စံရဲ့လုံခြုံရေးကို တစ်ချက် သွားစစ်ဆေးလိုက်ပါဦးမယ်.."

ချင်းကျယ်ထျန်းက ဒီလောက်အရိပ်အကဲပြတာတောင် မသိသယောင်ပြုကာ ရှောင်ထွက်နေသော စစ်ထူရှန့်ယွီ ကို ကြည့်ကာ မချင့်မရဲဖြင့် လွှတ်လိုက်ရသည်။ ပထမ သူမက  ရေစီးထဲမျောသွားသလိုနှင့် စစ်ထူရှန့်ယွီ ကို အနီးကပ် ဖက်တွယ်လို့ရမည့် နည်းကို လုပ်ရန်ကြံထားပေမယ့်  ရာဇမတ်ကာထားသည့်နေရာကြောင့် ဘယ်လိုမှ ကြံစည်လို့မရတော့ပေ။

ခဏအကြာ စစ်ထူရှန့်ယွီ တစ်ယောက် အပေါ်ပိုင်း အဝတ်ဗလာဖြင့် ရေတံခွန်ဘက် တိုးကပ်သွားသော မောင်တော် အိမ်ရှေ့စံ ရှိရာသို့ ရေကူးသွားသည်ကို ရာဇမတ်များကြားမှ တွေ့လိုက်ရတော့သည်။

စစ်ထူရှန့်ယွီ ၏ ကြွက်သားများနှင့် တောင့်တင်းခိုင်မာသည့် ရင်အုပ်ကျယ်ကြီးနှင့် လက်မောင်းအိုးကြီးများကိုကြည့်ကာ ချင်းကျယ်ထျန်း၏ရင်ထဲ ကတုန်ကယင်ဖြစ်လာတော့သည်။

"လိုချင်သည်..၊ ဒီလူကို တကယ်လိုချင်သည်..၊ သူ့ရင်ခွင်အောက်မှာ သူ့အထိအတွေ့ သူ့အနမ်းကို ခံချင်သည်..၊ မိမိအထိအတွေ့ဖြင့် မိမိကလွဲပြီး ဘယ်သူ့ကိုမှသစ္စာမခံသည့် အချစ်ရူးတစ်ယောက် ဖြစ်စေချင်သည်.."
ပြင်းထန်သည့်အတွေးကြောင့် ချင်းကျယ်ထျန်း၏ကိုယ်က ပူလောင်လာသဖြင့် အေးစိမ့်သည့်ရေထဲကို စိမ်လိုက်ရတော့သည်။

•••••••••••*•••••••••••••••••••

စစ်ထူရှန့်ယွီ သည် ချင်းရှီဟွမ် အရှင့်သား နောက်ကို ရေကူးလိုက်ခဲ့သော်လည်း အရှင့်သားက ရယ်မောကာ ရေတံခွန်အောက်ကို တိုးဝင်သွားတော့သည်။ စစ်ထူရှန့်ယွီ ညည်း ရင်ခုန်စွာဖြင့် ရေတံခွန်နောက်ကို အမြန်လိုက်လာခဲ့သည်။

"ဘာကြောင့် အစ်မတော်ဘေးမနေဘဲ ကိုယ်တော့်နောက် လိုက်ခဲ့တာလဲ စစ်ထူရှန့်ယွီ.."

"ကျွန်တော်က အရှင့်သားရဲ့ကိုယ်ရံတော်ပါ.. အရှင့်သားဘေးကင်းဖို့ ကျွန်တော့်မှာ တာဝန်အပြည့်ရှိပါတယ်.. ဒါကြောင့် အရှင့်သားနဲ့ ဖဝါးခြေထပ် ထပ်ချပ်မကွာ လိုက်နေမှာပါ.."

စစ်ထူရှန့်ယွီ သည် ရေတံခွန်ကိုထိုးကျနေသော နေရောင်ကြောင့် အရှင့်သားကိုယ်မှာ ပြိုးပြိုးပြက်ပြက် အလင်းဟပ်နေသည်ကိုကြည့်ရင်း စိတ်ကိုထိန်းကာ မနည်းဖြေလိုက်ရသည်။ နတ်သားတစ်ပါးနှယ် ရွှေရောင်ဝင်းသည့် ကိုယ်အထက်ပိုင်းဝယ် ရေစက်ရေသီးတို့ တင်နေပုံက စစ်ထူရှန့်ယွီကို ရေငတ်လာစေပြီး ကိုယ်ထဲက မီးတောင်ပေါက်ကွဲနေသလို အလျှံတငြီးငြီး တောက်လောင်လာတော့သည်။

အရှင့်သား၏လည်ပင်းတလျှောက်မှ စီးကျလာသောရေစက်က ရင်ဘတ်ရှိ ပတ္တမြားရောင်ချယ်ရီသီးမှာ တွဲလွဲခိုနေသည်ကိုတွေ့သော် စစ်ထူရှန့်ယွီ ဘယ်လိုမှမခံနိုင်အောင် ဖြစ်လာပြီး နှာခေါင်းထဲမှ ပူနွေးသောအရည်တချို့ စီးကျလာတော့သည်။

ချင်းရှီဟွမ်မင်းသားက စစ်ထူရှန့်ယွီ ကို တမင်ကျီစယ်ကာ မိမိကိုယ်ကို စိတ်တိုင်းကျကြည့်နေစေပြီး စစ်ထူရှန့်ယွီ ၏ မျက်ဝန်းထဲမှ မီးတောက်များကိုကြည့်ကာ ကျေနပ်နေသည်။ မိမိက အိမ်ရှေ့စံမင်းသား ဖြစ်နေလို့သာ..၊ သူ့ထက်များ ရာထူးဂုဏ်ငယ်သူဖြစ်ပါက တွေ့သည်နှင့်ချက်ချင်းဆွဲကာ သူ့အောက်တွင်ထားချင်ကြောင်း မျက်ဝန်းထဲကအကြည့်မှာပင် အားလုံးပေါ်နေလေသည်။

မင်ကျွိနတ်မင်းကြိး၏ကျိန်စာကြောင့် စစ်ထူရှန့်ယွီက သူ့အနားကို တိုးကပ်လာကာ သူ့အကြည့်နှင့် အသက်ရှူသံပြင်းပြင်းကို ရလိုကကတည်းက ချင်းရှီဟွမ် ၏ကိုယ်ထဲမှ ရမ္မက်သွေးများသည်လည်း နိုးကြားလာတော့သည်။ ထိုစဉ် သူ့နှာခေါင်းထဲမှ သွေးယိုစီးကျလာသဖြင့် ချင်းရှီဟွမ်က စိုးရိမ်ကာ သူ့နားဖြတ်ခနဲကပ်ပြီး လက်ဖြင့် လှမ်းထိမလိုလုပ်ပြီးမှ ကိုယ်ရှိန်သတ်ကာ ပြောလိုက်သည်။

"မင်း နှာခေါင်းသွေးယိုနေပြီ.. ရေနဲ့ဆေးလိုက်ဦး.."

"ဘာမှထူးမှာမဟုတ်ပါဘူး အရှင့်သား.."

"ဘာကြောင့် မထူးရမှာလဲ.. နှာခေါင်းသွေးလျှံတယ်ဆိုတာ ကိုယ်ထဲက အပူကြီးလို့.. မျက်နှာကို ရေအေးနဲ့သစ်လိုက်ရင် ချက်ချင်းတိတ်သွားမှာပဲ.. ကိုယ်တော်ပြောသလိုသာ လုပ်ကြည့်ပါ.."

ရစစ်ထူရှန့်ယွီက ချင်းရှီဟွမ် အရှင့်သား၏လက်ကို လှမ်းဆွဲကာ နှုတ်ခမ်းဖြင့်ဖိနမ်းရင်း ပြောလိုက်သည်။

"ကျွန်တော့်ရင်ထဲက ရမ္မက်တွေက အလျှံတငြီးငြီး တောက်လောင်နေသရွေ့ နှာခေါင်းသွေးက တိတ်မှာမဟုတ်ဘူး.."

ချင်းရှီဟွမ်က သူ့လက်ဝါးကြီးထဲဆုပ်ကိုင်ကာ အနမ်းခံနေရသည့် မိမိလက်ကို ဆွဲယူလိုက်သော်လည်း စစ်ထူရှန့်ယွီက လွှတ်မပေးဘဲ ရှေ့တစ်လှမ်းတိုးကာ အရှင့်သား၏ခါးကို ရဲတင်းစွာ သိုင်းဖက်လိုက်သည်။

ချင်းရှီဟွမ်က ရဲတင်းလှသော သူ့ အပြုအမူကြောင့် ထိတ်ခနဲဖြစ်ကာ မျက်နှာက အေးစက်သွားပြီး ခပ်တင်းတင်းပြောလိုက်သည်။

"မင်း.. အတင့်ရဲလှချည်လား.."

"အရှင့်သား.. ကျွန်တော့်ကို ရေတံခွန်အောက် လာဖို့ခေါ်ကတည်းက ဒါတွေဖြစ်လာမယ်ဆိုတာ ကြိုသိပြီးမဟုတ်လား.. ကျွန်တော်.. အရှင့်သားကို ချစ်တယ်.. အရှင့်သားရဲ့တစ်ကိုယ်လုံးကို မြတ်နိုးတယ်.. လိုချင်တယ်.."

စစ်ထူရှန့်ယွီ သည် ချစ်စိတ်တို့တွန်းအားပေးမှုကြောင့် ချုပ်တည်းထားသမျှ ဖွင့်ထုတ်ကာပြောရင်း အရှင့်သား၏လည်ပင်းကို နှုတ်ခမ်းနှင့်ဖိကပ်လိုက်စဉ် ချင်းရှီဟွမ်က တွန်းကာ ငြင်းလိုက်သည်။

"ဒီနေရာ မနမ်းနဲ့.. အရာထင်သွားရင် ရှင်းရခက်တယ်.."

ချင်းရှီဟွမ်အရှင့်သားက စိတ်ဆိုးချင်ယောင်ဆောင်နေသည်ကိုမေ့ကာ လွှတ်ခနဲပြောလိုက်တော့ စစ်ထူရှန့်ယွီက ကျေနပ်စွာပြုံးကာ တီးတိုးပြောလိုက်သည်။

"အမိန့်အတိုင်းပါ အရှင့်သား.."

ချင်းရှီဟွမ်က ဟန်ဆောင်ခြင်းကိုစွန့်လွှတ်ကာ စစ်ထူရှန့်ယွီ၏လည်ပင်းကို လက်နှစ်ဖက်နှင့်သိုင်းဖက်ကာ နှုတ်ခမ်းကို ခပ်ကြမ်းကြမ်း ဖိနမ်းလိုက်တော့သည်။ တကယ်တော့ နတ်မင်းကြီး၏ကျိန်စာကြောင့် စစ်ထူရှန့်ယွီကို မြင်တိုင်း ချင်းရှီဟွမ်၏ကိုယ်က သွေးပွက်ပွက်ဆူပြီး ရမ္မက်စိတ်က တရိပ်ရိပ်တိုးလာသည်ကို မနည်းထိန်းထားရသည်။ မိမိက အိမ်ရှေ့စံဖြစ်သည့်အပြင် သူ၏သခင်တစ်ယောက်လည်း ဖြစ်သဖြင့် မိမိစိတ်ကို နေ့ခင်းအခါ မနည်းအောင့်အည်းကာ ညတိုင်း သူ့ကိုမြင်ယောင်ကာ ပြီးမြောက်ရပေါင်း များလေပြီ။

မင်းသမီးနှင့် စေ့စပ်သည့်သတင်းကိုကြားသော် ချင်းရှီဟွမ် ဘယ်လိုမှမဖြစ်သော်လည်း ဒီလူရွယ် မိမိကို ပိုမိုစွဲလမ်းကာ မိမိ ခြေရင်းမှ ထွက်မသွားအောင်လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။ အထူးသဖြင့် ချင်းကျယ်ထျန်းကိုယ်တိုင် ရောက်ချလာပြီး ရေထဲဆင်းစိမ်ပြီး လှပသောကိုယ်လုံးနှင့် သူ့စိတ်အာရုံကို ဖမ်းစားမည်ကို မိမိ ဘယ်နည်းနှင့်မှ ကြည့်မနေနိုင်ပါ။

သူက မိမိလူ...
မိမိနှင့်အတူ မြင့်မားသည့်..၊ တောက်ပသည့်.. တိုင်းပြည်ကြီးကို တည်ဆောက်မည့်သူ..
မိမိချစ်သူ..
မိမိကိုချစ်နေရမည့် တစ်ဦးတည်းသော သူရဲကောင်း...

စစ်ထူရှန့်ယွီသည် မင်းသား၏တုံ့ပြန်အနမ်းကြောင့် ဝမ်းသာစွာဖြင့် စိတ်ကိုလွှတ်ကာ မွတ်သိပ်စွာနမ်းတော့သည်။ မိမိ၏လက်က မင်းသား၏ နူးညံ့သောအသားအရေများကို ပွတ်သပ်ရင်း တင်ပါးများကိုအုပ်ကိုင်ကာ ဆုပ်နယ်နေတော့သည်။ ထိုသို့ဆုပ်နယ်စဉ် မိမိနှင့် ကိုယ်ချင်းထိနေသည့် မင်းသားလေး၏ရတနာက တင်းမာဖောင်းကြွလာသည်ကိုသိတော့ ကျေနပ်စွာပြုံးကာ မင်းသားကိုပြုစုပေးရန် ဆုံးဖြတ်ပြီး ချင်းရှီဟွမ်၏ ဘောင်းဘီကို ဆွဲချလိုက်သည်။
 
"ဘာလုပ်မလို့လဲ.."

ချင်းရှီဟွမ်က သူ့လက်ကိုတားရင်း မေးလိုက်တော့ သူက ခပ်မြူးမြူးပြုံးကာ နားရွက်ဖျားကိုနမ်းရင်း ရမ္မက်ကြွစွာဖြင့် ပြောလိုက်သည်။

"အရှင့်သားရဲ့အငယ်ကောင် နိုးနေတာ ချော့သိပ်ပေးမလို့.."

ချင်းရှီဟွမ် ဘာမှမဖြေနိုင်ခင် သူ့လက်ထဲ ခါးဝတ်ပါသွားပြီး မိမိကိုယ်မှာ ဗလာကျင်းလျက် မတ်တပ်ရပ်လျက်သား ဖြစ်သွားတော့သည်။စစ်ထူရှန့်ယွီက အရှင့်သားရှေ့ ဒူးထောက်ထိုင်ကာ ပြေပြစ်လှပလှသော ရတနာကို အမြတ်တနိုးဆုပ်ကိုင်ကာ ချီးကျူးလိုက်သည်။

"အရှင့်သားရဲ့ရတနာကလည်း အရှင့်သားလို ဆွဲဆောင်မှုရှိတယ်.."

ချင်းရှီဟွမ်သည် မိမိရတနာကိုဆုပ်ကိုင်ကာ ချီးကျူးနေသည့်စကားကြောင့် မျက်နှာတစ်ပြင်လုံးနီလာပြီး အသက်ရှူမြန်လာသည်။

"မင်း.. နားရှက်စရာတွေ လျှောက်ပြောမနေနဲ့.. လုပ်စရာရှိတာ လုပ်.."

စစ်ထူရှန့်ယွီက အရှင့်သားရှက်နေသည်ကိုကြည့်ကာ ပိုမိုသဘောကျလာပြီး ပူနွေးသောအာခံတွင်းထဲ ရတနာကိုထည့်ကာ အကောင်းဆုံးပြုစုပေးလိုက်တော့သည်။

"အာ့..."

ချင်းရှီဟွမ်သည် ကောင်းလွန်းလှသော အပြုအစုကြောင့် လူမှာ ယိုင်လဲလာချင်လို့ စစ်ထူရှန့်ယွီ၏ခေါင်းကို လှမ်းကိုင်ကာ ထိန်းထားရသည်။ ချင်းရှီဟွမ်သည် စစ်ထူရှန့်ယွီ၏ အစွမ်းကုန် ပြုစုပေးမှုကြောင့် ရေတံခွန်အောက်လှိုဏ်ဂူထဲ ရှိနေသည့်အဖြစ်ကိုလည်းကောင်း၊  မင်းသမီးနှင့် ကြင်ယာတော်လောင်းလျာတို့ ပါလာသည်ကိုလည်းကောင်း၊ အပြင်မှာ စစ်သည်တော်များရှိနေသည်ကိုလည်းကောင်း မေ့သွားလေပြီ။ ပူနွေးသောအာခံတွင်းထဲ အဝင်အထွက်ပြုနေရုံသာမက မိမိ၏ထိပ်ဖျားအဝကို လျှာနှင့်ထိုးကလိလိုက်သဖြင့် တစ်ကိုယ်လုံး ကျဉ်သွားသလို ခံစားလိုက်ရပြီး အသက်ရှူနှုန်းမြန်လာသည်။

"အ.. မြန်.. မြန်.."

စိတ်မှတ်မဲ့နှင့် ချင်းရှီဟွမ်က သူ့ကို တောင်းဆိုလိုက်မိသည်။ စစ်ထူရှန့်ယွီက ကျေနပ်စွာဖြင့် အရှင့်သားအမိန့်အတိုင်း ခပ်မြန်မြန်ပြုစုပေးစဉ် မိမိအာခံတွင်းထဲ ပူနွေးသောအရည်တချို့ ပန်းဝင်လာတော့သည်။

ချင်းရှီဟွမ်မင်းသားသည် မိမိပြီးမြောက်သွားသည်ကိုသိသော် အားနာစွာဖြင့် သူ့ပါးစပ်ထဲမှ ထုတ်မည်အပြု သူက ခါးကို လက်နှစ်ဖက်နှင့်ထိန်းကိုင်ကာ မိမိအရည်ကို မြိုချရုံသာမက ဆက်လက်စုပ်ယူနေသဖြင့် ချင်းရှီဟွမ် ကြက်သီးမွှေးညှင်း ထသွားတော့သည်။

"မင်း..."

ချင်းရှိဟွမ်က ဘာစကားမှမပြောနိုင်တော့ဘဲ သူ့ကို တောက်ပစွာ စိုက်ကြည့်နေလိုက်သည်။

"အရှင့်သားရဲ့အရသာက ချိုတယ်.."

စစ်ထူရှန့်ယွီက ထရပ်ပြီး နှုတ်ခမ်းကို လက်ခုံနှင့်သုတ်ကာ ကျေနပ်စွာပြောလိုက်သည်။

ချင်းရှီဟွမ်က သူ့စကားကြောင့် တစ်ကိုယ်လုံးရှိန်းခနဲဖြစ်သွားပြီး သတိပေးသလိုနှင့် တည်ငြိမ်စွာပြောလိုက်သည်။

"မင်းကို ပြောထားသလို.. ဝေ့၊ချီနဲ့ ဝူပြည်ကို မရမချင်း ကိုယ်တော့်ရဲ့ခန္ဓာကို မင်းကို မပေးနိုင်ဘူးနော်.."

စစ်ထူရှန့်ယွီက ကျေနပ်စွာပြုံးကာ အရှင့်သားကို သိုင်းဖက်ပြီး နှုတ်ခမ်းကိုနမ်းကာ ပြောလိုက်သည်။

"အခုလို နမ်းခွင့်၊ ဖက်ခွင့်၊ ပြုစုခွင့်ပေးရင်ပဲ ကျေနပ်ပါပြီအရှင့်သား.."

ထိုစကားကိုကြားပြီးနောက် ချင်းရှီဟွမ်၏စိတ်တို့ အရည်ပျော်ကျသွားတော့သည်။

"ကောင်းပြီ.. ဒါဆို မင်း ကိုယ်တော့်ကို နမ်းလို့ ဖက်လို့ ပြုစုပေးလို့ရတယ်.. မင်းလုပ်သလိုတော့ ကိုယ်တော် လုပ်မပေးနိုင်ဘူး.."

စစ်ထူရှန့်ယွီက ကျေနပ်စွာရယ်ကာ ပြောလိုက်သည်။

"အရှင့်သားလက်ထဲ ကျွန်တော်မျိုးရဲ့ညီလေးကို ခဏအိပ်ခွင့်ပေးရင် ရပါပြီ.."

ထိုစကားကြောင့် ချင်းရှီဟွမ်  ခေတ္တတုံ့ဆိုင်းသွားပြီး မိမိလက်ဖြင့် သူ၏ကြီးမားသော မိစ္ဆာကောင်ကြီးကိုဆုပ်ကိုင်ကာ ပွတ်သပ်ပေးလိုက်သည်။ စစ်ထူရှန့်ယွီက ချင်းရှီဟွမ် အရှင့်သား၏ကိုယ်ကို သိုင်းဖက်ကာ ပုခုံးပေါ်မျက်နှာမှောက်ပြီး မိမိအငယ်ကောင်ကိုဆုပ်ကိုင်ကာ ပြုစုပေးနေသည့် လက်တစ်စုံကြောင့် နတ်ပြည်ရောက်နေသလို ခံစားနေရသည်။

ချင်းရှီဟွမ်သည် မိမိလက်ထဲက မိစ္ဆာကြီးကို ခပ်သွက်သွက်ကစားပေးနေပြီး နောက်ဆုံး တောင့်တင်းသွားခြင်းနှင့်အတူ အားပြင်းသည့်မျိုးရည်တို့ မိမိရင်ဘတ်ကို စင်ကုန်တော့သည်။

"အာ.. အရှင့်သားကို စင်ကုန်ပြီ.."

စစ်ထူရှန့်ယွီက ကပျာကယာဖြင့် ချင်းရှီဟွမ်မင်းသား၏ ရင်ဘတ်မှ ပေနေသည်ကိုသုတ်ပေးရင်း အရှင့်သား၏မျက်နှာကို မြတ်နိုးစွာ ငုံ့ကာနမ်းပြီး ပြောလိုက်သည်။

"ကျွန်တော့်အသက်နဲ့ခန္ဓာက အရှင့်သားအပိုင်ပါ.. အရှင့်သားခြေတော်ရင်း အရာအားလုံး ပုံအပ်ပါတယ်.."

"ဒီစကား အတည်ဟုတ်ရဲ့လား.."

ချင်းရှီဟွမ်က စစ်ထူရှန့်ယွီ၏နားရွက်များကို အသာပွတ်သပ်ကာ တည်ကြည်စွာမေးလိုက်သည်။ စစ်ထူရှန့်ယွီက ရင်ကော့ကာ ထပ်ပြောလိုက်သည်။

"ဘယ်လိုအကြောင်းတွေရှိပါစေ.. ကျွန်တော် စစ်ထူရှန့်ယွီက အရှင့်သားရဲ့ခြေရင်းက သစ္စာရှိတဲ့လူတစ်ယောက်ပါ.. ဘယ်အရာကမှ အရှင့်သားအပေါ်ထားတဲ့ သစ္စာကို မသွေဖည်စေပါဘူး.."

"ကောင်းပြီ.. မောင်မင်းရဲ့စကားကို ဖောက်ဖျက်ရင် နောင်တရစေရမယ်.."

"အရှင့်သားကို မြင်ခွင့်၊ ထိတွေ့ခွင့်မရတဲ့ ပြစ်ဒဏ်လောက် ဘယ်အရာကမှ ကျွန်တော့်ကို နောင်တမရစေဘူး.."

===========*===========

မုန်းမာန်ဖွဲ့ချစ်ခြင်း  (မုန်းမာန်ဖွဲ့ချစ်ခြင်း )Donde viven las historias. Descúbrelo ahora