Chapter ( 50) _ သဝန်တိုလွန်းသည့် စစ်သေနာပတိချုပ်ကြီး 🚫
နတ်ရွာစံမင်းတရားကြီးအတွက် အလှူဒါနအကြီးကျယ်လုပ် ပြီးနောက် ဖုန်ထူ ပြည်နယ် ဘုရင်ခံသည် သမီးဖြစ်သူ တော်ဝင်ကိုယ်လုပ်တောင် ထံသို့ သွားရောက်လည်ပတ်စဉ် သမီးဖြစ်သူ ညှိုးနွမ်းနေသည့် မျက်နှာကို တွေ့လိုက်ရသဖြင့် အကြောင်းရင်းကို မေးလိုက်သည်။
" ခမည်းတော်ကို သမီး ရှက်ရှက်နဲ့ ပြောပြရရင် မောင်တော် မင်းကြီးက သမီးတော်ကို တော်ဝင်ကိုယ်လုပ်တော် မြှောက်ပြီးကတည်းက ခုထိ အဆောင်မှ ကျိန်းစက်တာ မလုပ်ဖူးသေးကြောင်းပါ... "
" အရှင်မိဖုရား... ဒီခမည်းတော်ပြောကြားတဲ့အစီစဉ်ကို မလုပ်ဆောင် ခဲ့ဘူးလား။ "
" သမီးတော် လုပ်ချင်ပေမယ့် အခွင့်ရေး လုံးဝ မရကြောင်းပါဘုရား "
" မင်းကြီးက ဘယ်မိဖုရားကို ပိုပြီး မျက်နှာသာပေးနေတာလဲ။ အမတ်ချုပ် ရဲ့သမီးကိုလား။ တပြည်သူ တော်ဝင်ကြင်ယာတော်ဝေ့ ကိုလား..."
" ဘယ်သူ့ကိုမှ မျက်နှာသာ မပေးပါဘူး ခမည်းတော်ဘုရား။ မောင်တော်မင်းကြီးက သူ့ရဲ့ယောက်ဖတော် ရှန်ဝမ် သေနပတိချုပ်ကြီးနဲ့ပဲ အမြဲ တပူးပူးတတွဲတွဲ စစ်ရေးဆွေးနွေးတာ တပ်ရေးအလုပ်တွေကို အာရုံစိုက်တာပဲ အမြဲလုပ်နေတာပါ ဘုရား "
" အဟမ်း... အရှင်မိဖုရား... နံရံတိုင်းမှာ နားရှိတယ်တဲ့။ စကားကို သတိထားပြောပါ။ အရှင်မင်းကြီးက တပ်တော်အရေးကို ဦးစားပေးတာကို ဘာကြောင့် အပြစ်တင်တော် မူရတာလဲ။ ယောကျ်ားတစ်ယောက်ရဲ့ အသည်းနှလုံးကို ရနိုင်တဲ့ နည်းအများကြီး ရှိလျက်နဲ့ ဘာကြောင့် ခုလို အရည်ချင်းမရှိတဲ့ မိန်းကလေးလို လုပ်နေရတာလဲ။ "
ဖုန်ထူပြည်နယ်ဘုရင်ခံကြီးက သမီးဖြစ်သူ တော်ဝင်ကိုယ်လုပ်တော်ကို ဆူပူကာ ဆုံးမစကားပြောသွားခဲ့သည်။ ရှန့်ကွမ်းဝူကြည်က ဖခင်ဖြစ်သူကို လင်တော်မောင်က သူ့အနားကပ်သည်ထက် ညတိုင်း ယောက်ဖတော်နှင့် ခန်းစက်ရာဝင်သည်ကို ပြောလိုက်ချင်ပေမယ့် ထုတ်မပြောဝံ့တာကြောင့် ငြိမ်ကာ စကားနားထောင်နေပြီး မယ်မယ်မှ တဆင့် တီးတိုးပြောခိုင်းရန် ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် ဖုန်ထူ ပြည်နယ်ဘုရင်ခံကြီးသည် နန်းတော်က မပြန်ခင် ချင်းရှီဟွမ် ဘုရင်မင်းမြတ် ၏ အဆောင်တော်ကို လာရောက် အခစားဝင်ခဲ့သည်။
" မင်းတရားကြီးကို ဂါရဝပြုပါတယ်။ သက်တော်ရာကျော်ရှည်ပါစေ "
" အစဉ်လာတွေ မလုပ်နဲ့ အမတ်ကြီး... ဖုန်ထူပြည်နယ်က အုပ်ချုပ်ရေးပိုင်း အဆင်ပြေရဲ့လား။ ဘာ အကူညီများလိုသေးလဲ။ လိုအပ်တာရှိရင် ကိုယ်တော့်ကို ပြောပါ။ "
" အရှင်ရဲ့ ဘုန်းတော်ကြောင့် အားလုံး အဆင်ပြေချောမွေ့ပါတယ် ဘုရား။ အရှင့်ကို ကျွန်တော်မျိုး အသနားခံစရာရှိလို့ အရဲစွန့်ပြီး အခစားဝင်လာရကြောင်းပါဘုရား.. "
" ဘာများလဲ အမတ်ကြီး ပြောပါ... "
" ကျွန်တော်မျိုးမှာ သားသမီးရယ်လို့ သမီးလေးတစ်ယောက်တည်း ရှိတာ ပါ။ ကျွန်တော်မျိုး အသက်လည်းကြီးနေပြီဆိုတော့ တစ်ပါးသော အမတ်ကြီးများ မြေးချီနေ ရတာကို အားကျမိကြောင်းပါ။ ဒါကြောင့် အရှင် ကျွန်တော်မျိုးကို သနားသောအားဖြင့် မြေးလေးတစ်ယောက် ပေးသနားတော်မူပါ.."
အမတ်ကြီးက ပါးနပ်စွာဖြင့် သူ့သမီး တော်ဝင်ကိုယ်လုပ်တော်ထံ လာမအိပ်သည်ကို ထည့်မပြောပဲ ရင်သွေးလေးပေးစေချင်ကြောင်းလျှောက်တင် လိုက်သည်။ ရင်သွေးရဖို့ သူက သေချာပေါက် သွားအိပ်ပြီး လိင်ဆက်ဆံ ရမှာဖြစ်သည်။ အမတ်ကြီး ရှန့်ကွမ်းဝူတိ က စကားအရာ လိမ်မာပါးနပ်သည်က လက်ဖျားခါလောက်ပါပေ သည်။ အမတ်ကြီးက အောက်ကျို့ကာ အသနားခံနေသည်ဆိုတော့ ဘုရင်တစ်ပါးအနေဖြင့် မင်းရဲ့သမီးနဲ့ ငါမအိပ်နိုင်ဟု ပြောလို့လည်း မဖြစ်ပေ။ အိပ်တာ မအိပ်တာ အပထား။ လောလောဆည် သူတို့ကို ဖြစ်သင့်သည့်စကားပြောရပေမည်။
" ကိုယ်တော်လည်း တိုင်းရေးပြည်ရေးကို အာရုံစိုက်နေရလို့ အနောက်ဆောင်အရေးကို လစ်ဟင်းသွားမိတယ်။ စိတ်ချပါ အမတ်ကြီး။ ကိုယ်တော် တော်ဝင်ကိုယ်လုပ်တော်ကို ဂရုစိုက်လိုက်ပါ့မယ် "
" ဒီအမတ်အိုကြီးရဲ့ တောင်းဆိုချက်ကို လိုက်လျောပေးလို့ကျေးဇူး တင်ပါတယ် ဘုရား။ အရှင့်အတွက် ကျွန်တော်မျိုး အရိုးကျေကျေ အရေခန်းခန်း အသက်စွန့်ဖို့အသင့်ရှိ တယ်ဆိုတာ ထပ်ပြီး လျှောက်တင်ပါရစေ.. "
အမတ်ကြီးပြန်သွားပြီးနောက် ရှန်ဝမ် အခန်းထဲ ဝင်လာပြီး မှုန်ကုတ်ကုတ်ဖြင့် ထိုင်နေသည်။ ချင်းရှီဟွမ် က ချစ်သူကြီး သဝန်တိုနေသည်ကို သိသဖြင့် သူ့အနောက်က သိုင်းဖက်ကာ သူ့ကျောနှင့် မိမိရင်ဘတ်ကို ပွတ်သပ်ကာ ပါးချင်းကပ်ပြီး မေးလိုက်သည်။
" ဘာလို့ စိတ်တိုနေတာလဲ... အမတ်ကြီးက သူဖြစ်ချင်တာ တောင်းဆိုသွားပေမယ့် ကိုယ်တော်က လုပ်ချင်မှဖြစ်တာလေ... "
" အမတ်ကြီးက ဒီအတိုင်းပြီးသွားမှာ မဟုတ်ဘူး။ ရှန့်ကွမ်းဝူတိ က စကားဆိုခဲပြီး မြဲတဲ့သူ။ နောက်တခါ ညီလာခံလာတက်ရင် သေချာပေါက် အရှင့်ကို ညီလာခံမှာ ဒီအကြောင်း ထပ်ပြောလိမ့်မယ်။ "
ရှန်ဝမ် က အမတ်ကြီး အကြောင်းကို သိသူပီပီ အရှင့်ကို ပြောလိုက်သည်။ ချင်းရှီဟွမ် က ရယ်နေလိုက်ကာ သူ့နားရွက်ဖျားကို သွားဖြင့်ဖွဖွကိုက်ကာ ပြောလိုက်သည်။
" သူ့ဖာသာ ပြောပါစေပေါ့။ကိုယ်တော် ဘာကြောင့် သူ့စကားနားထောင်ရမှာလဲ။ ကိုယ်တော်က ဘုရင်လေ.. "
" အင်း... အရှင်က အထိန်းတော်အမတ်ကြီးတွေကို သံယောဇဉ်ထားတဲ့သူဆိုတော့ သူ နှစ်ခါ သုံးခါလောက် ထပ်ပြီး လျှောက်တင်ရင် သေချာပေါက် စိတ်ယိုင်လာလိမ့်မယ်။ ဒီကို ကြိုတွေးပြီး ကျွန်တော် စိတ်ဆိုးနေတာ... "
" မင်း သဝန်တိုတာက ချစ်ဖို့ကောင်းလိုက်တာ... "
ချင်းရှီဟွမ် ၏ လက်များက သူ့ရင်ဘတ်ကို ပွတ်သပ်ရင်း ထိုသို့ပြောလိုက်စဉ် ရှန်ဝမ် ၏ လှံတံကြီးက ဖောင်းဝတ်ပုဆိုးအောက်မှ ချက်ချင်း ဖုဖောင်းလာတော့သည်။ သူက အရှင့်ကို ရှေ့ကို ဆွဲယူပြီး ပေါင်ပေါ်ထိုင်စေကာ ချစ်စိတ်တိုးအောင် စကားဆိုသည့် နူတ်ခမ်းပါးများ ကို စားသုံးလိုက်သည်။
ချင်းရှီဟွမ် သည် သူ့လည်ပင်းကို သိုင်းဖက်ကာ ပြင်းပြသည့် အနမ်းများကို တုန့်ပြန်နေစဉ် သူ့လက်များက အဝတ်အောက်ကို လျှိုဝင်လာပြီး ရှေ့ရင်ဘတ်က အသီးကို ချေညစ်ကစားနေသည်။ ကျန်လက်တစ်ဖက်က ဖောင်းဝတ်ပုဆိုးအပေါ်ကနေ တင်ပါးကို ညစ်နေသဖြင့် ချင်းရှီဟွမ် ၏ ရွှေလှံတံလေးလည်း နိုးကြားလာခဲ့သည်။
" သလွန်ပေါ် သွားကြစို့... "
ရှန်ဝမ် က ချစ်စိတ်လွှမ်းကာ မျက်နှာက ပန်းသွေးရောင်တောက်နေသည့် အရှင့်ကို မြတ်နိုးတပ်မက်စွာ ကြည့်ကာ အမိန့်တော်မြတ်အတိုင်းသလွန်ပေါ်ကို သယ်ယူသွား တော့သည်။ အရှင့်ကို သလွန်ပေါ် ချပေးကာ နမ်းရှိုက်ရင်း အဝတ်အားလုံး ချွတ်ပြီးနောက် ရွှေစင်ရုပ်သွင်လို လှပလွန်းသည့် အရှင့်ကို ငေးစိုက်ကြည့်ကာ ရှန်ဝမ် အာခေါင်ခြောက်လာ သည်။ အောက်ကကောင်လည်း အရှင်၏ ရွှေလှံတံကိုတွေ့တော့အတင်းရုန်းကြွလာတော့သည်။
" မင်းကောင်လည်း တင်းနေပြီ။ "
ချင်းရှီဟွမ် က သူ့လှံတံကြီးကို လှမ်းကိုင်ကာ ပြောလိုက်သည်။
" လုပ်တော့... မြန်မြန်လေး.. လိုချင်ပြီ "
ကြေးနီရုပ်တုကဲ့သို့ တောင်းတင်းသန်မာလှသည့် ကိုယ်လုံးနှင့် ယောကျာ်းပီသသည့် ရှန်ဝမ် ကို ကြည့်ပြီး ချင်းရှီဟွမ် မနေနိုင်တော့ပဲ တောင်းဆိုလိုက်တော့သည်။ အတူနေလာတာ ကြာလေ ဒီလူရဲ့ အထိအတွေ့ အပြုအစုနှင့် သူ့ရဲ့ချစ်ဇောဟုန်ကို ပို သဘောကျလေဖြစ်နေသည်။ သူက မိမိကို တနေ့ထက် တနေ့ပိုချစ်ပြီး ပိုပိုင်စိုးလိုစိတ်ပြင်းလာပုံက သူ့ညီမ အရင်း၏အဆောင်ကို ညနေပိုင်းသွားခွင့်မပြု သည်အထိပင်။ ခုနမှ ချစ်ခရီးတစ်ခုပြီးသွားခဲ့ပေမယ့် သဝန်တိုနေသည့် ရှာလကာရည်အိုးကြီးကို ကျေနပ်အောင် နှစ်သိမ့်ဖို့ ပိုအရေးကြီးနေသည်။ ဒါကြောင့် မိမိ ဒီနေ့ အနစ်နာခံပြီး သူ့ကို အချစ်တိုင်းပြည်ထဲ ဆွဲခေါ်ပြီး ရှာလကာရည် အချဉ်ဓါတ်လျော့ ပေးရပေဦးမည်။
" အရှင်.... ကျွန်တော့်ရဲ့ အရှင်သခင်.. ကျွန်တော့်ရဲ့ချစ်သူ.. အရှင် တပါးသောမိန်းမ ရင်ခွင်မှာထပ်တွေ့ရရင် ကျွန်တော်မျိုး သဝန်တိုလွန်းလို့ ရူးသွားနိုင်တယ်။ "
" ဘုရင်တစ်ပါးကို အဲ့လောက်လိုက်သဝန်တိုနေလို့ဖြစ်မှာလား ရှန်ဝမ် ရဲ့.. ကိုယ်တော့် အချစ်ကို မင်းတစ်ယောက်တည်းရတယ်ဆိုတာ သိနေလျက်နဲ့... "
ထိုစကားကိုကြားသော် ရှန်ဝမ် ၏ သဝန်တိုစိတ်နှင့် ဒေါသက တိုးလာပြီး အရှင့်ခြေထောက်နှစ်ချောင်းကို ချဲကားလိုက်ကာ အပေါက်လေးတွင် မိမိ၏ကြီးမားလှသည့် နဂါးလှံတံကြီးကို တေ့ကာ အစမပျိုးပဲ ဖိသွင်းလိုက်သည်။
" အ... မင်း... အရမ်းလုပ်ရလား.. "
" အရှင်က လာစွတာကိုး။ မတတ်နိုင်တော့ဘူး။ ကိုယ့်ဖာသာ ပြေအောင် လုပ်ပေးပေတော့... "
ရှန်ဝမ် က သဝန်တိုစွာပြောကာ အရှင့်ကိုယ်ပေါ် အုပ်မိုးကာ နမ်းလိုက်ပြီး လှံတံကို ပျားရည်တွင်းထဲ တဆုံးထိုးထည့်လိုက်တော့သည်။ နေ့တိုင်း ညတိုင်း ချစ်တင်းနှောနေလို့ မင်းကြီးရဲ့ ရွှေတွင်းက ထိုနဂါးလှံတံကြီး၏ ကိုယ်ထည် အတိုင်းအရှည်နှင့် ယဉ်ပါးနေလို့သာပေါ့။ မဟုတ်လျှင် ပြဲကွဲကာ သွေးမြေခသည့် ပွဲဖြစ်မှာသေချာသည်။
ချင်းရှီဟွမ် သည် သူ့လည်တိုင်ကို လှမ်းဖက်တွယ်ကာ ခပ်ပြင်းပြင်းနမ်းရင်း အောက်ပိုင်းမှ သူ၏ အားကောင်းမောင်းသန် ဆောင့်ထိုးချက်ကို ညည်းတွားကာ ခံယူလို့နေသည်။
အပြင်တွင် စစ်ထူဖေးယန် က သမီးတော်လေးကိုခေါ်ပြီးမောင်တော့်ကို နေ့လည်စာ ဟင်းတစ်ခွက်သီးသန့်ချက်ကာ လာပို့ပေမယ့် အပါးတော်မြဲကြီးက တားဆီးကာ လျှောက်တင်လိုက်သည်။
" အရှင်နဲ့ စစ်သူကြီးတို့ စစ်ရေးဆွေးနွေးနေတာ မပြီးသေးလို့ ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုဖို့ အမိန့်ပေးထားလို့ပါ သခင်မဘုရား.. "
" ဒါဆို သခင်မ အပြင်ဆောင်ကနေ စောင့်နေမယ်။ "
စစ်ထူဖေးယန် က အစ်ကိုတော်နှင့် လင်တော်မောင် မင်းကြီးတို့ ချစ်စခန်းဖွင့်နေသည်ကို သိပေမယ့် သက်ပြင်းသာရှိုက်ပြီး သမီးလေးကို ချော့မြူကာ စောင့်နေလိုက်သည်။
သဝန်မတိုဘူးလားဟု မေးကြမည်ဆိုလျှင် စစ်ထူဖေးယန် သဝန်မတိုပါ။ မိမိလို ကိုယ်လုပ်တော်ဖွား အမတ်ကြီးသမီးတစ်ဦးကို တော်ဝင်ကြင်ယာတော် တင်မြှောက်သည်ဆိုကတည်းက အစ်ကိုတော်နှင့် ခမည်းတော်၏ မျက်နှာကြောင့်ဖြစ်သည်။
ပြီးတော့ မင်းကြီးက အစ်ကိုတော်ကို ဘယ်လောက်ချစ်သည်ကို သူတို့ငယ်စဉ်ကလေးဘဝ အကြောင်းကို ကြားပြီးကတည်းက စစ်ထူဖေးယန် လက်လျှော့ခဲ့တာ ကြာခဲ့လေပြီ။ တကယ်လို့ မောင်တော်ချစ်နေတာာ အခြားမိဖုရားငယ်ဆိုလျှင်တောင် စစ်ထူဖေးယန် က သေတဲ့အထိ ကြိုးစားပြီး ဆွဲဆောင်မှာဖြစ်ပေမယ့် အစ်ကိုတော် ဆိုတော့ ... စစ်ထူဖေးယန် က ကျားအသည်း ဝက်ဝံနှလုံးကို စားထားသူလည်း မဟုတ်သလို အသက် ကိုးချောင်းလည်း မပိုင်ဆိုင်ထားပေ။ အစ်ကိုတော် ၏ ချစ်သူကို မြူဆွယ်ဖြားယောင်း သည်အထိ စစ်ထူဖေးယန် မလုပ်ဝံ့ပေ။
ဘာပြောပြော မိမိက အရှင့် ရင်သွေးတစ်ဦးရသည်အထိ အရှင်နှင့် လင်မယားလို နေခဲ့ရသေးသည်။ မိမိက တော်ဝင်ကိုယ်လုပ်တော် ရှန့်ကွမ်းဝူကြည်ထက် အများကြီး ကံကောင်းပါသေးသည်။ ထိုစဉ်က အစ်ကိုတော်လည်း အင်အားအရမ်းမကြီးသေးချိန်၊ အရင်မင်းတရားကြီးလည်း နတ်ရွာမစံသေးခင်မို့ မိမိတို့ ရင်သွေးလေး ရလိုက်သေးသည်။ အခု အခြေနေမှာတော့ အစ်ကိုတော်၏ အာဏာစက်က ဒီတထန် ပြည်မှ ကြောက်စရာအကောင်းဆုံးဖြစ်နေပြီဆိုတော့ ဘယ်လိုလုပ်ပြီး နာမည်ကျော် စစ်သေနာပတိကြီး၏ ရင်ခွင်က မင်းကြီးကို လုယူရဲမည်နည်း။
မိမိ လုပ်နိုင်တာက မင်းကြီးရဲ့ ရင်သွေးကို ပျိုးထောင်ကာ ခုလိုလေး မင်းကြီးအတွက် ကောင်းနိုးရာရာလေး လုပ်ကိုင်ပြုစုပေးခွင့်ရတာကိုပဲ ကျေနပ်ရပေမည်။ မိမိအဆောင်ကို ညပိုင်း မလာဖို့ အစ်ကို တော် တားထားသည်ကို ကြားပေမယ့် စစ်ထူဖေးယန် စိတ်မကွက်ပါ။ အဓိက မိမိ သူတို့ ချစ်သူကြား ဝင်မရှုပ်မိဖို့ကိုပဲ သတိထားနေသည်။
ရှီချန်တစ်ဝက် (တစ်နာရီခန့်) ကြာတော့မှ အစ်ကိုတော် ထွက်လာသည်ကို တွေ့လိုက်ရသည်။ အစ်ကိုတော်က စစ်ထူဖေးယန် ကို တွေ့တော့ အပြင်ဆောင်ဘက်ကို လျှောက်လာပြီး သမီးတော်လေးကို ပွေ့ချီကာ နူတ်ဆက်လိုက်သည်။
" ဘာလာလုပ်တာလဲ စစ်ထူဖေးယန် "
" အရှင့်ကို စားတော်ပွဲ လာဆက်သတာပါ အစ်ကိုတော်... "
" ဘာဟင်းလဲ... "
" ဂျင်စင်းနဲ့ ကြက်သားစွပ်ပြုတ်ပါ အစ်ကိုတော်... "
" ဟင်းကောင်းသားပဲ.. အစ်ကိုတော်ပါ တစ်ခါတည်း မင်းကြီးနဲ့ အတူစားလိုက်မှ ထင်တယ်။ "
" ညီမတော် အစ်ကိုတော်အတွက်ပါ ထည့်လာပါတယ် "
စစ်ထူဖေးယန် က ပျာပျာသလဲပြောလိုက်သည်။ ရှန်ဝမ် က ထိုစကားကိုကြားသော ကျေနပ်သွားပြီး ခေါင်းငြိမ့်လိုက်သည်။
" လိမ်မာတယ် "
ထိုစကားကိုကြားတော့မှ စစ်ထူဖေးယန် သက်ပြင်းလေး ခိုးရှိုက်လိုက်မိတော့သည်။ သမီးတော်လေးက ဦးရီးတော်၏ ရင်ခွင်ထဲမှာ ခိုးခိုးခစ်ခစ်ရယ်က ပျော်နေသည်။
------------------------------------
ရှန့်ကွမ်းဝူတိ သည် အိမ်တော်ကိုရောက်မှ အမတ်ကတော်ကြီးမှ တဆင့် မင်းကြီးနှင့် ရှန်ဝမ် အကြောင်းကို ကြားသိရတော့ ဒေါသထွက်သွားခဲ့သည်။
" ကျန်းနန်းဘုရင်ခံ အမတ်ချူပ်ကြီးက ကောက်ကျစ်လှချည်လား။ သားနဲ့သမီးကို ပေးပြီး မင်းကြီးကို စည်းရုံးထားတယ် "
" အမတ်ချုပ်ကြီးက တားလို့ကို မရဘူးလို့ ကြားထားတာပဲရှင်။ အခုက ရှန်ဝမ် ကပါ မင်းကြီးကို ချစ်မြတ်နိုးနေတာ ဆိုတာ့ သူ့အလိုကို မိဘနှစ်ပါးလည်း မလွန်ဆန်နိုင် တော့ဘူးတဲ့... အခုသူက စစ်သေနာပတိချုပ်ဆိုတော့ အာဏာက သူ့လက်ထဲမှ ရှိနေသလိုပဲလေ "
အမတ်ကတော်ကြီး၏စကားကိုကြားသော်ရှန့်ကွမ်းဝူတိ ၏ မျက်နှာ မည်းမှောင်သွားပြီး တံတွေးထွေးချလိုက်သည်။
" အရှက်ကိုမရှိဘူး။ အတိတ်တဘောင်က ရှောင်လို့ကို မရပါလား။ ဘာဖြစ်ဖြစ် ရှန့်ကွမ်းဝူကြည် က အရှင့်ရင်သွေးကို လွယ်ရမှဖြစ်မယ်။ ညီလာခံမှာ မင်းတရားကို ဒီအကြောင်း ထပ်ပြီးလျှောက်တင်ရမယ် "
ရှန့်ကွမ်းဝူတိ က ကြိတ်မနိုင်ခဲမရပြောလိုက်မိသည်။
ညီလာခံတွင် ချင်းရှီဟွမ် ဘုရင်မင်းမြတ် က သက်တော် 18 ပြည့်သွားပြီဖြစ်လို့ တထန်ပြည်၏အစဉ်လာအရ ဘုရင်တိုင်း၏ သက်ပြည့် မင်္ဂလာတွင် ဘုရားကျောင်းတော် တစ်ခုတွင် မွေးနေ့မင်္ဂလာအဖြစ် သက်သက်လွတ်စားပြီး ကောင်းမှုကုသိုလ်တစ်ရက် ပြုလုပ်ရသည်။ အမတ်များအားလုံးက လျှောက်တင်တော့ မင်းကြီး ရွေးလိုက်သည့် ဘုရားကျောင်း နေရာကြောင့် အားလုံး ဆွံ့အသွားတော့သည်။
" ထိုက်စန်းတောင်ခြေမှ ရွှေကြာပန်းဘုရားကျောင်းမှာ ကောင်းမှုကုသိုလ် ပြုမည် "
အမတ်ကြီးများက ကန့်ကွက်ကြသလို ဖုန်ထူဘုရင်ခံ ရှန့်ကွမ်းဝူတိ လည်း အသည်းသန်ကန့်ကွက်သည်။ ကျင်းနိုင်ငံ ထဲက သူတို့ အထွတ်မြတ်ထားသည့် ရွှေကြာပန်းဘုရားကျောင်း ကို ရန်သူနိုင်ငံက ဘုရင် က စစ်သည်ဗိုလ်ပါတို့နှင့် ကုသိုလ်မင်္ဂလာ လာလုပ်လျှင် ကျင်းပြည်ဘုရင်၏ မျက်နှာကို ဖြတ်ရိုက်လိုက်တာ နှင့်အတူတူဖြစ် ကာ နှစ်နိုင်ငံ စစ်ဖြစ်မှာသေချာသည်။ မိမိသမီးက ရင်သွေးမရသေးခင် ဘုရင်သေလို့ မဖြစ်သေးပေ။
" အရှင်မင်းကြီးအတွက် ဘေးများလှလို့ ကျွန်တော်မျိုး ကန့်ကွက်ပါတယ်ဘုရား... "
" ပြန်လည်စဉ်းစားတော်မူပါဘုရား."
" အမိန့်ကို ပြန်လည်ရုပ်သိမ်းတော်မူပါ ဘုရား "
" အခြားဘုရားကျောင်းမှာ ကုသိုလ်တော် လုပ်ဆောင်သင့်ကြောင်းပါဘုရား... "
အမတ်အားလုံး နီးပါး ဝိုင်းဝန်းကန့်ကွက်ကြပေမယ့် အမတ်ချုပ်ကြီးနှင့် ရှန်ဝမ် ဦးဆောင်သည့် စစ်ရေးတပ်ဖွဲ့က ငြိမ်လို့နေသည်။
ချင်းရှီဟွမ် က ကန့်ကွက်သည့် အမတ်များအသံစဲတော့မှ အမတ်ချုပ်ကြီးနှင့် စစ်သေနာပတိချုပ်ကြီးကိုမေးလိုက်သည်။
" အမတ်ချုပ်ကြီးနဲ့ စစ်သေနာပတိချုပ်ရဲ့သဘောထားက ဘယ်လိုလဲ... ကိုယ်တော်က ရွှေကြာပန်းဘုရားကျောင်းမှာပဲ ကုသိုလ်တော် မင်္ဂလာလုပ်ချင်တယ်။ ဒီဟာက မဖြစ်နိုင်လောက်အောင် ခက်ခဲနေလား "
ကျန်းနန်ဘုရင်ခံလည်းဖြစ်၊ အမတ်ချုပ်လည်း ဖြစ်သော စစ်ထူချုံးမင်က မင်းတရားကြီးကို အရိုသေပေးကာ လျှောက်တင်လိုက်သည်။
" အရှင်က အစွမ်းစရှိပြီး စစ်သည်အင်အားအပြည့် သူရဲကောင်း များ စွာ ပိုင်ဆိုင်သူဖြစ်လို့ အရှင်ဖြစ်ချင်တဲ့ အရာက လုပ်ခွင့်မရ နိုင်တာ မရှိပါဘူး။ အရှင် နားထွင်းချင်တဲ့ ရွှေကြာပန်းဘုရားကျောင်းက ဘုန်းတန်ခိုး ကြီးမားတဲ့ ဘုရားကျောင်းဖြစ်ပြီး အဲ့ဒီမှာ ကုသိုလ်တော်မင်္ဂလာပြုတာက အရှင်ရဲ့ဘုန်းတန်ခိုးသြဇာကို ပိုတက်လာစေမယ်လို့ ကျွန်တော်မျိုးယုံကြည်ကြောင်းပါ.... "
" စစ်သေနာပတိချုပ်ကြီးနဲ့ စစ်ရေးဘက် ဆိုင်ရာ အရာရှိတွေရဲ့ အမြင်က ဘယ်လိုလဲ"
ချင်းရှီဟွမ် က ယောက်ခမ၏ ထောက်ခံစကားကြောင့် စိတ်ကြည်သွားသည်။
" အရှင်ဖြစ်ချင်တာကို ဖြည့်ဆည်းပေးဖို့ ကျွန်တေ်ာမျိုးတို့မှာ အားအင်အပြည့်ရှိကြောင်းပါ။ ကျင်းပြည်က ပြည်တွင်းရေး နန်းလုပွဲတွေကြောင့် စည်းလုံးမှုပြိုကွဲနေကြောင်းပါ။ ဒီအချိန် အရှင့်ရဲ့ကုသိုလ်တော် မင်္ဂလာက တထန်ပြည်ရဲ့စစ်ရေးအင်အားကို ပြသနိုင်တဲ့အပြင် ပတ်ဝန်းကျင်က စောင့်ကြည့်နေတဲ့ နိုင်ငံတွေကို မလှန်ရဲအောင် အစွမ်းပြခွင့်ရမယ့် အခွင့်ရေးပါ။ ကျွန်တော်မျိုးတို့ စစ်တပ်အဖွဲ့က အရှင့် အမိန့်တော်ကို အကောင်ထည်ဖော် ဖို့ အသင့်ပါ ဘုရား "
စစ်ဘက်ဆိုင်ရာ အရာရှိအားလုံးက ချင်းရှီဟွမ် ဘုရင်မင်းမြတ် အမိန့်ကို ထောက်ခံသဖြင့် ရှန့်ကွမ်းဝူတိ အပါအဝင် ကန့်ကွက်သည့် အမတ်ကြီးများက လှည့်ကာ မေးမြန်း လိုက်သည်။
" စစ်သေနာပတိကြီးက မင်းကြီးရဲ့ လုံခြုံရေးကို သေချာအာမခံ နိုင်ရဲ့လား။ မင်းကြီးက တထန်ပြည်အတွက် တန်ဖိုးမဖြတ် နိုင်အောင် အရေးကြီးတဲ့ ခေါင်းဆောင်ဆိုတာ သိလျက်နဲ့ ဘာကြောင့် ဒီလို လက်လွှတ်စပယ် လျှောက်တင်ရတာလဲ... "
" ကျွန်တော်တို့ရဲ့ စစ်တပ်အင်အားက ကျင်းပြည်ကို ကောင်းကောင်းယှဉ်နိုင်တဲ့အထိ အင်အားကြီးနေပြီဖြစ်လို့ ဖုန်ထူပြည်နယ်ဘုရင်ခံ အမတ်ကြီးစိုးရိမ်သလို မဖြစ်စေရပါဘူး။ "
ရှန်ဝမ် က ကောင်းမွန်စွာဖြေကြားလိုက်ပေမယ့် ချစ်သူ၏ အမိန့်ကို ကန့်လန့် တိုက်နေသည့် ဘုရင်ခံကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
ချင်းရှီဟွမ် သူတို့အုပ်စုကို ကြည့်ကာ ပြောလိုက်သည်။
" ကောင်းပြီ။ မဲခွဲမယ်... သဘောတူတဲ့သူတွေက ညာဘက်မှာနေပါ။ ကန့်ကွက်သူတွေက ဘယ်ဘက်မှာနေပါ.... "
ကန့်ကွက်သည့် အမတ်တချို့သည့် ရှန်ဝမ် ၏ အကြည့်နှင့် အမတ်ချုပ်ကြီး၏ ထောက်ခံချက်ကို တွေ့သော် ဘက်ပြောင်းပြီး ညာဘက်ကို လာရပ်ကြသည်။ ဘယ်ဘက်တွင် အမတ်တချို့နှင့် ရှန့်ကွမ်းဝူတိ ပဲ ကျန်ရစ်နေသောကြောင့် ရွှေကြာပန်းဘုရားကျောင်း မှာ ကုသိုလ်တော် မင်္ဂလာပြုမည့် အစီစဉ် အတည်ဖြစ်သွားတော့သည်။
================*=================
YOU ARE READING
Historical FictionBoth zawgyi and Unicode font Historical fiction