Intro
6.9K 188 11
Unicode
မင်းဓနရှိန်
မောင်ဟာအရာရာကို ဇွတ်တရွတ်လုပ်တတ်ပေမယ့် အချစ်အတွက်ဆို အရာရာမှာ လျှော့ပေးနိုင်စွမ်းရှိတယ် ။ အချစ်မျက်နှာသာ တချက်ညှိုးကြည့် ထို မျက်နှာညှိုးအောင် လုပ်သည့်သူဟာ ​မောင်ပဲ ဖြစ်နေပါစေ ဘယ်အခါမှ ခွင့်မလွှတ်ဘူးဆိုတာတော့ မောင့် အသည်းအသက်လေးကို သိစေချင်ပါရဲ့ ။
ခက်ရောင်ခြည်
စိတ်ချပါ မောင် ။ ကိုယ်မျက်ရည်တစ်စက်ကျရင် ကမ္ဘာပျက်သလိုဖြစ်သွားတတ်တဲ့ မောင့်ကြောင့် ကိုယ် ဘယ်သူ့အရှေ့မှာမှ ခေါင်းငုံ့ပြီး မနေမှာဖြစ်သလို မောင့်ကိုလည်း ဘာအကြောင်းကြောင့်နဲ့မှ ဝမ်းနည်းဖို့ပေးမှာမဟုတ်ဘူး ။ ဒါဟာ ကိုယ့် ကတိ နှင့် မောင့် အပေါ်ထားတဲ့ ကိုယ့်မေတ္တာတွေဟာ မည်မျှ စစ်မှန်သလဲဆိုတာကို ကိုယ်မပြောလည်း မောင်သိမယ်ထင်ပါလေရဲ့ ။
စိန်ပန်းတောရွာကိုတည်ပြီး ဖြစ်ပေါ်လာသည့်အချစ်ဇာတ်လမ်းလေး ။ သူတို့နှစ်ဦးကို ကံကြမ္မာက မည်လိုမည်မျှ တွေ့ဆုံမှုပေးခဲ့မည်လဲ ။  သူတို့နှစ်ဦး၏ ယုံကြည်သော မေတ္တာ၊ မပြိုသော သစ္စာတွေနှင့်  တိုက်ခိုက်လာသမျှကို လက်တွဲ မြဲပြီး ရှေ့ဆက်သွားနိုင်မည်တဲ့လား ။
ဒီ Fiction လေးဟာ ဆိုရင်ဖြင့် အရမ်းကြိးလည်း ခေတ် နောက်မကျသလို သိပ်ပြီးလည်း ခေတ်မဆန်ပဲနဲ့ အလယ်အလတ်လောက်ရေးဖြစ်မှာပါ ။
Update ကတော့ တရက်ခြားပါ ။
Ongoing လိုက်ပေးသူတွေဟာလည်း အားအင်ဖြစ်စေလို့ ဒါလေးကို သဘောကျလျှင် ကိုယ်နှင့်အတူစီးမြောပေးဖို့တောင်းဆိုပါရစေ ။
AN.  စိန်ပန်းတောရွာဆိုတာ ကိုယ်တိုင်ဖန်တီးထားတဲ့ ရွာတစ်ခုဖြစ်သည့်အတွက်ကြောင့်
အထင်ကရနေရာတွေကအစ စိတ်ကြိုက်ဖန်တီးမှာပါ ။
2/2/2022
4:27
~~~
Zawgyi
မင်းဓနရှိန်
ခက်ရောင်ခြည်
2/2/2022
4:27
 စိန်ပန်းနီနီ မောင့်ကိုတည်Where stories live. Discover now