Part (6)

732 36 0
                                    

Unicode

သစ်ပင်တစ်ပင်အောက်မှာ ကလေးတစ်သုတ်ဟာ ဝိုင်းဖွဲ့ကာ ကစားနေသည်ကို မြင်တော့မှ မင်းဓနရှိန်လည်း ထိုကလေးငယ်များအနီးသို့သွားလိုက်လေသည် ။ ထိုကလေးငယ်လေးများဟာ
လေးခွတွေနဲ့ သစ်ပင်ပေါ်က ငှက်ငယ်များကို ပစ်နေသည်ကိုမြင်သောကြောင့် မင်းဓနရှိန်လည်း

'' ဟေ့ရောင်တွေ မင်းတို့ လေးခွ ငါ့ကိုခနပေး ''

မင်းဓနရှိန်၏အသံကြားသည့်အခါမှာတော့ ထိုကလေးအသုတ်ဟာ ကွက်ကြည့်ကွက်ကြား ကြည့်ပြီးမှ

'' အမ် ခင်ဗျား ကို ဘာလို့ပေးရမှာတုန်း ။ လေးခွပစ်ချင်ရင် ကိုယ့်ဘာသာကိုယ်ယူခဲ့ပေါ့ဗျ ။ ကျုပ်တို့ဆီကလာတောင်းလို့ဘာရမှာလဲ''

စွာစိလန်လွန်းလှသော ကလေး၏ စကားကြောင့် မင်းဓနရှိန် တစ်ယောက်မျက်နှာပျက်သွားလေပြီးမှ ခေါင်းတစ်ချက်ခါကာ ထိုကလေး ၏ လက်ထဲမှ ကိုင်လို့ထားသည့် လေးခွကိုလှမ်းယူလိုက်ပြီး ပါးစပ်မှလည်း

'' ငါက မင်းတို့ထက်အသက်ကြီးတာကို မလောက်လေးမလောက်စားနဲ့ ။ အို မင်းတို့က ငှက်လေးတစ်ကောင်တောင်ထိအောင်မှမပစ်နိုင်ကြတာ ။ ငါပစ်ပြမယ် ကြည့်နေ ''

ကလေးများကြားမှာ ကလေးဗိုလ်လုပ်နေလေတဲ့ မင်းဓနရှိန် ပါပေ ။ ကျော်လွင်လည်း အဝေးကနေ လှမ်းကြည့်နေရင်းခဲ့မှ ကလေးတွေနဲ့ ခွန်းကြီးခွန်းငယ်ပြောနေသည့် သူငယ်ချင်းဖြစ်သူနား သွားလိုက်လေသည် ။

လက်ထဲကနေ လေးခွအလုခံလိုက်ရတဲ့ ကလေးမှာတော့ မင်းဓနရှိန် ကို မကြည်ကြည့်နဲ့ကြည့်ရင်း

'' ကြည့်ကြသေးတာပေါ့ ။ ခင်ဗျား ငှက် ဘယ်နှစ်ကောင်ကို ထိအောင်ပစ်နိုင်သလဲဆိုတာကို ''

ထိုကလေး၏စိန်ခေါ်သည့်စကားအဆုံး မင်းဓနရှိန်လည်း ပုဆိုးကို သေချာပြင်ဝတ်၍ လက်သီးလက်မောင်းတန်းကာ သစ်ကိုင်းပေါ်မှာ နားလို့​နေတဲ့ ငှက်တစ်ကောင်ကို သေချာစွာချိန်၍ပစ်ပေမယ့်လည်း ထိုလေးခွ၏ အရှိန်က သစ်ကိုင်းပေါ်က ငှက်လေးကိုထိရမည့်အစားရေကန်မှရေခပ်ကာပြန်လာလေသည့် လုံမပျိုတွေအများကြီးထဲက လုံမပျိုတစ်ဦး၏ ရေအိုးကို ထိလို့သွားသဖြင့် ရေအိုးက အပေါက်ပေါက်သွားပြီး ရေတွေပါလျှံကာထွက်လာလေသည် ။

 စိန်ပန်းနီနီ မောင့်ကိုတည်Where stories live. Discover now