Part (30)

537 25 3
                                    

Unicode

မင်းဓနရှိန် တစ်ယောက် အိမ်ဝိုင်းထဲက ထွက်သွားပြီး ဦးတည်သည်က တစ်နေရာ ချုံပုတ်ထံသို့ပင်

" အမောင် ကျော်လွင်လာ အိမ်ပြန်မယ် "

ချုံပုတ်၏ အလယ်မှ ခေါင်းနှစ်လုံးပြူးကာထွက်နေသည်ကို မင်းဓနရှိန် တစ်ယောက် အစထဲက မြင်ပြီး ဖြစ်လေသည် ။ ဒါကြောင့် အမြန်သွားကာ ကျော်လွင့်ကို ခေါ်တော့ ကျော်လွင်က တိတ်တိတ်လေးလိုက်လာနေစဥ် ဖိုးမူက အလယ်ကနေ ကြားဖြတ်ကာ အရှေ့သို့ပိတ်ရပ်လိုက်ပြီး မင်းဓနရှိန်၏ မျက်နှာကို စေ့စေ့ကြည့်လေကာ

" ခင်ဗျားက မကောင်းဘူး မင်းဓနရှိန်  ။ ခင်ဗျားလည်း နောက်ဆုံး ရောင်ခြည့်ကို အသုံးချပြီး ကစားသွားတာပဲ "

ဖိုးမူတစ်ယောက် မင်းဓနရှိန် ကို ကြောက်ပေမယ့်လည်း မပြောလို့မဖြစ် ။ ရောင်ခြည်က အနည်းငယ်အော်လိုက်တာကို ပြန်မချော့တဲ့အပြင် သူကတစ်ဖန် စိတ်ဆိုးပြီး အိမ်ဝိုင်းထဲက ထွက်လာလေသည် ။ ဒါလားရောင်ခြည့်ကို ချစ်တယ်ဆိုတာ ။

ဖိုးမူမှာတော့ ပြောသာပြောနေပေမယ့်လည်း ပါးယားနေလေသည် ။ ဘယ်အချိန်ဘယ်အခါ ထရိုက်လိုက်မလဲမသိသည်ကြောင့် သူနဲ့ ဝေးဝေးနေခြင်းဟာ အန္ဓရာယ်ကင်းမည်ဟုသာ တွေးမိလေသည် ။

" ခင်ဗျား ဘာတွေလာရောင်းနေတာလဲ ။
ခင်ဗျားက ောက်ရူးလား ။ ကျုပ်က ဘာကိစ္စနဲ့ ခက်ကို အသုံးချပြီး ကစားရမှာလဲ ။ အဓိပ္ပါယ်မရှိတာတွေ ။ ကြည့်ရတာတော့ ပါးစောင်ထဲက သွားတွေ ကြွပ်ချင်ပြီထင်တယ် ''

မှုန်သုန်ပြီးပြောနေသည့်သူကိုကြည့်ပြီး ဖိုးမူတစ်ယောက် ကိုယ့်ပါးစပ်ကိုယ်တောင် လက်ဖြင့် ကာထားသည်အထိပဲ ဖြစ်လေသည် ။

" ဒါဆို ဘာဖြစ်လို့ အိမ်ဝိုင်းထဲကနေ ဒေါသထွက်နေပုံနဲ့ ထွက်လာရတာလဲ ။ ခက် ကို မချော့ပဲနဲ့လေ "

ဖိုးမူ၏စကားများကြောင့် မင်းဓနရှိန် ၏ သည်းခံမှုအခြေအနေဟာ အနုတ်လက္ခဏာပြနေပြီဖြစ်လေသည် ။

" ပထမဆုံးပြောချင်တာက နောက်တစ်ခေါက် ခင်ဗျား ပါးစပ်ကနေ '' ခက် '' ဆိုပြီး ထွက်လာခဲ့ရင် ခင်ဗျား သွားတွေကို ရေစက်ချထားလိုက်တော့ ။

 စိန်ပန်းနီနီ မောင့်ကိုတည်Where stories live. Discover now