Chapter ( 22 ) – ချီတိုင်းပြည်၏ ဘိသိတ်သဘင် အခမ်းအနား
ချီထျန်းစူး မင်းသားလေးသည် ချင်းရှီဟွမ် အရှင့်သားကို အားကိုးတွယ်တာကာ ဘိသိတ်သဘင်အခမ်းအနား အတွက် ချင်းရှီဟွမ်ကိုသာ မေးပြီး စီစဉ်စေသဖြင့် အမတ်ကြီးများက တထန်ပြည်၏ ယဉ်ကျေးမှုအတိုင်း ပြုလုပ်စေမည်လားဟုတွေးကာ စိုးရိမ်နေကြသည်။ ချီတိုင်းပြည်သည် သေးငယ်သော်လည်း သူ့ယဉ်ကျေးမှုနှင့်သူရှိသဖြင့် တထန်ပြည်၏လက်အောက်ခံ ဖြစ်သွားသည်ဆိုသော်လည်း မိမိတို့ယဉ်ကျေးမှုကိုတော့ ဆက်လက်ထိန်းသိမ်းထားချင်သဖြင့် ချီထျန်းစူး ဘုရင်ငယ်လေးကို အတိုက်အခံပြုလုပ်ကာ တင်လျှောက်ကြသည်။
"ကိုယ်တော်တို့လူမျိုး ဆက်လက်တည်တံ့နေသေးတယ် မဟုတ်ဘူးလား.. ချီတိုင်းပြည်က လူတွေရဲ့ အသက်၊ စည်းစိမ်ကို တထန်အိမ်ရှေ့စံအရှင့်သားက ပေးသနားလို့ ကိုယ်တော်တို့ ချီပြည်က လုယက်ဖျက်ဆီး၊ ကျွန်ပြုခြင်းဘေးက ကင်းဝေးနေရတယ်ဆိုတာ အမတ်ကြီးတို့အသိပဲ.. ပြီးတော့ ငါကိုယ်တော် ထီးနန်းကို ပေးအပ်တာတောင် လက်မခံတဲ့သူအတွက် ငါကိုယ်တော်ရဲ့ နန်းတက်သဘင်အခမ်းအနားကို ချင်းရှီဟွမ် အရှင့်သားရဲ့ ဆန္ဒအတိုင်းလုပ်ချင်တာ ဘာကြောင့် ဒီလောက်ကြီးကျယ်ပြီး စိုးရိမ်ကြောင့်ကျရတဲ့ကိစ္စ ဖြစ်သွားရတာလဲ.."
"အရှင်မင်းကြီးကို တင်လျှောက်ပါတယ်.. နန်းတက်သဘင်ဆိုတာ တိုင်းပြည်တစ်ခုအတွက် ခေတ်တစ်ခေတ်ကို ယူဆောင်ပေးတဲ့ အရေးကြီးတဲ့အခမ်းအနားဖြစ်လို့ ကျွန်တော်မျိုးတို့ယဉ်ကျေးမှုကို လေးစားမြတ်နိုး တန်ဖိုးထားတဲ့အနေနဲ့ ရိုးရာအတိုင်းကျင်းပစေချင်လို့ လျှောက်တင်ရခြင်းဖြစ်ပါတယ် ဘုရား.."
ချီထျန်းစူးက မဲ့ပြုံးပြုံးလိုက်ပြီး ပြတ်သားစွာကြောငြာလိုက်သည်။
"ကောင်းပြီ.. နန်းတက်သဘင်က ဒီလောက်အရေးကြီးရင် ငါကိုယ်တော် အမိန့်ထုတ်ပြန်မယ်.. ခုကစပြီး ကိုယ်တော်က ခေတ်မီတဲ့ ချီတိုင်းပြည်ကို ထူထောင်မှာဖြစ်လို့ ရှေးရိုးဆန်တဲ့ ချီတိုင်းပြည်ရဲ့ဓလေ့တွေကို ဖြုတ်ချပြီး ကောင်းမွန်တဲ့ အိမ်နီးချင်းနိုင်ငံဓလေ့တွေ ထည့်သွင်းစေ.. တိုင်းပြည်တစ်ပြည်က အမြင်ကျဉ်းမြောင်းပြီး ကိုယ့်လူမျိုး၊ ကိုယ့်ယဉ်ကျေးမှုကမှ အမြင့်မြတ်ဆုံးလို့ထင်နေရင် ငါကိုယ်တော်တို့ ချီတိုင်းပြည်က နောက်ကျကျန်ခဲ့တဲ့လူတွေဖြစ်မယ်.. ခုကစပြီး ချီတိုင်းပြည်အသစ်က လွတ်လပ်စွာတွေးတောပြီး ဘယ်တိုင်းပြည်နဲ့မဆို အလွယ်တကူ သဟဇာတဖြစ်တဲ့ပြည် ဖြစ်စေရမယ်.. အမိန့်တော်.."
ချီထျန်းစူးဘုရင်မင်းမြတ်၏ ပထမဆုံးအမိန့်တော် ထွက်လာသောအခါ ဦးဆုံးအတိုက်အခံလုပ်သည့် အမတ်တစ်ပါး ပေါ်လာခဲ့သည်။ ချီထျန်းစူးက စံနမူနာအဖြစ် မဆိုင်းမတွ တစ်ခါတည်းဆွဲထုတ်ကာ သေဒဏ်စီရင်ပြီး သူ့မိသားစုကိုကျွန်ပြုလိုက်သဖြင့် ကျန်သည့်မင်းမှူးမတ်အားလုံး ငြိမ်သက်သွားတော့သည်။
"အခု ငါကိုယ်တော် နန်းတက်တဲ့နှစ်ကစပြီး မျိုးရိုးခွဲခြားပြီး အရာရှိ အရာခံစာမေးပွဲ ဖြေဆိုခွင့်ရတဲ့စနစ်ကိုဖျက်သိမ်းပြီး နိုင်ငံသားတိုင်း အရည်အချင်းရှိတဲ့ဘယ်သူမဆို တန်းတူဝင်ရောက်ဖြေဆိုခွင့် ရစေ.. နန်းတွင်းထဲကအပျိုတော်တွေလည်း အမှုထမ်းသက်တမ်း ငါးနှစ်သတ်မှတ်ပေးပြီး ငါးနှစ်ပြည့်ပြီးသူတိုင်း ဆန္ဒရှိလျှင် နန်းတော်မှ ထွက်ခွာခွင့်ပြုမည်.. ပြည့်တန်ဆာဂေဟာမှာရှိတဲ့ မိန်းကလေးတွေ ဆက်လက်လုပ်ကိုင်ချင်စိတ်မရှိရင် ကိုယ်ဖိုးရွေးနှုတ်ပြီး ထွက်ခွာခွင့်ပြုစေ.."
ငယ်ရွယ်သော မင်းသားလေးချီထျန်းစူးသည် နန်းတော်ကထွက်ပြေးပြီး ခြောက်လအကြာ တထန်ပြည်၏ အင်အားကြီးမားသည့် တပ်တော်ကြီးနှင့်အတူ ချီတိုင်းပြည်ကို အောင်နိုင်လာပြီးနောက် ယခုကဲ့သို့ ကျယ်ပြန့်နက်နဲသည့် အကြောင်းအရာများကို ချက်ချင်းကိုင်တွယ်ပြီး အမိန့်ချမှတ်နိုင်သည်အထိ ရင့်ကျက်တည်ငြိမ်လာသောကြောင့် မင်းမှုထမ်းအားလုံး ပါးစပ်အဟောင်းသားဖြစ်ကာ အမိန့်ကို ဖီဆန်ချင်ကြသည်။ သို့သော် တထန်ပြည်၏ ကြမ်းတမ်းသည့် တပ်တော်ကြီး၏ နောက်ခံကြောင့် မိမိအသက်ကိုမြတ်နိုးသော အမတ်များက ဘုရင်သစ်၏အမိန့်ကို နာခံကြောင်း တစ်ညီတစ်ညွတ်တည်း ထုတ်ဖော်ပြောလိုက်ရတော့သည်။
အခွင့်ထူးခံ မင်းမျိုးမင်းနွယ်အုပ်ချုပ်သူများက မကျေမနပ်ဖြစ်ကြသော်လည်း ထိုအမိန့်တော်ကိုကြားသည့် တိုင်းသူပြည်သားအားလုံး ဝမ်းသာပီတိဖြစ်ပြီး မျက်ရည်လည်ရွဲဖြင့် နန်းတော်ရှိရာမျက်နှာမူပြီး ဘုရင်အသစ်ကို ဦးတိုက်ကန်တော့ကြသည်။
အသက် ၁၆ နှစ်မျှသာရှိသေးသော မင်းသားငယ်လေးချီထျန်းစူးသည် ချီပြည်သူတို့၏ အသည်းနှလုံးကို အချိန်တိုအတွင်း ယူငင်သွားနိုင်သဖြင့် ချင်းရှီဟွမ် ကျေနပ်စွာပြုံးလိုက်မိသည်။
ယခုနန်းတက်သဘက်ပွဲတွင် မင်း၊ မိဖုရားနှစ်ပါးစလုံး ပုရောဟိတ်များက ကောင်းချီးပေးခြင်းအောက်တွင် ချီတိုင်းပြည်၏ထီးနန်းကို တရားဝင် ဆက်ခံရရှိတော့သည်။
စစ်ထူရှန့်ယွီ သည် ချင်းရှီဟွမ် အရှင့်သား၏ဘေးတွင် ထိုင်ကာ ဝေတိုင်းပြည်မှ မင်းသမီးလေးနှင့် စုံဖက်လိုက်သည့် ချီထျန်းစူး ကိုကြည့်ကာ စိတ်သက်သာရာရသွားတော့သည်။ မိမိချစ်သူကို သဒ္ဒါလွန်ပြီး တဏှာကျွံမည့်ဘေးကို ကြိုမြင်ကာ ကြိုတားလိုက်နိုင်သဖြင့် မိမိဉာဏ်ရည်ကို ကျေနပ်ပီတိဖြစ်နေစဉ် ချင်းရှီဟွမ်အရှင့်သားက မိမိကို ငဲ့စောင်းကြည့်လာသဖြင့် မျက်နှာပိုးသတ်လိုက်ရသည်။
"ချီဘုရင်ထက် မင်းရဲ့မျက်နှာက ပီတိနဲ့ တလက်လက်ထလို့ပါလား စစ်ထူရှန့်ယွီ.."
"ချီတိုင်းပြည်ကို အခြေခိုင်အောင်လုပ်ပေးခွင့်ရလို့ ပီတိဖြစ်နေတာပါ အရှင့်သား.."
ချင်းရှီဟွမ်က ခပ်တည်တည်နှင့် ဗြောင်လိမ်နေသည့်လူလည်ကြီးကိုကြည့်ကာ ခပ်ထေ့ထေ့ပြုံးလိုက်သည်။
"ဟုတ်တာပေါ့.. ချီထျန်းစူးက အခု ငါကိုယ်တော့်ရဲ့ မယားညီအစ်ကို ဖြစ်လာပြီဆိုတော့ ပိုပြီးသွေးစည်းသွားတာပေါ့.. သူလည်း ကိုယ်တော့်သစ္စာကို ပိုပြီးစောင့်ထိန်းနိုင်သလို ကိုယ်တော်နဲ့လည်း ပိုရင်းနှီးခွင့်ရှိလာတယ်.. ဒါတွေအားလုံး စစ်ထူရှန့်ယွီ ရဲ့ ကျေးဇူးတွေပဲ.."
စစ်ထူရှန့်ယွီ က အရှင့်သားက မိမိကိုကျီစယ်သည်ကို သိသော်လည်း ရင်ထဲမှာ ရှာလကာရည်အရသာက ချဉ်စူးတက်လာခဲ့သည်။ ချီထျန်းစူး အကြောင်းပြောနေစဉ် အရှင့်သားက ပြုံးနေတဲ့အတွက် လက်သည်းချွန်ကြီးဖြင့် မိမိအသည်းနှလုံးကို ကုတ်ခြစ်နေသည့်ပမာ ခံစားလိုက်ရသည်။
"သူက အရှင့်သားနဲ့ ဘယ်လိုလုပ်ရင်းနှီးရဲမှာလဲ.. မတန်မရာ.. ဝေ့တိုင်းပြည်က မင်းသမီးဆိုတာ ကြင်ယာတော်တစ်ပါးပဲ.. ဒီလို မိဖုရား၊ ကြင်ယာတော်တွေနဲ့ ဆက်စပ်ပြီး အရှင့်သားကိုဆွေမျိုးစပ်လို့ ရင်းနှီးစတမ်းဆို အတိုင်းတိုင်း အပြည်ပြည်ကလူတွေက အရှင့်သားကို လာပြီး အပူကပ်ကြမှာပေါ့.. ဒါ မဖြစ်သင့်ဘူး.."
စစ်ထူရှန့်ယွီက သုန်မှုန်စွာပြောလိုက်စဉ် သူ့စကားထဲ မိမိဘာသာ ချောက်ကျစေသည့်အချက်ကို သတိမထားမိလိုက်ပေ။ သူသည်လည်း ချင်းရှီဟွမ်ကို နှမပေး၊ အစ်မယူလုပ်ပြီး အမျိုးတော်ထားတာ မဟုတ်လား။
ချင်းရှီဟွမ်က သဘောကျစွာရယ်ပြီး သူ့ကို ပြောလိုက်သည်။
" စစ်ထူရှန့်ယွီ ပြောတာ တကယ်လား.. ကြင်ယာတော်တွေနဲ့ ဆက်စပ်သမျှ ဘာမှရင်းနှီးတော်စပ်မှု မရှိသင့်ဘူးဆိုတာ.."
စစ်ထူရှန့်ယွီ က ထိုအခါမှ မိမိ ထောင်ချောက်မိသွားသည်ကို ရိပ်မိပြီး ခပ်တည်တည်ဖြင့် ဆက်ပြောလိုက်သည်။
"ဟုတ်တယ်.. ကျွန်တော်ကလွဲပြီး.."
ချင်းရှီဟွမ်က မျက်ခုံးပင့်လိုက်ပြီး ရယ်ရွှင်မြူးစွာ မေးလိုက်သည်။
"ဒါက စကားနှစ်ခွပြောတာပဲ.. စစ်သူကြီးက ကိုယ့်အတွက်ကိုယ်သိတတ်တဲ့ လိပ်ကြီးပါလား.. သူတစ်ပါးကို တော်စပ်ခွင့်မပြုရင် စစ်ထူရှန့်ယွီ လည်း ဒီအတိုင်းပဲပေါ့.."
စစ်ထူရှန့်ယွီက အရှင့်သားရဲ့ ရယ်မြူးရိပ်ကြောင့် တဖျပ်ဖျပ်လက်နေသည့် မျက်ဝန်းကိုကြည့်ကာ တစ်ကိုယ်လုံး သွေးလည်ပတ်မှုမြန်ကာ အာခေါင်ခြောက်လာတော့သည်။
"ကျွန်တော်ကသာ အရှင့်သားရဲ့ အရင်းနှီးဆုံးသူ.."
စစ်ထူရှန့်ယွီ အံကြိတ်ကာ တီးတိုးပြောလိုက်သည်။ မိမိ၏ အရှေ့အလယ်ပိုင်းကလည်း မာကြောကာ ထောင်မတ်စပြုနေလေပြီ။ ကံကောင်းစွာဖြင့် မိမိတို့ဝတ်စုံတော်က ဖားဖားရားရားနှင့်မို့ သိပ်မသိသာလိုက်။
စစ်ထူရှန့်ယွီ ၏မျက်ဝန်းထဲက တောက်လောင်လာသည့်မီးကြောင့် ချင်းရှီဟွမ် ကျေနပ်စွာရယ်ကာ နန်းတက်ပွဲသဘင်ကို အာရုံလွှဲလိုက်တော့သည်။ မိမိကိုယ်ကလည်း သူ့ထံမှ ရမ္မက်မီး ကူးစက်စပြုလာလေပြီ။ မိမိက ချီထျန်းစူး ကို ချီးမြှင့်စကားပြောရဦးမည်ဖြစ်သောကြောင့် ပုံသဏ္ဍာန်က ထူးခြားနေလို့မဖြစ်ပေ။
စစ်ထူရှန့်ယွီက ချင်းရှီဟွမ် အရှင့်သားက တစ်ဖက်လှည့်သွားသော်လည်း အရှင့်သားရဲ့ ဝါဝင်းတဲ့အသားအရေကို စိုက်ကြည့်ကာ ညအခါကျ တဝကြီးစားသုံးရတော့မည်ကို တွေးကာ လှံတံက ပိုမာလာတော့သည်။
••••••••••••••••••••••••••••••
ချီထျန်းစူးသည် တရားဝင်နန်းတက်ပွဲပြီးသည်နှင့် ချင်းရှီဟွမ် မင်းသားထံ မိဖုရားကိုခေါ်ပြီး နေ့လည်စာအတူစားသည်။ ထို့နောက် မင်းနှင့်မိဖုရားတို့ နန်းမြို့တော်ထဲ ပြည်သူတွေရဲ့အပူဇော်ခံ ထွက်ကြရမည်ဖြစ်သည်။
"နောင်တော်... ကျွန်တော်နဲ့အတူ လိုက်လာပေးလို့ရမလား.."
ချီထျန်းစူးက ချင်းရှီဟွမ်နောင်တော်၏လက်ကို မြတ်နိုးစွာဆုပ်ကိုင်ကာ မအေထံမုန့်တောင်းသည့် ကလေးနှယ် တောင်းဆိုလိုက်သည်။ စစ်ထူရှန့်ယွီ ၏မျက်ဝန်းအစုံက မီးပွင့်မတတ်ဖြစ်သွားစဉ် ချင်းရှီဟွမ်က သူ့ကို သတိပေးဟန် တစ်ချက်ဖြတ်ခနဲကြည့်ပြီး ပြုံးရယ်ကာ ချီထျန်းစူးကို နှစ်သိမ့်လိုက်သည်။
"နောင်တော် ကိုယ်လက်မအီမသာဖြစ်နေလို့ နည်းနည်းနားချင်သေးတယ် ချီထျန်းစူး...... စစ်သူကြီးရဲ့တပ်က မင်းကို သေချာလိုက်ပါ စောင့်ရှောက်ပေးမှာဖြစ်လို့ ဘာအန္တရာယ်ကိုမှ စိတ်မပူနဲ့.. ပြည်သူတွေအမြင်မှာ မင်းက နောင်တော် နောက်ခံပြုလို့ တက်လာရတဲ့ ဘုရင်မဟုတ်ဘူးဆိုတာ ပြသလိုက်ပါ.. နောင်တော်... နန်းတော်ကနေ မင်းကို သေချာစောင့်ကြည့်နေမယ်.. ဟုတ်ပြီလား.."
ထိုစကားကိုကြားရသောအခါ ချီထျန်းစူးက ဝမ်းနည်းသွားပေမယ့် နာခံစွာဖြင့် ခေါင်းညိတ်ကာ ထွက်ခွာသွားတော့သည်။
"ကျွန်တော်က နောင်တော့်ရဲ့အမိန့်ကို တသွေမတိမ်း နာခံမယ့် သူပါ.."
ချီထျန်းစူးက ရင်ထဲမှ တီးတိုးစကားဆိုကာ ချစ်စဖွယ်ဝေတိုင်းပြည်မှမိဖုရားလေးရဲ့ လက်ကိုဆွဲကာ မင်းနှစ်ပါး အပူဇော်ခံ ထွက်လာတော့သည်။
••••••••••••••••••••••••••••••
စစ်ထူရှန့်ယွီ သည် ချင်းရှီဟွမ် အရှင့်သားကို နန်းဆောင်ကိုခေါ်ဆောင်လာပြီး သက်တော်စောင့်ကိုခေါ်ကာ လုံခြုံရေးကို တင်းကျပ်စွာစောင့်ရန် မှာကြားကာ အဆောင်တံခါးကို ပိတ်လိုက်သည်။
ချင်းရှီဟွမ်က ကိုယ်ပေါ်က အဆင်တန်ဆာများကို ချွတ်ရင်း စစ်ထူရှန့်ယွီကို ပြောလိုက်သည်။
"ကိုယ်တော့်ကို ဝိုင်တစ်ခွက် ငှဲ့လာပေးပါ.."
ချင်းရှီဟွမ်က ကိုယ်ပေါ်က အဆင်တန်ဆာများ၊ အပေါ်ရုံများကို ချွတ်ပစ်ကာ အတွင်းဝတ်စုံလေးဖြင့် သလွန်ပေါ် သက်တောင့်သက်သာ လှဲလျောင်းနေစဉ် စစ်ထူရှန့်ယွီက အပေါ်မှငုံ့မိုးကာ နှုတ်ခမ်းကိုနမ်းလိုက်သည်။ ချင်းရှီဟွမ်က နှုတ်ခမ်းကိုဖွင့်ဟကာ အနမ်းကိုတုံ့ပြန်နေစဉ် ချိုရှရှဝိုင်က ခံတွင်းထဲ စီးဝင်လာတော့သည်။
"အရသာရှိလား.."
စစ်ထူရှန့်ယွီက ဆံနွယ်ရှည်များ ဖြန့်ချထားကာ သလွန်ပေါ်လဲလျောင်းနေသည့် အရှင့်သားကို စီးမိုးကြည့်ကာ တောက်လောင်သည့်ခံစားချက်နှင့် မေးလိုက်သည်။ မျက်လုံးက အရှင့်သား၏မျက်ဝန်းကို ချစ်ခြင်းပြင်းစွာဖြင့် စိုက်ကြည့်နေသည်။
"အင်း.."
ချင်းရှီဟွမ်က နေ့လည်ကတည်းက သူ့ရဲ့စူးရဲသည့်အကြည့်ဖြင့် ဆွခံထားရသဖြင့် ကိုယ်ထဲက မီးပုံကြီးက လောင်မြိုက်နေခဲ့တာ ကြာလေပြီ။ အခုလို အနမ်းဖြင့် အစပျိုးခံလိုက်ရတော့ ဘယ်လိုမှ တောင့်မခံနိုင်တော့ပဲ သူ့ကိုယ်ပေါ်ကအဝတ်ကို ဆွဲခွာကာ ခပ်ကြမ်းကြမ်းနမ်းရင်း ပြောလိုက်သည်။
"မင်း အရမ်း သဝန်တိုတတ်တာပဲ.. ချီထျန်းစူးကို သတ်ပစ်တော့မလို ကြည့်နေတာများကွာ.."
စစ်ထူရှန့်ယွီ က အရှင့်သားရဲ့ အတွင်းအဝတ်ကို အားလုံးချွတ်ခွာကာ ပုခုံးသားကိုနမ်းစုပ်ရင်း လှိုက်မောစွာပြောလိုက်သည်။
"အရှင့်သားက ကျွန်တော်တစ်ယောက်တည်းရဲ့ အပိုင်ပဲ.. ဘယ်သူမှ အရှင့်ကို မချစ်ရဘူး.. ဘယ်သူမှ အရှင့်ကို မပိုင်ဆိုင်ရဘူး.."
ချင်းရှီဟွမ်သည် စစ်ထူရှန့်ယွီ ၏စကားလုံးများနှင့် အနမ်းများကြောင့် မိမိအောက်ပိုင်းက မာကြောလာခြင်းနှင့်အတူ မိမိကိုယ်ထဲက ထူးဆန်းသောခံစားချက်က လှိုက်တက်လာသဖြင့် ညည်းလိုက်မိသည်။
အရှင့်သား၏ညည်းသံကြောင့် စစ်ထူရှန့်ယွီ ဘယ်လိုမှတောင့်မထားနိုင်တော့ဘဲ အရှင့်ကိုဆွဲမှောက်ကာ ဝါဝင်းသော တင်ပါးဖောင်းဖောင်းများကို ကိုက်လိုက်သည်။ နာကျင်မှုနှင့်အတူ ချင်းရှီဟွမ်၏ခေါင်းထဲ ဝင်းခနဲဖြစ်သွားသလို ခံစား လိုက်ရသည်။ မိမိကိုယ်၏ တောက်လောင်နေသည့်ရမ္မက်ကို ထိန်းချုပ်မထားဘဲ လွှတ်လိုက်ပြီဖြစ်လို့ ချင်းရှီဟွမ်၏ အနောက်ဘက် တံခါးလေးက စူပွပွဖြစ်ကာ တစ်စုံတစ်ရာကို အရမ်းတောင့်တလာတော့သည်။
စစ်ထူရှန့်ယွီကို မိမိကိုယ်ထဲ မြန်မြန်ထည့်ပါတော့လို့ နှုတ်မှဖွင့်ဟ မတောင်းဆိုချင်သောကြောင့် ခေါင်းအုံးကို သွားနှင့်ကိုက်ကာ တောင့်ခံထားလိုက်တော့သည်။
စစ်ထူရှန့်ယွီ သည် အရှင့်သား၏ မက်မုံသီးနှစ်လုံးကို လက်နှင့် ဆုပ်နယ်ကာ ဆွဲဟလိုက်စဉ် ဝါဝင်းသောတောင်ကြားလေး၏ အဆုံး နီမြန်းနေသည့် ပျားရည်တွင်းဝလေးကို တွေ့လိုက်မိစဉ် တစ်ကိုယ်လုံး ပေါက်ကွဲမတတ် ခံစားလိုက်ရသည်။
ဒီနေရာ....မိမိ ဝင်ရောက်ရမယ့် နေရာမဟုတ်လေလား.....
လှပကာ ကျဉ်းမြောင်းလွန်းသည့် တွင်းလေးကို မြင်မိစဉ် မိမိကောင်ကြီးလည်း ချက်ချင်း ပါးပျဉ်းထောင်ကာ မာန်တဖီဖီဖြစ်လာတော့သည်။ စစ်ထူရှန့်ယွီ ဘာမှမစဉ်းစားဘဲ တွင်းထဲ တစ်ခါတည်း ဝင်လိုက်ချင်ပေမယ့် မိမိ၏မိစ္ဆာကောင်ကြီးကြောင့် အရှင့်သား နာကျင်သွားကာ သေရာပါ စိတ်ဒဏ်ရာ ရသွားမည်ကိုစိုးလှသည်။ ထို့ကြောင့် မိမိ လေ့လာဆည်းပူးထားသည့် စာအုပ်ထဲက အညွှန်းအတိုင်း အမွှေးနံ့သာဆီကို ထိုနေရာကြား သွန်းလောင်းကာ လက်ချောင်းထည့်ပြီး တွင်းချဲ့တော့သည်။
ကျိန်စာ၏ အပြင်းထန်ဆုံးအပိုင်းများ ဖြစ်လေမည်လား မသိတော့။ မိမိကိုယ်ကို ထိကိုင်နမ်းရှုံ့ရုံနှင့် ချင်းရှီဟွမ် မင်းသား၏အသိစိတ် လွတ်ထွက်မတတ် ခံစားနေရာမှ ယခုလို လက်ချောင်းက ကိုယ်ထဲဝင်လာပြီး ထိုးဆွကလိနေတော့ ဘယ်လိုမှ မအောင့်နိုင်တော့ပဲ ချင်းရှီဟွမ်က လည်ချောင်းထဲမှ အလိုလို ညည်းညူကာ အလိုလျောက် ညှစ်နေမိတော့သည်။
စစ်ထူရှန့်ယွီသည် မိမိ လက်ချောင်းများကို အရှင့်သားရဲ့ကိုယ်ထဲကို တဖြည်းဖြည်းတိုးကာ အဝင်အထွက်လုပ်ပေးနေစဉ် အရှင့်သားရဲ့ညည်းညူသံကြောင့် ရူးမလို ခံစားလာရသည်။ အရှင့်သား၏ကိုယ်လေးအား မှောက်ခုံအနေအထားမှ ဖင်မူးတောင်းထောင်သည့် အနေအထားဖြစ်အောင် ပြုပြင်ယူလိုက်ပြီး မိမိ၏မိစ္ဆာကောင်ကြီးဝင်ဆံ့နိုင်အောင် လက်နှင့် အသားကုန်ချဲ့ပေးနေမိသည်။
နာကျင်မှုအပြင် သာယာမှုကြောင့် ချင်းရှီဟွမ် ဘာကိုမှမစဉ်းစားနိုင်တော့ပေ။ နတ်မင်းကျိန်စာကြောင့် ချင်းရှီဟွမ် မင်းသားလေးက စစ်ထူရှန့်ယွီ ၏အထိတွေ့အောက်တွင် အသိစိတ်တို့လွှတ်ထွက်ကာ သာယာမှု ပင်လယ်ထဲ နစ်မြှုပ်သွားတော့သည်။
စစ်ထူရှန့်ယွီ ၏တွင်းချဲ့မှုကြောင့် ချင်းရှီဟွမ်၏ ကျောက်စိမ်းချောင်းလေးက တဆတ်ဆတ်တုန်ယင်ကာ တချီပြီးသွားတော့သည်။ ဒါပေမယ့် ချင်းရှီဟွမ်၏အနောက်ဘက်က ပိုမိုလစ်ဟာသလို ခံစားရကာ ဒီထက်ပိုကြီးတာကို လိုလားလာခဲ့သည်။ သူ့ရင်ထဲက ဆာလောင်မှုလည်း ပိုတိုးလာခဲ့သည်။
လိုချင်သည်။ စစ်ထူရှန့်ယွီ၏ တုတ်ခိုင်သည့် အသားချောင်းကိုလိုချင်သည်။
ဒါပေမယ့် ချင်းရှီဟွမ်က ပါးစပ်မှ ဖွင့်ဟတောင်းဆိုသည့်အဆင့်ထိတော့ မရောက်အောင် နူတ်ခမ်းကို သွားဖြင့် တင်းတင်းကိုက်ထားကာ တောင့်ခံထားလိုက်သည်။
စစ်ထူရှန့်ယွီက အရှင့်သားကို လမ်းကြောင်းချဲ့ပေးရင်း လက် နှစ်ချောင်းမက သုံးချောင်းထိ သွင်းနိုင်တော့ ပက်လက်ဆွဲလှန်ကာ ဖိကိုက်ထားလို့ရဲရဲနီနေတဲ့ နှုတ်ခမ်းကို နမ်းရှိုက်ရင်း ပြောလိုက်သည်။
"ကျွန်တော်ချစ်ရတဲ့ အရှင့်သား...... ကျွန်တော်.. အရှင့်သားကို ချစ်တင်းနှောပြီး နှစ်ကိုယ့်တစ်စိတ် အသွေးအသား ပေါင်းစည်းတော့မယ်.. ဒီပေါင်းစည်းမှုပြီးရင် အရှင့်သားကို ကျွန်တော်တစ်ယောက်တည်း ပိုင်သွားပြီ.. ဘယ်သူမှ အရှင့်သားကို ထိခွင့်မပြုနိုင်ဘူး.. အရှင့်သားကိုထိတဲ့သူတိုင်း သေခြင်းတရားနဲ့ အဆုံးသတ်ရမယ်.."
စစ်ထူရှန့်ယွီ ၏မျက်ဝန်းများက နက်မှောင်ကာ ကျိန်ဆိုသလိုပြောကာ ချင်းရှီဟွမ်၏ခြေနှစ်ချောင်းကြား နေရာယူလိုက်သည်။ သူ့စကားကြောင့် ချင်းရှီဟွမ်၏ရင်ထဲ စိုးထိတ်စိတ်နှင့်အတူ ပီတိတို့က တားမနိုင်ဆီးမရ ဖြစ်ပေါ်လာတော့သည်။ စိုးထိတ်မှုက မိမိ၏မိဖုရားနှစ်ပါးကို သူ သေချာပေါက်ရန်ရှာမှာကို စိုးရိမ်တာဖြစ်ပြီး ဝမ်းသာပီတိက စစ်ထူရှန့်ယွီ ၏အချစ်ကို မိမိ အပိုင်ရ လိုက်သောကြောင့်ဖြစ်သည်။
"အခုကစပြီး အရှင့်သားကို ကျွန်တော်တစ်ယောက်တည်း ပိုင်တယ်.."
စစ်ထူရှန့်ယွီ က သူ့မိစ္ဆာကြီးကိုကိုင်ကာ ချင်းရှီဟွမ် အရှင့်သား၏အဝင်ဝလေးကို တေ့ကာ တဖြည်းဖြည်းချင်းတိုးဝင်ပြီး တစ်လုံးချင်းပြောလိုက်သည်။ တွင်းချဲ့ပေးထားသည့်တိုင် စစ်ထူရှန့်ယွီ ၏မိစ္ဆာကောင် ဝင်လာတော့ မိမိအောက်ပိုင်းက တဖြည်းဖြည်းကျယ်ကာ ဆွဲဖြဲလိုက်သလို ခံစားလိုက်ရသည်။ နောက်ဆုံး စုတ်ပြဲသွားပြီလားဟုပင် ထင်လိုက်စဉ် သူ့ကောင်ကြီးက ကိုယ်ထဲ တရွေ့ရွေ့ ဆက်ဝင်လာတော့သည်။
ပထမဆုံးဖြစ်သောကြောင့် စိတ်ကို ဘယ်လိုပြင်ဆင်ထားပေမယ့် ချင်းရှီဟွမ် မမျှော်လင့်ထားသည့် နာကျင်မှုဖြစ်သောကြောင့် ပင့်သက်ရှိုက်လိုက်မိသည်။
စစ်ထူရှန့်ယွီ က အရှင့်သားကို ညှာတာမည်ဟုဆုံးဖြတ်ထားသော်လည်း အရှင့်သားကိုယ်ထဲ မိမိ တကယ်ဝင်ရောက်မိတော့ ပူနွေးတင်းကျပ်သည့် တွင်းလေးက ညှစ်ထား၊ စုပ်ထားသဖြင့် စိတ်ကို မထိန်းနိုင်တော့ဘဲ တစ်ဆုံးထိ ထိုးသွင်းလိုက်မိတော့သည်။ မိမိပေါင်နှင့် အရှင်သားတင်ပါးကို ဖိကပ်မိသည်အထိ တိုးဝင်ပြီးမှ သတိဝင်လာသည်။
အရှင့်သား၏မျက်ဝန်းထဲမှ နာကျင်မှုကြောင့် ဝေ့နေသည့်မျက်ရည်ကိုတွေ့သော် မျက်နှာပြင်အနှံ့ နမ်းရှုံ့ကာ ချစ်ကြောင်း တဖွဖွပြောနေမိတော့သည်။ အရှင့်သား၏ခန္ဓာကိုယ်က မိမိလှံတံနှင့်ကိုက်ညီအောင် ပြုပြင်နေသဖြင့် ခဏငြိမ်ပြီး စောင့်နေမိသည်။
"ရပြီ.. ဆက်လုပ်တော့.."
အရှင့်သား၏အသံတိုးတိုးကြောင့် စစ်ထူရှန့်ယွီက မိမိလှံတံကို ဆွဲထုတ်လိုက်သည်။ ခွန်အားကြီးသော သူမို့သာ အရှင့်သား၏ တင်းတင်းညှစ်ထားသည့်တွင်းမှ အောင်မြင်စွာထွက်နိုင်ကာ အပြင်ကိုရောက်ခါနီးမှ စစ်ထူရှန့်ယွီ က တဆုံး ပြန်ထိုးသွင်းကာ တရကြမ်း တိုက်စစ်ဆင်တော့သည်။
ကျိန်စာကြောင့် ချင်းရှီဟွမ် ၏ကိုယ်က ဒီဆောင့်ချက်ကို သာယာသည်ဟု ခံစားနေရခြင်းဖြစ်သည်။ တကယ့်တကယ်တော့ သူ့ကိုယ်မှ သွေးတို့ အိပ်ယာပေါ်စီးကျလာနေပြီဖြစ်သည်။
ထိုအချိန် မင်ကျွိနတ်မင်းကြီး၏ နန်းဆောင်တွင် ခေါင်းလောင်းသံတို့ အဆက်မပြတ်မည်လာသဖြင့် နတ်မင်းကြီး နိုးထလာခဲ့သည်။
"ဒါ ဘာသံလဲ.."
"အရှင့်ကျိန်စာတို့ အဆုံးစွန်ရောက်ရှိသွားတဲ့ ခေါင်းလောင်းသံပါ အရှင်.."
"သြ.. တထန်ပြည်ရဲ့အိမ်ရှေ့စံမင်းသားလေးက သူ့ကြင်ဖက်နဲ့ ပေါင်းစည်းမှုပြုပြီကိုး.. ကောင်းလေစွ....ကောင်းလေစွ....."
မင်ကျွိနတ်မင်းကြီးက ကျေနပ်စွာ အားပါးတရ ရယ်မောလိုက်တော့သည်။
စစ်ထူရှန့်ယွီက အရှင့်သား၏လည်တိုင်ကို ဆက်တိုက်နမ်းစုပ်ရင်း အောက်က အဆက်မပြတ် ထိုးဆောင့်နေမိတော့သည်။ မိမိလှံတံထိပ်ဖျားက ထိတွေ့ခံစားနေရသည့် နူးညံ့မှုက စစ်ထူရှန့်ယွီကို ရူးမလိုခံစားရစေသည်။ အရှင့်သား၏ ရမ္မက်ရိပ်စွန်းသည့် နီပြေပြေမျက်နှာ၊ ညည်းညူနေသည့်အသံသာသာ၊ အရှင့်သားရဲ့ကိုယ်ထဲက ပူနွေးတဲ့အထိအတွေ့...။
စစ်ထူရှန့်ယွီ က အရှင့်သားကိုသိုင်းဖက်ကာ အကြိမ်ကြိမ်အခါခါ ချစ်တင်းနှောရင်း တစ်ကိုယ်လုံးကို အရိုးသား အကျန် စားသုံးနေတော့သည်။
ယခုမှ စပြီး မိမိ စစ်ထူရှန့်ယွီ၏ ကိုယ်နှင့်စိတ်ဝိဉာဉ်ကို အရှင့်သားတစ်ဦးတည်းကိုသာ ပေးအပ်လိုက်တော့သည်။ မိမိကိုယ်ကို အရှင့်သားကလွဲပြီး ဘယ်သူမှ မပိုင်စေရသလို အရှင့်သားရဲ့အချစ်ကိုလည်း မိမိကလွဲပြီး ဘယ်သူမှ မပိုင်စေရဟု စစ်ထူရှန့်ယွီ ဆုံးဖြတ်ချက်ချလိုက်သည်။
အချစ်ကြီးသလို ပိုင်စိုးလိုစိတ် အားကြီးလွန်းသည့် စစ်ထူရှန့်ယွီ၏ အချစ်တို့က တလောကလုံးကို ထွန်းလင်းတောက်ပ နိုင်သလို တလောကလုံးကို ဖျက်ဆီးပစ်နိုင်အောင် အားကြီးမည်မှန်း ချင်းရှီဟွမ် မင်းသားလေး မသိခဲ့ပေ။
တကယ်လို့ ဒီအကြောင်းကိုသာ ကြိုသိခဲ့မည်ဆိုလျှင် ထိုစဉ်ကတည်းက တထန်ပြည်၏ အိမ်ရှေ့စံ ရာထူးကို ချင်းရှီဟွမ် စွန့်ပစ်ခဲ့မှာ သေချာသည်။ နောင်အနာဂါတ်မှာ ဖြစ်လာမည့်အကြောင်းရာကို ကြိုမသိခဲ့သဖြင့် ချင်းရှီဟွမ်က စစ်ထူရှန့်ယွီ၏ အချစ်နှင့် စိတ်ပိုင်းဖြတ်မှုကို လက်ခံခဲ့မိသည်။
==============================
ESTÁS LEYENDO
Ficción históricaBoth zawgyi and Unicode font Historical fiction