Chapter (10) - နွေဦးအိပ်မက်

1.8K 137 1
                                    

Chapter (10) – နွေဦးအိပ်မက်


ချင်းရှီဟွမ် မင်းသား အိပ်ယာနိုးလာသောအခါ ညကအိပ်မက်ကို ပြန်စဉ်းစားနေမိသည်။ မိမိကို အနောက်ဘက်မှ သိုင်းဖက်ထားသော လူတစ်ယောက်၊ မျက်နှာကိုမမြင်ရသော်လည်း မိမိနှင့်ထိအပ်ထားသည့် သူ့ကိုယ်ခန္ဓာမှ အပူငွေ့နှင့် လွတ်ထွက်သွားမှာစိုးသည့်အလား တင်းတင်းဖက်ထားသော လက်မောင်း၏ ခွန်အားများအရ မိမိကို အရမ်း တွယ်တာသည်ကို ခံစားမိလိုက်ရသည်။

"မင်း.. ဘယ်သူလဲ..."

ချင်းရှီဟွမ် သည် ယောက်ျားချင်း ယခုလို ဖက်ထားခြင်းခံရသဖြင့် မနှစ်မြို့စွာမေးလိုက်ပေမယ့် စကားပြန်မရဘဲ မိမိလည်ကုတ်ပေါ်ရောက်လာသည့် အနမ်းတစ်ပွင့်နှင့် မိမိတင်ပါးကို လာဖိအပ်ထားသည့် ပူပြင်းသောတစ်စုံတစ်ရာ၏ အတွေ့အရ ချင်းရှီဟွမ် ၏သွေးများ ပွက်ပွက်ဆူလာသည်။ မိမိကို ပိုင်စိုးပိုင်နင်းပြုမူသည့် ထိုသူ၏အပြုအမူကြောင့် ဒေါသထွက်ခြင်းဖြစ်သည်။ ယောက်ျားချင်းစိတ်ကြွကာ ပစ်မှားသည့်အထိအတွေ့ကို ဒေါသထွက်တာမဟုတ်သဖြင့် အိပ်မက်မက်ရင်းနှင့်ပင် ချင်းရှီဟွမ် စဉ်းစားနေမိသည်။ မိမိကိုသိုင်းချုပ်ကာ သူ့ခံစားချက်ကို မရှက်မကြောက် ဖွင့်ထုတ်နေသောသူက ဘယ်သူလဲ..။ သူ့အတွေ့များက မိမိနှင့် စိမ်းသက်မနေသည်ကို သတိထားမိသည်။ ပိုပြီးတိတိကျကျပြောရလျှင် သူ့အထိအတွေ့ကို မိမိခန္ဓာက လွမ်းဆွတ်နေသလိုပင်။

ချင်းရှီဟွမ် အနောက်ကိုလှည့်ဖို့ ကြိုးစားလိုက်စဉ် အိပ်မက်မှ နိုးလာခဲ့သည်။ မျက်လုံးဖွင့်ပြီး ဘေးဘီကို ပတ်ကြည့်မိသည်အထိ အိပ်မက်ထဲမှာ အိမ်ရှေ့မင်းသားကို ခွင့်မတောင်းဘဲ ပြုမူသွားသည့် သကောင့်သားက အရိပ်လို ပျောက်ကွယ်သွားလေပြီ။

ချင်းရှီဟွမ် သက်ပြင်းချကာ အိပ်ယာထက်မှ ထထိုင်လိုက်စဉ် မိမိအောက်ပိုင်းမှ စိုစွတ်နေသည်ကို သတိပြုမိကာ အတွေးနက်သွားတော့သည်။

စစ်ထူရှန့်ယွီသည် ချင်းရှီဟွမ် ၏စံအိမ်ကို အခစားဝင်တော့ မင်းသားလေး၏အဆောင်ထဲမှ ထွက်လာသော သမားတော်ကြီးကိုတွေ့သော် မင်းသားလေး ဘာဖြစ်သလဲဆိုတာ စိုးရိမ်သွားပြီး အထဲကို အလျင်စလို ဝင်သွားတော့သည်။ သို့သော် အိမ်ရှေ့စံ ကိုယ်တော်လေးက သလွန်ပေါ်ထိုင်ရင်း မိမိကို ကြည်ကြည်လင်လင်ကြည့်နေသည်ကို တွေ့ရမှ စိတ်အေးသွားပြီး အရိုအသေပေးလိုက်သည်။

မုန်းမာန်ဖွဲ့ချစ်ခြင်း  (မုန်းမာန်ဖွဲ့ချစ်ခြင်း )Donde viven las historias. Descúbrelo ahora