Chapter (31) - 🔞 ကျင်းပြည်နှင့် စစ်ထိုးခြင်း 🔞

3.6K 86 0
                                    

Chapter (31) – 🔞 ကျင်းပြည်နှင့် စစ်ထိုးခြင်း 🔞


တထန်မင်းဆက် သက္ကရာဇ် 888 ခုနှစ်တွင် တထန်ပြည်ပြည်ရဲ့ ပတ်ဝန်းကျင် ပြည်ထောင်သုံးခုမှာ နန်းတွင်းရေးအပြောင်းလဲကြီး ဖြစ်ပေါ်လာခဲ့သည်။ ထိုနှစ်တွင် ကျိုးပြည် ဘုရင် ကျိုးလုအန်း က မြောက်ပိုင်း တိုင်းပြည် နှင့်ဖြစ်သည့် စစ်ပွဲတွင် ကံတော်ကုန်ပြီး 'ကျိုးပြည် ပျက်သုဉ်း' သွားခဲ့သည်။ ယန်ပြည် ဘုရင် ယန်မုကျိ နတ်ရွာစံပြီး သားတော် 'ယန်လုချီ' နန်းတက်သည်။ တောင်ပိုင်းကျင်းပြည်တွင် ဘုရင် ကျူးကော်လျန့်  နတ်ရွာစံပြီး သားတော် 'ကျူးရှစ်ဟုန်' နန်းတက်သည်။

ဒါကြောင့် ဒီအခွင့်အရေးကို အရယူပြီး ချင်းရှီဟွမ်က တိုက်ပွဲကိုစတင်ဖို့ လျှောက်ထားခဲ့ခြင်းဖြစ်သည်။ချင်းရှီဟွမ် နှင့် စစ်ထူရှန့်ယွီ တို့နှစ်ဦး၏ တပ်တော်နှစ်ခုက ချီကို စစ်နိုင်ပြီး ပြန်လာကာစဖြစ်လို့ တိုက်ပွဲဝင်ရန် သွေးတို့ပူနွေးနေဆဲဖြစ်လို့ မင်းတရားကြီးဆီက ခွင့်ပြုမိန့်ကိုရပြီးသည်နှင့် ချက်ချင်း ကျင်းပြည် ပိုင်နက်ကို ဝင်ရောက်တိုက်ခိုက်တော့သည်။ ကျင်းပြည် ဘုရင်သစ်က နန်းတွင်းထဲတွင် သစ္စာတော်ခံကို သေချာမစုစည်းရသေးချိန်၊ နန်းတွင်းရေးရှုပ်ထွေးနေခိုက် မထင်မှတ်ဘဲ တထန်ပြည် မှ နာမည်ကျော် အိမ်ရှေ့စံမင်းသား ချင်းရှီဟွမ် နှင့် ယောက်ဖတော်တို့ဦးစီးသည့် စစ်ဦးတွင် ထိပ်တိုက် ဆုံတွေ့ချိန် ကျင်းပြည် တပ်များ ကစဉ်းကလျားနှင့် တပ်ပျက်ပြီး ဆုတ်ခွာထွက်ပြေးသွားကြတော့သည်။

စစ်ထူရှန့်ယွီ သည် အရှင့်သား နှင့် အနီးဆုံးမှာနေပြီး လာသမျှမြားတံများကို ဓားနှင့်ရိုက်ချကာ ကာကွယ်ပေးနေသည်။ ကြိုတင်ပြင်ဆင်ထားရခြင်းမရှိဘဲ စစ်နတ်ဘုရားနှစ်ပါး ဦးစီးသည့်တပ်နှင့် ထိပ်တိုက်တိုးမိသော ကျင်းပြည် တပ်များမှာ ထိတ်လန့်ခြောက်ခြားကာ အညံ့ခံကြတော့သည်။ ချင်းရှီဟွမ်က သုံ့ပန်းများကိုဖမ်းဆီးကာ ထိုနယ်ပယ်တလျှောက် စစ်နိုင်သည့်ဒေသမှ ပိုင်ဆိုင်မှုကို သိမ်းယူနေစဉ် မြောက်ဘက်တိုင်းပြည်မှ ခန်တာ့ ၏တပ်များက တထန်ပြည်ဘက်ကို ချီလာသည့်သတင်းကြားသဖြင့် ကျင်းပြည်ကို ဆက်မတိုက်တော့ဘဲ စစ်ကြောင်းပြန်လှည့်လာကြသည်။

တပ်တော်တချို့ကို တထန်ပြည် သို့ သုံ့ပန်းနှင့် စစ်နိုင်ပစ္စည်းပို့ကာ ဆက်သစေပြီး နောက်ထပ် တပ်ကူလာသည့်တပ်များဖြင့် ချင်းရှီဟွမ်၊ စစ်ထူရှန့်ယွီ တို့သည် ခန်တာ့ ၏တပ်များ ချီလာသည့်လမ်းတွင် ကြိုတင်သွားရောက်ကာ ဗျူဟာအရ နေရာယူထားကြသည်။

ခန်တာ့ ၏တပ်များက တထန်ပြည်တပ်များ ကျင်းပြည် စစ်မြေပြင်တွင် တိုက်ခိုက်နေချိန် အခွင့်ကောင်းယူရန် လာတိုက်ခြင်းဖြစ်ပြီး ထင်မှတ်မထားစွာဖြင့် အေးအေးဆေးဆေး ချီတက်လာစဉ် စစ်ထူရှန့်ယွီ ၏တပ်နှင့် ထိပ်တိုက်တိုးတော့သည်။

"သတ်..!!"

စစ်ထူရှန့်ယွီ ၏ ပြတ်သားသည့်အမိန့်သံအဆုံး တောင်ကုန်းထိပ်တွင် နေရာယူထားသည့် လေးတပ်မှ မီးမြားများ ရွာချတော့သည်။ ဆင်မြင်းများက ရုတ်တရက် မီးမြားနှင့်တွေ့သဖြင့် ထိတ်လန့်တကြားဖြစ်နေစဉ် အနောက်ဘက်မှာ စစ်ဗုံကြီး နှင့် စစ်တံပိုးခရာသံများ ဆူညံစွာထွက်လာသောကြောင့် ဘယ်လိုမှ ထိန်းချုပ်မရဘဲ ကစဉ့်ကလျား ထွက်ပြေးပြီး ခြေကျင်တပ်သားများစွာကို နင်းကာ ဟိုးအဝေးကို နောက်လှည့်ပြေးတော့သည်။

ခန်တာ့ ၏တပ်မှူးကြီးများက အလျှော့မပေးဘဲ ရသမျှတပ်သားကို စုစည်းကာ ပြန်တိုက်ရန်ကြံသော်လည်း တထန်ပြည် အိမ်ရှေ့စံနှင့် စစ်သေနာပတိချုပ် ၏တပ်နှစ်စု ပူးညှပ်တိုက်သည့်ဒဏ်ကို မခံနိုင်သောကြောင့် နောက်ပြန်ဆုတ်သွားရတော့သည်။

ကျင်းပြည် နှင့်ခန်တာ့ ၏တပ်များကို အောင်နိုင်လိုက်သောကြောင့် ချင်းရှီဟွမ် နှင့် စစ်ထူရှန့်ယွီ ၏ဂုဏ်သတင်းတို့ ပိုမိုမွှေးပျံ့လာတော့သည်။ ချင်းရှီဟွမ်သည် တိုက်ဆင်မြင့်ကြီးပေါ်မှနေပြီး တိုက်ပွဲကို နတ်ဘီလူးကဲ့သို့ တိုက်ခိုက်နေသော သူ့ချစ်သူကိုကြည့်ကာ ရင်ထဲ ချစ်ခြင်းတို့ တိုးပွားလာခဲ့သည်။ စစ်ထူရှန့်ယွီက အချင်းနှင့်ပြည့်စုံသကဲ့သို့ အဆင်းရော ချစ်မှုရေးရာကော တော်လွန်းသည်။ ဒီလူကို အစ်မတော်လက်ထပ်ထားလို့သာ တော်တော့သည်။ မဟုတ်လျှင် အခြားသောမင်းသမီးများက သူ့အိပ်ယာပေါ် အလုအယက်တက်ကြမှာ သေချာသည်။

ပိုလို့ကံကောင်းသည့်အချက်က မိမိ ချစ်သလောက် ဒီလူသားကလည်း မိမိကိုချစ်သောကြောင့်ပင်။ ဒါပေမယ့် ယောက်ျားနှစ်ယောက်ကြားက အချစ်က သားသမီး သံယောဇဉ် ချည်နှောင်မှုမရှိလို့ ဘယ်လောက်ကြာရှည်မလဲ မသိတော့ပေ။ ချင်းရှီဟွမ် အတွေးလွန်နေစဉ်စစ်ထူရှန့်ယွီက  ဆင်ပေါ်က အလှနတ်ဘုရားကိုကြည့်ကာ ဓားကိုင်လက်ကိုမြှောက်ပြီး အရိုအသေပေးလိုက်သည်။ ဒီလူသားကို သူ ချစ်သည်၊ မြတ်နိုးသည်၊ အရှင့်သားက သူ တစ်ယောက်တည်းပိုင်သည့် လူသားဖြစ်ရမည်။

စစ်ထူရှန့်ယွီက စစ်မြေပြင်တွင် ချင်းရှီဟွမ်ကို လှမ်းနှုတ်ဆက်စဉ် အခွင့်ကောင်းယူပြီး ရန်သူစစ်သူကြီးတစ်ယောက်က လေးနှင့်ချိန်လိုက်စဉ် ချင်းရှီဟွမ်က လက်စွဲတော်လေးကို ကောက်ယူကာ လျှပ်စီးအရှိန်နှင့် ဆင်ပေါ်မှ လှမ်းပစ်လိုက်တော့ ထိုစစ်သူကြီးက အဝေးကိုလွင့်ကာ မြေပြင်ပေါ် သပ်လျှိုပြီးသားဖြစ်သွားသောကြောင့် ရန်သူတပ်သားများ သွေးပျက်ကာ ထွက်ပြေးသွားကြတော့သည်။ စစ်ထူရှန့်ယွီက မိမိအသက်ကို ကယ်လိုက်သည့် အရှင့်သားကြောင့် စိတ်လှုပ်ရှားကာ မျက်ဝန်းများစိုစွတ်လာခဲ့သည်။

"သတိထား.."

ချင်းရှီဟွမ်က ဆင်ပေါ်မှ သူ့ကို နှုတ်ခမ်းလှုပ်ကာ လှမ်းပြောလိုက်တော့ သူက ခေါင်းညိတ်ကာ လက်ကျန်ရန်သူများကို ရှင်းလင်းကာ အပြတ်ဖြတ်လိုက်သည်။

ထိုဒေသတွင် တပ်စွဲကာ အခြေအနေစောင့်ကြည့်စဉ် ည ချင်းရှီဟွမ်၏ ရွက်ဖျင်တဲထဲတွင်  ချစ်သူ နှစ်ဦးက တင်းကျပ်စွာဖက်ကာ တစ်ယောက်နှင့်တစ်ယောက် နက်နက်ရှိုင်းရှိုင်း နမ်းနေကြသည်။ မျက်ဝန်းများက စိုက်ကြည့်လျက် လက်များက အချင်းချင်း ပွေ့ဖက်ပွတ်သပ်ကာ ချစ်ခြင်းတို့ တိုးမြင့်လာကြသည်။ နှစ်ယောက်သား၏အဝတ်များ ကျွတ်ကုန်ပြီး တစ်ယောက်ဖွားဖက်တော်ကို တစ်ယောက်က ပွတ်သပ်ချော့ငင်ကာ ပြုစုပေးနေကြသည်။

စစ်ထူရှန့်ယွီက အရှင့်သားကို ကော်ဇောပေါ်လှဲချလိုက်ပြီး အပေါ်စီးမှအုပ်မိုးကာ လည်တိုင်ကိုနမ်းစုပ်ရင်း နားရွက်ဖျားကို ငုံခဲလိုက်သည်။ သူ့လက်တစ်စုံက အရှင့်သား၏ရင်ဘတ်က ချယ်ရီပွင့်ကို ယုယစွာပွတ်သပ်ကစားနေသည်။

"ဟင်း.."

ချင်းရှီဟွမ်က သူ့အနမ်း၊ သူ့အထိတွေ့ကြောင့် အသက်ကိုပြင်းပြင်းရှူလိုက်မိသည်။ စစ်ထူရှန့်ယွီက လည်တိုင်ကိုစုပ်နမ်းရင်း ရင်ဘတ်ကချယ်ရီသီးကို ငုံစုပ်လိုက်ပြီး လျှာနှင့်ရစ်ပတ်ကာ ကစားလိုက်သည်။ ချင်းရှီဟွမ်၏ ရွှေချောင်းလေးက ချက်ချင်း မတ်ခနဲဖြစ်ကာ စစ်ထူရှန့်ယွီ၏ဝမ်းဗိုက်ကို လာထောက်တော့သည်။ စစ်ထူရှန့်ယွီ၏လှံတံကြီးလည်း အရှင့်သား၏ဗိုက်ကို ထိနေသည်။ စစ်ထူရှန့်ယွီက လှံတံနှစ်စင်းကိုပူးကိုင်ကာ အထက်အောက်လှုပ်ရှားကာ ဆွပေးလိုက်သည်။

ချစ်တဲ့သူက ပြုစုပေးတာဖြစ်တဲ့အတွက်ရော၊ ချစ်သူရဲ့လှံတံနှင့် ပူးကပ်နေရသည့်အတွက်ကော ချင်းရှီဟွမ်၏ကိုယ်လေး ကော့တက်သွားပြီး စစ်ထူရှန့်ယွီ၏ပုခုံးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်မိတော့သည်။ ကောင်းလွန်းသည့်အပြင် စိတ်လှုပ်ရှားဖွယ် ခံစားချက်ကြောင့် နဖူးပြင်မှ ချွေးစက်တို့ လိမ့်ဆင်းကျလာသည်။

"စစ်ထူရှန့်ယွီ.."

"အရှင့်သား.. အရှင့်သားကို ချစ်တယ်.. အရှင့်သားကို ကျွန်တော်တစ်ယောက်ပဲ ပိုင်တယ်.."

ထိုစကားများက ချင်းရှီဟွမ်၏နားရွက်မှတစ်ဆင့် နှလုံးသားထဲကို စီးဝင်သွားသောကြောင့် ဝမ်းသာဝမ်းနည်းဖြင့် မျက်ရည်စို့လာတော့သည်။ ချင်းရှီဟွမ်က တံတွေးမြိုချကာ ချစ်သူကို ရီဝေစွာစိုက်ကြည့်ပြီး ပြောလိုက်သည်။

"မင်းနဲ့ဝေးရရင် ငါကိုယ်တော် သေသွားမှာပဲ.."

ထိုစကားကိုကြားသော် စစ်ထူရှန့်ယွီက အရှင့်သား၏နှုတ်ခမ်းကို ဖိအပ်နမ်းကာ နက်ရှိုင်းသည့်အနမ်းဖြင့် ချစ်ခြင်းကိုပြသတော့သည်။ မြန်ဆန်လာသော လက်လှုပ်ရှားမှုကြောင့် နှစ်ယောက်သား အထွဋ်အထိပ်ကို အတူတက်လှမ်းသွားကြသည်။

စစ်ထူရှန့်ယွီက လက်တွင်ပေနေသည့် အရည်များကိုသုံးကာ အရှင့်သား၏ ပျားရည်တွင်းဝလေးကို သုတ်လိမ်းကာ လက်ချောင်းဖြင့် တွင်းပေါက်ချဲ့ပေးလိုက်သည်။
စစ်ထူရှန့်ယွီသည် အရှင့်သား၏အနောက်ပေါက်က လက်ချောင်းကို ဖိညှစ်နေသည်ကို ခံစားမိလာသောကြောင့် သူ့လှံတံလည်း ချက်ချင်း ပြန်မာလာတော့သည်။ သူဝင်ရမည့် တွင်းလေး၏ လှုပ်ရှားမှုကြောင့် နဂါးကြီးက ခေါင်းတထောင်ထောင်ဖြစ်လို့နေသည်။ ချင်းရှီဟွမ်က ခရမ်းနီရောင် နဂါးခေါင်းကြီးကိုကြည့်ကာ တံတွေးတစ်ချက်မြိုချလိုက်ပြီး အမိန့်ပေးလိုက်သည်။

"ထည့်တော့.."

စစ်ထူရှန့်ယွီက ဝမ်းသာစွာဖြင့် အမိန့်နာခံလိုက်တော့သည်။ ပြည့်ကျပ်သောတွင်းလေးထဲ တိုးဝင်မိသည်နှင့် စစ်ထူရှန့်ယွီ၏နဂါးကြီးက အထိန်းချုပ်လွတ်သွားလေပြီ။ စစ်ထူရှန့်ယွီက အရှင့်သား၏ခြေထောက်ကို မိမိခါးတွင်တွယ်ချိတ်စေပြီး အထဲကို နက်နက်ဝင်အောင် ထိုးသွင်းကာ ဆက်တိုက်ပစ်ဆောင့်ပြီး မရပ်မနား တိုက်ခိုက်တော့သည်။ အတွင်းသားနံရံများက အထပ်ထပ်နှင့် နူးညံ့သောကြောင့် နဂါးခေါင်းကြီးက တရကြမ်းထိုးဆောင့်တော့ ချင်းရှီဟွမ်မှာ ကောင်းလွန်းလို့ နှုတ်မှညည်းသံသဲ့သဲ့ ထွက်လာတော့သည်။ ဒါပေမယ့် ချင်းရှီဟွမ်က ရှက်သောကြောင့် နှုတ်ခမ်းကိုလက်နှင့်အုပ်ကာ အသံမထွက်အောင် ထိန်းနေသဖြင့် စစ်ထူရှန့်ယွီက ဆောင့်သွင်းရင်း တောင်းဆိုလိုက်သည်။

"အရှင့်သား.. ကျွန်တော့်နာမည်ကို ခေါ်ပါ.."

"မဖြစ်ဘူး.. အပြင်ကအစောင့်တွေ ကြားသွားမယ်.."

ထိုစကားကြောင့် စစ်ထူရှန့်ယွီ စိတ်မကောင်းခြင်းတစ်ဝက်၊ မခံချင်စိတ်တစ်ဝက်ဖြစ်ကာ အရှင့်သားကို အရှိန်နှင့် ဆောင့်သွင်းတော့သည်။ စစ်ထူရှန့်ယွီ ကြမ်းရမ်းတော့မည်ကိုသိသော်လည်း ချင်းရှီဟွမ်က လုံးဝအသံမထွက်ဘဲ အံကြိတ်ကာ ချစ်သူပေးသည့်နာကျင်မှုနှင့် သာယာမှုကို လက်ခံနေတော့သည်။

"တစ်နေ့.. အရှင့်သားက ငါ့နာမည်ကို အကျယ်ကြီးထုတ်ညည်းပြီး ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုတဲ့အမြင့်ထိ ငါ့ဘဝကိုတည်ဆောက်မယ်.."

စစ်ထူရှန့်ယွီ၏စိတ်ဆုံးဖြတ်မှုက အရှင့်သားအပေါ် ချစ်ခြင်းနှင့်အတူ တောင်ထုပမာ များပြားလာတော့သည်။

ထိုရှေ့တန်းတွင် ချင်းရှီဟွမ် နှင့် စစ်ထူရှန့်ယွီတို့သည် တိုင်းပြည်လုံခြုံရေးကို တည်ဆောက်သလို အချစ်ကမ္ဘာလေးကိုလည်း တည်ဆောက်ကာ နှစ်ယောက်သား နတ်ပြည်ရောက်နေသလို ခံစားနေကြသည်။ နေ့ခင်းတွင် နိုင်ငံတော်လုံခြုံအေးချမ်းရေးကို အတူဆောင်ရွက်ပြီး ညအခါ အချစ်တိုင်းပြည်ကို အတူထူထောင်ကြသည်။




****-******

မုန်းမာန်ဖွဲ့ချစ်ခြင်း  (မုန်းမာန်ဖွဲ့ချစ်ခြင်း )Where stories live. Discover now