Chapter ( 23 ) - ချစ်နှောင်ကြိုးတို့ စတင်ခြင်း

1.9K 96 1
                                    

Chapter  ( 23 ) – ချစ်နှောင်ကြိုးတို့ စတင်ခြင်း


စစ်ထူရှန့်ယွီသည် အထွတ်ထိပ်ရောက်သွားပြီးတော့ အရှင့်သားကိုယ်ထဲမှ မိမိလှံတံကိုဆွဲထုတ်လိုက်တော့ ဖြူဖြူအရည်တို့မှာ သွေးစနီနီတို့ စွန်းထင်းလာသည်ကိုတွေ့တော့ မျက်နှာပျက်သွားသည်။

"အရှင့်သား.. ဒဏ်ရာရသွားပြီ.."

ချင်းရှီဟွမ်က ချွေးများနှင့် နဖူးကိုအသာသပ်ကာ ကျေနပ်စွာ မောဟိုက်လို့နေရင်း ပြောလိုက်သည်။

"ဘာမှမဖြစ်ဘူး.. နည်းနည်းကွဲသွားရုံပါ.. ကိုယ်တော် ထပ်လိုချင်သေးတယ်.. မင်း ပေးနိုင်သေးရဲ့လား.."

ထိုစကားကြောင့် စစ်ထူရှန့်ယွီ၏ ငိုက်သွားစလှံတံက ကောင်းကင်ကိုပျံတက်လုမတတ် ထောင်မတ်လာပြန်သည်။

"အရှင့်သားလိုသရွေ့ အမြဲပေးနိုင်တယ်.."

ထိုစကားကိုပြောပြီး အရှင့်သားကိုဆွဲထူလိုက်ပြီး ပေါင်နှစ်ဖက်အောက်မှ ပင့်မပြီး အရှင့်သားရဲ့အပေါက်ဝနဲ့ လှံတံကိုတေ့ပြီး ပင့်ထိုးလိုက်သည်။

"အ.."

ချင်းရှီဟွမ်က သူ့ပုခုံးကိုဆုပ်ကိုင်ပြီး မိမိကိုယ်ထဲ တံစို့သွင်းသလို တိုးဝင်သွားသည့် လှံတံအတွေ့ကို ခံစားနေလိုက်သည်။ ချင်းရှီဟွမ်၏ ရွှေရောင်လှံတံလေးလည်း ထောင်မတ်ကာ စစ်ထူရှန့်ယွီ၏ဗိုက်ကို ရိုက်ခတ်နေတော့သည်။

"အရှင့်သား.. အရမ်းချစ်တယ်.."

"အွန်း.."

စစ်ထူရှန့်ယွီက အရှင့်သား၏အာခံတွင်းထဲ လျှာဖြင့်ထိုးထည့်ကာ မွှေနှောက်ရင်း အရှင့်သားကို အောက်မှပင့်ကာ တဖုန်းဖုန်းဆောင့်တော့သည်။

ချင်းရှီဟွမ်က စစ်ထူရှန့်ယွီ၏လည်ပင်းကို တင်းတင်းဖက်ကာ နမ်းရှိုက်ရင်း မိမိကိုယ်ထဲ တစ်ဆုံးဝင်လာသည့် လှံတံ၏ဆောင့်ချက်ကြောင့် အထဲတစ်နေရာကိုထိတိုင်း တစ်ကိုယ်လုံး ကျင်တက်သွားပြီး ကောင်းမွန်သည့်ခံစားချက်က တစ်ကိုယ်လုံးကို ပျံ့နှံ့လာသည်ကို ခံစားလို့နေသည်။

စစ်ထူရှန့်ယွီက အရှင့်သားကိုပွေ့ချီလျက် ထရပ်ကာ အခန်းလယ်က စားပွဲပေါ် တင်လိုက်သည်။ အရှင့်သား၏ရင်ဘတ်က ပွင့်ချပ်ကို သွားနှင့်ကိုက်လိုက်၊ လျှာနှင့်လျက်လိုက်လုပ်ကာ အောက်ကလည်း ကော့ကော့ထိုးတင်လိုက်သည်။

"အ.. အား..."

ချင်းရှီဟွမ်မှာ ကောင်းလွန်းလို့ မညည်းဘဲမနေနိုင်တော့ပေ။

စစ်ထူရှန့်ယွီက အရှင့်သား ကောင်းသည့်ခံစားချက်ရသည်ကိုတွေ့တော့ ပီတိဖြစ်ကာ ထိုနေရာကို ဆက်တိုက်ထိုးဆောင့်ရင်း နောက်ဆုံး အရှင့်သား၏ရွှေလှံတံက အဖြူနှစ်တို့ ပန်းထွက်လာပြီး ရင်ဘတ်ကို စင်ကုန်တော့သည်။

စစ်ထူရှန့်ယွီက အရှင့်သားနှုတ်ခမ်းကိုကုန်းနမ်းကာ မိမိလှံတံကို အရှိန်တင်တော့သည်။ မကြာခင် စစ်ထူရှန့်ယွီ၏လှံတံမှ တောင်ကျချောင်းလို အရှိန်ဟုန်ပြင်းသည့် အဖြူရည်များ ချင်းရှီဟွမ်ကိုယ်ထဲ ပန်းထုတ်ကာ အပြင်ကိုစိမ့်ထွက်လာတော့သည်။ စစ်ထူရှန့်ယွီက နှစ်ကြိမ်တိတိပြီးသွားသော်လည်း အားမရသေးသဖြင့် မာနေသောမိမိလှံတံကြောင့် အရှင့်သား၏နားရွက်ကို လျှာနှင့်လျက်ကာ မေးလိုက်သည်။

"အရှင့်သား... ခံနိုင်သေးလား.. ကျွန်တော် မဝသေးလို့ ရေကန်ထဲ တစ်ခါလောက် ချစ်ပါရစေ.."

ချင်းရှီဟွမ်က ထရပ်မည်အပြု သူက တစ်ခါတည်းစွပ်လျက် ပွေ့ချီလိုက်သည်။ ချင်းရှီဟွမ်က သူ့ကိုယ်ကို ခြေနှင့်သိုင်းယှက်ကာ လက်ကလည်း လည်ပင်းကို ခိုင်အောင်ဖက်ထားရသည်။ စစ်ထူရှန့်ယွီက အရှင့်သားနှင့် ရင်ဘတ်ချင်းထိကပ်နေပြီး လက်က တင်ပါးကိုပင့်ကာ ထိန်းထားလျက်နှင့် ရေကန်ရှိရာ လမ်းလျှောက်လာခဲ့သည်။

မိမိကိုယ်ထဲ လှံတံထည့်လျက် ပွေ့ချီခံထားရသဖြင့် ချင်းရှီဟွမ် တစ်မျိုးခံစားနေရသည်။ သူ့ပုခုံးပေါ် မျက်နှာမှောက်ကာ အသက်ရှုလိုက်တော့ ချွေးနံ့နှင့် ယောက်ျားပီသသည့်ရနံ့ကြောင့် ချင်းရှီဟွမ်၏ကိုယ်က အလိုလျောက် သူ့လှံတံကို ညှစ်နေတော့သည်။

စစ်ထူရှန့်ယွီက မိမိကဲ့သို့ ခံနိုင်ရည်အားကောင်းကာ ရမ္မက်စိတ်ထက်သန်သည့် အရှင့်သားကြောင့် ကျေနပ်စွာရယ်မောလိုက်သည်။

"အရှင့်သားတစ်ကိုယ်လုံးကို မြိုချလိုက်ချင်တယ်.."

"မြိုချရင် မင်း ဘယ်လို လုပ်နိုင်မှာလဲ.."

"ဒါဆို အနားမှာ အနီးကပ်ထားပြီး အမြဲတမ်းလုပ်ချင်တယ်.."

"မင်းရဲ့အပြုအမူပေါ် မူတည်တာပဲလေ.. ဒီအခြေအနေဖြစ်အောင် တည်ဆောက်နိုင်ရင် မင်းသဘောပေါ့.."

ချင်းရှီဟွမ်၏စကားကြောင့် ဘာလုပ်ရမည်ကို စစ်ထူရှန့်ယွီ သေချာသိသွားလေပြီ။

"စိတ်ချပါ.. အရှင့်သားကို ကျွန်တော် ကောင်းကောင်းဝှက်ထားနိုင်တဲ့ အင်ပါယာတစ်ခု တည်ဆောက်ပါ့မယ်.."

ရေကန်ထဲရောက်တော့ စစ်ထူရှန့်ယွီက အရှင့်သားကိုယ်ထဲက ထုတ်လိုက်ပြီး အရှင့်သားကို ရေဖြင့်ဆေးကြောပေးလိုက်သည်။ အရှင့်သား၏ဝင်ပေါက်လေးက မိမိ၏ မညှာမတာထိုးသွင်းချက်ကြောင့် နီရဲကာ သွေးစတချို့ထွက်နေသဖြင့် စိတ်မကောင်းဖြစ်ရပြန်သည်။

"ယောက်ျားမဟုတ်ဘူးလား.. သွေးစနည်းနည်းမြင်တာနဲ့ မျက်နှာက ဘာဖြစ်ရပြန်တာလဲ.."

ချင်းရှီဟွမ်က သူ့ပါးပြင်ကို ပွတ်သပ်ကျီစယ်ရင်း ပြောလိုက်သည်။

"ကျွန်တော်သာ ဝေဒနာအားလုံး ခံစားလိုက်ချင်တယ်.. အရှင့်သားကို ဘာမှမခံစားစေချင်ဘူး.."

"ဒါဆို မင်း တစ်လှည့် အောက်မှာနေပေါ့.."

စစ်ထူရှန့်ယွီက မတုံ့ဆိုင်းဘဲ ပြန်ပြောလိုက်သည်။

"အရှင့်သား ဆန္ဒရှိချိန်မှာ ပြောပါ.. ကျွန်တော် ချက်ချင်း နေပေးပါ့မယ်.."

စစ်ထူရှန့်ယွီ၏ မပြောင်းလဲသောမျက်နှာ၊ လျော့ပါးမသွားသောအချစ်ကြောင့် ချင်းရှီဟွမ်၏ရင်ထဲ ခံစားသွားရပြီး မိမိကိုဆေးကြောပေးနေသည့် သူ့ကို ဆွဲထူကာ ခပ်ပြင်းပြင်းနမ်းလိုက်ပြီး မေးလိုက်သည်။

"မင်း ဘယ်လိုမှ မခံစားရဘူးလား.. ယောက်ျားမာနကို ထိပါးတယ်တို့ ဘာတို့.."

စစ်ထူရှန့်ယွီက ပေါ့ပါးစွာရယ်မောကာ လိုရင်းပဲပြောလိုက်သည်။

"အရှင့်သားလိုဘုန်းကံရှင်တောင် ကျွန်တော့်ကိုလိုက်လျောပေးနေတာ ကျွန်တော်က ဘာမာန်တက်ရမှာလဲ.. ပြီးတော့ အရှင့်သားလည်း ယောကျ်ားတစ်ယောက်ပဲ.. ယောက်ျားသဘာ၀ သွေးသားတောင့်တချက်ဆိုတာ ရှိမှာပဲ.. ကျွန်တော်မျိုးကို လိုက်လျောနိုင်ရင် ကျွန်တော်မျိုးက ဘာကြောင့် မလိုက်လျောနိုင်ရမှာလဲ.. အခုလို အရှင့်သားကို ပိုင်ဆိုင်ရလိုက်တာ ကျွန်တော် ဘယ်လောက် ကံကောင်းလိုက်လဲ.. ကျွန်တော့်တစ်ကိုယ်လုံးက အရှင့်သား လိုရာသုံးဖို့ပါ.."

ချင်းရှီဟွမ်က သူ့စကားကြောင့် မိမိလူရွေးမှန်သည်ကိုသိကာ သူ့နားနားကပ်ပြောလိုက်သည်။

"နောက်တစ်ခါ ထပ်ချစ်တော့..."

စစ်ထူရှန့်ယွီက အရှင့်သားကို ရေကန်ထဲမှပွေ့ချီလာတော့ အရှင့်သားက ပျော့လို့နေပြီ။ အရှင့်သားကို ရေသုတ်ပေးပြီး ဆေးဝါးလိမ်းကျံပေးကာ ညနေစာ ပြင်ဆင်ကျွေးလိုက်သည်။ ပြီးတော့မှ အရှင့်သားကိုသိပ်ကာ အဆောင်တော်ကို သန့်ရှင်းရေးလုပ်တော့သည်။ မိမိတို့တိုင်းပြည်မဟုတ်သောကြောင့် အရှင့်သားဂုဏ်သတင်းကို ညှိုးနွမ်းစေမည့် ဘယ်အရာကိုမှ ခွင့်မပြုနိုင်သဖြင့် ခြေရာ၊ လက်ရာအားလုံး ရှင်းလိုက်ခြင်းဖြစ်သည်။ ပြီးတော့မှ ချီထျန်းစူး ပြန်လာသည်ကို စောင့်ကြိုကာ အရှင့်သားနေမကောင်းလို့ စောစောအိပ်သွားပြီဆိုတာပြောပြီး တားလိုက်သည်။ စစ်ထူရှန့်ယွီပြန်လာတော့ အရှင့်သားက နှစ်ခြိုက်စွာ အိပ်မောကျနေသဖြင့် ဘေးမှဝင်လှဲကာ ကျေနပ်စွာ အိပ်စက်လိုက်တော့သည်။

ဒါက စစ်ထူရှန့်ယွီ အတွက် ချစ်သောသူနှင့် ပထမဆုံးအိပ်စက်ခြင်းဖြစ်သည်။ ဒီနေ့ကစပြီး သေဆုံးသွားချိန်အထိ အရှင့်သားဘေးတွင်သာ အိပ်စက်မည်ဟု သန္နိဋ္ဌာန်ချလိုက်တော့သည်။

••••••••••••••••••••••••••••••

ချင်းရှီဟွမ်တို့သည် ယိုးဒယားပြည်ကို အခြေခိုင်အောင်လုပ်ပြီးနောက် သုံးလကြာတော့မှ လက်ဆောင်ပဏ္ဍာများနှင့် တထန်ပြည်ကို ပြန်လာခဲ့ကြတော့သည်။ ထိုအောင်ပွဲရသတင်းက ချင်းရှီဟွမ်တို့ နေပြည်တော်မရောက်ခင်ပင် တိုင်းပြည်တစ်ခုလုံးသိကာ ကျေနပ်စွာဖြင့် သောင်းသောင်းဖျဖျ ကြိုဆိုရန်ပြင်ဆင်ကြသည်။ တထန်မင်းကြီးလည်း မိဖုရားခေါင်ကြီး၏ နေ့စဉ်ရက်ဆက် လျှောက်တင်မှုကြောင့် စစ်ထူရှန့်ယွီပြန်ရောက်လာလျှင် ဆုလာဘ်တော်နှင့်အတူ မင်္ဂလာပွဲကိုကျင်းပဖို့ အမိန့်ချမှတ်လိုက်သည်။

အမတ်ကြီးက နတ်မင်းကျိန်စာကြောင့် မိမိသားတော်နှင့် အိမ်ရှေ့စံကိုယ်တော်လေး ငြိစွန်းသည့်သတင်းကို မင်းကြီးကြားသိလျှင် အသတ်ခံရမည်စိုးသဖြင့် လက်ထပ်ပွဲသတင်းကို သားတော်မသိအောင် လျှို့ဝှက်ခိုင်းထားကာ မင်္ဂလာပွဲကို စီစဉ်လိုက်တော့သည်။

စစ်ထူရှန့်ယွီသည် ကိုယ်တော်လေးကို ပိုင်ဆိုင်ခွင့်ရပြီးကတည်းက မိမိအစီအစဉ်ကို ရှေ့တိုးအောင် ဘယ်လိုလုပ်ရမလဲဟု ကြံစည်နေရင်း နေပြည်တော်ကိုပြန်ရောက်တော့ မင်းတရားကြီးရှေ့မှောက် ဆုလာဘ်လက်ခံနေစဉ် ချမှတ်လိုက်သည့် မင်္ဂလာသတင်းကြောင့် ကြက်သေသေသွားသည်။

ချင်းရှီဟွမ်ကိုယ်တော်လေးကို ဖြတ်ခနဲခိုးကြည့်ပေမယ့် ကိုယ်တော်လေးက မျက်မှောင်ကြုတ်သည်ကိုသာတွေ့ပြီး မိမိကို မကြည့်ဘဲ မင်းကြီးကိုသာကြည့်နေသည်။ စစ်ထူရှန့်ယွီသည် ငြင်းဆန်မရသည့်အမိန့်ကြောင့် အမိန့်ကိုလက်ခံယူပြီး အိမ်တော်သို့သာ ပြန်လာခဲ့ရတော့သည်။ အိမ်သို့ရောက်သော် ခမည်းတော်ကိုစောင့်ပြီး မေးတော့သည်။

စစ်ထူချုံးမင်  က သားဖြစ်သူကိုစိုက်ကြည့်ကာ မိမိအခန်းထဲခေါ်ကာ လျှို့ဝှက်မေးမြန်းတော့သည်။

"မင်းသားလေးနဲ့မင်း ငြိစွန်းထားပြီမဟုတ်လား သားတော်.."

ထိုစကားကိုကြားသော် စစ်ထူရှန့်ယွီ ထိတ်လန့်သွားတော့သည်။ မင်းကြီးသိသွားပြီလားဟု တွေးကာ ရင်ထဲ တင်းကျပ်သွားသည်။

"မင်းကြီး မသိသေးပါဘူး.. ခမည်းတော်ပဲ သိတာပါ.."

"ခမည်းတော် ဘာကြောင့် ကျွန်တော့်ဘေးမှာ သူလျှိုထားထားရတာလဲ.."

"မင်းရဲ့လုပ်ရပ်ကိုသာ မင်းကြီးသိရင် အခုချိန် မင်း ခေါင်းပြတ်ပြီးလောက်ပြီ.. ဒီလိုဖြစ်မှာစိုးလို့ ခမည်းတော် ကြိုတင်စီစဉ်ထားရတာပဲ.. ပြောစမ်း.. မင်း ဘာကြောင့် မင်းသားလေးကို မရှောင်ရတာလဲ.."

"ကျွန်တော် အရှင့်သားကို ချစ်တယ်.. တပင်တိုင်မင်းသမီးကို လက်မထပ်နိုင်ဘူး ခမည်းတော်.."

"မင်းနဲ့အတူ ခမည်းတော်တို့အားလုံး အသတ်ခံရစေချင်လို့လား စစ်ထူရှန့်ယွီ.."

"ကျွန်တော် ထီးနန်းကို ရအောင်သိမ်းမယ်.. ခမည်းတော် ကူညီပေးပါ.."

"မင်းသားလေးနဲ့ အတူနေနိုင်ဖို့လား.."

"ဟုတ်ပါတယ် ခမည်းတော်.. သားတော် အရှင့်သားနဲ့ မခွဲနိုင်ဘူး.."

ထိုစကားကိုကြားသော် စစ်ထူချုံးမင် က စိတ်မထိန်းနိုင်တော့ဘဲ သားတော်၏မျက်နှာကို ရိုက်လိုက်တော့သည်။ ကျယ်လောင်သောအသံနှင့်အတူ နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသော်လည်း စစ်ထူရှန့်ယွီက ဒူးတုပ်မပျက်ပေ။ အပြင်မှ အမတ်ကြီးကတော်က အခန်းထဲပြေးဝင်လာပြီး အမတ်ကြီးကိုဆွဲတော့သည်။

"အမတ်ကြီး.. လက်လွန်မယ်.. သားတော်ကို အကြောင်းစုံမရှင်းပြဘဲ သားတော်က ဘယ်လိုနားလည်နိုင်မှာလဲ.."

"မင်းကတော်ကြီးသားက ဆေးမမှီတော့ဘူး.. အရှင့်သားနဲ့အတူနေနိုင်ဖို့ နန်းသိမ်းမယ်တောင် ပြောနေပြီ.."

စုန့်ချင်းလင် သားဖြစ်သူ၏ရှေ့မှာ ဒူးထောက်ထိုင်ကာ သားလေး၏ပါးပြင်က လက်ဝါးရာကို ပွတ်သပ်ကာ မျက်ရည်ကျရင်း သားတော်ကို သေချာရှင်းပြလိုက်သည်။

"သားတော်ရဲ့ခမည်းတော်က သားတော်ရဲ့အသက်အတွက် အရမ်းကို ကာကွယ်ပေးထားရလို့ ခုအရွယ်ကျမှ အသတ်ခံရမှာစိုးလို့ ဒေါသထွက်ရတာပါ သားတော်ရယ်.. သားတော်ကို နောက်ထပ်လုပ်ကြံမယ့်ဘေးက မကာကွယ်နိုင်မှာစိုးလို့ တပင်တိုင်မင်းသမီးနဲ့ လက်ဆက်စေချင်တာပါ.."

"နောက်ထပ်လုပ်ကြံမယ်ဆိုတာ ဘာလဲ.. ဘာကိုပြောတာလဲ မယ်မယ်.."

အမတ်ကြီးက သက်ပြင်းရှိုက်ကာ သားနှင့်မယားကို ဆွဲထူပြီး ထိုင်ခုံမှာထိုင်စေပြီး ရှင်းပြလိုက်တော့သည်။

"မင်းက ခမည်းတော်ရဲ့ မွေးစားသားမဟုတ်ဘူး.. သားအရင်းပဲ စစ်ထူရှန့်ယွီ.."

ထိုသတင်းကိုကြားသော် စစ်ထူရှန့်ယွီ၏မျက်လုံးထဲ လက်ခနဲဖြစ်သွားတော့သည်။

"ဘာကြောင့် ကျွန်တော်နဲ့ အခြားတစ်ယောက်ကို လူချင်းလဲထားရတာလဲ ခမည်းတော်.."

"မင်ကျွိနတ်မင်းကြီးရဲ့ကျိန်စာကြောင့် မင်းသားလေးအပေါ် လွှမ်းမိုးနိုင်တဲ့သူတွေကို ရှင်းပစ်ဖို့ မင်းကြီးက အမိန့်ပေးခဲ့တယ်.. ဒါကြောင့် မင်းကို ခမည်းတော်တို့က ဦးရီးတော်စစ်သူကြီးဆီပို့ပြီး ကြီးပြင်းစေခဲ့တယ်.. အခု မင်းသတင်းကို မင်းကြီးမသိပေမယ့် တပင်တိုင်မင်းသမီးတို့ သားအမိက သိသွားပြီ.. သူတို့က လက်ထပ်ပွဲကို အမြန်လုပ်စေချင်တဲ့သူတွေပဲ.. ဒီလက်ထပ်ပွဲကို သားတော်လက်မခံရင် ခမည်းတော်တို့အကြောင်း အားလုံးကို မင်းကြီးဆီ ဖွင့်ချလိမ့်မယ် သားတော်.."

ထိုစကားကိုကြားသော် စစ်ထူရှန့်ယွီ၏မျက်လုံးများ မှောင်မိုက်သွားတော့သည်။

"သူတို့သားအမိက ဘာလိုချင်နေတာတဲ့လဲ.."

"သားတော်ကို ဘုရင်ဖြစ်အောင်တင်မြှောက်ပြီး မင်းသမီးက မိဖုရားခေါင်ဖြစ်ချင်တယ်.."

"တပင်တိုင်မင်းသမီးတို့က ဒီထီးနန်းကို သူတို့လက်ထဲမှာ ထိန်းချုပ်ဖို့ ကျွန်တော့်ကို နွားလိုခိုင်းချင်တာကိုး.. သူတို့အကြောင်းကို မင်းတရားကြီးဆီ လျှောက်တင်လိုက်မယ်.."

"မရဘူး.. မင်းပြောတာကိုကြားရင် မင်းကြီးက ခမည်းတော်တို့ကို အရင်သတ်ပစ်မှာ.. မင်းသားလေးရဲ့အကြောင်းလည်း အားလုံးသိသွားပြီး အတိုင်းတိုင်းအပြည်ပြည်မှာ အရှက်တကွဲဖြစ်ရမယ်.. ပြီးတော့ တပင်တိုင်မင်းသမီးတို့က အင်အားတောင့်တယ်.. သူတို့က အခြားတိုင်းပြည်နဲ့ တိတ်တဆိတ်ပူးပေါင်းထားတယ်.. သားတော်နဲ့မင်းသားလေးကို လက်ညှိုးထိုးပြီး သူတို့က မင်းပြစ်မင်းဒဏ်သင့်အောင်လုပ်ဖို့ လမ်းခင်းပေးသလိုဖြစ်သွားမယ် သားတော်.."

ထိုစကားကြောင့် စစ်ထူရှန့်ယွီ၏ဒေါသတို့ ပိုမိုနက်ရှိုင်းလာပြီး ခမည်းတော်ကိုစိုက်ကြည့်ကာ မေးလိုက်သည်။

"ခမည်းတော်.. သားတော်ကို ဘယ်အထိရည်ရွယ်ထားသလဲ.."

"အင်း... မညာတမ်းပြောရရင် သားတော်ကို တထန်ပြည်ထီးနန်းကို ဆက်ခံစေချင်တယ်.. ခမည်းတော်တို့လည်း ဒီမင်းဆက်က ဆင်းသက်လာတာဖြစ်လို့ ထီးနန်းကို သားတော်လည်း ဆက်ခံထိုက်တယ်.."

"အရှင့်သားကို ဘာလုပ်ဖို့ ခမည်းတော်ရည်ရွယ်ထားသလဲ.."

စစ်ထူရှန့်ယွီ၏ နက်မှောင်သောအကြည့်နှင့် အေးစက်သောစကားကြောင့် အမတ်ကြီး၏ရင်ထဲ စိုးထိတ်လာခဲ့သည်။ ချင်းရှီဟွမ်ကိုထိလျှင် မည်သူ့ကိုမှအလွတ်မပေးနိုင်ကြောင်း သားတော်၏အမူအယာထဲမှ သိရှိလိုက်ရပြီး အမတ်ကြီး သက်ပြင်းရှိုက်လိုက်သည်။

"သားတော်ကို ထိခိုက်အောင်မလုပ်ရင် အရှင့်သားကို ခမည်းတော် လက်ဖျားနဲ့တောင်မထိဘူး.."

ထိုစကားကြောင့် စစ်ထူရှန့်ယွီ၏မျက်လုံးက ပြန်လည်ကြည်လင်လာတော့သည်။ စုန့်ချင်းလင်က  ချင်းရှီဟွမ်မင်းသားလေး၏ နို့ထိန်းဖြစ်သောကြောင့် မင်းသားလေးကိုသံယောဇဉ်ရှိသူပီပီ သားတော်လေးနှင့် အတူရှိတာကို မကန့်ကွက်ပေ။

"ကောင်းပါပြီ ခမည်းတော်.. သားတော် တထန်ပြည်ဘုရင်ဖြစ်အောင် ကြိုးစားမယ်.. ခမည်းတော် လိုအပ်တာထောက်ပံ့ပေးပါ.. ပြီးတော့ တပင်တိုင်မင်းသမီးတို့သားအမိကို သားတော်ကိုယ်တိုင် လက်တုံ့ပြန်တာကို မတားပါနဲ့.."

"သားတော်.. မင်းရဲ့သားသမီးတွေရဲ့ မိခင်ဖြစ်မယ့်သူကို ဒီလိုလုပ်လို့မဖြစ်ဘူးလေ.."

အမတ်ကြီးက အလန့်တကြား တားလိုက်သော်လည်း စစ်ထူရှန့်ယွီက အေးစက်စွာပြောလိုက်သည်။

"ကျွန်တော့်သားသမီးကို ဒီမိန်းမယုတ် ဘယ်တော့မှ မလွယ်စေရဘူး.."

စစ်ထူရှန့်ယွီက ထိုသို့ပြောပြီး အရိုသေကာ အခန်းထဲမှ ထွက်သွားတော့သည်။

စုန့်ချင်းလင် အမတ်ကြီးကိုကြည့်ကာ ပြောလိုက်သည်။

"မင်းသားလေးကို တစ်ချက်လေးမှ သွားမထိပါနဲ့ အမတ်ကြီး.. သားတော်လေးက ကျွန်မတို့မျိုးဆက်ကို အမြင့်ဆုံးထိ ဆွဲတင်ပေးသွားပါလိမ့်မယ်.."

"သားတော်က ဒီလိုဆုံးဖြတ်ထားပြီဆိုမှတော့ ဘယ်တတ်နိုင်တော့မှာလဲ ရှင်မရာ.. နောက်က ပံ့ပို့ပေးကြရုံပဲပေါ့.."

အမတ်ကြီးက သက်ပြင်းရှိုက်ကာ ပြောလိုက်တော့သည်။

==================*==============

မုန်းမာန်ဖွဲ့ချစ်ခြင်း  (မုန်းမာန်ဖွဲ့ချစ်ခြင်း )Where stories live. Discover now